ယူနိုက်တက်ပရိသတ်တွေအပြီးသတ်ခေါ်ယူစေချင်တဲ့ အီဟာလိုမှာဘယ်လိုစွမ်းဆောင်ရည်တွေရှိသလဲ?

0
68
photo internet

အီဟာလိုဟာ ယူနိုက်တက်အသင်းဆီကို ပြီးခဲ့တဲ့ဲဇန်နဝါရီအပြောင်းအရွှေ့ကာလတုန်းက တရုတ်စူပါလိဂ်ကလိဂ် ကလပ် ရှန်ဟိုင်းရှင်ဟွာကနေ (၆)လအငှားစာချုပ်နဲ့ရောက်ရှိလာတာဖြစ်ပါတယ်။ ပရိသတ်တွေက သူ့ကို ယူနိုက်တက်မှာအငှားကစားသမားဘဝနဲ့မဟုတ်ဘဲ အပြီးသတ်ပြောင်းရွှေ့စေ ချင်ကြပါတယ်။ ဒါကြောင့်လည်း အသင်းတာဝန်ရှိသူတွေကို ဖိအားပေးပြောဆိုနေကြပါတယ်။ MEN Sportကနေပြီးတော့ အီဟာလိုကို အပြီးသတ်ခေါ်ယူဖို့ သင့် မသင့်နဲ့ ပတ်သက်ပြီးတော့ ယူနိုက်တက်ပရိသတ်(၁၀၀၀၀)နီးပါးကို စစ်တမ်းကောက်ယူမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ ပရိသတ်(၈၃) ရာခိုင်နှုန်းက အီဟာလိုကိုအပြီးသတ်ခေါ်ယူဖို့ သဘောတူညီခဲ့ဲကြပြီး၊ (၁၇)ရာခိုင်နှုန်းကတော့ အီဟာလိုကို အငှားနဲ့သာခေါ်ယူဖို့ အလိုရှိခဲ့ကြပါတယ်။ လက်ရှိအနေအထားအရတော့ ယူနိုက်တက်တို့ဟာ အီဟာလိုကို အပြီးသတ်ခေါ်ယူဖွယ်ရှိနေပြီးတော့၊ လာမယ့်နွေဈေးကွက်မှာ အပြီးသတ်ခေါ်ယူဖို့အတွက်ပြင်ဆင် လာဖွယ်ရှိနေတာပဲဖြစ်ပါတယ်။

photo internet

ရှန်ဟိုင်းရှင်ဟွာဘက်ကလည်း အီဟာလိုကိုအပြီးသတ်ရောင်းချမယ်ဆိုရင် ပေါင်(၁၅)သန်းလောက်ရမှ ရောင်းချမယ့်် အခြေအနေရှိပါတယ်။ အသက်(၃၀)အရွယ်ရှိပြီဖြစ်တဲ့ အီဟာလိုဟာနည်းပြ ဆိုးလ်ရှားအတွက် ပြီးပြည့်စုံတဲ့တိုက်စစ်မှူးတစ်ယောက်ဘာကြောင့်ဖြစ်နေရသလဲ ဆိုတာကိုလည်းတင်ဆက်ပေးချင်ပါတယ်။ အီဟာလိုရဲ့ ကစားပုံက တစ်ဖက်ပြိုင်ဘက်တွေအတွက် အနှောက်အယှက်ဖြစ်စရာတော်တော်လေးကောင်းသလို၊ အဲ့သလိုကစားတဲ့ ပုံစံမှာလည်း အီဟာလိုဟာတော်တော်လေးကောင်းမွန်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မန်စီးတီးနဲ့ ပွဲမှာဆိုရင်လည်း ပွဲကစားချိန်(၈၈)မိနစ်မှ ဝင်ရောက်ကစားခွင့်ရခဲ့ပေမဲ့ အီဟာလိုရဲ့ ကစားပုံက မန်စီးတီးနောက်တန်းကို ပြဿနာရှာနိုင်စွမ်းရှိခဲ့ပါတယ်။ ဒါ့အပြင် အီဟာလိုရောက်လာတဲ့ အတွက် ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းမှာ ပြိုင်ဆိုင်မှုတွေရှိလာခဲ့ပါတယ်။ ရက်ဖို့ဒ်နားနေတဲ့ အတွက်ကြောင့်အသင်းရဲ့တိုက်စစ်ပိုင်းမှာ မာရှယ်ရဲ့ အရန်အနေနဲ့ အီဟာလိုကိုခေါ်ယူခဲ့တာဖြစ်ပေမဲ့ လက်ရှိအီဟာလိုပြသထားတဲ့ ခြေစွမ်းက အသင်းရဲ့ အဓိကတိုက်စစ်မှူးတစ်ယောက်တောင်ဖြစ်လာဖို့အလားအလာရှိနေပါတယ်။ အီဟာလိုဟာ မာရှယ်ထက်စာရင် တိုက်စစ်မှူး စစ်စစ်ဖြစ်တာကြောင့်ပြိုင်ဘက်ဧရိယာအတွင်းနေရာယူပုံတွေကောင်းမွန်ပြီးတော့ ဂိုးရရှိဖို့အတွက် ပိုပြီးတော့ ဖြစ်နိုင်ချေများနေတာကိုလည်းတွေ့ရပါတယ်။

photo internet

အီဟာလိုဟာ ယူနိုက်တက်မှာကစားဖို့အတွက်အိ်ပ်မက်အကြီးကြီးမက်ခဲ့ရသူတစ်ယောက်ဖြစ်ပါတယ်။ အဲဒီအကြောင်းတွေနဲ့ပတ်သက်လို့ အီဟာလိုက အခုလိုပြောပါတယ်။ “တကယ်လို့ ကောင်လေးတစ်ယောက် က ငယ်ငယ်ထဲကယူနိုက်တက်လိုအသင်းမှာ ကစားချင်တယ်ဆိုတာမျိုးကို ခင်ဗျားတို့ကြားရတဲ့အခါ ဒါကကြားနေကြပါကွာလို့ပြောဖြစ်လိမ့်မယ်မဟုတ်လား။ကျွန်တော်ငယ်ငယ်ကဒါမျိုးပြောတော့မင်းရူးနေသလားလို့မေးခံရတာပဲ၊ ဒါပေမယ့်အနာဂတ်မှာ ဒီလိုဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ကိုယ်တိုင်တောင်မထင်မှတ်ခဲ့ပါဘူး။ ကျွန်တော်ကယူနိုက်တက်ရဲ့ ပရိတ်သတ်ပါ။ယူနိုက်တက်ရဲ့ပွဲစဉ်မှန်သမျှကို မလွတ်တမ်းစောင့်ကြည့်ခဲ့ပါတယ်၊စနေ တနင်္ဂနွေတွေမှာတောင် အခွင့်အရေးရရင်ရသလို ကြည့်ဖြစ်အောင်ကြည့်ပါတယ်။ အဲဒီအမှတ် တရတွေကိုကျွန်တော်အမြဲသိမ်းထားပါတယ်။ ယူနိုက်တက် မှာ ကစားရမယ်လို့တစ်ခါမှမထင်ထားဖူး ဘူး။ပရီးမီးယားလိဂ်မှာ ဝဒ်ဖိုဒ့်အသင်း အတွက် ကစားနေချိန်တောင်ဒီအပြောင်းအရွှေ့ကဖြစ်လာလိမ့်မယ် မထင်ထားခဲ့ဖူးဘူး”ဆိုပြီး အီဟာလိုကပြောပါတယ်။

photo internet

အီဟာလိုတစ်ယောက် အမြဲတမ်းအားပေးခဲ့ပြီး စံထားရတဲ့ ယူနိုက်တက် တိုက်စစ်မှုး (၂)ဦးကတော့ အင်ဒီ ကိုးလ် နဲ့ ဒွိုက်ယော့ခ် တို့ ဖြစ်ပါတယ်။ အင်ဒီ ကိုးလ် နဲ့ ဒွိုက်ယော့ခ် တို့ဟာ ယူနိုက်တက် တို့ သမိုင်းဝင် ဆုဖလား သုံးလုံး ရယူ ဆွတ်ခူး ထားနိုင် ခဲ့တဲ့ 1998 – 99 ဘောလုံး ရာသီ တုန်းက သရဲနီ တို့ရဲ့ အဓိက တိုက်စစ်မှူး တွေပဲ ဖြစ်ခဲ့ ကြ ပါတယ် ။ သူတို့ နှစ်ဦး ဟာ ယူနိုက်တက် တို့ 2000 နဲ့ 2001 ခုနှစ် တုန်းက ဆု ဖလား တွေကို ဆွတ်ခူး စေရေး မှာလည်း အရေးပါ သူတွေ ဖြစ်ခဲ့ ကြ ပါတယ် ။ “ကျွန်တော် အင်ဒီကိုးကိုကြည့်ပြီး ကြီးပြင်းလာခဲ့တာပါ။ အင်ဒီကိုးနဲ့ဒွိုက်ယေ့ာခ်တို့က ဂိုးတွေပုံမှန်သွင်းလေ့ရှိတဲ့ တိုက်စစ်မှုး ၂ ယောက်လေ။ သူတို့ဟာ အရမ်းကို ကြံ့ခိုင်သန်မာပြီး ယူနိုက်တက်အတွက် ဂိုးတွေအများကြီး သွင်းယူပေးခဲ့ကြပါတယ်။တကယ့်ကို အတု ယူချင် စရာ ပါပဲ”ဆိုပြီးအီဟာလိုကပြောပါတယ်။

photo internet