ချယ်လ်ဆီး(၁)နှစ်တာအကောင်းဆုံးကစားသမားဆုကို မေဆင်မောင့် ရရွိ

ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြကစားနေတဲ့ လူငယ်ကွင်းလယ်လူမေဆင်မောင့်ဟာ အသင်းပရိသတ်တွေက မဲပေးရွေးချယ်တဲ့ (၁)နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

အသက်(၂၂)နှစ်အရွယ်သာရှိသေးသူ မေဆင်မောင့်ဟာ နည်းပြလမ်းပတ်လက်ထက်တုန်းက ပုံမှန်ခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရပေမယ့်

အခုနည်းပြတူချယ်လ်ကိုင်တွယ်နေတဲ့ကာလအတွင်း ကွင်းလယ်မှာအကောင်းဆုံးကစားနိုင်ခဲ့ပြီး အသင်းရဲ့အဓိကကွင်းလယ်လူတစ်ဦးအဖြစ် ပါဝင်ခွင့်ရရှိနေပါပြီ။

အသက်(၆)နှစ်အရွယ်ကတည်းက ချယ်လ်ဆီးအကယ်ဒမီကို ရောက်ရှိခဲ့တဲ့ မေဆင်မောင့်ဟာ ဗီတက်ဆီ၊ ဒါဘီအသင်းတို့မှာ အငှားနဲ့သွားကစားခဲ့ရပြီး ၂၀၁၉ ခုနှစ်မှာတော့ နည်းပြလမ်းပတ်က အသင်းအတွက် သူ့ကို ပြန်လည်ခေါ်ယူခဲ့ပါတယ်။

ချယ်လ်ဆီးကစားသမားဘဝအစပိုင်းမှာ သူ့ရဲ့ ခြေစွမ်းအပေါ် ဝေဖန်မှုတွေထွက်ပေါ်ခဲ့ပေမယ့် အခုအချိန်မှာတော့ မေဆင်မောင့်က ချယ်လ်ဆီးအသင်းမှာသာမက အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ ပုံမှန်ကစားခွင့်ရနေပါပြီ။

အဲဒါကြောင့် မေဆင်မောင့်ဟာ (၂)ရာသီအတွင်းမှာပဲ ချယ်လ်ဆီးအသင်းအတွက် ပွဲ(၁၀၀)ပြည့်ကစားခဲ့တဲ့မှတ်တမ်း ပိုင်ဆိုင်နိုင်ခဲ့ပြီး လက်ရှိအချိန်အထိ ပြိုင်ပွဲစုံမှာ (၁၇)ဂိုးသွင်းယူထားပြီးဖြစ်ပါတယ်။

ဒီရာသီမှာတော့ မေဆင်မောင့်ဟာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ(၉)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၈)ကြိမ်ပြုလုပ်ခဲ့သလို ၂၀၁၁-၁၂ ရာသီနောက်ပိုင်းဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်ခွင့်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဒီလိုမျိုးစွမ်းဆောင်ရည်ကောင်းတွေ ပြသနေတဲ့အတွက် မေဆင်မောင့်ဟာ ဒီရာသီ ချယ်လ်ဆီးအသင်း(၁)နှစ်တာအကောင်းဆုံးဘောလုံးသမားအဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး

၂၀၀၆ ခုနှစ်တုန်းက အကောင်းဆုံးဆုရရှိခဲ့တဲ့ ဂန္ထဝင်နောက်ခံလူ တယ်ရီနောက်ပိုင်း ဒီဆုကို ဆွတ်ခူးခဲ့တဲ့ပထမဆုံး အသင်းအကယ်ဒမီထွက်ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါပြီ။

ချယ်လ်ဆီးအသင်းဟာ အဆင့်(၄)အတွင်းဝင်ခွင့်ရဖို့အတွက် အခုညမှာ လက်စတာအသင်းနဲ့ကစားရမှာဖြစ်ပြီး

လာမယ့်မေလ(၂၉)ရက်ကျရင် မန်စီးတီးနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားရမှာဖြစ်လို့ အဲဒီပွဲတွေမှာလည်း အသင်းအတွက် မေဆင်မောင့် ပုံစံကောင်းပြသနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

zawgyi

ခ်ယ္လ္ဆီး(၁)ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ေမဆင္ေမာင့္ ရရွိ

ဒီရာသီမွာ ခ်ယ္လ္ဆီးအသင္းအတြက္ ေျခစြမ္းျပကစားေနတဲ့ လူငယ္ကြင္းလယ္လူေမဆင္ေမာင့္ဟာ အသင္းပရိသတ္ေတြက မဲေပးေ႐ြးခ်ယ္တဲ့ (၁)ႏွစ္တာအေကာင္းဆုံးေဘာလုံးသမားဆုကို ဆြတ္ခူးရရွိခဲ့ပါတယ္။

အသက္(၂၂)ႏွစ္အ႐ြယ္သာရွိေသးသူ ေမဆင္ေမာင့္ဟာ နည္းျပလမ္းပတ္လက္ထက္တုန္းက ပုံမွန္ေျခစြမ္းျပဖို႔႐ုန္းကန္ခဲ့ရေပမယ့္

အခုနည္းျပတူခ်ယ္လ္ကိုင္တြယ္ေနတဲ့ကာလအတြင္း ကြင္းလယ္မွာအေကာင္းဆုံးကစားႏိုင္ခဲ့ၿပီး အသင္းရဲ႕အဓိကကြင္းလယ္လူတစ္ဦးအျဖစ္ ပါဝင္ခြင့္ရရွိေနပါၿပီ။

အသက္(၆)ႏွစ္အ႐ြယ္ကတည္းက ခ်ယ္လ္ဆီးအကယ္ဒမီကို ေရာက္ရွိခဲ့တဲ့ ေမဆင္ေမာင့္ဟာ ဗီတက္ဆီ၊ ဒါဘီအသင္းတို႔မွာ အငွားနဲ႔သြားကစားခဲ့ရၿပီး ၂၀၁၉ ခုႏွစ္မွာေတာ့ နည္းျပလမ္းပတ္က အသင္းအတြက္ သူ႔ကို ျပန္လည္ေခၚယူခဲ့ပါတယ္။

ခ်ယ္လ္ဆီးကစားသမားဘဝအစပိုင္းမွာ သူ႔ရဲ႕ ေျခစြမ္းအေပၚ ေဝဖန္မႈေတြထြက္ေပၚခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ ေမဆင္ေမာင့္က ခ်ယ္လ္ဆီးအသင္းမွာသာမက အဂၤလန္လက္ေ႐ြးစင္အသင္းမွာပါ ပုံမွန္ကစားခြင့္ရေနပါၿပီ။

အဲဒါေၾကာင့္ ေမဆင္ေမာင့္ဟာ (၂)ရာသီအတြင္းမွာပဲ ခ်ယ္လ္ဆီးအသင္းအတြက္ ပြဲ(၁၀၀)ျပည့္ကစားခဲ့တဲ့မွတ္တမ္း ပိုင္ဆိုင္ႏိုင္ခဲ့ၿပီး လက္ရွိအခ်ိန္အထိ ၿပိဳင္ပြဲစုံမွာ (၁၇)ဂိုးသြင္းယူထားၿပီးျဖစ္ပါတယ္။

ဒီရာသီမွာေတာ့ ေမဆင္ေမာင့္ဟာ ခ်ယ္လ္ဆီးအသင္းအတြက္ ၿပိဳင္ပြဲစုံ(၉)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ (၈)ႀကိမ္ျပဳလုပ္ခဲ့သလို ၂၀၁၁-၁၂ ရာသီေနာက္ပိုင္းေဝးကြာေနတဲ့ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ တက္ေရာက္ခြင့္ရရွိေအာင္စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

ဒီလိုမ်ိဳးစြမ္းေဆာင္ရည္ေကာင္းေတြ ျပသေနတဲ့အတြက္ ေမဆင္ေမာင့္ဟာ ဒီရာသီ ခ်ယ္လ္ဆီးအသင္း(၁)ႏွစ္တာအေကာင္းဆုံးေဘာလုံးသမားအျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရတာျဖစ္ၿပီ

၂၀၀၆ ခုႏွစ္တုန္းက အေကာင္းဆုံးဆုရရွိခဲ့တဲ့ ဂႏၴဝင္ေနာက္ခံလူ တယ္ရီေနာက္ပိုင္း ဒီဆုကို ဆြတ္ခူးခဲ့တဲ့ပထမဆုံး အသင္းအကယ္ဒမီထြက္ကစားသမားအျဖစ္မွတ္တမ္းဝင္ခဲ့ပါၿပီ။

ခ်ယ္လ္ဆီးအသင္းဟာ အဆင့္(၄)အတြင္းဝင္ခြင့္ရဖို႔အတြက္ အခုညမွာ လက္စတာအသင္းနဲ႔ကစားရမွာျဖစ္ၿပီး

လာမယ့္ေမလ(၂၉)ရက္က်ရင္ မန္စီးတီးနဲ႔ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကစားရမွာျဖစ္လို႔ အဲဒီပြဲေတြမွာလည္း အသင္းအတြက္ ေမဆင္ေမာင့္ ပုံစံေကာင္းျပသႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။