ချန်ပီယံပြေးလမ်းနဲ့ မသက်ဆိုင်တော့တဲ့ ဘာစီလိုနာ

လာလီဂါပွဲစဉ် ၃၇ အပြီးမှာတော့ ချန်ပီယံဆုအတွက် ၃သင်းအပြိုင်မဟုတ်တော့ဘဲ မက်ဒရစ် ၂သင်းထဲက တစ်သင်း ချန်ပီယံဖြစ်ဖို့ ရှိသွားပါပြီ။

နောက်ဆုံးပွဲစဉ်မတိုင်ခင် ကစားသွားတဲ့ ပွဲစဉ် ၃၇ကို လာလီ၈ါရဲ့ ထုံးစံအတိုင်း တစ်ပြိုင်နက်ကစားခဲ့ပြီး ရီးရဲလ်နဲ့ အက်သလက်တီကိုတို့ အနိုင်ရသွားခဲ့ကြပြီး ဘာစီလိုနာက ရှုံးသားတဲ့အတွက် အမှတ်အေနအထားအရ ဘာစီလိုနာက ကျန်ခဲ့ရတာပါ။

အက်သက်တီကိုအတွက် အဖိုးတန်နိုင်ပွဲကို ရယုပေးခဲ့သူကတော့ ဆွာရက်ဇ်ပါပဲ။

အိမ်ကွင်းမှာ ပထမပိုင်းတပိုင်လုံး ဂိုးမသွင်းနိုင်ခဲ့တဲ့ အက်သလက်တီကိုဟာ ပွဲချိန် ၇၅မိနစ်မှာ အိုဆာဆူနာက ဦးဆောင်ဂိုးသွင်းလိုက်တော့ ပျားတုပ်သွားပါတယ်။

အဲ့အချိန်မှာ ရီးရဲလ်ကနိုင်နေပြီး ဘာစီလိုနာက သရေကျနေတဲ့အတွက် အက်သလက်တီကိုသာ ရှုံးသွားရင် ဖလားမေ့လိုက်ရဖို့များပါတယ်။

ချေပဂိုးရဖို့ တစ်သင်းလုံးတိုက်စစ်ဖွင့်လာတဲ့ တီကိုဟာ ၈၂မိနစ်မှာ လိုတီက ချေပဂိုးသွင်းပေးနိုင်ခဲ့ပြီး ၈၈မိနစ်မှာ ဆွာရက်ဇ်က အဖိုးတန် အနိုင်ဂိုး သွင်းပေးနိုင်ခဲ့တာပါ။

ဒီနိုင်ပွဲကြောင့် တီကိုက ၈၃မှတ်နဲ့ ထိပ်ဆုံးမှာ ဆက်ရှိသွားပြီး ရီးရဲလ်ကို ၂မှတ်အသာစီးနဲ့ နောက်ဆုံးပွဲကို ကစားရမှာပါ။

ရီးရဲလ်ကလည်း ဘီလ်ဘာအိုကွင်းမှာ ခက်ခက်ခဲခဲ ကစားသွားခဲ့ရပြီး နောက်ခံလူ နာချိုရဲ့ ဒုတိယပိုင်း ၆၈မိနစ် သွင်း၈ိုးကြောင့်သာ အနိုင်ရခဲ့တာပါ။

အသင်းကထွက်ခွာတော့မယ့် နည်းပြဇီဒန်းအနေနဲ့ သူ့ရဲ့ နောက်ဆုံးရာသီမှာ အသင်းကို ဖလားတစ်လုံးနဲ့ နှုတ်ဆက်ချင်ပုံရနေပြီး နောက်ဆုံးပွဲမှာ အက်သလက်တီကို ရှုံးနိမ့်ပြီး ရီးရဲလ်အနိုင်ရမှာသာ ဆုဖလား ရရှိမှာဖြစ်ပါတယ်။

၃သင်းအပြိုင်ကနေ အိမ်ကွင်းမှာလည်း ကစားရလျက်နဲ့ ရှုံးနိမ့်သွားတဲ့ ဘာစီလိုနာအတွက်ကတော့ Game Over ပါပဲ။

ဒီရာသီမှာ ကိုပါဒယ်ရေးဖလားနဲ့ပဲ ကျေနပ်လိုက်ရပါပြီ။

ဘာစီလိုနာဟာ လူစုံထုတ်ပြီး ဆဲလ်တာဗီဂိုကို ရင်ဆိုင်ခဲ့သလို မက်ဆီကလည်း ပထမပိုင်း ၂၈မိနစ်မှာကတည်းက ဦးဆောင်ဂိုး စသွင်းထားခဲ့တာပါ။

ဒါပေမယ့် အိမ်ရှင်ရဲ့ ဦးဆောင်ဂိုးက ၁၀မိနစ် ပဲခံပြီး ဆဲလ်တာတိုက်စစ်မှုး မီနာက ချေပဂိုးသွင်းသွားခဲ့ပါတယ်။

ပွဲပြီးခါနီးမှာ မထင်မှတ်ဘဲ မီနာကပဲ အနိုင်ဂိုးသွင်းသွြးပြီး ဘာသီလိုနာရဲ့ ဆုဖလားမျှော်လင့်ချက်ကို အဆုံးသတ်ပေးလိုက်တာပါ။

နောက်ဆုံးပွဲစဉ်မှာ ရီးရဲလ်က ဗီလာရီးရဲလ်နဲ့ အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး အက်သလက်တီကိုက ဗယ်လာဒိုးလစ်နဲ့ အဝေးကွင်း ကစားရမှာ ဖြစ်ပါတယ်။

zawgyi

ခ်န္ပီယံေျပးလမ္းနဲ႔ မသက္ဆုိင္ေတာ့တဲ့ ဘာစီလိုနာ

လာလီဂါပြဲစဥ္ ၃၇ အၿပီးမွာေတာ့ ခ်န္ပီယံဆုအတြက္ ၃သင္းအၿပိဳင္မဟုတ္ေတာ့ဘဲ မက္ဒရစ္ ၂သင္းထဲက တစ္သင္း ခ်န္ပီယံျဖစ္ဖို႔ ရွိသြားပါၿပီ။

ေနာက္ဆုံးပြဲစဥ္မတိုင္ခင္ ကစားသြားတဲ့ ပြဲစဥ္ ၃၇ကို လာလီ၈ါရဲ႕ ထုံးစံအတိုင္း တစ္ၿပိဳင္နက္ကစားခဲ့ၿပီး ရီးရဲလ္နဲ႔ အက္သလက္တီကိုတို႔ အႏိုင္ရသြားခဲ့ၾကၿပီး ဘာစီလိုနာက ရႈံးသားတဲ့အတြက္ အမွတ္ေအနအထားအရ ဘာစီလိုနာက က်န္ခဲ့ရတာပါ။

အက္သက္တီကိုအတြက္ အဖိုးတန္ႏိုင္ပြဲကို ရယုေပးခဲ့သူကေတာ့ ဆြာရက္ဇ္ပါပဲ။

အိမ္ကြင္းမွာ ပထမပိုင္းတပိုင္လုံး ဂိုးမသြင္းႏိုင္ခဲ့တဲ့ အက္သလက္တီကိုဟာ ပြဲခ်ိန္ ၇၅မိနစ္မွာ အိုဆာဆူနာက ဦးေဆာင္ဂိုးသြင္းလိုက္ေတာ့ ပ်ားတုပ္သြားပါတယ္။

အဲ့အခ်ိန္မွာ ရီးရဲလ္ကႏိုင္ေနၿပီး ဘာစီလိုနာက သေရက်ေနတဲ့အတြက္ အက္သလက္တီကိုသာ ရႈံးသြားရင္ ဖလားေမ့လိုက္ရဖို႔မ်ားပါတယ္။

ေခ်ပဂိုးရဖို႔ တစ္သင္းလုံးတိုက္စစ္ဖြင့္လာတဲ့ တီကိုဟာ ၈၂မိနစ္မွာ လိုတီက ေခ်ပဂိုးသြင္းေပးႏိုင္ခဲ့ၿပီး ၈၈မိနစ္မွာ ဆြာရက္ဇ္က အဖိုးတန္ အႏိုင္ဂိုး သြင္းေပးႏိုင္ခဲ့တာပါ။

ဒီႏိုင္ပြဲေၾကာင့္ တီကိုက ၈၃မွတ္နဲ႔ ထိပ္ဆုံးမွာ ဆက္ရွိသြားၿပီး ရီးရဲလ္ကို ၂မွတ္အသာစီးနဲ႔ ေနာက္ဆုံးပြဲကို ကစားရမွာပါ။

ရီးရဲလ္ကလည္း ဘီလ္ဘာအိုကြင္းမွာ ခက္ခက္ခဲခဲ ကစားသြားခဲ့ရၿပီး ေနာက္ခံလူ နာခ်ိဳရဲ႕ ဒုတိယပိုင္း ၆၈မိနစ္ သြင္း၈ိုးေၾကာင့္သာ အႏိုင္ရခဲ့တာပါ။

အသင္းကထြက္ခြာေတာ့မယ့္ နည္းျပဇီဒန္းအေနနဲ႔ သူ႔ရဲ႕ ေနာက္ဆုံးရာသီမွာ အသင္းကို ဖလားတစ္လုံးနဲ႔ ႏႈတ္ဆက္ခ်င္ပုံရေနၿပီး ေနာက္ဆုံးပြဲမွာ အက္သလက္တီကို ရႈံးနိမ့္ၿပီး ရီးရဲလ္အႏိုင္ရမွာသာ ဆုဖလား ရရွိမွာျဖစ္ပါတယ္။

၃သင္းအၿပိဳင္ကေန အိမ္ကြင္းမွာလည္း ကစားရလ်က္နဲ႔ ရႈံးနိမ့္သြားတဲ့ ဘာစီလိုနာအတြက္ကေတာ့ Game Over ပါပဲ။

ဒီရာသီမွာ ကိုပါဒယ္ေရးဖလားနဲ႔ပဲ ေက်နပ္လိုက္ရပါၿပီ။

ဘာစီလိုနာဟာ လူစုံထုတ္ၿပီး ဆဲလ္တာဗီဂိုကို ရင္ဆိုင္ခဲ့သလို မက္ဆီကလည္း ပထမပိုင္း ၂၈မိနစ္မွာကတည္းက ဦးေဆာင္ဂိုး စသြင္းထားခဲ့တာပါ။

ဒါေပမယ့္ အိမ္ရွင္ရဲ႕ ဦးေဆာင္ဂိုးက ၁၀မိနစ္ ပဲခံၿပီး ဆဲလ္တာတိုက္စစ္မႈး မီနာက ေခ်ပဂိုးသြင္းသြားခဲ့ပါတယ္။

ပြဲၿပီးခါနီးမွာ မထင္မွတ္ဘဲ မီနာကပဲ အႏိုင္ဂိုးသြင္းသြျးၿပီး ဘာသီလိုနာရဲ႕ ဆုဖလားေမွ်ာ္လင့္ခ်က္ကို အဆုံးသတ္ေပးလိုက္တာပါ။

ေနာက္ဆုံးပြဲစဥ္မွာ ရီးရဲလ္က ဗီလာရီးရဲလ္နဲ႔ အိမ္ကြင္းမွာ ကစားရမွာျဖစ္ၿပီး အက္သလက္တီကိုက ဗယ္လာဒိုးလစ္နဲ႔ အေဝးကြင္း ကစားရမွာ ျဖစ္ပါတယ္။