အသက်လက်တီကိုမှာ မှတ်တိုင်သစ် စိုက်ထူတဲ့ ဆွာရက်ဇ်

အသက်လက်တီကို အသင်း ဟာ မနေ့ညက ကစားခဲ့တဲ့ အလာဗတ်စ် အသင်းနဲ့ ပွဲမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။လော်ရန်တေး ရဲ့ပထမပိုင်းသွင်းဂိုးနဲ့ အသက်လက်တီကို အသင်း ဦးဆောင်ခဲ့ပေမယ့် ဖိလစ်ပီ ရဲ့ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် သရေကျလုနီးပါးဖြစ်ခဲ့ပါတယ်။အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမား လူးဝစ်ဆွာရက်ဇ်ကတော့ မနေ့ညက သူ့ရဲ့နောက်ကျအနိုင်ဂိုးနဲ့ အိမ်ရှင်အလာဗက်စ်အသင်းကို ကပ်အနိုင်ယူခဲ့ပါတယ်။

ဆွာရက်စ် ဟာ အလာဗတ်စ် အသင်းကို အနိုင်ရခဲ့တဲ့ လာလီဂါပွဲမှာ အနိုင်ဂိုးသွင်းယူနိုင်ခဲ့သလို၊ အသင်းကိုလည်း လာလီဂါအမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာပဲ ဆက်လက်ရပ်တည်နိုင်စေခဲ့ပါတယ်။ ဒါ့အပြင် သူကိုယ်တိုင်ကလည်း အသင်းရဲ့ စံချိန်မှတ်တမ်းကောင်းတစ်ခုကိုပါ ပိုင်ဆိုင်သွားနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

အသက်(၃၃)နှစ်အရွယ် ဥရုဂွေးလက်ရွေးစင်တိုက်စစ်ကစားသမားကြီး လူးဝစ်ဆွာရက်ဇ်ဟာ ဒီနှစ်ဘောလုံးရာသီရဲ့ နွေဈေးကွက်ကာလအတွင်းကမှ ဘာစီလိုနာအသင်းကနေ အသက်လက်တီကိုအသင်းဆီကို ပြောင်းရွေ့လာခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာတော့ဆွာရက်စ် ဟာ အသက်လက်တီကို အသင်းအတွက် လာလီဂါ(၁၂)ပွဲမှာ (၁၁)ဂိုးအထိ ပါဝင်ပတ်သက်ခဲ့ပြီး စံချိန်သစ်တစ်ခုရသွားခဲ့တာဖြစ်ပါတယ်။ဆွာရက်စ် ဟာ အဲဒီ(၁၁)ဂိုးမှာ (၉)ဂိုးသွင်းပြီး (၂)ဂိုးဖန်တီးခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်ဆွာရက်စ်ဟာ (၂၁)ရာစုအတွင်း အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ တာထွက်အကောင်းဆုံးကစားသမားအဖြစ်နဲ့စံချိန်သစ်တစ်ခုကို ရရှိသွားခဲ့တာဖြစ်ပါတယ်။အရင်က အသက်လက်တီကို အသင်းရဲ့အကောင်းဆုံးရာသီ စတင်နိုင်ခဲ့တဲ့ ကစားသမားအဖြစ် စံချိန်တင်ခဲ့တဲ့သူကတော့ ၂၀၁၁ခုနှစ်က (၉)ဂိုးသွင်းပြီး (၁)ဂိုးဖန်တီးခဲ့တဲ့ တိုက်စစ်မှုး ဖယ်လ်ကာအို ဖြစ်ပါတယ်။အခုအချိန်မှာတော့ ဆွာရက်စ် က ဖယ်လ်ကာအို ရဲ့စံချိန် ကိုကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဆွာရက်ဇ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း လာလီဂါမှာ (၉)ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် ဆယ်တာဗီဂို တိုက်စစ်မှူးအက်စ်ပတ်စ် ဗီလာရီးရဲလ် တိုက်စစ်မှူးမော်ရီနိုတို့နဲ့အတူ သွင်းဂိုး(၉)ဂိုးနဲ့ လာလီဂါရဲ့ ဂိုးသွင်းအများဆုံး ကစားသမားတွေအဖြစ် ပူးတွဲရပ်တည်နေနိုင်ခဲ့ပါတယ်။ဘာစီလိုနာပရိသတ်တွေအတွက်ကတော့ မချိတင်ကဲ ဝမ်းနည်းနှမျောစရာဖြစ်နေရပါတယ်။

အသက်လက်တီကို အသင်းဟာ အခုပွဲမှာ အနိုင်ရခဲ့တာကြောင့် ဒုတိယနေရာက မြို့ခံပြိုင်ဘက် ရီးရဲလ် အသင်းကို (၂)မှတ်အသာနဲ့ ထိပ်ဆုံးနေရာ‌ကနေ ဆက်လက်ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။အသက်လက်တီကို အသင်းဟာ လက်ကျန်ပွဲစဉ်ကစားဖို့ (၂)ပွဲကျန်ရှိနေသေးတာဖြစ်ပြီး အခုနှစ်ရာသီမှာ လာလီဂါ အမှတ်ပေးချန်ပီယံဆုကို ရယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။