ယူနိုက်တက်က ဆန်ချိုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိ

May 31, 2021 nan da 0

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဘိုရပ်ရှားဒေါ့မွန် တိုက်စစ်မှူး ဂျေဒန်ဆန်ချိုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ မန်ချက်စတာ စီးတီးကစားသမားဟောင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွေ့မှာ အိုးထရတ်ဖို့ဒ်ကို ရောက်ရှိဖို့ နီးစပ်ခဲ့ပေမယ့် Westfalenstadion မှာပဲ ဆက်လက်ရှိနေခဲ့ပါတယ်။ ဒါပေမယ့် တောင်ပံကစားသမားဟာ ယခုနွေရာသီမှာလည်း ယူနိုက်တက်ရဲ့ အဓိကပစ်မှတ်ထားခြင်းခံနေရပါတယ်။ ဒေါ့မွန်အသင်းက ဆန်ချိုရဲ့ ပြောင်းရွေ့ကြေးကို […]

ရာသီသစ်မှာ ချန်ပီယံဖြစ်ရေးထက် တန်းဆင်းရဖို့ ဖြစ်နိုင်ခြေပိုများနေတဲ့ အာဆင်နယ်

May 31, 2021 nan da 0

ဘွတ်ကီတွေရဲ့အလေးပေးချက်အရ အာဆင်နယ်ဟာ ရာသီသစ်ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ရေးထက် တန်းဆင်းရဖို့က ဖြစ်နိုင်ခြေပိုများနေတယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီမှာ အမှတ်ပေးဇယားရဲ့အဆင့် ၈နေရာနဲ့သာ ရာသီအဆုံးသတ်ခဲ့ရပြီး တစ်ခါကဆို ထိပ်ဆုံး ၁၀စာရင်း ဝင်နိုင်ပါ့မလားလို့တောင် စိုးရိမ်စရာဖြစ်ခဲ့ရပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီမတိုင်ခင် ကွန်မြူနတီဒိုင်းပွဲမှာ လီဗာပူးကိုအနိုင်ရခဲ့ပေမယ့် အက်ဖ်အေဖလားမှာ စတုတ္ထအဆင့်၊ ကာရာဘောင်ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်နဲ့ […]

မက်ဆီဟာ အဘွားအိုကြီးလို တဖျစ်တောက်တောက် ပြောလေ့ရှိတယ်….အဂွဲရိုး

May 31, 2021 author one 0

၂၀၂၀-၂၁ ရာသီကုန်မှာ မန်စီးတီးအသင်းနဲ့လမ်းခွဲခဲ့တဲ့ အဂွဲရိုးတစ်ယောက်တော့ သူနဲ့အရင်းနှီးဆုံးသူငယ်ချင်းရှိရာ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပါပြီ။ မက်ဆီနဲ့ အဂွဲရိုးဟာ အသက်(၁၇)နှစ်အရွယ်မှာကတည်းက တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးခဲ့ကြပြီး နိုင်ငံပွဲတွေကစားဖို့ရှိလို့ တခြားတစ်နိုင်ငံကို သွားရင် သူတို့နှစ်ယောက်ဟာ အမြဲတမ်းတစ်ခန်းတည်းအတူနေတဲ့အထိ ရင်းနှီးခဲ့တာပါ။ အဲဒါကြောင့် သူ့ကို ခေါ်ဖို့ ဥရောပထိပ်သီးအသင်းတွေ အပြိုင်စိတ်ဝင်စားနေကြပေမယ့် ဘာစီလိုနာကို အဂွဲရိုး ရွေးချယ်ခဲ့တာဟာ […]

ချယ်လ်ဆီးက လန်ဒန်မြို့ရဲ့ ထီးနန်းကို သိမ်းပိုက်လိုက်ပြီလား…

May 31, 2021 author one 0

အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဖလားကို ဒုတိယအကြိမ်မြောက်ရယူခဲ့အပြီးမှာတော့ ချယ်လ်ဆီးအသင်းဟာ လန်ဒန်မြို့ခံကလပ်အသင်းတွေထဲမှာ အောင်မြင်မှုအများဆုံးအသင်းဖြစ်နေပြီလားဆိုတဲ့ မေးခွန်းတွေထွက်ပေါ်နေပါပြီ။ ပရီးမီးယားလိဂ်ဖလား(၅)ကြိမ်၊ ချန်ပီယံလိဂ်(၂)ကြိမ်၊ FA ဖလား (၈)ကြိမ်၊ လိဂ်ဖလား(၅)ကြိမ်၊ ယူရိုပါလိဂ်(၂)ကြိမ်ရယူခဲ့တဲ့မှတ်တမ်းတွေအရ ချယ်လ်ဆီးအသင်းရဲ့အောင်မြင်မှုကို တခြားလန်ဒန်မြို့ခံကလပ်တွေ အမီလိုက်နိုင်ဖို့က ခက်ခဲလွန်းနေတယ်။ တစ်ချိန်တုန်းက လန်ဒန်ရဲ့အောင်မြင်မှုအများဆုံးအသင်းတွေအဖြစ် အာဆင်နယ်၊ စပါး၊ ချယ်လ်ဆီးတို့ အတူတူရပ်တည်ခဲ့ကြပေမယ့် အခုနောက်ပိုင်းနှစ်တွေမှာ […]

ဘာကြောင့် နုတ်ထွက်ရတာလဲဆိုတာ ဇီဒန်း ပြောပြီ…

May 31, 2021 author one 0

ဇီဒန်းဟာ ရီးရဲလ် မက်ဒရစ် နည်းပြ ရာထူး ကနေ နှုတ်ထွက်ပြီး တစ်ပတ် အကြာမှာတော့ သူ ဘာကြောင့် အလုပ်ထွက်ရတာလဲဆိုတာ ရှင်းပြ ပြောဆိုလာခဲ့ပါတယ်။ ဇီဒန်းက” ကျွန်တော်အလုပ်က ထွက်ခွာ ခဲ့တာ မှန်ပေမယ့်ကျွန်တော် အရှုံးပေးတာ မဟုတ်ပါဘူး။ ကျွန်တော် နည်းပြ လုပ်ရတာကို စိတ်မပျက်သေးပါဘူး။ […]

အာဖရိက နတ်ဆရာတွေရဲ့ ကျိန်စာကြောင့် ဂွာဒီယိုလာ ကျရှူံးရတာလား

May 31, 2021 author one 0

မန်စီးတီးဟာလက်ရှိရာသီမှာနောက်ဆုံး၁၀နှစ်အတွင်းပရီးမီးယားလိဂ်ချန်ပီယံဆုကိုငါးကြိမ်မြောက်ရယူနိုင်တဲ့အပြင်ကာရာဘောင်ဖလားချန်ပီယံဆုကိုရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးအသင်းကိုရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ဖလား လက်လွှတ်ခဲ့ရပါတယ်။ ဂွာဒီယိုလာအနေနဲ့ အာဖရိကရဲ့ကျိန်စာတွေသင့်နေတာကြောင့် ဘယ်တော့မှ ချန်ပီယံလိဂ်ဖလားကို ရရှိမှာမဟုတ်ဘူးလို့ မန်စီးတီးကွင်းလယ်လူဟောင်းယာယာတိုရေးရဲ့အေးဂျင့်က ပြောဆိုထားပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က ယာယာတိုရေးကို အနိုင်ကျင့်ကာ အသင်းမှာပွဲထွက်ခွင့်မပေးခဲ့လို့ အာဖရိကတစ်ခုလုံး ဒေါသထွက်ခဲ့ဖူးပါတယ်။ အေးဂျင့် ဆီလက်က “သူက အာဖရိကတစ်ခုလုံးကို သူကိုယ်တိုင်ဆန့်ကျင်ခဲ့တာပါ။” […]

Zibo Cuju အသင်းပိုင်ရှင် တရုတ်သန်းကြွယ်သူဌေးသားအဖရဲ့ Money Makes Everything ကို သက်သေပြချက်

May 31, 2021 author one 0

‘Money Makes Everything’ ဆိုတဲ့စကားဟာ ရာနှုန်းပြည့်မမှန်ဘူးလို့ တချို့က ဝေဖန်နေကြပေမယ့် အခုနောက်ပိုင်းခေတ်မှာတော့ ငွေဆိုတာက အရာအားလုံးကို ဖန်ဆင်းနိုင်တဲ့တန်ခိုးရှင်ဖြစ်နေပြီ။ ‘ငွေဟာ ဒုတိယဘုရားသခင်’လို့ သတ်မှတ်ထားတဲ့အဆင့်ကနေ အခုဆို ငွေသာရှိရင် ဘာမဆိုလုပ်လုပ်လို့ရတဲ့အနေအထားကို ရောက်လာပြီ။ ဒီအချက်ကို အကောင်းဆုံးသက်သေပြနေတာကတော့ တရုတ်သန်းကြွယ်သူဌေး He Shihua တို့သားအဖပါပဲ။ အသက်(၃၅)နှစ်အရွယ်မှာပဲ […]

နိုင်ငံတော်သီချင်း မဆိုခဲ့တဲ့ မြန်မာကစားသမားတွေနဲ့ ဂျပန်နောက်ခံလူ ယိုရှီဒါရဲ့ မြန်မာပြည်သူတွေအတွက် ဆုတောင်းစကား

May 31, 2021 author one 0

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲစဉ်အနေနဲ့ ဂျပန်အသင်းနဲ့ မြန်မာအသင်း ကစားခဲ့တဲ့ပွဲမှာ ဂျပန်က ၁၀ဂိုး ပြတ်အနိုင်ရခဲ့ပြီး ပွဲကစားတဲ့ အချိန်ကျမှ ရုပ်သံမှာ မြန်မာလက်ရွေးစင် ကစားသမားတွေက ဘယ်သူတွေဖြစ်တယ်ဆိုတာ ပရိသတ်တွေ သိရှိခဲ့ကြတာလည်း ဖြစ်ပါတယ်။ စင်ကာပူကနေတဆင့် ဂျပန်နိုင်ငံကိုထွက်ခွာသွားတဲ့ မြန်မာ့လက်ရွေးစင်အသင်းရဲ့ လူစာရင်းကို သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်က လုံးဝမထုတ်ပြန် […]

ဂျော်ဂျီနာရိုဒရီဂွက်ဇ် ပြောတဲ့ စီရော်နယ်ဒိုနဲ့ ဂျူဗီ အနာဂတ်

May 31, 2021 author one 0

လာမယ့်ရာသီအတွက် နောက်ဆုံးပွဲစဉ်အပြီးမှာ ခန်ပီယံလိဂ်ဝင်ခွင့် ရသွားပေမယ့် စူပါလိဂ်ကြောင့် ချန်ပီယံလိဂ်ကထုတ်ပယ်ခံရနိုင်တဲ့ အရေးနဲ့ ဂျူဗင်တပ် ကြုံတွေ့နေသလို အသင်းနည်းပြသစ်အဖြစ် အရင်နည်းပြဟောင်း အယ်လီဂရီနီကို ပြန်ခန့်ခဲ့တဲ့အတွက် စီရော်နယ်ဒိုရဲ့အနာဂတ်ဟာ မသေချာမရေရာမှုတွေရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ စီရော်နယ်ဒို နဲ့ဂျုဗင်တပ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ တစ်ရာသီတော့သာ ကျန်ရှိတော့တာဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ အသင်းဟောင်း […]

မန်စီးတီးကို မျက်ရည်နဲ့ နှုတ်ဆက်ခဲ့ရတဲ့ အဂူရို

May 30, 2021 author one 0

မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ချဲလ်ဆီးကိုအရေးနိမ့်ခဲ့ပြီးနောက်အဂူရိုဟာ မန်စီးတီးကစားသမားဘဝကို မျက်ရည်နဲ့နှုတ်ဆက်ခဲ့ရပါတယ်။ အာဂျင်တိုင်းသားဟာ မန်စီးတီးမှာ ၁၀ နှစ်တာဖြတ်သန်းခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုတွေကိုင်မြှောက်နိုင်ခဲ့ပါတယ်။ မနေ့က ချဲလ်ဆီးကို အရေးနိမ့်ပြီးနောက် ငိုကြွေးနေခဲ့တဲ့ အသက် ၃၂ နှစ်သားဟာ ကစားသမားဘဝပွဲ ၂၃၀ ပြည့်ခဲ့ပေမယ့် ဆုဖလားလက်မဲ့အဖြစ်နဲ့ အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။ အဂူရိုဟာ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ် […]