ချဲလ်ဆီးက နည်းပြတွေအပေါ် စိတ်ရှည်တဲ့အသင်းမဟုတ်ကြောင်း လမ်းပတ်ကို ရွိုင်ကိန်းသတိပေး။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမားဟောင်း ရွိုင်ကိန်းက ချဲလ်ဆီးအသင်းဟာ ပုံစံကောင်းပြသထားနိုင်ခြင်း မရှိတဲ့ နည်းပြတွေကို အချိန်ပေးစောင့်ကြည့်လေ့ မရှိကြောင်း ချဲလ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်ကို သတိပေးပြောကြားလိုက်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မန်စီးတီးအသင်း နှင့် ဘောက်ဆင်ဒေးပွဲစဉ်မှာ အာဆင်နယ်အသင်းကို ( 3- 1 ) ရလာဒ်တွေနဲ့ အရေးနိမ့်ခဲ့ပြီး လမ်းပတ်ရဲ့အသင်းက နောက်ဆုံး ( ၆ ) ပွဲမှာ ( ၄ ) ပွဲထိ ရှုံးနိမ့်ထားပါတယ်။ တနင်္ဂနွေ့နေ့ ရှုံးပွဲကြောင့် ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ( ၈ ) နေရာ ရောက်ရှိသွားပြီး တစ်ပွဲလျော့ ကစားထားတဲ့ ဇယားထိပ်က လက်ရှိချန်ပီယံ လီဗာပူးအသင်းအောက် ( ၇ ) မှတ်လျော့နည်းလျက်ရှိပါတယ်။ ချဲလ်ဆီးအသင်းနည်းပြ ဒုတိယရာသီမှာ ချန်ပီယံ လမ်းကြောင်းကနေ တဖြည်းဖြည်း သွေဖီလာခဲ့ပေမယ့် လမ်းပတ်ကတော့ ကစားသမားသစ်တွေ အထိုင်ကျဖို့ အချိန်ပိုလိုအပ်ကြောင်း ခုခံပြောကြားလျက်ရှိပါတယ်။

ကိန်းက Sky Sports နဲ့ တွေ့ဆုံရာမှာ ” ချဲလ်ဆီးမှာ အထူးသဖြင့် မန်နေဂျာတွေအပေါ် သည်းခံတယ်ဆိုတဲ့ စကားမရှိပါဘူး။ ကျွန်တော်ကတော့ လမ်းပတ်အနေနဲ့ အချိန်အများကြီးရမယ်လို့ မထင်ပါဘူး။ သူတို့ အပြောင်းအရွေ့မှာ သုံးခဲ့တဲ့ ငွေကြေးပမာဏအရ ဒီနှစ်က ပိုပြီး ဖိအားများနေပါတယ်။ ချဲလ်ဆီးက နည်းပြတွေကို အချိန်ပေးလေ့ မရှိပါဘူး ။ ဒါက သူတို့ရဲ့ DNA ပါ”လို့ ပြောကြားခဲ့ပါတယ်။ နောက်ပြီး ကိန်းက လမ်းပတ်ရဲ့ နည်းပြအတွေ့အကြုံက ထိပ်တန်းအဆင့် ရှိမနေကြောင်း ထောက်ပြခဲ့ပါတယ်။

” ဒါကသူ့အတွက် အသစ်ဖြစ်နေပါတယ်။ သူက အသက် ( ၄၂ ) နှစ်ပဲ ရှိပါသေးတယ်။ ကလော့က ဒေါ့မွန်မှာ ဆုကြီးတွေ ရရှိအောင် စွမ်းဆောင်ခဲ့ဖူးပါတယ်။ အန်ဆလော့တီ ၊ မော်ရင်ဟို ၊ ဂွာဒီယိုလာတို့က သူ့ထက် ပိုကောင်းတဲ့ CV မှတ်တမ်းတွေ ပိုင်ဆိုင်ထားပါတယ်။ လမ်းပတ်အနေနဲ့ ကလော့ လီဗာပူးမှာရခဲ့တဲ့ အချိန်လောက် ကြိုးစားပြင်ဆင်ခွင့်ရမှာ မဟုတ်ပါဘူး။ ချဲလ်ဆီးအသင်းဟာ နွေရာသီအပြောင်းအရွေ့မှာ တိုက်စစ်မှူး တီမို ဗာနာ ၊ ကွင်းလယ်ကစားသမား ကိုင် ဟားဗတ် ၊ ဇီယက် ၊ ခံစစ်မှူး ဘင်ချီးဝဲလ် နှင့် ဂိုးသမား မန်ဒီတို့ကို ခေါ်ယူခဲ့ပေမယ့် ထင်သလောက် တိုးတက်လာခြင်း မရှိသေးတာ တွေ့ရပါတယ်။