ယူနိုက်တက် ခေါ်ယူချင်တဲ့ နောက်ထပ် ဖာနန်ဒက်စ်လို ကစားသမား

ဖာနန်ဒက်စ်တစ်ယောက်တည်းကပဲ ယူနိုက်တက်အသင်းကို ဘယ်လောက်တောင်အကူအညီ ဖြစ်စေလိုက်ပါသလဲ။ ဒါကြောင့် ပရိသတ်တွေက နောက်ထပ် ဖာနန်ဒက်စ်လို ကစားသမားမျိုးကို အသင်းမှာ ရှိစေချင်ကြပါတယ်။ အခုအခါ ယူနိုက်တက်ဟာ စပို့တင်းလစ္စဘွန်းအသင်းက ဖာနန်ဒက်စ်နောက်တစ်ယောက်လို့ တင်စားရမယ့် လူငယ်ကစားသမားတစ်ယောက်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်လာပါတယ်။

ပေါ်တူဂီမီဒီယာ Record တွင် ဖော်ပြထားမှုအရ ယူနိုက်တက် အသင်းဟာ စပို့တင်း အသင်းရဲ့ အသက် ၂၂နှစ် အရွယ် ကွင်းလယ်လူ ပက်ထရိုဂွန်းကားလ်ဗက်စ် အပေါ် အလွန် စိတ်ဝင်စားလျက် ရှိနေကြောင်း ဖော်ပြလာပါတယ်။ဒါပေမယ့် စပို့တင်း အသင်းဟာ အစောပိုင်းကတော့အဲဒီ ညာတောင်ပံ ကစားသမားကို ဇန်နဝါရီ လ အတွင်း ရောင်းချသွားဖို့ ငြင်းဆန်ထားပါတယ်။

ဒါပေမယ့် အခုအပြောင်းအရွှေ့ကာလမှာ စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၆၀ ပေးချေရင်တော့ ယူနိုက်တက်တို့ ကစားသမား ကို ခေါ်ယူခွင့်ရနိုင်မှာဖြစ်ပါတယ်။ နောက်ထပ် အရေးကြီးတဲ့ အချက်ကတော့ ကစားသမားကိုယ်တိုင်က ဇန်နဝါရီလအတွင်း အသင်းပြောင်းရွှေ့ချင်စိတ်ရှိဖို့ပါ။

ဂွန်ကားလ်ဗက်စ်ဟာ စပို့တင်းလစ္စဘွန်းအသင်းကို ပေါ်တူဂီလိဂ်ရဲ့ ထိပ်ပိုင်းမှာ ရပ်တည်နိုင်ဖို့ ကူညီပေးနိုင်ခဲ့ပါတယ်။ လူငယ်ကြယ်ပွင့် ကွင်းလယ်ကစားသမားဟာ ယခုနှစ်ဘောလုံးရာသီမှာ စပို့တင်းလစ္စဘွန်းအသင်းအတွက် ၁၁ ပွဲကစားပေးထားပြီး ၁၁ ဂိုး သွင်းယူပေးထားပါတယ်။

အချို့ သတင်းတွေအရတော့ စပို့တင်းလစ္စဘွန်းအသင်းဟာ လက်ရှိအချိန်အထိ သူတို့ရဲ့ ကစားသမား‌အတွက် မည်သည့်ကမ်းလှမ်းမှုမှ မရသေးဘူးလို့ သိရပါတယ်။ဂွန်ကားလ်ဗက်စ်ဟာ စပို့တင်းလစ္စဘွန်းအသင်းနဲ့ ပေါ်တူဂီလိဂ်ဖလားရယူဖို့ ရည်မှန်းထားတဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။

မကြာမီမှာ ဘယ်သူတွေ အသင်းကထွက်ပြီး၊ ဘယ်သူတွေ အသင်းဆီရောက်လာမလဲဆိုတာ မြင်တွေ့ရပါတော့မယ်။ စပို့တင်း အသင်းနဲ့ ယူနိုက်တက်တို့ဟာ ဆက်ဆံရေးကောင်းမွန်ပါတယ်။ပက်ထရိုဂွန်းကားလ်ဗက်စ် ကို ယူနိုက်တက် ဒီအတိုင်းပဲစိတ်ဝင်စားနေတာလား၊ ဒါမှမဟုတ် အိုးလ်ထရက်ဖို့ဒ်ကို ခေါ်ယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။