ယူနိုက်တက် အသင်းကို တရားဝင်ရောက်ရှိလာတဲ့ လူငယ် ကြယ်ပွင့် ထရာအိုရေးရဲ့ ပထမဆုံးအင်တာဗျူး

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကတည်းက ခေါ်ယူဖို့ အတွက် သဘောတူညီမှု ရခဲ့တဲ့ အတ္တလန်တာအသင်းရဲ့ လူငယ် ကြယ်ပွင့် အာမက် ဒိုင်အယ်လို ထရာအိုရေးကို ပြောင်းရွှေ့ကြေး ပေါင် (၃၇)သန်းနဲ့ ၅နှစ် +တစ်နှစ်သက်တမ်းတိုးခွင့် (စုစုပေါင်း ၆နှစ်) စာချုပ်နဲ့ ယူနိုက်တက်အသင်းဟာ ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပါတယ်။

သူဟာ အသက် ၁၈ နှစ်အရွယ်ရှိ နေပြီး အိုင်ဗရီကို့စ်နိုင်ငံသားတစ်ဦးဖြစ်ပါတယ်။ အာမက် ကတော့ ယူနိုက်တက်အသင်းကိုပြောင်းရွှေ့လာခွင့်ရဖို့ အချိန်အကြာကြီးစောင်နေခဲ့ရတဲ့သူဖြစ်ပါတယ်ဆိုပြီး MUTVနဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

သူက “ဒီအချိန်ကိုရောက်ဖို့ ပြီးခဲ့တဲ့နွေကတည်းက ကျွန်တော် စောင့်နေတာပါ။ အခုတော့ ကျွန်တော့်အိပ်မက်တွေ တကယ်ဖြစ်လာပါပြီ။ ကျွန်တော်က အောင်မြင်မှုတွေအများကြီးရချင်တဲ့ ရည်မှန်းချက်ကြီးတဲ့ လူငယ်တစ်ယောက်ပါ။ နည်းပြဆိုလ်ရှားနဲ့ စကားပြောကြည့်ပြီးတဲ့အခါမှာ ကျွန်တော်ရောက်နေတာ မှန်ကန်တဲ့နေရာ ပြီးပြည့်စုံတဲ့ အကောင်းဆုံးကလပ်ဆိုတာ သေချာသွားပါပြီ။”

“ဒီမှာက နာမည်ကြီးကစားသမားတွေ အများကြီးနဲ့ တကယ်စိတ်လှုပ်ရှားဖို့ကောင်းတဲ့အသင်းပါ။အသင်းရဲ့လေ့ကျင်ခန်းအစီအစဉ်တွေမှာ နေ့တိုင်း ကြိုးစားလေ့ကျင့် သင်ယူပြီးတိုးတက်အောင်လုပ်ပါ့မယ်လို့ ကတိပေးပါတယ်။ ယူနိုက်တက်နဲ့စာချုပ်ချုပ်ပြီးကတည်းက လေ့ကျင့်ရေးနည်းပြတွေ ကျွန်တော့်အပေါ်အရမ်းကောင်းခဲ့ကြပါတယ်။ ပုံမှန်လည်းအဆက်အသွယ်ရှိခဲ့တယ်။

သူတို့ဘက်ကတောင် ကျွန်တော့် ကိုအကြံဉာဏ်ကောင်းတွေအများကြီးပေးပြီးနေပါပြီ။ ကျွန်တော် ဒီကို ပြောင်းရွှေ့လာဖို့ ပြင်ဆင်ချိန်လုံလုံလောက်လောက်ရခဲ့ပါတယ်။ ရုပ်ပိုင်းနဲ့စိတ်ပိုင်း နှစ်မျိုးစလုံးပြင်ဆင်ချိန်ရခဲ့ပါတယ်။

ဒီလိုအံ့ဩဖို့ကောင်းတဲ့အသင်းဆီခြေလှမ်းနိုင်ဖို့အတွက် ကျွန်တော့် ဘက်ကအသင့်ဖြစ်နေအောင်လို့ တကယ်ကိုအပြင်းအထန်ကြိုးစားခဲ့တာပါ”ဆိုပြီးပြောကြားခဲ့တာပါ။

ယူနိုက်တက်အသင်းရဲ့ ဝက်ဆိုဒ်မှာလည်း အာမက် ဒီယာလိုအတွက် ဂျာစီကျောနံပါတ် ကိုတော့ မကြာခင်ရက်ပိုင်းအတွင်းမှာ ကြေငြာသွားမယ်လို့ ဖော်ပြထားပါတယ်။

နည်းပြဆိုးလ်ရှားကလည်း အာမက် ဒီယာလိုပြောင်းရွှေ့လာတာနဲ့ပတ်သက်ပြီး ကြိုဆိုကြောင်းပြောကြားခဲ့ပါတယ်။ “အသင်းအနေနဲ့ အာမက် ဒီယာလို ကို စောင့်ကြည့်ခဲ့ကြတာ နှစ်အနည်းငယ်ကြာခဲ့ပါပြီ။ ကျွန်တော် ကိုယ်တိုင်လည်းသူ့ရဲ့ခြေစွမ်းကိုစောင့်ကြည့်နေခဲ့ပါတယ်။ သူဟာတကယ့်ကို စိတ်လှုပ်ရှားစရာကောင်းပြီး အလားအလာရှိတဲ့ လူငယ်တစ်ယောက်ပါပဲ။

ယူနိုက်တက်အသင်းဟာ အစွမ်းအစရှိတဲ့ လူငယ်တွေကို မြေတောင်မြှောက်ပေးလေ့ရှိတဲ့ သမိုင်းအစဉ်အလာရှိတဲ့ အသင်းဖြစ်တာနဲ့အညီ အာမက်သာ ကြိုးစားမယ်ဆိုရင် သူ့အရည်အချင်းတွေကိုအပြည့်အဝရရှိနိုင်ဖို့အတွက် ဒီနေရာက အရာအားလုံးဟာ သူ့အတွက်နေရာတကျရှိနေပါတယ်။ သူအသင်းနဲ့ အံဝင်ဖို့ အချိန်တစ်ခု လိုပါလိမ့်မယ်။

လေ့လာသင်ယူဖို့အချိန်ယူရမယ်ဆိုပေမယ့် သူ့ရဲ့အမြန်နှုန်း၊ ပြိုင်ဘက်ကစားသမားတွေကိုကျော်ဖြတ်နိုင်တဲ့သိပ်ကောင်းတဲ့စွမ်းရည်တွေကိုအသုံးချနိုင်သွားပြီဆိုရင် အသင်းမှာ မြန်မြန်ဆန်ဆန်နဲ့ အထိုင်ကျလာမယ်လို့ထင်ပါတယ်။ အာမက် ဟာ နောင်လာမယ့်နှစ်အနည်းငယ်အတွင်း ယူနိုက်တက်ရဲ့အရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်လာဖို့ အရည်အချင်းတွေ အပြည့်ရှိနေတဲ့ လူငယ်ကစားသမားတစ်ယောက်ပါပဲ”

zawgyi

ယူႏိုက္တက္ အသင္းကို တရားဝင္ေရာက္ရွိလာတဲ့ လူငယ္ ၾကယ္ပြင့္ ထရာအိုေရးရဲ႕ ပထမဆုံးအင္တာဗ်ဴး

ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ႊ႕ ကတည္းက ေခၚယူဖို႔ အတြက္ သေဘာတူညီမႈ ရခဲ့တဲ့ အတၱလန္တာအသင္းရဲ႕ လူငယ္ ၾကယ္ပြင့္ အာမက္ ဒိုင္အယ္လို ထရာအိုေရးကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ (၃၇)သန္းနဲ႔ ၅ႏွစ္ +တစ္ႏွစ္သက္တမ္းတိုးခြင့္ (စုစုေပါင္း ၆ႏွစ္) စာခ်ဳပ္နဲ႔ ယူႏိုက္တက္အသင္းဟာ ေခၚယူလိုက္ၿပီ ျဖစ္ေၾကာင္း တရားဝင္ ေၾကညာသြားခဲ့ပါတယ္။ သူဟာ အသက္ ၁၈ ႏွစ္အ႐ြယ္ရွိ ေနၿပီး အိုင္ဗရီကို႔စ္ႏိုင္ငံသားတစ္ဦးျဖစ္ပါတယ္။ အာမက္ ကေတာ့ ယူႏိုက္တက္အသင္းကိုေျပာင္းေ႐ႊ႕လာခြင့္ရဖို႔ အခ်ိန္အၾကာႀကီးေစာင္ေနခဲ့ရတဲ့သူျဖစ္ပါတယ္ဆိုၿပီး MUTVနဲ႔ အင္တာဗ်ဴးမွာ ေျပာၾကားသြားခဲ့ပါတယ္။

သူက “ဒီအခ်ိန္ကိုေရာက္ဖို႔ ၿပီးခဲ့တဲ့ေႏြကတည္းက ကြၽန္ေတာ္ ေစာင့္ေနတာပါ။ အခုေတာ့ ကြၽန္ေတာ့္အိပ္မက္ေတြ တကယ္ျဖစ္လာပါၿပီ။ ကြၽန္ေတာ္က ေအာင္ျမင္မႈေတြအမ်ားႀကီးရခ်င္တဲ့ ရည္မွန္းခ်က္ႀကီးတဲ့ လူငယ္တစ္ေယာက္ပါ။ နည္းျပဆိုလ္ရွားနဲ႔ စကားေျပာၾကည့္ၿပီးတဲ့အခါမွာ ကြၽန္ေတာ္ေရာက္ေနတာ မွန္ကန္တဲ့ေနရာ ၿပီးျပည့္စုံတဲ့ အေကာင္းဆုံးကလပ္ဆိုတာ ေသခ်ာသြားပါၿပီ။”

“ဒီမွာက နာမည္ႀကီးကစားသမားေတြ အမ်ားႀကီးနဲ႔ တကယ္စိတ္လႈပ္ရွားဖို႔ေကာင္းတဲ့အသင္းပါ။အသင္းရဲ႕ေလ့က်င္ခန္းအစီအစဥ္ေတြမွာ ေန႔တိုင္း ႀကိဳးစားေလ့က်င့္ သင္ယူၿပီးတိုးတက္ေအာင္လုပ္ပါ့မယ္လို႔ ကတိေပးပါတယ္။ ယူႏိုက္တက္နဲ႔စာခ်ဳပ္ခ်ဳပ္ၿပီးကတည္းက ေလ့က်င့္ေရးနည္းျပေတြ ကြၽန္ေတာ့္အေပၚအရမ္းေကာင္းခဲ့ၾကပါတယ္။ ပုံမွန္လည္းအဆက္အသြယ္ရွိခဲ့တယ္။ သူတို႔ဘက္ကေတာင္ ကြၽန္ေတာ့္ ကိုအႀကံဉာဏ္ေကာင္းေတြအမ်ားႀကီးေပးၿပီးေနပါၿပီ။ ကြၽန္ေတာ္ ဒီကို ေျပာင္းေ႐ႊ႕လာဖို႔ ျပင္ဆင္ခ်ိန္လုံလုံေလာက္ေလာက္ရခဲ့ပါတယ္။ ႐ုပ္ပိုင္းနဲ႔စိတ္ပိုင္း ႏွစ္မ်ိဳးစလုံးျပင္ဆင္ခ်ိန္ရခဲ့ပါတယ္။ ဒီလိုအံ့ဩဖို႔ေကာင္းတဲ့အသင္းဆီေျခလွမ္းႏိုင္ဖို႔အတြက္ ကြၽန္ေတာ့္ ဘက္ကအသင့္ျဖစ္ေနေအာင္လို႔ တကယ္ကိုအျပင္းအထန္ႀကိဳးစားခဲ့တာပါ”ဆိုၿပီးေျပာၾကားခဲ့တာပါ။ ယူႏိုက္တက္အသင္းရဲ႕ ဝက္ဆိုဒ္မွာလည္း အာမက္ ဒီယာလိုအတြက္ ဂ်ာစီေက်ာနံပါတ္ ကိုေတာ့ မၾကာခင္ရက္ပိုင္းအတြင္းမွာ ေၾကျငာသြားမယ္လို႔ ေဖာ္ျပထားပါတယ္။

နည္းျပဆိုးလ္ရွားကလည္း အာမက္ ဒီယာလိုေျပာင္းေ႐ႊ႕လာတာနဲ႔ပတ္သက္ၿပီး ႀကိဳဆိုေၾကာင္းေျပာၾကားခဲ့ပါတယ္။ “အသင္းအေနနဲ႔ အာမက္ ဒီယာလို ကို ေစာင့္ၾကည့္ခဲ့ၾကတာ ႏွစ္အနည္းငယ္ၾကာခဲ့ပါၿပီ။ ကြၽန္ေတာ္ ကိုယ္တိုင္လည္းသူ႔ရဲ႕ေျခစြမ္းကိုေစာင့္ၾကည့္ေနခဲ့ပါတယ္။ သူဟာတကယ့္ကို စိတ္လႈပ္ရွားစရာေကာင္းၿပီး အလားအလာရွိတဲ့ လူငယ္တစ္ေယာက္ပါပဲ။ ယူႏိုက္တက္အသင္းဟာ အစြမ္းအစရွိတဲ့ လူငယ္ေတြကို ေျမေတာင္ေျမႇာက္ေပးေလ့ရွိတဲ့ သမိုင္းအစဥ္အလာရွိတဲ့ အသင္းျဖစ္တာနဲ႔အညီ အာမက္သာ ႀကိဳးစားမယ္ဆိုရင္ သူ႔အရည္အခ်င္းေတြကိုအျပည့္အဝရရွိႏိုင္ဖို႔အတြက္ ဒီေနရာက အရာအားလုံးဟာ သူ႔အတြက္ေနရာတက်ရွိေနပါတယ္။ သူအသင္းနဲ႔ အံဝင္ဖို႔ အခ်ိန္တစ္ခု လိုပါလိမ့္မယ္။ ေလ့လာသင္ယူဖို႔အခ်ိန္ယူရမယ္ဆိုေပမယ့္ သူ႔ရဲ႕အျမန္ႏႈန္း၊ ၿပိဳင္ဘက္ကစားသမားေတြကိုေက်ာ္ျဖတ္ႏိုင္တဲ့သိပ္ေကာင္းတဲ့စြမ္းရည္ေတြကိုအသုံးခ်ႏိုင္သြားၿပီဆိုရင္ အသင္းမွာ ျမန္ျမန္ဆန္ဆန္နဲ႔ အထိုင္က်လာမယ္လို႔ထင္ပါတယ္။ အာမက္ ဟာ ေနာင္လာမယ့္ႏွစ္အနည္းငယ္အတြင္း ယူႏိုက္တက္ရဲ႕အေရးပါတဲ့ကစားသမားတစ္ေယာက္ျဖစ္လာဖို႔ အရည္အခ်င္းေတြ အျပည့္ရွိေနတဲ့ လူငယ္ကစားသမားတစ္ေယာက္ပါပဲ”