ဗိုလ္လုပြဲေတြၾကားမွာ အဆိုးဆံုးအေနအထားကို ေရာက္ရွိသြားမလား ခ်ယ္လ္ဆီး

ပြီးခဲ့တဲ့(၁၀)ရက်လောက်တုန်းက ချယ်လ်ဆီးအသင်းဟာ တားဆီးလို့မရတဲ့အသင်းတစ်သင်းဖြစ်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုနီးပါးကြာဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ၊ FA ဖလားမှာ (၂)ရာသီဆက်တိုက်ဗိုလ်လုပွဲတွေတက်ခဲ့သလို၊ ပရီးမီးယားလိဂ်မှာလည်း မန်စီးတီးအသင်းကို အနိုင်ယူ၊ အမှတ်ပေးဇယား အဆင့်(၃)နေရာအထိ တက်လှမ်းနိုင်ခဲ့တယ်။

ဒါပေမဲ့ အခုရက်ပိုင်းအတွင်းမှာပဲ ချယ်လ်ဆီးအသင်းဟာ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မသေချာ၊ ဖလားလက်မဲ့ရာသီဖြစ်သွားနိုင်တဲ့အထိ အခြေအနေဆိုးသွားမယ်လို့ ဘယ်သူထင်မိမှာလဲ။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အာဆင်နယ်ကို အိမ်ကွင်းမှာ ရှုံး၊ FA ဖလားဗိုလ်လုပွဲမှာ လက်စတာကို ထပ်ရှုံးခဲ့လို့ ဖလားတစ်လုံးလက်လွတ်ခဲ့ရသလို ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အသည်းအသန်ရုန်းကန်ရမယ့်အခြေအနေအထိရောက်သွားတယ်။

တူချယ်လ်ကတော့ အာဆင်နယ်နဲ့ရှုံးပွဲကြောင့် FA ဖလားဗိုလ်လုပွဲအတွက် ကစားသမားတွေ စိတ်ပိုင်းဆိုင်ရာထိုးနှက်ချက်ဖြစ်ခဲ့ရတာမဟုတ်ဘူးလို့ ငြင်းဆန်ခဲ့ပေမယ့် FA ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တာက ချယ်လ်ဆီးကစားသမားတွေအတွက် စိတ်ထိခိုက်နာကျင်စရာကောင်းပြီး အဲဒီအနေအထားကနေ အမြန်ဆုံးကျော်ဖြတ်နိုင်ဖို့ လိုအပ်နေပြီ။

အခုအချိန်မှာ ချယ်လ်ဆီးအသင်းက (၃၆)ပွဲကစား၊ (၆၄)မှတ်နဲ့ အဆင့်(၄)နေရာမှာရပ်တည်နေဆဲဆိုပေမယ့် သူ့အောက်က လီဗာပူးလ်နဲ့(၁)မှတ်ပဲကွာတော့တဲ့အပြင် ဒီကြားရက်ထဲမှာ သူတို့လိုပဲ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရုန်းကန်နေတဲ့ လက်စတာနဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲကစားရမှာဖြစ်လို့ ခြေချော်ခဲ့ရင်တော့ လီဗာပူးလ်အသင်းက ကျော်တက်ဖို့အသင့်ရှိနေပါတယ်။

နည်းပြသစ်အဖြစ် တူချယ်လ်ကို စတင်ခန့်အပ်ခဲ့ချိန်ကစလို့ ချယ်လ်ဆီးအသင်းဟာ အသင်းသစ်တစ်သင်းလိုပုံစံဖြစ်သွားတဲ့အပြင် ပရီးမီးယားလိဂ်မှာ အဆင့်(၉)နေရာကနေ အဆင့်(၄)အတွင်းဝင်လာသလို၊ FA ဖလားမှာလည်း မန်စီးတီးကို ကျော်ဖြတ်၊ ချန်ပီယံလိဂ်မှာ အောင်မြင်မှုအများဆုံး ရီးယဲလ်ကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲအဆင့်တွေကို တက်လှမ်းနိုင်ခဲ့တယ်။

ချယ်လ်ဆီးပရိသတ်တွေကလည်း ချန်ပီယံလိဂ်ဖလားမဟုတ်ရင်တောင် FA ဖလားမှာ သေချာပေါက်ဗိုလ်စွဲမယ်လို့ ယုံကြည်ခဲ့ကြပေမယ့် အခုအချိန်မှာတော့ ဖလားလက်မဲ့မဖြစ်ရေးအပြင် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ မလွဲချော်ဖို့အတွက် စိုးရိမ်စိတ်တွေဖြစ်နေပါပြီ။

ဒါပေမဲ့ တူချယ်လ်ကတော့ “ကျွန်တော်တို့အသင်းက FA ဖလားနဲ့ ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲအထိတက်ရောက်ခဲ့တယ်၊

ပရီးမီးယားလိဂ်မှာလည်း အဆင့်(၉)နေရာကနေ အဆင့်(၄)အတွင်းရောက်အောင် ကြိုးစားနိုင်ခဲ့တဲ့အတွက် အခုအခြေအနေကို အကောင်းဆုံးကျော်ဖြတ်နိုင်မယ်ဆိုတာ သံသဖြစ်စရာမလိုပါဘူး။

ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တာက လွယ်လွယ်ကူကူနဲ့လက်ခံဖို့ခက်ပေမယ့် အဲဒီအရှုံးကို အတတ်နိုင်ဆုံးမေ့ထားပြီး အခုအင်္ဂါမှာကစားမယ့်ပွဲ(လက်စတာ)အတွက် အကောင်းဆုံးဖြစ်အောင်ပြင်ဆင်ရမှာပါပဲ။

အခုအချိန်မှာတော့ ရလဒ်ကောင်းပြန်ရဖို့ ကံကြမ္မာကောင်းတော့လိုအပ်ပါတယ်။

ကျွန်တော်တို့အသင်း ရလဒ်ကောင်းတွေရယူနေချိန်မှာ ခြေစွမ်းအပြင် ကံတရားရဲ့မျက်နှာသာပေးမှုရခဲ့တယ်ဆိုတာ အဲဒီကတည်းက ဝန်ခံပြောဆိုခဲ့ပြီးဖြစ်သလို အခုအချိန်မှာလည်း ကျွန်တော့်သဘောထားက မပြောင်းလဲပါဘူး”လို့ ဆိုခဲ့ပါတယ်။

ရက်ပိုင်းအတွင်းမှာပဲ ကံကြမ္မာရဲ့ကျီစယ်မှုနဲ့ အနိမ့်အမြင့်အတက်အကျခရီးကြမ်းနှင်နေရတဲ့ ချယ်လ်ဆီးအသင်း တစ်ခုတည်းသော ဖလားမျှော်လင့်ချက်ဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်မလား၊ ဒါမှမဟုတ် အဆိုးရွားဆုံးအခြေအနေတစ်ခုကို ရောက်သွားမလားဆိုတာကတော့ . . .

zawgyi

ဗိုလ္လုပြဲေတြၾကားမွာ အဆိုးဆံုးအေနအထားကို ေရာက္ရွိသြားမလား ခ်ယ္လ္ဆီး

ၿပီးခဲ့တဲ့(၁၀)ရက္ေလာက္တုန္းက ခ်ယ္လ္ဆီးအသင္းဟာ တားဆီးလို႔မရတဲ့အသင္းတစ္သင္းျဖစ္ခဲ့ၿပီး ဆယ္စုႏွစ္တစ္ခုနီးပါးၾကာေဝးကြာေနတဲ့ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ၊ FA ဖလားမွာ (၂)ရာသီဆက္တိုက္ဗိုလ္လုပြဲေတြတက္ခဲ့သလို၊ ပရီးမီးယားလိဂ္မွာလည္း မန္စီးတီးအသင္းကို အႏိုင္ယူ၊ အမွတ္ေပးဇယား အဆင့္(၃)ေနရာအထိ တက္လွမ္းႏိုင္ခဲ့တယ္။

ဒါေပမဲ့ အခုရက္ပိုင္းအတြင္းမွာပဲ ခ်ယ္လ္ဆီးအသင္းဟာ လာမယ့္ရာသီခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ မေသခ်ာ၊ ဖလားလက္မဲ့ရာသီျဖစ္သြားႏိုင္တဲ့အထိ အေျခအေနဆိုးသြားမယ္လို႔ ဘယ္သူထင္မိမွာလဲ။

ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔က အာဆင္နယ္ကို အိမ္ကြင္းမွာ ရႈံး၊ FA ဖလားဗိုလ္လုပြဲမွာ လက္စတာကို ထပ္ရႈံးခဲ့လို႔ ဖလားတစ္လုံးလက္လြတ္ခဲ့ရသလို ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ အသည္းအသန္႐ုန္းကန္ရမယ့္အေျခအေနအထိေရာက္သြားတယ္။

တူခ်ယ္လ္ကေတာ့ အာဆင္နယ္နဲ႔ရႈံးပြဲေၾကာင့္ FA ဖလားဗိုလ္လုပြဲအတြက္ ကစားသမားေတြ စိတ္ပိုင္းဆိုင္ရာထိုးႏွက္ခ်က္ျဖစ္ခဲ့ရတာမဟုတ္ဘူးလို႔ ျငင္းဆန္ခဲ့ေပမယ့္ FA ဗိုလ္လုပြဲမွာ ရႈံးနိမ့္ခဲ့တာက ခ်ယ္လ္ဆီးကစားသမားေတြအတြက္ စိတ္ထိခိုက္နာက်င္စရာေကာင္းၿပီး အဲဒီအေနအထားကေန အျမန္ဆုံးေက်ာ္ျဖတ္ႏိုင္ဖို႔ လိုအပ္ေနၿပီ။

အခုအခ်ိန္မွာ ခ်ယ္လ္ဆီးအသင္းက (၃၆)ပြဲကစား၊ (၆၄)မွတ္နဲ႔ အဆင့္(၄)ေနရာမွာရပ္တည္ေနဆဲဆိုေပမယ့္ သူ႔ေအာက္က လီဗာပူးလ္နဲ႔(၁)မွတ္ပဲကြာေတာ့တဲ့အျပင္ ဒီၾကားရက္ထဲမွာ သူတို႔လိုပဲ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ ႐ုန္းကန္ေနတဲ့ လက္စတာနဲ႔ ပရီးမီးယားလိဂ္အိမ္ကြင္းပြဲကစားရမွာျဖစ္လို႔ ေျခေခ်ာ္ခဲ့ရင္ေတာ့ လီဗာပူးလ္အသင္းက ေက်ာ္တက္ဖို႔အသင့္ရွိေနပါတယ္။

နည္းျပသစ္အျဖစ္ တူခ်ယ္လ္ကို စတင္ခန႔္အပ္ခဲ့ခ်ိန္ကစလို႔ ခ်ယ္လ္ဆီးအသင္းဟာ အသင္းသစ္တစ္သင္းလိုပုံစံျဖစ္သြားတဲ့အျပင္ ပရီးမီးယားလိဂ္မွာ အဆင့္(၉)ေနရာကေန အဆင့္(၄)အတြင္းဝင္လာသလို၊ FA ဖလားမွာလည္း မန္စီးတီးကို ေက်ာ္ျဖတ္၊ ခ်န္ပီယံလိဂ္မွာ ေအာင္ျမင္မႈအမ်ားဆုံး ရီးယဲလ္ကို ေက်ာ္ျဖတ္ၿပီး ဗိုလ္လုပြဲအဆင့္ေတြကို တက္လွမ္းႏိုင္ခဲ့တယ္။

ခ်ယ္လ္ဆီးပရိသတ္ေတြကလည္း ခ်န္ပီယံလိဂ္ဖလားမဟုတ္ရင္ေတာင္ FA ဖလားမွာ ေသခ်ာေပါက္ဗိုလ္စြဲမယ္လို႔ ယုံၾကည္ခဲ့ၾကေပမယ့္ အခုအခ်ိန္မွာေတာ့ ဖလားလက္မဲ့မျဖစ္ေရးအျပင္ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ မလြဲေခ်ာ္ဖို႔အတြက္ စိုးရိမ္စိတ္ေတြျဖစ္ေနပါၿပီ။

ဒါေပမဲ့ တူခ်ယ္လ္ကေတာ့ “ကြၽန္ေတာ္တို႔အသင္းက FA ဖလားနဲ႔ ခ်န္ပီယံလိဂ္မွာ ဗိုလ္လုပြဲအထိတက္ေရာက္ခဲ့တယ္၊ ပရီးမီးယားလိဂ္မွာလည္း အဆင့္(၉)ေနရာကေန အဆင့္(၄)အတြင္းေရာက္ေအာင္ ႀကိဳးစားႏိုင္ခဲ့တဲ့အတြက္ အခုအေျခအေနကို အေကာင္းဆုံးေက်ာ္ျဖတ္ႏိုင္မယ္ဆိုတာ သံသျဖစ္စရာမလိုပါဘူး။

ဗိုလ္လုပြဲမွာ ရႈံးနိမ့္ခဲ့တာက လြယ္လြယ္ကူကူနဲ႔လက္ခံဖို႔ခက္ေပမယ့္ အဲဒီအရႈံးကို အတတ္ႏိုင္ဆုံးေမ့ထားၿပီး အခုအဂၤါမွာကစားမယ့္ပြဲ(လက္စတာ)အတြက္ အေကာင္းဆုံးျဖစ္ေအာင္ျပင္ဆင္ရမွာပါပဲ။

အခုအခ်ိန္မွာေတာ့ ရလဒ္ေကာင္းျပန္ရဖို႔ ကံၾကမၼာေကာင္းေတာ့လိုအပ္ပါတယ္။

ကြၽန္ေတာ္တို႔အသင္း ရလဒ္ေကာင္းေတြရယူေနခ်ိန္မွာ ေျခစြမ္းအျပင္ ကံတရားရဲ႕မ်က္ႏွာသာေပးမႈရခဲ့တယ္ဆိုတာ အဲဒီကတည္းက ဝန္ခံေျပာဆိုခဲ့ၿပီးျဖစ္သလို အခုအခ်ိန္မွာလည္း ကြၽန္ေတာ့္သေဘာထားက မေျပာင္းလဲပါဘူး”လို႔ ဆိုခဲ့ပါတယ္။

ရက္ပိုင္းအတြင္းမွာပဲ ကံၾကမၼာရဲ႕က်ီစယ္မႈနဲ႔ အနိမ့္အျမင့္အတက္အက်ခရီးၾကမ္းႏွင္ေနရတဲ့ ခ်ယ္လ္ဆီးအသင္း တစ္ခုတည္းေသာ ဖလားေမွ်ာ္လင့္ခ်က္ျဖစ္တဲ့ ခ်န္ပီယံလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္မလား၊ ဒါမွမဟုတ္ အဆိုး႐ြားဆုံးအေျခအေနတစ္ခုကို ေရာက္သြားမလားဆိုတာကေတာ့ . . .