အီဟာလို ၊ ဖာနန်ဒက်စ် တို့နဲ့ ပတ်သက်တဲ့ ပြောစရာအချက်တွေ…..

0
105
photo internet
photo internet

အရင်ဦးဆုံး အီဟာလိုတစ်ယောက် နည်းပြဆိုးလ်ရှားအတွက် ဘယ်လိုအထောက်အကူပေးနိုင်သလဲဆိုတာကို တင်ဆက်ပေးပါမယ်။ ယူနိုက်တက်တို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာအပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့ ကောင်းမွန်တဲ့ လှုပ်ရှားမှုတွေရှိခဲ့ပါတယ်။ ကွင်းလယ်ကစားသမားဖာနန်ဒက်စ်ရဲ့ တိုက်စစ်မှူး အီဟာလိုတို့ကိုခေါ်ယူခဲ့ပြီးတော့ အဲဒီနှစ်ယောက်စလုံးက အသင်းအတွက် အကောင်းဆုံးအကျိုးပြုထား တာကိုတွေ့ခဲ့ရပါတယ်။ အသက် 30 အရွယ်ရှိပြီဖြစ်တဲ့ အီဟာလိုရဲ့ ကစားပုံက တစ်ဖက်ပြိုင်ဘက်တွေအတွက် အနှောက်အယှက်ဖြစ်စရာတော်တော်လေးကောင်းသလို၊ အဲ့သလိုကစားတဲ့ ပုံစံမှာလည်း အီဟာလိုဟာတော်တော်လေးကောင်းမွန်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မန်စီးတီးနဲ့ ပွဲမှာဆိုရင်လည်း ပွဲကစားချိန်(၈၈)မိနစ်မှ ဝင်ရောက်ကစားခွင့်ရခဲ့ပေမဲ့ အီဟာလိုရဲ့ ကစားပုံက မန်စီးတီးနောက်တန်းကို ပြဿနာရှာသွားသေးတာကိုတွေ့ခဲ့ရပါတယ်။ အသင်းအပေါ်ချစ်တဲ့ စိတ်နဲ့ ပါဝင်ကစားခွင့်ရတဲ့ မိနစ်တိုင်းအစွမ်းကုန်ပေးဆပ်ကစားနေတဲ့ အီဟာလိုကတော့ ယူနိုက်တက်ရဲ့တိုက်စစ်ပိုင်းမှာ တော်တော်လေးကိုအားထားရတဲ့သူတစ်ယောက်ပါပဲ။

photo internet

အီဟာလိုရောက်လာတဲ့ အတွက် ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းမှာ ပြိုင်ဆိုင်မှုတွေရှိလာခဲ့ပါတယ်။ ရက်ဖို့ဒ်နာနေတဲ့ အတွက်ကြောင့်အသင်းရဲ့တိုက်စစ်ပိုင်းမှာ မာရှယ်ရဲ့ အရန်အနေနဲ့ အီဟာလိုကိုခေါ်ယူခဲ့တာဖြစ်ပေမဲ့ လက်ရှိအီဟာလိုပြသထားတဲ့ ခြေစွမ်းက အသင်းရဲ့အဓိကတိုက်စစ်မှူးတစ်ယောက်တောင်ဖြစ်လာဖို့ အလားအလာရှိနေပါတယ်။ အီဟာလိုဟာယူနိုက်တက်မှာစတင်ပွဲထွက်ကစားခွင့်ရခဲ့တဲ့(၃)ပွဲ မှာ(၄)ဂိုးအထိသွင်းယူပေးနိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့ ကလပ်ဘရက်ဂါကို (၅)ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ နည်းပြဆိုးလ်ရှားဟာ အီဟာလိုရဲ့ပြိုင်ဘက်ဧရိယာအတွင်းနေရာယူပုံနဲ့ ပတ်သက်ပြီးတော့ ချီးကျုးစကားပြောကြားသွားခဲ့ပြီးတော့ ဒါဟာ သဘာဝတိုက်စစ်မှူးတစ်ယောက်ရဲ့ ပုံစံတွေဖြစ်တယ်လို့ပြောဆို သွားခဲ့ပါတယ်။

photo internet

အီဟာလိုဟာ မာရှယ်ထက်စာရင် တိုက်စစ်မှူး စစ်စစ်ဖြစ်တာကြောင့်ပြိုင်ဘက်ဧရိယာ အတွင်းနေရာယူပုံတွေ ကောင်းမွန်ပြီးတော့ ဂိုးရရှိဖို့အတွက် ပိုပြီးတော့ ဖြစ်နိုင်ချေများနေတာကိုလည်းတွေ့ခဲ့ရပါတယ်။ တိုက်စစ်မှူး စစ်စစ်ဖြစ်တာကြောင့် ပြိုင်ဘက်ခံစစ်မှူးတွေအတွက် အီဟာလိုရဲ့နေရာလွတ်တွေရှာဖွေပြီးတော့ ဂိုးရရှိဖို့ အားထုတ်ပုံတွေက ကြောက်စရာကောင်းနေတာပဲဖြစ်ပါတယ်။

photo internet

ဖာနန်ဒက်စ်နဲ့ပတ်သက်လို့တော့ လူသိပ်မသိတဲ့သူ့အကြောင်းတွေကို တင်ဆက်ပေးချင်ပါတယ်။ ဖာနန်ဒက်စ်ဟာ အထက်တန်းကျောင်းသားဘ၀ ကတည်းက အိမ်ထောင်ပြုခဲ့တာဖြစ်ပါတယ်။ ဖာနန်ဒက်စ်နဲ့ ဇနီးဖြစ်သူ ပင်ဟိုတို့ဟာအသက်(၁၆)နှစ်အရွယ်မှာကတည်းက အထက်တန်းကျောင်းမှာတွေ့ဆုံခဲ့တာပါ။ ငယ်ချစ်ကို မခွဲနိုင်တာကြောင့် ဖာနန်ဒက်စ်တစ်ယောက် ပင်ဟိုနဲ့ ပဲ အကြောင်းပါခဲ့ပြီးတော့ (၂၀၁၅)ခုနှစ်ဒီဇင်ဘာမှာ လက်ထက်ခဲ့ပြီးတော့ (၂၀၁၇)ခုနှစ်ဇန်နဝါရီမှာတော့ သမီးလေး တစ်ဦးကိုမွေးဖွားခဲ့ကြပါတယ်။ ဖာနန်ဒက်စ်ထိုးထားတဲ့ တက်တူးအကြောင်းကလည်းစိတ်ဝင်စားဖွယ်ရာပါ။ ဒီနေ့ခေတ်မှာ ကစားသမား တော်တော်များများကသူတို့ရဲ့ခန္ဓာကိုယ်တွေပေါ်မှာ တက်တူးတွေ ထိုးလေ့ရှိကြပါတယ်။ ဒီထဲမှာ ဖာနန်ဒက်စ်လည်းပါဝင်နေပြီးတော့ သူ့ရဲ့လက်မှာထိုးထားတဲ့ နံပါတ်(၈)တက်တူးပုံကတော့ ထူးခြားပါတယ်။ ဒါကတော့ဖာနန်ဒက်စ်(၁၉၉၄)ခုနှစ်စက်တင်ဘာ(၈)ရက်နေ့မှာ မွေးခဲ့တာကို အစွဲပြုပြီးတော့ ထိုးထားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဖာနန်ဒက်စ်ဟာ စပို့တင်းမှာတုန်းက ကျောနံပါတ်(၈)ကို ဝတ်ဆင်ခဲ့တာပါ။

photo internet

ဖာနန်ဒက်စ်ရဲ့ဖခင်ဘောလုံးကစားခဲ့စဉ်တုန်းကလည်း ကျောနံပါတ်(၈)ကိုဝတ်ဆင်ပြီးတော့ ကစားခဲ့တယ်လို့ သိရပါတယ်။ ဘရူနို ဖာနန်ဒက်စ် ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ တုန်းက စပို့တင်း လစ္စဘွန်း အသင်း ကနေ ယူနိုက်တက် အသင်း ဆီကို ပေါင် 67.8 သန်း နဲ့ ပြောင်းရွှေ့ ရောက်ရှိ လာခဲ့သူ ဖြစ်ပါတယ်။ ယူနိုက်တက် အသင်း ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း တစ်ဦး ဖြစ်တဲ့ ဘရိုင်ယန် ရော့ဘ်ဆင် က ဘရူနို ဖာနန်ဒက်စ် ဟာ ယူနိုက်တက် ကွင်းလယ် ကစားသမား ဟောင်း ဖြစ်တဲ့ ပေါလ် စခိုးလ် နဲ့ တူညီတဲ့ အရည်အသွေး အချို့ ကို ပိုင်ဆိုင်ထားတယ်လို့ချီးကျူးပြောဆို ထားပါတယ်။ “သူ့ကို ကြည့်ရတာ က ကျွန်တော် တို့ တွေဟာ ထိပ်တန်း ကစားသမား တစ်ယောက် ကို ပိုင်ဆိုင် လိုက်ရ သလို ပါပဲ ။ သူဟာ တကယ့် ကို ထိပ်တန်း ကစားသမား ကောင်း တစ်ယောက် ပါ ။ သူဟာ အမြဲ ရွေ့လျား နေတက် တဲ့ ကစားသမား တစ်ဦး ပါ ။ သူဟာ ဘောလုံး အမြဲ ရယူ လိုပြီး ကောင်းမွန် တဲ့ ထိချက် တွေကို လုပ်ဆောင် ပြနိုင် ပါတယ် ။ သူဟာ လှုပ်ရှားမှု တွေကို နှစ်ဆ လုပ်ဆောင် နိုင်သူ ပါပဲ ။ အဲ့တာ တွေက ပေါလ် စခိုးလ် လုပ်ဆောင် နေကြ ပုံစံ တွေနဲ့ တူညီ လှ ပါတယ် သူဟာ တိုက်စစ် ကို တက်ရောက် သွားလေ့ ရှိပြီး လျင်မြန်စွာ ပဲ နောက်ကို ပြန်ဆင်း ကစားတက် ပါတယ် ။ အဲ့ဒီလို ကစား ခြင်းက သူ့ကို နေရာလွတ် တွေ များစွာ ရရှိ စေနိုင် ပါတယ် ။ အဲ့ဒီလို ကစားရင်း နဲ့ သူဟာ ဘောလုံး တွေကို အကြိမ် များစွာ လက်ခံ ရယူ ကစား ပေးနိုင် ပါတယ် ။ သူ့ရဲ့ ခွန်အား တွေနဲ့ လျင်မြန်မှု level က တကယ့် ကို ကောင်းမွန် လှ ပါတယ် ။ သူဟာ ကောင်းမွန်တဲ့ ဘောလုံး ပေးပို့မှု တွေနဲ့ ဂိုး သွင်းယူမှု တွေကို လုပ်ဆောင် နိုင်စွမ်း ရှိတယ် ဆိုတာ သက်သေ ပြထား နိုင်ခဲ့ ပါပြီ ။ ဒါ့ကြောင့် သူ အသင်း မှာ စတင် ကစား ခဲ့ပုံ ဟာ တစ်ကယ့် ကို ကောင်းမွန် ခဲ့တယ် လို့ ပြောရ ပါ့မယ် ။

photo internet

သူ့ကို ဘောလုံး ကွင်းထဲ မြင်တွေ့ လိုက် ရရင် လည်း သူဟာ အမြဲလို တိုက်စစ်ဆင် ကစား လိုတဲ့ စိတ်ဓါတ် ကို ပိုင်ဆိုင် ထားတယ် ဆိုတာ မြင်တွေ့ ခဲ့ရ ပါတယ် ။ ကျွန်တော် အဲ့ဒါ ကို အရမ်း နှစ်သက် ပါတယ် ။ သူဟာ အမြဲတမ်း အကောင်းဆုံး ဖြစ်နိုင်အောင် ကြိုးစား ကစား သလို အသင်းဖော် တွေ ဆီကလည်း အကောင်းဆုံး ပုံစံ တွေကို တောင်းဆို နေတတ် ပါတယ် ” ဆိုပြီး ဘရိုင်ယန် ရော့ဘ်ဆင် က ပြောဆိုပါတယ်။

photo internet

(Zawgyi Version)

အီဟာလို ၊ ဖာနန္ဒက္စ္ တို႔နဲ႔ ပတ္သက္တဲ့ ေျပာစရာအခ်က္ေတြ…..

အရင္ဦးဆုံး အီဟာလိုတစ္ေယာက္ နည္းျပဆိုးလ္ရွားအတြက္ ဘယ္လိုအေထာက္အကူေပးႏိုင္သလဲဆိုတာကို တင္ဆက္ေပးပါမယ္။ ယူႏိုက္တက္တို႔ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီမွာအေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္ၿပီးေတာ့ ေကာင္းမြန္တဲ့ လႈပ္ရွားမႈေတြရွိခဲ့ပါတယ္။ ကြင္းလယ္ကစားသမားဖာနန္ဒက္စ္ရဲ႕ တိုက္စစ္မႉး အီဟာလိုတို႔ကိုေခၚယူခဲ့ၿပီးေတာ့ အဲဒီႏွစ္ေယာက္စလုံးက အသင္းအတြက္ အေကာင္းဆုံးအက်ိဳးျပဳထား တာကိုေတြ႕ခဲ့ရပါတယ္။ အသက္ 30 အ႐ြယ္ရွိၿပီျဖစ္တဲ့ အီဟာလိုရဲ႕ ကစားပုံက တစ္ဖက္ၿပိဳင္ဘက္ေတြအတြက္ အေႏွာက္အယွက္ျဖစ္စရာေတာ္ေတာ္ေလးေကာင္းသလို၊ အဲ့သလိုကစားတဲ့ ပုံစံမွာလည္း အီဟာလိုဟာေတာ္ေတာ္ေလးေကာင္းမြန္ေနတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ မန္စီးတီးနဲ႔ ပြဲမွာဆိုရင္လည္း ပြဲကစားခ်ိန္(၈၈)မိနစ္မွ ဝင္ေရာက္ကစားခြင့္ရခဲ့ေပမဲ့ အီဟာလိုရဲ႕ ကစားပုံက မန္စီးတီးေနာက္တန္းကို ျပႆနာရွာသြားေသးတာကိုေတြ႕ခဲ့ရပါတယ္။ အသင္းအေပၚခ်စ္တဲ့ စိတ္နဲ႔ ပါဝင္ကစားခြင့္ရတဲ့ မိနစ္တိုင္းအစြမ္းကုန္ေပးဆပ္ကစားေနတဲ့ အီဟာလိုကေတာ့ ယူႏိုက္တက္ရဲ႕တိုက္စစ္ပိုင္းမွာ ေတာ္ေတာ္ေလးကိုအားထားရတဲ့သူတစ္ေယာက္ပါပဲ။ အီဟာလိုေရာက္လာတဲ့ အတြက္ ယူႏိုက္တက္ရဲ႕ တိုက္စစ္ပိုင္းမွာ ၿပိဳင္ဆိုင္မႈေတြရွိလာခဲ့ပါတယ္။ရက္ဖို႔ဒ္နာေနတဲ့ အတြက္ေၾကာင့္အသင္းရဲ႕တိုက္စစ္ပိုင္းမွာ မာရွယ္ရဲ႕ အရန္အေနနဲ႔ အီဟာလိုကိုေခၚယူခဲ့တာျဖစ္ေပမဲ့ လက္ရွိအီဟာလိုျပသထားတဲ့ ေျခစြမ္းက အသင္းရဲ႕အဓိကတိုက္စစ္မႉးတစ္ေယာက္ေတာင္ျဖစ္လာဖို႔အလားအလာရွိေနပါတယ္။ အီဟာလိုဟာယူႏိုက္တက္မွာစတင္ပြဲထြက္ကစားခြင့္ရခဲ့တဲ့(၃)ပြဲမွာ(၄)ဂိုးအထိသြင္းယူေပးႏိုင္ခဲ့တာပါ။ ၿပီးခဲ့တဲ့ ကလပ္ဘရက္ဂါကို (၅)ဂိုးျပတ္အႏိုင္ရခဲ့တဲ့ ပြဲစဥ္အၿပီးမွာ နည္းျပဆိုးလ္ရွားဟာ အီဟာလိုရဲ႕ၿပိဳင္ဘက္ဧရိယာအတြင္းေနရာယူပုံနဲ႔ ပတ္သက္ၿပီးေတာ့ ခ်ီးက်ဳးစကားေျပာၾကားသြားခဲ့ၿပီးေတာ့ ဒါဟာ သဘာဝတိုက္စစ္မႉးတစ္ေယာက္ရဲ႕ ပုံစံေတြျဖစ္တယ္လို႔ေျပာဆိုသြားခဲ့ပါတယ္။ အီဟာလိုဟာ မာရွယ္ထက္စာရင္ တိုက္စစ္မႉး စစ္စစ္ျဖစ္တာေၾကာင့္ၿပိဳင္ဘက္ဧရိယာအတြင္းေနရာယူပုံေတြ ေကာင္းမြန္ၿပီးေတာ့ ဂိုးရရွိဖို႔အတြက္ ပိုၿပီးေတာ့ ျဖစ္ႏိုင္ေခ်မ်ားေနတာကိုလည္းေတြ႕ခဲ့ရပါတယ္။ တိုက္စစ္မႉး စစ္စစ္ျဖစ္တာေၾကာင့္ ၿပိဳင္ဘက္ခံစစ္မႉးေတြအတြက္ အီဟာလိုရဲ႕ေနရာလြတ္ေတြရွာေဖြၿပီးေတာ့ ဂိုးရရွိဖို႔ အားထုတ္ပုံေတြက ေၾကာက္စရာေကာင္းေနတာပဲျဖစ္ပါတယ္။
ဖာနန္ဒက္စ္နဲ႔ပတ္သက္လို႔ေတာ့ လူသိပ္မသိတဲ့သူ႔အေၾကာင္းေတြကို တင္ဆက္ေပးခ်င္ပါတယ္။ ဖာနန္ဒက္စ္ဟာ အထက္တန္းေက်ာင္းသားဘ၀ ကတည္းက အိမ္ေထာင္ျပဳခဲ့တာျဖစ္ပါတယ္။ ဖာနန္ဒက္စ္နဲ႔ ဇနီးျဖစ္သူ ပင္ဟိုတို႔ဟာအသက္(၁၆)ႏွစ္အ႐ြယ္မွာကတည္းက အထက္တန္းေက်ာင္းမွာေတြ႕ဆုံခဲ့တာပါ။ ငယ္ခ်စ္ကို မခြဲႏိုင္တာေၾကာင့္ ဖာနန္ဒက္စ္တစ္ေယာက္ ပင္ဟိုနဲ႔ ပဲ အေၾကာင္းပါခဲ့ၿပီးေတာ့ (၂၀၁၅)ခုႏွစ္ဒီဇင္ဘာမွာလက္ထက္ခဲ့ၿပီးေတာ့ (၂၀၁၇)ခုႏွစ္ဇန္နဝါရီမွာေတာ့ သမီးေလး တစ္ဦးကိုေမြးဖြားခဲ့ၾကပါတယ္။ ဖာနန္ဒက္စ္ထိုးထားတဲ့ တက္တူးအေၾကာင္းကလည္းစိတ္ဝင္စားဖြယ္ရာပါ။ ဒီေန႔ေခတ္မွာ ကစားသမားေတာ္ေတာ္မ်ားမ်ားကသူတို႔ရဲ႕ခႏၶာကိုယ္ေတြေပၚမွာ တက္တူးေတြ ထိုးေလ့ရွိၾကပါတယ္။ ဒီထဲမွာ ဖာနန္ဒက္စ္လည္းပါဝင္ေနၿပီးေတာ့ သူ႔ရဲ႕လက္မွာထိုးထားတဲ့ နံပါတ္(၈)တက္တူးပုံကေတာ့ ထူးျခားပါတယ္။ ဒါကေတာ့ဖာနန္ဒက္စ္(၁၉၉၄)ခုႏွစ္စက္တင္ဘာ(၈)ရက္ေန႔မွာ ေမြးခဲ့တာကို အစြဲျပဳၿပီးေတာ့ ထိုးထားခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ဖာနန္ဒက္စ္ဟာ စပို႔တင္းမွာတုန္းက ေက်ာနံပါတ္(၈)ကို ဝတ္ဆင္ခဲ့တာပါ။ ဖာနန္ဒက္စ္ရဲ႕ဖခင္ေဘာလုံးကစားခဲ့စဥ္တုန္းကလည္း ေက်ာနံပါတ္(၈)ကိုဝတ္ဆင္ၿပီးေတာ့ ကစားခဲ့တယ္လို႔ သိရပါတယ္။ ဘ႐ူႏို ဖာနန္ဒက္စ္ ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ တုန္းက စပို႔တင္း လစၥဘြန္း အသင္း ကေန ယူႏိုက္တက္ အသင္း ဆီကို ေပါင္ 67.8 သန္း နဲ႔ ေျပာင္းေ႐ႊ႕ ေရာက္ရွိ လာခဲ့သူ ျဖစ္ပါတယ္။ ယူႏိုက္တက္ အသင္း ရဲ႕ ဂႏၶဝင္ ကစားသမား ေဟာင္း တစ္ဦး ျဖစ္တဲ့ ဘ႐ိုင္ယန္ ေရာ့ဘ္ဆင္ က ဘ႐ူႏို ဖာနန္ဒက္စ္ ဟာ ယူႏိုက္တက္ ကြင္းလယ္ ကစားသမား ေဟာင္း ျဖစ္တဲ့ ေပါလ္ စခိုးလ္ နဲ႔ တူညီတဲ့ အရည္အေသြး အခ်ိဳ႕ ကို ပိုင္ဆိုင္ထားတယ္လို႔ခ်ီးက်ဴးေျပာဆိုထားပါတယ္။
“သူ႔ကို ၾကည့္ရတာ က ကြၽန္ေတာ္ တို႔ ေတြဟာ ထိပ္တန္း ကစားသမား တစ္ေယာက္ ကို ပိုင္ဆိုင္ လိုက္ရ သလို ပါပဲ ။ သူဟာ တကယ့္ ကို ထိပ္တန္း ကစားသမား ေကာင္း တစ္ေယာက္ ပါ ။ သူဟာ အၿမဲ ေ႐ြ႕လ်ား ေနတက္ တဲ့ ကစားသမား တစ္ဦး ပါ ။ သူဟာ ေဘာလုံး အၿမဲ ရယူ လိုၿပီး ေကာင္းမြန္ တဲ့ ထိခ်က္ ေတြကို လုပ္ေဆာင္ ျပႏိုင္ ပါတယ္ ။ သူဟာ လႈပ္ရွားမႈ ေတြကို ႏွစ္ဆ လုပ္ေဆာင္ ႏိုင္သူ ပါပဲ ။ အဲ့တာ ေတြက ေပါလ္ စခိုးလ္ လုပ္ေဆာင္ ေနၾက ပုံစံ ေတြနဲ႔ တူညီ လွ ပါတယ္ သူဟာ တိုက္စစ္ ကို တက္ေရာက္ သြားေလ့ ရွိၿပီး လ်င္ျမန္စြာ ပဲ ေနာက္ကို ျပန္ဆင္း ကစားတက္ ပါတယ္ ။ အဲ့ဒီလို ကစား ျခင္းက သူ႔ကို ေနရာလြတ္ ေတြ မ်ားစြာ ရရွိ ေစႏိုင္ ပါတယ္ ။ အဲ့ဒီလို ကစားရင္း နဲ႔ သူဟာ ေဘာလုံး ေတြကို အႀကိမ္ မ်ားစြာ လက္ခံ ရယူ ကစား ေပးႏိုင္ ပါတယ္ ။ သူ႔ရဲ႕ ခြန္အား ေတြနဲ႔ လ်င္ျမန္မႈ level က တကယ့္ ကို ေကာင္းမြန္ လွ ပါတယ္ ။ သူဟာ ေကာင္းမြန္တဲ့ ေဘာလုံး ေပးပို႔မႈ ေတြနဲ႔ ဂိုး သြင္းယူမႈ ေတြကို လုပ္ေဆာင္ ႏိုင္စြမ္း ရွိတယ္ ဆိုတာ သက္ေသ ျပထား ႏိုင္ခဲ့ ပါၿပီ ။ ဒါ့ေၾကာင့္ သူ အသင္း မွာ စတင္ ကစား ခဲ့ပုံ ဟာ တစ္ကယ့္ ကို ေကာင္းမြန္ ခဲ့တယ္ လို႔ ေျပာရ ပါ့မယ္ ။သူ႔ကို ေဘာလုံး ကြင္းထဲ ျမင္ေတြ႕ လိုက္ ရရင္ လည္း သူဟာ အၿမဲလို တိုက္စစ္ဆင္ ကစား လိုတဲ့ စိတ္ဓါတ္ ကို ပိုင္ဆိုင္ ထားတယ္ ဆိုတာ ျမင္ေတြ႕ ခဲ့ရ ပါတယ္ ။ ကြၽန္ေတာ္ အဲ့ဒါ ကို အရမ္း ႏွစ္သက္ ပါတယ္ ။ သူဟာ အၿမဲတမ္း အေကာင္းဆုံး ျဖစ္ႏိုင္ေအာင္ ႀကိဳးစား ကစား သလို အသင္းေဖာ္ ေတြ ဆီကလည္း အေကာင္းဆုံး ပုံစံ ေတြကို ေတာင္းဆို ေနတတ္ ပါတယ္ ” ဆိုၿပီး ဘ႐ိုင္ယန္ ေရာ့ဘ္ဆင္ က ေျပာဆိုပါတယ္။