ယူနိုက်တက်ကစားသမားဟောင်းကြီး စိတ်ကူးထားတဲ့ ဘောလုံးအသင်း နဲ့ ပေ့ါဘာအကြောင်း

0
242
photo internet
photo internet

ယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်ကစားသမားကြီး ပေါလ်စခိုးတစ်ယောက် သူ့စိတ်ကူးနဲ့တည်ထောင်ချင်တဲ့ အသင်းတစ်သင်းရှိပါတယ်။ အဲဒီအသင်းမှာ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက် အတူတွဲကစားခဲ့ဖူးတဲ့ အသင်းဖော်တွေ၊ ပြိုင်ဘက်ကစားသမားတွေပါဝင်နေပါတယ်။ ယူနိုက်တက်နဲ့အတူ နှစ်ပေါင်း(၂၀)ကြာ ကစားခဲ့တဲ့ ပေါလ်စခိုးဟာ သူ့ရဲ့ အကောင်းဆုံးအသင်းကို အခုလိုပဲရွေးချယ်ထားပါတယ်။ ပေါလ်စခိုး ရွေးချယ်ပေးထားခဲ့တဲ့ ကစားသမားစာရင်းဟာ(၄-၃-၃)ကစားကွက်ကို အခြေခံပြီးတော့ ရွေးချယ်ပေးထားခဲ့တာဖြစ်ပါတယ်။ ဂိုးသမားနေရာမှာတော့ ယူနိုက်တက်အသင်းဖော်ပီတာရှမိုက်ကယ် ကိုရွေးချယ်ပေးထားခဲ့ပါတယ်။ ညာနောက်ခံနေရာမှာတော့ ဂယ်ရီနဗီးလ်၊ ဗဟိုခံစစ်အတွဲကိုတော့ ဂျက်စတမ်းနဲ့ ရီယိုဖာဒီနန်တို့ကိုရွေးချယ်ပေးထားခဲ့ပါတယ်။

photo internet

ဘယ်နောက်ခံနေရာမှာတော့ ဘရာဇီးဂန္ထဝင် ရော်ဘတ်တိုကားလို့စ်ကိုရွေးချယ်ပေးထားခဲ့ပါတယ်။ ဗဟိုကွင်းလယ်နေရာမှာတော့ ဇီဒန်း၊ ဇာဗီနဲ့ အင်နီယေစတာတို့ကိုရွေးချယ်ပေးထားခဲ့ပြီး၊ ညာတောင်ပံနေရာမှာတော့ စီရော်နယ်ဒိုနဲ့ ဘယ်တောင်ပံနေရာမှာ ဂစ်တို့ကိုရွေးချယ်ပေးထားခဲ့ပါတယ်။ အထောင်တိုက်စစ်နေရာမှာတော့ နစ္စတယ်ရွိုင်းကိုရွေးချယ်ပေးထားခဲ့တာပဲဖြစ်ပါတယ်။
ပေါလ်စခိုးဟာ ယူနိုက်တက်အတွက် ပွဲပေါင်း (၇၀၉)ပွဲပါဝင်ကစားပေးခဲ့တဲ့ ကစားသမား တစ်ယောက်ဖြစ်ပြီးတော့ ယူနိုက်တက်နဲ့ အတူပရီးမီးယားလိဂ်ဖလား (၁၁)ကြိမ်၊ ချန်ပီယံလိဂ်ဖလား(၂)ကြိမ်၊ FAဖလား (၄)ကြိမ်အပါအဝင်အခြားဆုဖလားပေါင်းများစွာကိုဆွတ်ခူးရရှိခဲ့တဲ့ ကစားသမား တစ်ယောက်ပဲဖြစ်ပါတယ်။ ယူနိုက်တက်ကစားသမားဘဝတစ်လျှောက် သွင်းဂိုး (၁၅၂)ဂိုးနဲ့ ဂိုးဖန်တီးမှု (၇၃)ကြိမ်အထိပြုလုပ်ပေးနိုင်ခဲ့ပြီးတော့ အင်္ဂလန်ကစားသမားတွေထဲမှာတော့ နည်းစနစ်ပိုင်းအကောင်းဆုံး ကစားသမားတစ်ယောက်အဖြစ် သက်မှတ်ခံထားရတဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။

photo internet

ပေ့ါဘာအကြောင်းကတော့ သူ့ရဲ့မန်နေဂျာရွိုင်းအိုလာ ပြောဆိုထားတဲ့သတင်းပဲဖြစ်ပါတယ်။”ကျွန်တော်နဲ့ ရီးရဲလ်ရဲ့ ဆက်ဆံရေးက အရမ်းကောင်းပါတယ်။ ကျွန်တော့်အနေနဲ့ အဲဒိအသင်းကို ဂရိတ်ကစားသမားတွေကို ပို့ဆောင်ပေး ချင်ပါတယ်။ ဒီနွေရာသီမှာ ကြိုးစားသွားပါမယ်။ ကျွန်တော့်ကစားသမားတွေနဲ့ ကျွန်တော့်အတွက် ဂုဏ်ယူစရာဖြစ်လာပါလိမ့်မယ်။ ရီးရဲမက်ဒရစ်က ဂရိတ်ကလပ်ကိုးဗျ ။ အယ်ဖွန်ဆီအာရီယိုလာ လည်း အဲဒီမှာရှိပြီးသားလေ။ သူလည်း အငှားအပြောင်းအရွှေ့တွေတာဝန်ယူနေတဲ့အတွက် တစ်ဝက်သက်ဆိုင်တာပဲ။ ပြီးတော့ အထွေထွေမန်နေဂျာဖြစ်တဲ့ ဂျို့အိန်ဂျယ်ဆန်းချက်နဲ့လည်း ကျွန်တော်က စာချုပ်ရှိနေပါတယ်။ ဖီဖာကိစ္စတွေ ဘောလုံးအကြောင်းတွေ သူနဲ့ဆွေးနွေးရတာကိုလည်း ကျွန်တော်ကြိုက်တယ်ဗျ။ ဘာလို့လဲဆိုရင် သူက ကျွန်တော့်ကို စိတ်ဝင်စားတဲ့ပုံပြတာကြောင့်လေ။ တစ်နေ့မှာတော့ ကျွန်တော့် ရဲ့ကစားသမားကောင်းတွေကို ရီးရဲမက်ဒရစ်ထံ ပို့ဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။
ပေါ့ဘာဟာ လက်ရှိအချိန်မှာ ရှုပ်ထွေးတဲ့အနေအထားမျိုးမှာရောက်နေပါတယ်။ဒါပေ မယ့်ရှင်းလင်းအောင်တော့လုပ်ရပါမယ်။ ဘာလို့လဲဆိုရင်အင်္ဂလန်က ဆတ်ဆတ်ထိမခံဘူးလေ။ ပေါ့ဘာက ဘောလုံးရာသီကုန်တဲ့ အချိန်အထိ အကောင်းဆုံး ဖြစ်ဖို့ အာရုံစိုက်နေပါတယ်။သူ့အနေနဲ့လည်း အသင်းနဲ့ပြန်လည်ပူးပေါင်းလိုနေပါပြီ။ ပြီးတော့ ရာသီကုန်မှာ ကောင်းမွန်တဲ့အနေအထားတစ်ခုအဖြစ် ရှိစေချင်နေပါတယ် ။ ဒါဟာ ယူနိုက်တက်အသင်း ချန်ပီယံလိဂ် ဝင်ခွင့်ရနိုင်တဲ့အပေါ်လည်း မူတည်နေပါတယ်။”ဆိုပြီး ရွိုင်းအိုလာကပြောဆိုပါတယ်။

photo internet

2021 ခုနှစ်မှာ ပေါ့ဘာဟာ ယူနိုက်တက်နဲ့ လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် ဒဏ်ရာကြောင့်အနားယူနေတဲ့အနေအထားအပြင် အေးဂျင့်ဖြစ်သူ ရွိုင်းအိုလာရဲ့မှတ်ချက်တွေ ကြောင့်လည်း ယူနိုက်တက်နဲ့တွဲရေး၊ခွဲရေးအခြေအနေဟာဘာမှန်းမသိဖြစ်နေပါတယ်။ ပေ့ါဘာကို ခေါ်ယူချင်နေတဲ့ အသင်းတွေလည်းရှိတာကြောင့် ပေါ့ဘာရဲ့အနာဂတ်လားရာဟာ ခန့်မှန်းရခက်နေပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဆီကို ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ရောက်ရှိလာတာကြောင့် ပေါ့ဘာ မလိုအပ်တော့ဘူးဆိုတဲ့ ထင်မြင်ချက်တွေကလည်း ရှိနေပါတယ်။

photo internet

(Zawgyi Version)

ယူႏိုက္တက္ကစားသမားေဟာင္းႀကီး စိတ္ကူးထားတဲ့ ေဘာလုံးအသင္း နဲ႔ ေပ့ါဘာအေၾကာင္း

ယူႏုိက္တက္အသင္းရဲ႕ ဂႏၳ၀င္ကစားသမားၾကီး ေပါလ္စခိုးတစ္ေယာက္ သူ႔စိတ္ကူးနဲ႔တည္ေထာင္ခ်င္တဲ့ အသင္းတစ္သင္းရွိပါတယ္။ အဲဒီအသင္းမွာ သူ႔ရဲ႕ ကစားသမားဘ၀တစ္ေလွ်ာက္ အတူတြဲကစားခ့ဲဖူးတ့ဲ အသင္းေဖာ္ေတြ၊ ျပိဳင္ဘက္ကစားသမားေတြပါ၀င္ေနပါတယ္။ ယူႏုိက္တက္နဲ႔အတူ ႏွစ္ေပါင္း(၂၀)ၾကာ ကစားခ့ဲတ့ဲ ေပါလ္စခိုးဟာ သူ႔ရဲ႕ အေကာင္းဆံုးအသင္းကို အခုလိုပဲေရြးခ်ယ္ထားပါတယ္။ ေပါလ္စခိုး ေရြးခ်ယ္ေပးထားခ့ဲတ့ဲ ကစားသမားစာရင္းဟာ(၄-၃-၃)ကစားကြက္ကို အေျခခံျပီးေတာ့ ေရြးခ်ယ္ေပးထားခ့ဲတာျဖစ္ပါတယ္။ ဂိုးသမားေနရာမွာေတာ့ ယူနုိက္တက္အသင္းေဖာ္ပီတာရွမိုက္ကယ္ ကိုေရြးခ်ယ္ေပးထားခ့ဲပါတယ္။ ညာေနာက္ခံေနရာမွာေတာ့ ဂယ္ရီနဗီးလ္၊ ဗဟုိခံစစ္အတြဲကိုေတာ့ ဂ်က္စတမ္းနဲ႔ ရီယိုဖာဒီနန္တုိ႔ကိုေရြးခ်ယ္ေပးထားခ့ဲပါတယ္။
ဘယ္ေနာက္ခံေနရာမွာေတာ့ ဘရာဇီးဂႏၳ၀င္ ေရာ္ဘတ္တိုကားလို႔စ္ကိုေရြးခ်ယ္ေပးထားခ့ဲပါတယ္။ ဗဟိုကြင္းလယ္ေနရာမွာေတာ့ ဇီဒန္း၊ ဇာဗီနဲ႔ အင္နီိေယစတာတို႔ကိုေရြးခ်ယ္ေပးထားခ့ဲျပီး၊ ညာေတာင္ပံေနရာမွာေတာ့ စီေရာ္နယ္ဒိုနဲ႔ ဘယ္ေတာင္ပံေနရာမွာ ဂစ္တို႔ကိုေရြးခ်ယ္ေပးထားခ့ဲပါတယ္။ အေထာင္တိုက္စစ္ေနရာမွာေတာ့ နစၥတယ္ရြိဳင္းကိုေရြးခ်ယ္ေပးထားခ့ဲတာပဲျဖစ္ပါတယ္။
ေပါလ္စခိုးဟာ ယူႏိုက္တက္အတြက္ ပြဲေပါင္း (၇၀၉)ပြဲပါ၀င္ကစားေပးခ့ဲတ့ဲ ကစားသမား တစ္ေယာက္ျဖစ္ျပီးေတာ့ ယူနုိ္က္တက္နဲ႔ အတူပရီးမီးယားလိဂ္ဖလား (၁၁)ၾကိမ္၊ ခ်န္ပီယံလိဂ္ဖလား(၂)ၾကိမ္၊ FAဖလား (၄)ၾကိမ္အပါအ၀င္အျခားဆုဖလားေပါင္းမ်ားစြာကိုဆြတ္ခူးရရွိခ့ဲတ့ဲ ကစားသမား တစ္ေယာက္ပဲျဖစ္ပါတယ္။ ယူႏိုက္တက္ကစားသမားဘ၀တစ္ေလွ်ာက္ သြင္းဂိုး (၁၅၂)ဂိုးနဲ႔ ဂိုးဖန္တီိးမႈ (၇၃)ၾကိမ္အထိျပဳလုပ္ေပးႏိုင္ခ့ဲျပီးေတာ့ အဂၤလန္ကစားသမားေတြထဲမွာေတာ့ နည္းစနစ္ပိုင္းအေကာင္းဆံုး ကစားသမားတစ္ေယာက္အျဖစ္ သက္မွတ္ခံထားရတ့ဲ ကြင္းလယ္ကစားသမားတစ္ေယာက္ပဲျဖစ္ပါတယ္။
ေပ့ါဘာအေၾကာင္းကေတာ့ သူ႔ရဲ႕မန္ေနဂ်ာရိြဳင္းအိုလာ ေျပာဆိုထားတဲ့သတင္းပဲျဖစ္ပါတယ္။”ကၽြန္ေတာ္နဲ႔ ရီးရဲလ္ရဲ႕ ဆက္ဆံေရးက အရမ္းေကာင္းပါတယ္။ ကၽြန္ေတာ့္အေနနဲ႔ အဲဒိအသင္းကို ဂရိတ္ကစားသမားေတြကို ပို႔ေဆာင္ေပး ခ်င္ပါတယ္။ ဒီေႏြရာသီမွာ ႀကိဳးစားသြားပါမယ္။ ကၽြန္ေတာ့္ကစားသမားေတြနဲ႔ ကၽြန္ေတာ့္အတြက္ ဂုဏ္ယူစရာျဖစ္လာပါလိမ့္မယ္။ ရီးရဲမက္ဒရစ္က ဂရိတ္ကလပ္ကိုးဗ် ။ အယ္ဖြန္ဆီအာရီယိုလာ လည္း အဲဒီမွာရွိၿပီးသားေလ။ သူလည္း အငွားအေျပာင္းအေရႊ႕ေတြတာ၀န္ယူေနတဲ့အတြက္ တစ္၀က္သက္ဆိုင္တာပဲ။ ၿပီးေတာ့ အေထြေထြမန္ေနဂ်ာျဖစ္တဲ့ ဂ်ိဳ႕အိန္ဂ်ယ္ဆန္းခ်က္နဲ႔လည္း ကၽြန္ေတာ္က စာခ်ဳပ္ရွိေနပါတယ္။ ဖီဖာကိစၥေတြ ေဘာလုံးအေၾကာင္းေတြ သူနဲ႔ေဆြးေႏြးရတာကိုလည္း ကၽြန္္ေတာ္ႀကိဳက္တယ္ဗ်။ ဘာလို႔လဲဆိုရင္ သူက ကၽြန္ေတာ့္ကို စိတ္၀င္စားတဲ့ပုံျပတာေၾကာင့္ေလ။ တစ္ေန႔မွာေတာ့ ကၽြန္ေတာ့္ ရဲ႕ကစားသမားေကာင္းေတြကို ရီးရဲမက္ဒရစ္ထံ ပို႔ေဆာင္ႏိုင္လိမ့္မယ္လို႔ ကၽြန္ေတာ္ ေမွ်ာ္လင့္ပါတယ္။
ေပါ့ဘာဟာ လက္ရိွအခ်ိန္မွာ ႐ႈပ္ေထြးတဲ့အေနအထားမ်ိဳးမွာေရာက္ေနပါတယ္။ဒါေပ မယ့္႐ွင္းလင္းေအာင္ေတာ့လုပ္ရပါမယ္။ ဘာလို႔လဲဆိုရင္အဂၤလန္က ဆတ္ဆတ္ထိမခံဘူးေလ။ ေပါ့ဘာက ေဘာလုံးရာသီကုန္တဲ့ အခ်ိန္အထိ အေကာင္းဆုံး ျဖစ္ဖို႔ အာ႐ုံစိုက္ေနပါတယ္။သူ႔အေနနဲ႔လည္း အသင္းနဲ႔ျပန္လည္ပူးေပါင္းလိုေနပါၿပီ။ ၿပီးေတာ့ ရာသီကုန္မွာ ေကာင္းမြန္တဲ့အေနအထားတစ္ခုအျဖစ္ ရွိေစခ်င္ေနပါတယ္ ။ ဒါဟာ ယူႏိုက္တက္အသင္း ခ်န္ပီယံလိဂ္ ၀င္ခြင့္ရႏိုင္တဲ့အေပၚလည္း မူတည္ေနပါတယ္။”ဆိုၿပီး ရိြဳင္းအိုလာကေျပာဆိုပါတယ္။
2021 ခုႏွစ္မွာ ေပါ့ဘာဟာ ယူႏိုက္တက္နဲ႔ လက္ရွိစာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ပါတယ္။ ဒါ့အျပင္ ဒဏ္ရာေၾကာင့္အနားယူေနတဲ့အေနအထားအျပင္ ေအးဂ်င့္ျဖစ္သူ ႐ြိဳင္းအိုလာရဲ႕မွတ္ခ်က္ေတြ ေၾကာင့္လည္း ယူႏိုက္တက္နဲ႔တြဲေရး၊ခြဲေရးအေျခအေနဟာဘာမွန္းမသိျဖစ္ေနပါတယ္။ ေပ့ါဘာကို ေခၚယူခ်င္ေနတဲ့ အသင္းေတြလည္းရွိတာေၾကာင့္ ေပါ့ဘာရဲ႕အနာဂတ္လားရာဟာ ခန႔္မွန္းရခက္ေနပါတယ္။ ဒါ့အျပင္ ယူႏိုက္တက္ဆီကို ကြင္းလယ္ကစားသမား ဖာနန္ဒက္စ္ေရာက္ရွိလာတာေၾကာင့္ ေပါ့ဘာ မလိုအပ္ေတာ့ဘူးဆိုတဲ့ ထင္ျမင္ခ်က္ေတြကလည္း ရွိေနပါတယ္။