ဖိုင်နယ်အဆင့်က စောင့်ကြိုနေတဲ့ စပါးအသင်း

စပါး အသင်း ဟာ ယမန်နေ့ ညက ကစား ခဲ့တဲ့ ကာရာဘောင် ဖလား ဆီမီး ဖိုင်နယ် ပွဲစဉ် မှာ ဘရန့်ဖိုဒ့် အသင်း ကို ၂ – ၀ နဲ့ အနိုင် ကစားပြီး ဝင်ဘာလေ ကွင်းမှာ ကျင်းပမယ့် ဗိုလ်လုပွဲစဉ် ကို တက်ရောက် သွားခဲ့ပြီ ဖြစ် ပါတယ် ။ စပါး အသင်းအတွက် ဆစ်ဆိုခို နဲ့ ဆွန်ဟောင်မင် တို့က ၁ ဂိုးစီ သွင်းယူ ပေးခဲ့ ကြတာပဲ ဖြစ် ပါတယ်။

ဆီမီးဖိုင်နယ်အဆင့်မှာ ပွဲချောင်တယ်လို့ ပြောလို့ရတဲ့ စပါးအသင်းဟာ ချန်ပီယံရှစ်ကလပ် ဘရတ်ဖို့ဒ်အသင်းကို အပြန်အလှန်ကစားခဲ့ပြီးနောက်မှသာ ယခုလို အနိုင်ရလဒ်ကို ရယူနိုင်ခဲ့တာ ဖြစ်ပြီး ဘရတ်ဖို့ဒ်အသင်းအနေနဲ့ စပါးဘက်ကို ဂိုးမသွင်းယူနိုင်ခဲ့ပေမယ့် စပါးအသင်းနဲ့ သူတင်ကိုယ်တင် ယှဉ်ပြိုင်ကစားသွားနိုင်ခဲ့တာ တွေ့ရပါတယ်။

ဘရတ်ဖို့ဒ်အသင်းဟာ ဒီနေ့ပွဲမှာတော့ ဘောလုံးပိုင်ဆိုင်မှု ၄၆ ရာခိုင်နှုန်း ဝန်းကျင်နဲ့အတူ စပါးအသင်းဘက်ကို ဂိုးပေါက် ကန်သွင်းမှု ၁၁ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးရလောက်နိုင်တဲ့ အခွင့်အရေးအချို့ရရှိခဲ့ပေမယ့် အမှားမခံခဲ့တဲ့ လိုရစ်ရဲ့ လက်စွမ်းတည်ငြိမ်မှုကြောင့် ယခုလို သွင်းဂိုး တစ်ဂိုးမှ မသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

စပါးအသင်းအတွက်တော့ ဖလား ၁ လုံး နဲ့ အနီးကပ်ဆုံး နေရာ ကို နောက်တစ်ကြိမ် ထပ်ရောက် လာခဲ့ ပြန်ပါပြီ ။အဲဒါဟာစပါး ပရိသတ်တွေ မျှော်လင့် တောင့်တ နေတဲ့ အခိုက် အတန့် ပါပဲ ။ စပါးအသင်း ဟာ ၂၀၀၈ ခုနှစ် တုန်းက လိဂ်ဖလား ကို ရယူပြီး နောက်မှာ ၁၂ နှစ်ကြာ ဘာဖလား မှ မရဘဲ ဘောလုံးခရီးလမ်းကို အံကြိတ် ဖြတ်သန်း နေရ ပါတယ် ။

စပါးအသင်း အောင်မြင်လာတာနဲ့ အမျှ နည်းပြမော်ရင်ဟိုလည်း ရေမြင့်ကြာတင့် ဘဝကို ရောက်လာတာပါပဲ။ နည်းပြမော်ရင်ဟို ဟာ ရောက်လေရာ အသင်းတိုင်း လိုလိုမှာ ၃ နှစ်ထက် ပိုမခံ ခဲ့ပါဘူး ။ ဒါပေမယ့် မော်ရင်ဟိုက ဖလား အာမခံ ချက် ရှိတဲ့ နည်းပြ ဖြစ်ပြီး ရောက်လေရာ အသင်းတိုင်းနဲ့ ဖလားရခဲ့ ပါတယ်။

၂၀၀၈ခုနှစ် ကနေ အခု အထိ စပါးတို့ သက်ဆိုင်ရာဖလား ဖိုင်နယ်အဆင့်တွေကို ရောက်ခဲ့ ပါတယ်။ ဒါပေမယ့် ဗိုလ်လုပွဲ အဆင့်အထိရောက်ပြီးမှ စင်မြင့်ပေါ်ကို တက်ခွင့် မရခဲ့ကြတာပါ။ နည်းပြမော်ရင်ဟိုလက်ထက်မှာ ရော စပါးတို့ ဘယ်လိုဖြစ်မှာပါလဲ။