ယူနိုက်တက်ထက် အင်တာမီလန်ကပိုကောင်းတဲ့ပုံစံရှိကြောင်းပြောလာတဲ့ လူကာကူ

0
220
photo internet
photo internet

ယူနိုက်တက်ကစားသမားဟောင်း လူကာကူက အခုလောလောဆယ် ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ပျင်းရိငြီးငွေ့နေကြောင်းပြောထားပါတယ်။ “ကျွန်တော် အပြင် ထွက်လို့ မရ ပါဘူး ။ လေ့ကျင့်လို့ လည်း မရပါဘူး ။ အခုဆိုရင် 10 ရက်တောင်ရှိပါတော့မယ်။ အရင်လိုဘောလုံးကစားချင်နေပါတယ်”ဆိုပြီးပြောပါ တယ်။ လူကာကူဟာပျင်းရိဖွယ်အချိန်တွေကုန်ဆုံးဖို့ အာဆင်နယ် တိုက်စစ်မှုး ဟောင်းကြီး အီယန်ရိုက်နဲ့ ဗီဒီယို ဖုန်း ခေါ်ဆိုစကားပြောလေ့ရှိပါတယ်။

photo internet

ဒါ့အပြင် “ကျွန်တော် က တိုက်ခန်း နဲ့ နေတာဗျ ။ ဒီတော့ လေ့ကျင့်ဖို့ ဘာပစ္စည်း မှ မရှိ ပါဘူး ။ ကိုယ့်အိမ်မှာ လေ့ကျင့်ဖို့ ဆိုရင် စက်ဘီးနင်းစက် တစ်ခု လောက် ဒါမှ မဟုတ် အပြေးစက် တစ်ခု လောက်တော့ လိုတယ်လေ ။ အသင်း မှာ ကျွန်တော့လို လူတွေ အများကြီး ပဲဗျ ။ အဲဒီအကြောင်း ပြောပြပြီးမှပဲ စက်ဘီးနင်းစက် တစ်ခု ရောက်လာ ခဲ့တာပါ”ဆိုပြီးလူကာကူကပြောပါသေးတယ်။

photo internet

“အင်တာမီလန်နဲ့ယူနိုက်တက်တို့ရဲ့ လေ့ကျင့်ခန်းတွေကတော့ ကွဲပြား ပါတယ်။ ဒီမှာ က ပိုပြင်းထန် ပါတယ် ။ မယုံရင် အက်ရှ်လေ ယန်း ကို မေးကြည့်ပါ ။ ဒီမှာ က အသင်း က အသင်း နဲ့ တူပါတယ် ။ ပိုပြီး စည်းစည်း လုံးလုံး ရှိပါတယ်။ အသင်း တစ်သင်းလုံး စုပြီး တစ်ပတ် ကို ၂ ခါ ၃ ခါ လောက် ညစာ အတူ စားဖြစ်ကြ တယ် ။ အားလုံး လာကြပါတယ် ။ ဘယ်သူ မှ မကျန်ခဲ့ကြ ပါဘူး ။ တစ်ခါ တစ်လေ မှ သာ ၁ ယောက် ၂ ယောက်လောက် လိုခဲ့ တာပါ ။ ဒါကြောင့် ဒီမှာ က ပိုပြီး စည်းစည်း လုံးလုံး ရှိတယ်လို့ ခံစား မိပါတယ်”ဆိုပြီး ယူနိုက်တက်နဲ့ အင်တာ မီလန် ရဲ့ကွာခြားချက်ကိုလည်း ပြောပါသေးတယ်။

photo internet

“ကစားပုံ အရပြောရရင်တော့ ကျွန်တော်တို့ အသင်းက ဒီ လိဂ် မှာ အကြမ်းဆုံး နဲ့ အားထုတ်မှု အပြင်းဆုံး အသင်း ပါပဲ ။ ဒီလို ဖြစ်လာအောင် နည်းပြက အမြဲ လှုံ့ဆော် ပေးနေ တာပါ ။ မာမာ ထန်ထန် ကစားမယ် ၊ ဖိမယ် ၊ ကာယပိုင်း ကို များများ သုံးမယ် ၊ ဒါတွေ က အင်တာ မီလန် ရဲ့ ကစားပုံပါ” လို့ လူကာကူ က ပြောဆို ပါတယ် ။

photo internet

(Zawgyi Version)

ယူႏိုက္တက္ထက္ အင္တာမီလန္ကပိုေကာင္းတဲ့ပုံစံရိွေၾကာင္းေျပာလာတဲ့ လူကာကူ

ယူႏိုက္တက္ကစားသမားေဟာင္း လူကာကူက အခုေလာေလာဆယ္ ကိုရိုနာဗိုင္းရပ္စ္ဂယက္ေၾကာင့္ ပ်င္းရိၿငီးေငြ႕ေနေၾကာင္းေျပာထားပါတယ္။ “ကြၽန္ေတာ္ အျပင္ ထြက္လို႔ မရ ပါဘူး ။ ေလ့က်င့္လို႔ လည္း မရပါဘူး ။ အခုဆိုရင္ 10 ရက္ေတာင္ရိွပါေတာ့မယ္။ အရင္လိုေဘာလုံးကစားခ်င္ေနပါတယ္”ဆိုၿပီးေျပာပါ တယ္။ လူကာကူဟာပ်င္းရိဖြယ္အခ်ိန္ေတြကုန္ဆုံးဖို႔ အာဆင္နယ္ တိုက္စစ္မႈး ေဟာင္းႀကီး အီယန္႐ိုက္နဲ႔ ဗီဒီယို ဖုန္း ေခၚဆိုစကားေျပာေလ့ရိွပါတယ္။

ဒါ့အျပင္ “ကြၽန္ေတာ္ က တိုက္ခန္း နဲ႔ ေနတာဗ် ။ ဒီေတာ့ ေလ့က်င့္ဖို႔ ဘာပစၥည္း မွ မရွိ ပါဘူး ။ ကိုယ့္အိမ္မွာ ေလ့က်င့္ဖို႔ ဆိုရင္ စက္ဘီးနင္းစက္ တစ္ခု ေလာက္ ဒါမွ မဟုတ္ အေျပးစက္ တစ္ခု ေလာက္ေတာ့ လိုတယ္ေလ ။ အသင္း မွာ ကြၽန္ေတာ့လို လူေတြ အမ်ားႀကီး ပဲဗ် ။ အဲဒီအေၾကာင္း ေျပာျပၿပီးမွပဲ စက္ဘီးနင္းစက္ တစ္ခု ေရာက္လာ ခဲ့တာပါ”ဆိုၿပီးလူကာကူကေျပာပါေသးတယ္။

“အင္တာမီလန္နဲ႔ယူႏိုက္တက္တို႔ရဲ႕ ေလ့က်င့္ခန္းေတြကေတာ့ ကြဲျပား ပါတယ္။ ဒီမွာ က ပိုျပင္းထန္ ပါတယ္ ။ မယုံရင္ အက္ရွ္ေလ ယန္း ကို ေမးၾကည့္ပါ ။ ဒီမွာ က အသင္း က အသင္း နဲ႔ တူပါတယ္ ။ ပိုၿပီး စည္းစည္း လုံးလုံး ရွိပါတယ္။ အသင္း တစ္သင္းလုံး စုၿပီး တစ္ပတ္ ကို ၂ ခါ ၃ ခါ ေလာက္ ညစာ အတူ စားျဖစ္ၾက တယ္ ။ အားလုံး လာၾကပါတယ္ ။ ဘယ္သူ မွ မက်န္ခဲ့ၾက ပါဘူး ။ တစ္ခါ တစ္ေလ မွ သာ ၁ ေယာက္ ၂ ေယာက္ေလာက္ လိုခဲ့ တာပါ ။ ဒါေၾကာင့္ ဒီမွာ က ပိုၿပီး စည္းစည္း လုံးလုံး ရွိတယ္လို႔ ခံစား မိပါတယ္”ဆိုၿပီး ယူႏိုက္တက္နဲ႔ အင္တာ မီလန္ ရဲ႕ကြာျခားခ်က္ကိုလည္း ေျပာပါေသးတယ္။

“ကစားပုံ အရေျပာရရင္ေတာ့ ကြၽန္ေတာ္တို႔ အသင္းက ဒီ လိဂ္ မွာ အၾကမ္းဆုံး နဲ႔ အားထုတ္မႈ အျပင္းဆုံး အသင္း ပါပဲ ။ ဒီလို ျဖစ္လာေအာင္ နည္းျပက အၿမဲ လႈံ႕ေဆာ္ ေပးေန တာပါ ။ မာမာ ထန္ထန္ ကစားမယ္ ၊ ဖိမယ္ ၊ ကာယပိုင္း ကို မ်ားမ်ား သုံးမယ္ ၊ ဒါေတြ က အင္တာ မီလန္ ရဲ႕ ကစားပုံပါ” လို႔ လူကာကူ က ေျပာဆို ပါတယ္ ။