နယူးကာဆယ်နဲ့ပွဲအပြင် ချဲလ်ဆီး၊ အာဆင်နယ်တို့နဲ့ပွဲအတွက်ပါ ဆိုးလ်ရှား အကြပ်တွေ့နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းဟာ တိုက်စစ်မှူး ကာဗာနီ တစ်ယောက် ကွာရန်တင်း ရက်ပြည့်ဝင်ရမယ့်သတင်းကို အတည်ပြုခဲ့ပြီးနောက် နည်းပြ အိုလေဂန်နာဆိုးလ်ရှား အနေနဲ့ နယူးကာဆယ်နဲ့ပွဲအတွက် တိုက်စစ်မှူးရွေးချယ်ဖို့ အခက်တွေ့သွားပါတယ်။

ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်မှာ စပါးကို ၆ဂိုး၊ ၁ဂိုးနဲ့ရှုံးခဲ့တာကြောင့် နယူးကာဆယ်နဲ့အဝေးကွင်းပွဲစဉ်မှာသာ အနိုင်မရခဲ့ရင် မန်ချက်စတာယူနိုက်တက်နည်းပြတာဝန်ကနေ ဆိုးလ်ရှား ထုတ်ခံရနိုင်ခြေရှိနေတယ်လို့တောင် သတင်းထွက်နေပါတယ်။

လောလောဆယ်မှာ တိုက်စစ်မှူးသစ် ကာဗာနီကလည်း ကာရင်တန်မှာ လေ့ကျင့်ခန်းဆင်းခွင့်မရသေးလို့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ စိန့်ဂျိမ်းပါ့ခ်ကွင်းကိုလိုက်ပါသွားနိုင်မှာမဟုတ်ပါဘူး။ အောက်တိုဘာလ ၂၁ရက်နေ့၊ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ပွဲမှာ ကာဗာနီကို စတင်အသုံးပြုနိုင်ခြေရှိတယ်ဆိုပေမယ့် ကြိုတင်လေ့ကျင့်ချိန်နည်းလွန်းသေးတဲ့အတွက် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာတောင် ဒီ ဥရုဂွေးတိုက်စစ်မှူးကို မြင်တွေ့ရဖို့ မလွယ်သေးပါဘူး။

မာရှယ်ကတော့ စပါးနဲ့ပွဲက အနီကတ်ပြစ်ဒဏ်ကြောင့် နယူးကာဆယ်နဲ့အဝေးကွင်းပွဲစဉ်အပြင် ချဲလ်ဆီး၊အာဆင်နယ်တို့နဲ့ အိမ်ကွင်းပွဲစဉ်တွေကိုပါ ဆက်တိုက်လွှဲချော်မှာဖြစ်ပါတယ်။ မာရှယ်နဲ့ ကာဗာနီတို့မပါနိုင်ချိန်မှာ ဆိုးလ်ရှားအနေနဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အီဂါလိုကိုပဲ ပွဲထုတ်ရဖို့ရှိနေပါတယ်။

အီဂါလိုဟာ ပြီးခဲ့တဲ့ရာသီက မန်ချက်စတာယူနိုက်တက်အသင်းအတွက် ယူရိုပါလိဂ်ပွဲတွေမှာ ခြေစွမ်းပြခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ တစ်ပွဲမှ ပွဲထွက်ခွင့်မရသေးပါဘူး။ ခရစ္စတယ်ပဲလေ့စ်ကို ရှုံးခဲ့တဲ့ပွဲတုန်းက ပွဲချိန် ၈၁မိနစ်မှာ နောက်ခံလူ မန်ဆာ အစား လူစားဝင်ကစားခွင့်ရတဲ့တစ်ကြိမ်ပဲ ဒီရာသီပရီးမီးယားလိဂ်မှာ သူ ကစားခွင့်ရပါသေးတယ်။

ဒါကြောင့် နယူးကာဆယ်၊ ချဲလ်ဆီး၊ အာဆင်နယ်တိ့ုနဲ့ ဆက်တိုက်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အီဂါလိုကိုပဲသုံးမလား၊

ဒါမှမဟုတ် နည်းစနစ်အပြောင်းအလဲလုပ်ပြီး ရက်ရှ်ဖို့ဒ်ကို အထောင်တိုက်စစ်မှာ ပြောင်းသုံးရမလားဆိုတာကို ဆိုးလ်ရှား စဉ်းစားရခက်နေကြောင်း သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

နယူးကာဆယ္နဲ႔ပြဲအျပင္ ခ်ဲလ္ဆီး၊ အာဆင္နယ္တို႔နဲ႔ပြဲအတြက္ပါ ဆိုးလ္ရွား အၾကပ္ေတြ႔ေန

မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ တုိက္စစ္မွဴး ကာဗာနီ တစ္ေယာက္ ကြာရန္တင္း ရက္ျပည့္၀င္ရမယ့္သတင္းကို အတည္ျပဳခဲ့ၿပီးေနာက္ နည္းျပ အိုေလဂန္နာဆိုးလ္ရွား အေနနဲ႔ နယူးကာဆယ္နဲ႔ပြဲအတြက္ တိုက္စစ္မွဴးေရြးခ်ယ္ဖို႔ အခက္ေတြ႔သြားပါတယ္။

ပရီးမီးယားလိဂ္ေနာက္ဆံုးပြဲစဥ္မွာ စပါးကို ၆ဂိုး၊ ၁ဂိုးနဲ႔ရႈံးခဲ့တာေၾကာင့္ နယူးကာဆယ္နဲ႔အေ၀းကြင္းပြဲစဥ္မွာသာ အႏိုင္မရခဲ့ရင္ မန္ခ်က္စတာယူႏုိက္တက္နည္းျပတာ၀န္ကေန ဆိုးလ္ရွား ထုတ္ခံရႏိုင္ေျခရွိေနတယ္လို႔ေတာင္ သတင္းထြက္ေနပါတယ္။

ေလာေလာဆယ္မွာ တိုက္စစ္မွဴးသစ္ ကာဗာနီကလည္း ကာရင္တန္မွာ ေလ့က်င့္ခန္းဆင္းခြင့္မရေသးလို႔ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔အတူ စိန္႔ဂ်ိမ္းပါ့ခ္ကြင္းကိုလိုက္ပါသြားႏိုင္မွာမဟုတ္ပါဘူး။ ေအာက္တိုဘာလ ၂၁ရက္ေန႔၊ ပီအက္စ္ဂ်ီနဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ ကာဗာနီကို စတင္အသံုးျပဳႏိုင္ေျခရွိတယ္ဆိုေပမယ့္ ႀကိဳတင္ေလ့က်င့္ခ်ိန္နည္းလြန္းေသးတဲ့အတြက္ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္မွာေတာင္ ဒီ ဥရုေဂြးတုိက္စစ္မွဴးကို ျမင္ေတြ႔ရဖို႔ မလြယ္ေသးပါဘူး။

မာရွယ္ကေတာ့ စပါးနဲ႔ပြဲက အနီကတ္ျပစ္ဒဏ္ေၾကာင့္ နယူးကာဆယ္နဲ႔အေ၀းကြင္းပြဲစဥ္အျပင္ ခ်ဲလ္ဆီး၊အာဆင္နယ္တို႔နဲ႔ အိမ္ကြင္းပြဲစဥ္ေတြကိုပါ ဆက္တိုက္လႊဲေခ်ာ္မွာျဖစ္ပါတယ္။ မာရွယ္နဲ႔ ကာဗာနီတို႔မပါႏိုင္ခ်ိန္မွာ ဆိုးလ္ရွားအေနနဲ႔ ႏိုင္ဂ်ီးရီးယားတိုက္စစ္မွဴး အီဂါလိုကိုပဲ ပြဲထုတ္ရဖို႔ရွိေနပါတယ္။

အီဂါလိုဟာ ၿပီးခ့ဲတဲ့ရာသီက မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ယူရိုပါလိဂ္ပြဲေတြမွာ ေျခစြမ္းျပခဲ့ေပမယ့္ ပရီးမီးယားလိဂ္မွာေတာ့ တစ္ပြဲမွ ပြဲထြက္ခြင့္မရေသးပါဘူး။ ခရစၥတယ္ပဲေလ့စ္ကို ရႈံးခဲ့တဲ့ပြဲတုန္းက ပြဲခ်ိန္ ၈၁မိနစ္မွာ ေနာက္ခံလူ မန္ဆာ အစား လူစား၀င္ကစားခြင့္ရတဲ့တစ္ႀကိမ္ပဲ ဒီရာသီပရီးမီးယားလိဂ္မွာ သူ ကစားခြင့္ရပါေသးတယ္။

ဒါေၾကာင့္ နယူးကာဆယ္၊ ခ်ဲလ္ဆီး၊ အာဆင္နယ္တိ႔ုနဲ႔ ဆက္တိုက္ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ အီဂါလိုကိုပဲသံုးမလား၊ ဒါမွမဟုတ္ နည္းစနစ္အေျပာင္းအလဲလုပ္ၿပီး ရက္ရွ္ဖို႔ဒ္ကို အေထာင္တိုက္စစ္မွာ ေျပာင္းသံုးရမလားဆိုတာကို ဆိုးလ္ရွား စဥ္းစားရခက္ေနေၾကာင္း သိရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*