ယူနိုက်တက်မှာရှိနေရတာဟာ ဂုဏ်ယူစရာပါလို့ပြောဆိုလာတဲ့ အဲရစ်ဘိုင်လီ

0
79
photo internet

အဲရစ် ဘိုင်လီဟာရာသီ အကြို လေ့ကျင့်ရေး လုပ်ဆောင် ခဲ့စဉ် တုန်းက ဒဏ်ရာ ပြဿနာ ကြုံတွေ့ ခဲ့ရသူ ဖြစ်ပြီး ကာလရှည် ကုသမှု ခံနေ ခဲ့ရသူ တစ်ဦး ပဲ ဖြစ်ခဲ့ ပါတယ် ။ ဒါပေမယ့် ယူနိုက်တက် တို့ နောက်ဆုံး ကစား ခဲ့ ကြတဲ့ ပွဲစဉ် တွေ မှာတော့ သူဟာ အသင်း အတွက် ပြန်လည် ပါဝင် ကစား ပေးနိုင် ခဲ့ ပါတယ် ။
ဒါပေမယ့်အခုအခါကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့်ဘောလုံးပွဲစဉ်တွေရပ်နားထားရပြီး၊ ဘိုင်လီဟာလည်း အသင်းဖော်တွေနဲ့သာလေ့ကျင့်နေခဲ့ရပါတယ်။

photo internet

“ရိုးရိုးသားသား ဝန်ခံရမယ် ဆိုရင် ကျွန်တော့် အတွက်တော့ ယူနိုက်တက် အသင်း အတွက် ကစား ပေးဖို့ စာချုပ် အပေါ် လက်မှတ် ရေးထိုးရခြင်းကိုက အိပ်မက်တွေ တကယ်ဖြစ်လာတာပါပဲ။ ကျွန်တော် ယူနိုက်တက် အသင်း အတွက် ကစား ပေးရတာ အရမ်း ဂုဏ်ယူမိ ပါတယ်။ ဒါကြောင့်လည်း ကျွန်တော့်အနေနဲ့ ကွင်းထဲမှာပဲဖြစ်ဖြစ် ၊ကွင်းအပြင်မှာပဲဖြစ်ဖြစ် အသင်းအတွက် ပေးဆပ်ဖို့အသင့်ပါပဲ။”ဆိုပြီး ဘိုင်လီကပြောဆိုပါတယ်။

photo internet

“ကျွန်တော် အချစ်ဆုံး အရာ က ဘောလုံး ကစား ရတာ ပါပဲ ။ ကျွန်တော်ယူနိုက်တက်ကို မရောက်ခင် ကတည်းက ဘောလုံး ကစား ရတယ် ဆိုတာ ကျွန်တော့် ရဲ့ ရူးသွပ် စွဲလန်းမှု တစ်ခု အဖြစ် ရှိခဲ့ ပါတယ် ။ ကျွန်တော် အမြဲ လုပ်နေ ချင်တာ ဘောလုံး ကစားရဖို့ပါပဲ။ ယူနိုက်တက် မှာ ကစား ရတဲ့ ခံစားချက် ကို ဘယ်လို ဖော်ပြ ရမလဲ ဆိုတာ တောင် ကျွန်တော် မပြော တတ်တော့ပါဘူး ။ ကျွန်တော့် အတွက် တော့ ဒါဟာ အရမ်း ၊ အရမ်း ကို အဓိပ္ပါယ် ရှိတဲ့ အရာ တစ်ခု ပါပဲ ” ဆိုပြီးဘိုင်လီ က ပြောပါသေးတယ်။

photo internet

ဘိုင်လီ ဟာ ကစားပုံမဆိုးသလို၊ စိတ်ဓါတ် ပြင်းထန်မှု တွေနဲ့အတူ အသင်း အတွက် ပေးဆပ် ကစား လိုတဲ့ စိတ်ထား တွေကြောင့် အသင်းဖော် တွေနဲ့ ပရိသတ် တွေရဲ့ ချစ်ခင်မှု တွေကို ရရှိ ထားသူ တစ်ဦး ပဲ ဖြစ်ပါ တယ်။

photo internet

(Zawgyi Version)

ယူႏိုက္တက္မွာရွိေနရတာဟာ ဂုဏ္ယူစရာပါလို႔ေျပာဆိုလာတဲ့ အဲရစ္ဘိုင္လီ

အဲရစ္ ဘိုင္လီဟာရာသီ အႀကိဳ ေလ့က်င့္ေရး လုပ္ေဆာင္ ခဲ့စဥ္ တုန္းက ဒဏ္ရာ ျပႆနာ ႀကဳံေတြ႕ ခဲ့ရသူ ျဖစ္ၿပီး ကာလရွည္ ကုသမႈ ခံေန ခဲ့ရသူ တစ္ဦး ပဲ ျဖစ္ခဲ့ ပါတယ္ ။ ဒါေပမယ့္ ယူႏိုက္တက္ တို႔ ေနာက္ဆုံး ကစား ခဲ့ ၾကတဲ့ ပြဲစဥ္ ေတြ မွာေတာ့ သူဟာ အသင္း အတြက္ ျပန္လည္ ပါဝင္ ကစား ေပးႏိုင္ ခဲ့ ပါတယ္ ။
ဒါေပမယ့္အခုအခါကို႐ိုနာဗိုင္းရပ္စ္အႏၲရာယ္ေၾကာင့္ေဘာလုံးပြဲစဥ္ေတြရပ္နားထားရၿပီး၊ ဘိုင္လီဟာလည္း အသင္းေဖာ္ေတြနဲ႔သာေလ့က်င့္ေနခဲ့ရပါတယ္။

“႐ိုး႐ိုးသားသား ဝန္ခံရမယ္ ဆိုရင္ ကြၽန္ေတာ့္ အတြက္ေတာ့ ယူႏိုက္တက္ အသင္း အတြက္ ကစား ေပးဖို႔ စာခ်ဳပ္ အေပၚ လက္မွတ္ ေရးထိုးရျခင္းကိုက အိပ္မက္ေတြ တကယ္ျဖစ္လာတာပါပဲ။ ကြၽန္ေတာ္ ယူႏိုက္တက္ အသင္း အတြက္ ကစား ေပးရတာ အရမ္း ဂုဏ္ယူမိ ပါတယ္။ ဒါေၾကာင့္လည္း ကြၽန္ေတာ့္အေနနဲ႔ ကြင္းထဲမွာပဲျဖစ္ျဖစ္ ၊ကြင္းအျပင္မွာပဲျဖစ္ျဖစ္ အသင္းအတြက္ ေပးဆပ္ဖို႔အသင့္ပါပဲ။”ဆိုၿပီး ဘိုင္လီကေျပာဆိုပါတယ္။

“ကြၽန္ေတာ္ အခ်စ္ဆုံး အရာ က ေဘာလုံး ကစား ရတာ ပါပဲ ။ ကြၽန္ေတာ္ယူႏိုက္တက္ကို မေရာက္ခင္ ကတည္းက ေဘာလုံး ကစား ရတယ္ ဆိုတာ ကြၽန္ေတာ့္ ရဲ႕ ႐ူးသြပ္ စြဲလန္းမႈ တစ္ခု အျဖစ္ ရွိခဲ့ ပါတယ္ ။ ကြၽန္ေတာ္ အၿမဲ လုပ္ေန ခ်င္တာ ေဘာလုံး ကစားရဖို႔ပါပဲ။ ယူႏိုက္တက္ မွာ ကစား ရတဲ့ ခံစားခ်က္ ကို ဘယ္လို ေဖာ္ျပ ရမလဲ ဆိုတာ ေတာင္ ကြၽန္ေတာ္ မေျပာ တတ္ေတာ့ပါဘူး ။ ကြၽန္ေတာ့္ အတြက္ ေတာ့ ဒါဟာ အရမ္း ၊ အရမ္း ကို အဓိပၸါယ္ ရွိတဲ့ အရာ တစ္ခု ပါပဲ ” ဆိုၿပီးဘိုင္လီ က ေျပာပါေသးတယ္။

ဘိုင္လီ ဟာ ကစားပုံမဆိုးသလို၊ စိတ္ဓါတ္ ျပင္းထန္မႈ ေတြနဲ႔အတူ အသင္း အတြက္ ေပးဆပ္ ကစား လိုတဲ့ စိတ္ထား ေတြေၾကာင့္ အသင္းေဖာ္ ေတြနဲ႔ ပရိသတ္ ေတြရဲ႕ ခ်စ္ခင္မႈ ေတြကို ရရွိ ထားသူ တစ္ဦး ပဲ ျဖစ္ပါ တယ္။