မက်ဆီအတွက် ပီဒရီက တွဲဖက်ကောင်းတစ်ယောက်ဖြစ်လာမလား

ဘီလ်ဘာအိုအသင်းနဲ့ ဘာစီလိုနာ အသင်းတို့ရဲ့ ပွဲစဉ်မှာ ဘာစီလိုနာပရိသတ်တွေအတွက် ပျော်စရာကောင်းတဲ့ အနေအထားတွေ၊ အားကိုးစရာမျှော်လင့်ချက် ရောင်ခြည်တွေကို တွေ့ရပါတယ်။ ဘီလ်ဘာအိုအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ ကားလို့စ် ဒယ် ဆယ်ရို ကွင်းကြီးထဲမှာ ကစားခဲ့ရတဲ့ အဆိုပါ ပွဲစဉ်မှာ ဘာစီလိုနာ အသင်းဟာ နှစ်ဂိုး သုံးဂိုး ဆိုတဲ့ ရလဒ်နဲ့ ထိုက်ထိုက်တန်တန် အနိုင်ရရှိခဲ့ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ ဟူစကာနဲ့ပွဲမှာလည်း ဖရန့်ကီဒီယောင်းရဲ့တစ်လုံးထဲသောအနိုင်ဂိုးကိုဖန်တီးပေးခဲ့သလိုအခုပွဲမှာလည်း နောက်ကလိုက်ကစားခဲ့ရတဲ့ဘာကာတို့အတွက် အဖိုးတန်အနိုင်ဂိုး၂ဂိုးလုံးကို ကိုယ်တိုင်သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။အဆိုပါ ပွဲစဉ်မှာ ပီဒရီဟာ အသင်းရဲ့ ဘယ်ခြမ်း ကွင်းလယ် ကစားသမား အဖြစ် ကစားခဲ့ကာ သွင်းဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု တစ်ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။

ဘီလ်ဘာအိုအသင်းနဲ့ ပွဲစဉ်မှာ တစ်ဂိုးသွင်း ၊ တစ်ဂိုးဖန်တီး ဆိုတဲ့ စွမ်းဆောင်ရည်ကောင်းကြောင့် ပီဒရီဟာ ဘီလ်ဘာအိုအသင်းရဲ့ ကွင်းထဲမှာ ကစားခဲ့တဲ့ လာလီဂါပွဲစဉ် တစ်ပွဲထဲမှာ သွင်းဂိုး + ဂိုးဖန်တီးမှု နှစ်ခုစလုံး ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမား ဆိုတဲ့ စံချိန်ကို ရရှိခဲ့ကြောင်း သိရပါတယ်။

ပီဒရီဟာ ဘီလ်ဘာအိုအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အသက် ၁၈နှစ်နဲ့ ၄၂ရက်သာ ရှိသေးကာ အခုလို စံချိန် ရရှိတာဟာ သူ့အတွက်ရော ဘာစီလိုနာ အသင်းအတွက်ပါ အတော်လေး ကောင်းမွန်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ပီဒရီဟာ အသက် ငယ်သေးပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာ အသင်းအတွက် လာလီဂါ ပြိုင်ပွဲမှာ ၁၀၃၁ မိနစ် အထိ ကစားပေးထားပြီး သွင်းဂိုး ၂ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ် ထားပါတယ်။

သွင်းဂိုးနှစ်ဂိုးရရှိခဲ့တဲ့ မက်ဆီကတော့ ဆန်မန်မီစ်ကွင်းသစ်ကြီးထဲမှာ လာလီဂါမှာ ပထမဆုံးအကြိမ်တစ်ပွဲထဲ ၂ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဘာစီလိုနာကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီး သူ့အရင် နှစ်ဂိုးသွင်းယူနိုင်ခဲ့သူက အာဂျင်တီးနားတိုက်စစ်မှူးဖြစ်တဲ့ ဂျာဗီးယားဆာဗီယိုလာဖြစ်ပြီး သူကတော့ ၁၉၁၃ခုနှစ်ထဲကတည်ဆောက်ခဲ့တဲ့ကွင်းဟောင်းဆန်မန်မီစ်မှာဖြစ်တာကြောင့် မက်ဆီက ဘီလ်ဘာအိုကွင်းသစ်မှာ၂ဂိုးသွင်းယူနိုင်ခဲ့တဲ့ပထမဆုံးဘာစီလိုနာကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။

ပွဲအပြီး မှာ ဘာစီလိုနာ နည်းပြ ရော်နယ်ကိုးမန်း က မက်ဆီ နဲ့ ပီဒရီ တို့ရဲ့ ချိတ်ဆက်မှု နဲ့ ပတ်သက်ပြီး ” ပီဒရီ ဟာ ငယ်ရွယ်သေးပေမယ့် ၊ ရင့်ကျက်သူ ဖြစ်ကြောင်း ပြသခဲ့ပါတယ် ။ မက်ဆီကတော့ အမြဲတမ်းသူ့ရဲ့ ပြင်းပြတဲ့ ခံယူချက် ကို ပြသနေခဲ့တာ ဖြစ်ပြီး၊ဒါကအရမ်း အရေးပါပါတယ်” လို့ချီးကျူးပြောဆိုခဲ့ပါတယ်။