ရိုးမားနှင့်ကစားမယ့် ယူရိုပါလိဂ်ပွဲဒုတိယအကျော့မှာ ယူနိက်တက် U23 လူငယ်တောင်ပံ ကြယ်ပွင့် အန်တိုနီ အီလန်ဂါ ပါဝင်လာ

ယူနိုက်တက်အသင်းဟာ အိုးထရက်ဖိုဒ်မှာကစားခဲ့တဲ့ ယူရိုပါလိဂ် ပထမအကျော့ပွဲစဉ်မှာ ရိုးမားအသင်းကို ၆-၂ ဂိုးဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီး နောက်မှာတော့

ဗိုလ်လုပွဲကိုတက်ရောက်နိုင်ဖို့ အကောင်းဆုံး အခြေအနေကို ရောက်ရှိ နေပါတယ်။ လာမယ့် ၇ ရက်နေ့မှာ ဒုတိယအကျော့ပွဲစဉ်အဖြစ် ရိုးမားအိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

ယူနိုက်တက်ကစားသမားတွေ အနေနဲ့ လက်ရှိမှာ လီဗာပူးအသင်းနဲ့ ပွဲစဉ်ကို ရွှေ့ဆိုင်း လိုက်ရတာကြောင့် ပွဲပန်းထားမှုမရှိသေးဘဲ လန်းဆန်းနေမည့် အနေအထားမှာ ရှိနေပြီး

တစ်ဘက် ရိုးမား အသင်းအနေနဲ့ ကလည်းပထမအကျော့ ကဂိုးပြတ် ရှုံးကြွေးကို အကောင်းဆုံးတုန့်ပြန်နိုင်ဖို့ ကြိုးစားလာမှာလည်းသေချာပါတယ်။

ယူနိုက်တက်အသင်းဟာ မော်ရင်ဟို နည်းပြခဲ့ချိန် ၂၀၁၇ ခုနှစ်က ယူရိုပါလိဂ် ချန်ပီယံဖြစ်ခဲ့ဖူးပြီး အခုအခါမှာ နောက်တစ်ကြိမ် ဗိုလ်လုပွဲတက်ရောက်ဖို့

အကောင်းဆုံးအခြေအနေကို ရောက်ရှိနေတာလည်းဖြစ်ပါတယ်။

စပါးအသင်းကနေထုတ်ပယ်ခံလိုက်ရတဲ့ မော်ရင်ဟိုကလည်း ရှေ့နှစ်ဘောလုံးရာသီမှာ ရိုးမားအသင်း ကို နည်းပြအဖြစ်တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

ဆိုလ်းရှားကတော့ နောက်တစ်ဆင့်တက်ဖို့အတွက် ဖိအားတွေ နည်းနေတဲ့ပုံစံဖြစ်နေပြီး ယူနိုက်တက်အသင်းရဲ့ ယူ-၂၃ ကစားသမားလေး (၂)ဦးဖြစ်တဲ့

ဂိုးသမား နေသန် ဘစ်ရှော့၊ အာမက်၊ တိုက်စစ်မှူး အန်တိုနီ အီလန်ဂါတို့ကို တောင် ဥရောပပြိုင်ပွဲ အတွေ့အကြုံရစေဖို့ ရောမကိုသွားတဲ့ လူစားရင်းမှာ ခေါ်ဆောင် သွားခဲ့ပြီး

ပွဲထွက်လူစာရင်းမှာ အန်တိုနီ အီလန်ဂါကို ထည့်သွင်းအသုံးပြုမယ်လို့လည်း ပြောကြားထားပါတယ်။

အန်တိုနီ အီလန်ဂါဟာ ညာသန်ကစားသမားတဦးဖြစ်ပြီး ယူ-၂၃အသင်းမှာ တောင်ပံတိုက်စစ်နေရာကနေ ခြေစွမ်းပြနေတဲ့လူငယ်တဦးလည်းဖြစ်ပါတယ်။

ဘယ်တောင်ပံနေရာကနေ တိကျတဲ့ ဖြတ်တင်ဘောတွေ နဲ့ တိုက်စစ်ကိုပံ့ပိုးပေးတတ်သလို တိုက်စစ်ကိုလည်းလိုက်ပါကစားပြီး ဂိုးတွေ သွင်းယူနိုင်သူလည်းဖြစ်ပါတယ်။

ဒီရာသီ ပရီမီးယားလိဂ် (၂) မှာ သူဟာ အသင်းအတွက် သွင်းဂိုး (၉)ဂိုး သွင်းယူထားခဲ့ပြီး ဂိုးဖန်တီးမှု သုံးကြိမ်ပြုလုပ်ထားပါတယ်။

ရောမကို သွားတဲ့ ယူနိုက်တက်အသင်း၂၄ယောက် လူစာရင်း

ဂိုး: – ဒီဂေးယား၊ ဟန်ဒါဆန်၊ လီဂရန့်၊ နေသန် ဘစ်ရှော့၊

နောက်တန်း – လင်ဒီလော့၊ ဘိုင်လီ၊ မက်ဂွိုင်းယား၊ လုရှော၊ အဲလက်စ် တဲလက်စ်၊ ဝမ်ဘစ်ဆာကာ၊ ဘရန်ဒန် ဝီလီယံ၊ တွမ်ဇီဘီ၊

အလယ် – ပေါဂ်ဘာ၊ မာတာ၊ ဖရက်၊ ဘရူနို၊ အာမက်၊ မာတစ်၊ ဗန်ဒီဘိခ်၊ တိုမီနေး၊

ရှေ့တန်း – ကာဗာနီ၊ ရက်ဖိုဒ်၊ ဂရင်းဝုဒ်၊ အန်တိုနီ အီလန်ဂါ၊

zawgyi

ရိုးမားနှင့်ကစားမယ့်ပွဲမှာ ယူနိက်တက်လူငယ် ကြယ်ပွင့် အန်တိုနီ အီလန်ဂါ ပါဝင်လာတဲ့ ခရီးသွားလူစာရင်း







ဆိုလ်းရှားကတော့ နောက်တစ်ဆင့်တက်ဖို့အတွက် ဖိအားတွေ နည်းနေတဲ့ပုံစံဖြစ်နေပြီး ယူနိုက်တက်အသင်းရဲ့ ယူ-၂၃ ကစားသမားလေး (၃)ဦးဖြစ်တဲ့

ဂိုးသမား နေသန် ဘစ်ရှော့၊ အာမက်၊ တိုက်စစ်မှူး အန်တိုနီ အီလန်ဂါတို့ကို တောင် ဥရောပပြိုင်ပွဲ အတွေ့အကြုံရစေဖို့ ရောမကိုသွားတဲ့ လူစားရင်းမှာ ခေါ်ဆောင် သွားခဲ့ပြီး








