အီဟာလိုအတြက္ ယူႏိုက္တက္ကေပးတဲ့ ေငြရေပါက္ရလမ္း

0
217
photo internet

အီဟာလိုဟာ ယူနိုက်တက်အသင်းဆီကို ပြီးခဲ့တဲ့ဲဇန်နဝါရီအပြောင်းအရွှေ့ကာလတုန်းက တရုတ်စူပါလိဂ်ကလိဂ် ကလပ် ရှန်ဟိုင်းရှင်ဟွာကနေ (၆)လအငှားစာချုပ်နဲ့ရောက်ရှိလာ တာဖြစ်ပါတယ်။ အရင်တုန်းက ယူနိုက်တက် အနေနဲ့ ဟာလန်းကိုချိတ်ဆက် ဖို့ကြိုးစားခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့ပါတယ်။ ဒါကြောင့် နောက်ဆုံးအပြောင်း အရွှေ့ရက်မှာ အီဟာလိုကိုခေါ်ယူခဲ့ တာဖြစ်ပါတယ်။ ကစားသမားအသစ်မခေါ်လို့လည်း မရတဲ့အနေအထား ဖြစ်ပါတယ်။ ဖာနန်ဒက်စ်တစ်ယောက်တည်း အားနဲ့အသင်းကို ဘယ်လိုမှ ရလဒ်ကောင်းအောင် လုပ်ဖို့မလွယ်ပါဘူး။ ယူနိုက်တက် အသင်း ဟာ ပြီးခဲ့တဲ့ နွေ အပြောင်းအရွှေ့ တုန်းက အင်တာ မီလန် အသင်း ဆီ တိုက်စစ်မှူး လူကာကူ ကို ရောင်းထုတ် ခဲ့ပြီး အဲဒီ နေရာ ကို အင်အား ပြန်လည် ဖြည့်တင်းခြင်း မလုပ်ဆောင် နိုင်ခဲ့ ပါဘူး ။ဒီကြားထဲ အသင်း ရဲ့ တိုက်စစ် နေရာ မှာ ကစား ခဲ့တဲ့ မာရှယ် ဒဏ်ရာ ရရှိ သွားခဲ့တဲ့ အချိန် ယူနိုက်တက် တိုက်စစ် ပိုင်းဟာ ဂိုးတွေ ရရှိ နိုင်ဖို့ ရုန်းကန် ခဲ့ရ ပါ သေးတယ် ။ အဲ့ဒီနောက် ရက်ရှ်ဖို့ ကလည်း ဒဏ်ရာ ရရှိ ခဲ့တဲ့ အတွက် ယူနိုက်တက် တို့ အခက် တွေ့ခဲ့ ရ ပါတယ် ။

photo internet

အသက် 30 အရွယ် တိုက်စစ်မှူး အီဟာလိုဟာ ယူနိုက်တက်ကိုအငှားကစားသမားဘဝနဲ့ လာရောက်တဲ့အခါ လစာလျော့ယူခဲ့ရပါတယ်။ သူဟာ ရှန်ဟိုင်း ရှင်ဟွာ အသင်း မှာ တစ်ပါတ် ပေါင် 3 သိန်း ရရှိ ခဲ့ ပေမယ့် ယူနိုက်တက် အသင်း မှာ 40 % လစာ လျှော့ယူ ခဲ့ ပါတယ် ။ ဒါပေမယ့် သူနဲ့ ယူနိုက်တက် အသင်း ကြားမှာအခြားသဘောတူညီချက်တွေရှိပါတယ်။ ဒါကတော့ ယူနိုက်တက်အသင်းနဲ့အတူ သွင်းဂိုးတစ်ဂိုးသွင်းယူတိုင်း ပေါင် (၈၀၀၀) အပိုဆုကြေးရရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာ ယူနိုက်တက်အသင်းအတွက် သွင်းဂိုး (၄) ဂိုးသွင်းယူပေးထားနိုင်ခဲ့ပြီဖြစ် တာကြောင့် အီဂါလိုအနေနဲ့ အသင်းကနေ အပိုဆုကြေး ပေါင် ၃၂၀၀၀ ရရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် အသင်းနဲ့ချုပ်ဆိုထားခဲ့တဲ့ စာချုပ်ပါအချက်အရ ပရီးမီးယားလိဂ်မှာ ယူနိုက်တက်အသင်းအတွက် အီဟာလိုပါဝင်ကစားပြီး အသင်းက နိုင်ပွဲရရှိတယ်ဆိုရင် ပေါင်(၉၀၀၀) အပိုဆုကြေး ရရှိမှာဖြစ်ပြီး သရေရလဒ်ထွက်ပေါ်ခဲ့ရင်တော့ ပေါင် (၃၀၀၀) ရမယ်လို့လည်း သိရပါတယ် ။ ဒါ့အပြင် သူဟာ ယူနိုက်တက် အသင်း အတွက် သုံးကြိမ် ပွဲထွက် ကစား ပေးပြီး နိုင်ပွဲ သုံးပွဲ ရယူ ပေးထား နိုင်ခဲ့ သလို အဲဗာတန် နဲ့ သရေ ရလဒ် ထွက်ပေါ် ခဲ့တဲ့ အတွက် ပေါင် 30000 ကိုဘောနပ်စ် အဖြစ် ရရှိ ခဲ့ပါ သေးတယ် ။ ဒီမှာတော့ ရှုံးပွဲ အတွက် အီဟာလို ဟာ ဘောနပ်စ် ရရှိ မှာတော့ မဟုတ် ပါဘူး ။ ဒါပေမယ့် သူဟာ ယူနိုက်တက် အသင်း ကို ချန်ပီယံ လိဂ် ဝင်ခွင့် ရရှိအောင် ကူညီ ပေးနိုင်မယ် ဆိုရင် မက်လောက် စရာ ကောင်းတဲ့ ဘောနပ်စ် ငွေ တစ်ရပ် ကို ရရှိ နိုင်ဦးမယ် လို့ သိရ ပါတယ် ။

photo internet

ယူနိုက်တက်အသင်းဟာ ဆန်းချက်ဇ် နဲ့ အီဗရာဟီမိုဗစ်တို့တုန်းက ကလည်း တစ်ဦးကို သွင်းဂိုးတစ်ဂိုးသွင်းယူတိုင်းပေါင် (၁၅၀၀၀) ထိအပိုဆုကြေးပေးအပ်ခဲ့ဖူးပါတယ်။ အီဟာလို ဟာ ယူနိုက်တက် အသင်း နဲ့ အတူ ဆု ဖလား အောင်မြင်မှု ရယူ နိုင်ခဲ့ ပါက ဘောနပ်စ် ငွေတွေ ထပ်မံ သိမ်းပိုက် နိုင်ပါ ဦးမယ် ။ လက်ရှိအချိန်မှာတော့ ယူနိုက်တက် အသင်း ဟာ ပရီးမီးယား လိဂ် အမှတ်ပေး ဇယား အဆင့် 4 နေရာ မှ ချဲလ်ဆီး အသင်း အောက် 3 မှတ် အကွာ အဆင့် 5 နေရာ မှာ ရပ်တည် နေခဲ့တဲ့ အတွက် ချန်ပီယံ လိဂ် ဝင်ခွင့် ရရှိ နိုင်ဖို့ မျှော်လင့်ချက် ရှိနေဆဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အီဟာလိုကို ယူနိုက်တက်မှာအငှားကစားသမားဘဝနဲ့မဟုတ်ဘဲ အပြီးသတ်ပြောင်း ရွှေ့စေ ချင်ကြပါတယ်။ ဒါကြောင့်လည်း အသင်းတာဝန်ရှိသူတွေကို ဖိအားပေးပြောဆိုနေကြပါတယ်။ MEN Sportကနေ ပြုလုပ်ခဲ့တဲ့ အီဟာလိုကို အပြီးသတ်ခေါ်ယူဖို့ သင့် မသင့်နဲ့ ပတ်သက် တဲ့ စစ်တမ်းမှာတော့ ယူနိုက်တက်ပရိသတ်(၁၀၀၀၀)နီးပါးကို စစ်တမ်းကောက်ယူမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ ပရိသတ်(၈၃) ရာခိုင်နှုန်းက အီဟာလိုကိုအပြီးသတ်ခေါ်ယူဖို့ သဘောတူညီခဲ့ဲကြပြီး၊ (၁၇)ရာခိုင်နှုန်းကတော့ အီဟာလိုကို အငှားနဲ့သာခေါ်ယူဖို့ အလိုရှိခဲ့ကြပါတယ်။ ရှန်ဟိုင်းရှင်ဟွာဘက်ကလည်း အီဟာလိုကိုအပြီးသတ်ရောင်းချမယ်ဆိုရင် ပေါင်(၁၅)သန်းလောက်ရမှ ရောင်းချမယ့် အခြေအနေရှိပါတယ်။

photo internet

(Zawgyi Version)

အီဟာလိုရဲ႕ ယူႏိုက္တက္ကေပးတဲ့ ေငြရေပါက္ရလမ္း

အီဟာလိုဟာ ယူႏိုက္တက္အသင္းဆီကို ၿပီးခဲ့တဲ့ဲဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလတုန္းက တ႐ုတ္စူပါလိဂ္ကလိဂ္ ကလပ္ ရွန္ဟိုင္းရွင္ဟြာကေန (၆)လအငွားစာခ်ဳပ္နဲ႔ေရာက္ရွိလာ တာျဖစ္ပါတယ္။ အရင္တုန္းက ယူႏိုက္တက္ အေနနဲ႔ ဟာလန္းကိုခ်ိတ္ဆက္ ဖို႔ႀကိဳးစားခဲ့ေပမယ့္ အဆင္မေျပျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ ေနာက္ဆုံးအေျပာင္းအေ႐ႊ႕ရက္မွာ အီဟာလိုကိုေခၚယူခဲ့ တာျဖစ္ပါတယ္။ ကစားသမားအသစ္မေခၚလို႔လည္း မရတဲ့အေနအထားျဖစ္ပါတယ္။ ဖာနန္ဒက္စ္တစ္ေယာက္တည္း အားနဲ႔အသင္းကို ဘယ္လိုမွ ရလဒ္ေကာင္းေအာင္ လုပ္ဖို႔မလြယ္ပါဘူး။ ယူႏိုက္တက္ အသင္း ဟာ ၿပီးခဲ့တဲ့ ေႏြ အေျပာင္းအေ႐ႊ႕ တုန္းက အင္တာ မီလန္ အသင္း ဆီ တိုက္စစ္မႉး လူကာကူ ကို ေရာင္းထုတ္ ခဲ့ၿပီး အဲဒီ ေနရာ ကို အင္အား ျပန္လည္ ျဖည့္တင္းျခင္း မလုပ္ေဆာင္ ႏိုင္ခဲ့ ပါဘူး ။ဒီၾကားထဲ အသင္း ရဲ႕ တိုက္စစ္ ေနရာ မွာ ကစား ခဲ့တဲ့ မာရွယ္ ဒဏ္ရာ ရရွိ သြားခဲ့တဲ့ အခ်ိန္ ယူႏိုက္တက္ တိုက္စစ္ ပိုင္းဟာ ဂိုးေတြ ရရွိ ႏိုင္ဖို႔ ႐ုန္းကန္ ခဲ့ရ ပါ ေသးတယ္ ။ အဲ့ဒီေနာက္ ရက္ရွ္ဖို႔ ကလည္း ဒဏ္ရာ ရရွိ ခဲ့တဲ့ အတြက္ ယူႏိုက္တက္ တို႔ အခက္ ေတြ႕ခဲ့ ရ ပါတယ္ ။
အသက္ 30 အ႐ြယ္ တိုက္စစ္မႉး အီဟာလိုဟာ ယူႏိုက္တက္ကိုအငွားကစားသမားဘဝနဲ႔ လာေရာက္တဲ့အခါ လစာေလ်ာ့ယူခဲ့ရပါတယ္။ သူဟာ ရွန္ဟိုင္း ရွင္ဟြာ အသင္း မွာ တစ္ပါတ္ ေပါင္ 3 သိန္း ရရွိ ခဲ့ ေပမယ့္ ယူႏိုက္တက္ အသင္း မွာ 40 % လစာ ေလွ်ာ့ယူ ခဲ့ ပါတယ္ ။ ဒါေပမယ့္ သူနဲ႔ ယူႏိုက္တက္ အသင္း ၾကားမွာအျခားသေဘာတူညီခ်က္ေတြရွိပါတယ္။ ဒါကေတာ့ ယူႏိုက္တက္အသင္းနဲ႔အတူ သြင္းဂိုးတစ္ဂိုးသြင္းယူတိုင္း ေပါင္ (၈၀၀၀) အပိုဆုေၾကးရရွိတယ္လို႔ သိရပါတယ္။ လက္ရွိမွာ ယူႏိုက္တက္အသင္းအတြက္ သြင္းဂိုး (၄) ဂိုးသြင္းယူေပးထားႏိုင္ခဲ့ၿပီျဖစ္ တာေၾကာင့္ အီဂါလိုအေနနဲ႔ အသင္းကေန အပိုဆုေၾကး ေပါင္ ၃၂၀၀၀ ရရွိေနၿပီျဖစ္ပါတယ္။ ဒါ့အျပင္ အသင္းနဲ႔ခ်ဳပ္ဆိုထားခဲ့တဲ့ စာခ်ဳပ္ပါအခ်က္အရ ပရီးမီးယားလိဂ္မွာ ယူႏိုက္တက္အသင္းအတြက္ အီဟာလိုပါဝင္ကစားၿပီး အသင္းက ႏိုင္ပြဲရရွိတယ္ဆိုရင္ ေပါင္(၉၀၀၀) အပိုဆုေၾကး ရရွိမွာျဖစ္ၿပီး သေရရလဒ္ထြက္ေပၚခဲ့ရင္ေတာ့ ေပါင္ (၃၀၀၀) ရမယ္လို႔လည္း သိရပါတယ္ ။ ဒါ့အျပင္ သူဟာ ယူႏိုက္တက္ အသင္း အတြက္ သုံးႀကိမ္ ပြဲထြက္ ကစား ေပးၿပီး ႏိုင္ပြဲ သုံးပြဲ ရယူ ေပးထား ႏိုင္ခဲ့ သလို အဲဗာတန္ နဲ႔ သေရ ရလဒ္ ထြက္ေပၚ ခဲ့တဲ့ အတြက္ ေပါင္ 30000 ကိုေဘာနပ္စ္ အျဖစ္ ရရွိ ခဲ့ပါ ေသးတယ္ ။ ဒီမွာေတာ့ ရႈံးပြဲ အတြက္ အီဟာလို ဟာ ေဘာနပ္စ္ ရရွိ မွာေတာ့ မဟုတ္ ပါဘူး ။ ဒါေပမယ့္ သူဟာ ယူႏိုက္တက္ အသင္း ကို ခ်န္ပီယံ လိဂ္ ဝင္ခြင့္ ရရွိေအာင္ ကူညီ ေပးႏိုင္မယ္ ဆိုရင္ မက္ေလာက္ စရာ ေကာင္းတဲ့ ေဘာနပ္စ္ ေငြ တစ္ရပ္ ကို ရရွိ ႏိုင္ဦးမယ္ လို႔ သိရ ပါတယ္ ။ ယူႏိုက္တက္အသင္းဟာ ဆန္းခ်က္ဇ္ နဲ႔ အီဗရာဟီမိုဗစ္တို႔တုန္းက ကလည္း တစ္ဦးကို သြင္းဂိုးတစ္ဂိုးသြင္းယူတိုင္းေပါင္ (၁၅၀၀၀) ထိအပိုဆုေၾကးေပးအပ္ခဲ့ဖူးပါတယ္။ အီဟာလို ဟာ ယူႏိုက္တက္ အသင္း နဲ႔ အတူ ဆု ဖလား ေအာင္ျမင္မႈ ရယူ ႏိုင္ခဲ့ ပါက ေဘာနပ္စ္ ေငြေတြ ထပ္မံ သိမ္းပိုက္ ႏိုင္ပါ ဦးမယ္ ။ လက္ရွိအခ်ိန္မွာေတာ့ ယူႏိုက္တက္ အသင္း ဟာ ပရီးမီးယား လိဂ္ အမွတ္ေပး ဇယား အဆင့္ 4 ေနရာ မွ ခ်ဲလ္ဆီး အသင္း ေအာက္ 3 မွတ္ အကြာ အဆင့္ 5 ေနရာ မွာ ရပ္တည္ ေနခဲ့တဲ့ အတြက္ ခ်န္ပီယံ လိဂ္ ဝင္ခြင့္ ရရွိ ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ ရွိေနဆဲျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ အီဟာလိုကို ယူႏိုက္တက္မွာအငွားကစားသမားဘဝနဲ႔မဟုတ္ဘဲ အၿပီးသတ္ေျပာင္းေ႐ႊ႕ေစ ခ်င္ၾကပါတယ္။ ဒါေၾကာင့္လည္း အသင္းတာဝန္ရွိသူေတြကို ဖိအားေပးေျပာဆိုေနၾကပါတယ္။ MEN Sportကေန ျပဳလုပ္ခဲ့တဲ့ အီဟာလိုကို အၿပီးသတ္ေခၚယူဖို႔ သင့္ မသင့္နဲ႔ ပတ္သက္ တဲ့ စစ္တမ္းမွာေတာ့ ယူႏိုက္တက္ပရိသတ္(၁၀၀၀၀)နီးပါးကို စစ္တမ္းေကာက္ယူမႈတစ္ခုျပဳလုပ္ခဲ့ပါတယ္။ ပရိသတ္(၈၃) ရာခိုင္ႏႈန္းက အီဟာလိုကိုအၿပီးသတ္ေခၚယူဖို႔ သေဘာတူညီခဲ့ဲၾကၿပီး၊ (၁၇)ရာခိုင္ႏႈန္းကေတာ့ အီဟာလိုကို အငွားနဲ႔သာေခၚယူဖို႔ အလိုရွိခဲ့ၾကပါတယ္။ ရွန္ဟိုင္းရွင္ဟြာဘက္ကလည္း အီဟာလိုကိုအၿပီးသတ္ေရာင္းခ်မယ္ဆိုရင္ ေပါင္(၁၅)သန္းေလာက္ရမွ ေရာင္းခ်မယ့္ အေျခအေနရွိပါတယ္။