ဖာနန်ဒက်စ်နဲ့ပတ်သက်တဲ့ update အကြောင်းအရာများ……

0
105
photo internet

ယူနိုက်တက်အသင်းကိုရောက်ရှိတဲ့အချိန်သိပ်မကြာသေးပေမယ့် အသင်းမှာခြေစွာတဲ့ သူတစ်ယောက်အဖြစ်သာမက၊ ပရိသတ်ရဲ့အသိအမှတ်ပြုခံရတဲ့သူတစ်ဦးအဖြစ်ပါ ဖာနန်ဒက်စ်တစ်ယောက် အချိန်တိုအတွင်းရပ်တည်နိုင်ခဲ့ပါတယ်။ ဖာနန်ဒက်စ်ရဲ့ခြေစွမ်းကို နည်းပြဆိုးလ်ရှားနဲ့တကွ ဘောလုံးပွဲ ဝေဖန် သုံးသပ်သူတွေရော၊ အသင်းဖော်တွေကပါ ချီးကျူးစကားပြောဆိုထားကြပါတယ်။ ယူနိုက်တက်ကို ဖာနန်ဒက်စ်တစ်ယောက် အရောက်နောက်ကျလေတယ်လို့တောင် ပရိသတ်တွေက ထင်မြင်ယူဆထားကြပါ တယ်။ ဖာနန်ဒက်စ်ဟာ လက်ရှိမတ်လအတွက်အသင်းရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုကိုရရှိသွား ခဲ့ ပါပြီ။ မတ်လကုန်ဖို့ တစ်ပတ်ကျော်လိုနေသေးပေမဲ့ လက်ရှိမတ်လအတွင်း ဘောလုံးပွဲမရှိတော့တာကြောင့် အခုလိုပဲ စောစောစီးစီးရရှိသွားခဲ့တာပဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အကောင်းဆုံး ကစားသမားစာရင်း မှာလည်းဖာနန်ဒက်စ်ပါဝင်လာခဲ့ပါတယ်။ နောက်ဆုံးရပ်နားထားတဲ့ပွဲစဉ်တွေအထိ ကစားပြီးသမျှထဲမှာ အကောင်းဆုံးစွမ်းဆောင်ခဲ့တဲ့ (၁၁)ယောက်ကို ရွေးထုတ်ပေးထားတာဖြစ်ပြီး၊ တွက်ချက်မှုကတော့ Rating ဝက်ဘ်ဆိုက် whoscored ကပါ။ Rating တွေရဲ့ထုံးစံအတိုင်း ပွဲများများဖို့ကစားဖို့မလိုသလို အသင်းမှာနာမည်ကြီးဖို့လည်း မလိုပါဘူး။

photo internet

ကစားရတဲ့နေရာအလိုက် အသင်းကိုတကယ်အကျိုးပြုရင် အလိုလိုပါလာမှာပါ။ ဒါကြောင့် ပရီးမီးယားလိဂ် အကောင်းဆုံး (၂၀၂၀)အသင်းကိုတွက်ရာမှာ ဝေဖန်မှုတွေ ထွက်လာခဲ့ပါတယ်။ အဲဒီလိုရွေးချယ်ခံရဖို့အတွက် ကစားသမားတစ်ယောက်ဟာ အနည်းဆုံး (၅)ပွဲကစား ထားဖို့လိုပါတယ်။ ဖာနန်ဒက်စ်ဟာ ပေါ်တူဂီလိဂ်ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို (၂)နှစ်ဆက် ရခဲ့တဲ့သူဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဟာ စပို့တင်းမှာ ကစားခဲ့တဲ့ (၂)နှစ်မှာ (၂)နှစ်လုံး ပေါ်တူဂီလိဂ်ရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်တစ်ယောက် လူငယ်ကစားသမားတွေကို အကြံပြုစကားပြောထား တာကိုလည်းတင်ဆက်ပေးလိုက်ပါတယ်။ “ကျွန်တော့်အနေ နဲ့လူငယ်တွေ အတွက်ပြောရမယ်ဆိုရင် ကလေးဘဝမှာ ပျော်ရွှင်မှု့ရှိဖို့ကအရေးကြီးဆုံးအချက်ပါပဲ။ ဘောလုံး ကိုပျော်ရွှင်စွာကစားပါ၊အချိန်တွေကိုပျော်ရွှင်စွာ ဖြတ်သန်းပါ။လူငယ်ကစားသမားဘဝမှာ ဘောလုံး ကိုပျော်ရွှင်စွာကစားနိုင်ဖို့ကသိပ်အရေးကြီးပါတယ်၊ ဘာကြောင့်လဲဆိုရင် ပထမအသင်းကြီးအ တွက်ကစားရပြီဆိုရင် ပွဲတိုင်းကပျော်ရွှင်မှု့ရမှာမဟုတ်တော့ဘူး၊ တစ်စုံတစ်ယောက်ကလည်းမင်းတို့ကို စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်မှာအသေအချာပါပဲ။ဒါကြောင့် လူငယ်ကစားသမားဘဝမှာ သူငယ်ချင်းတွေနဲ့အတူတကွကစားပြီး ပျော်ရွှင်အောင်နေထိုင်ပါ။”ဆိုပြီး ဖာနန်ဒက်စ်ကပြောပါတယ်။

photo internet

လူငယ်ကစားသမားဘဝမှာ ဘရူနိုဖာနန်ဒက်စ် က ဆမ်ဒိုးရီးယား အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး အီတလီမှာ ကစားသမားဘဝကို ရုန်းကန်ခဲ့ရပါသေးတယ်။ သို့ပေမယ့်လည်း ဘရုနို က အမြဲတစေ ပြုံးပျော်နေတတ်သူဖြစ်ပြီး အခက်အခဲတွေကို လည်း ရယ်မောခြင်းနဲ့ဖြတ်ကျော်တတ်သူဖြစ်တယ်လို့ အသင်းဖော်တွေက ချီးကျူးခဲ့ပါသေးတယ်။
ဖာနန်ဒက်စ်ဟာယူနိုက်တက်ကစားသမားဘဝမှာ ၃ဂိုးအထိ သွင်းယူပေးထားနိုင်ပြီး မတ်လ အတွင်းမှာ တစ်ဂိုးသွင်း ၂ဂိုးဖန်တီး ထားနိုင်သူပါ။သူ့ရဲ့ မတ်လအဖွင့်ဂိုးကို အဲဗာတန်နဲ့သရေကျခဲ့တဲ့ပွဲမှာ သွင်းယူခဲ့ပြီး အဲ့ဒီဂိုးက ဒုတိယမြောက်လိဂ်သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။ဆက်လက်ပြီး မန်စီးတီးနဲ့ လိဂ်ပွဲစဉ်၊LASKနဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေမှာ လည်း အသင်းဖော်တွေအတွက် ဂိုးတွေ ဖန်တီးပေးနိုင်ခဲ့သူပါ။ဖာနန်ဒက်စ်အနေနဲ့ အခုလို ပွဲတွေ နားနေချိန်မှာသီးသန့် လေ့ကျင့်မှုတွေ ပြုလုပ် နေပြီး ပရိသတ်တွေမပျင်းရအောင် ဗီဒီယိုတွေကို လူမှုကွန်ရက်ပေါ် တင်ပြီး ဖြေဖျော်ပေးနေသူလည်း ဖြစ်ပါတယ်။ ဖာနန်ဒက်စ်ရဲ့ကစား သမားဘဝ အစိတ်အပိုင်းအချို့ကတော့ သူဟာ (၂၀၁၂)နွေရာသီမှာနိုဗယ်ရာကာစီယို အသင်းနဲ့အတူ လူငယ်ကစားသမားတစ်ယောက်အဖြစ် ဘောလုံးကစားသမားဘဝကို စတင်ခဲ့ပါတယ်။ ကာစီယို၊ အူဒီးနီးနဲ့ ဆမ်ဒိုးရီးယားအသင်းတို့နဲ့အတူ ဖာနန်ဒက်စ်တစ်ယောက်စီးရီးအေမှာ (၄)နှစ်ကြာခဲ့ပြီးနောက် စပို့တင်းကိုပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဘရူနို ဖာနန်ဒက်စ် ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ တုန်းက စပို့တင်း လစ္စဘွန်း အသင်း ကနေ ယူနိုက်တက် အသင်း ဆီကို ပေါင် 67.8 သန်း နဲ့ ပြောင်းရွှေ့ ရောက်ရှိ လာခဲ့သူ ဖြစ်ပါတယ်။ ယူနိုက်တက် အသင်း ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း တစ်ဦး ဖြစ်တဲ့ ဘရိုင်ယန် ရော့ဘ်ဆင် က ဘရူနို ဖာနန်ဒက်စ် ဟာ ယူနိုက်တက် ကွင်းလယ် ကစားသမား ဟောင်း ဖြစ်တဲ့ ပေါလ် စခိုးလ် နဲ့ တူညီတဲ့ အရည်အသွေး အချို့ ကို ပိုင်ဆိုင်ထားတယ်လို့ချီးကျူးပြောဆိုထားပါတယ်။

photo internet

(Zawgyi Version)

ဖာနန္ဒက္စ္နဲ႔ပတ္သက္တဲ့ update အေၾကာင္းအရာမ်ား……

ယူႏိုက္တက္အသင္းကိုေရာက္ရိွတဲ့အခ်ိန္သိပ္မၾကာေသးေပမယ့္ အသင္းမွာေျခစြာတဲ့ သူတစ္ေယာက္အျဖစ္သာမက၊ ပရိသတ္ရဲ႕အသိအမွတ္ျပဳခံရတဲ့သူတစ္ဦးအျဖစ္ပါ ဖာနန္ဒက္စ္တစ္ေယာက္ အခ်ိန္တိုအတြင္းရပ္တည္ႏိုင္ခဲ့ပါတယ္။ ဖာနန္ဒက္စ္ရဲ႕ေျခစြမ္းကို နည္းျပဆိုးလ္ရွားနဲ႔တကြ ေဘာလုံးပြဲ ေ၀ဖန္ သုံးသပ္သူေတြေရာ၊ အသင္းေဖာ္ေတြကပါ ခ်ီးက်ဴးစကားေျပာဆိုထားၾကပါတယ္။ ယူႏိုက္တက္ကို ဖာနန္ဒက္စ္တစ္ေယာက္ အေရာက္ေနာက္က်ေလတယ္လို႔ေတာင္ ပရိသတ္ေတြက ထင္ျမင္ယူဆထားၾကပါ တယ္။ ဖာနန္ဒက္စ္ဟာ လက္ရွိမတ္လအတြက္အသင္းရဲ႕ တစ္လတာအေကာင္းဆံုးကစားသမားဆုကိုရရွိသြား ခ့ဲ ပါၿပီ။ မတ္လကုန္ဖို႔ တစ္ပတ္ေက်ာ္လိုေနေသးေပမ့ဲ လက္ရွိမတ္လအတြင္း ေဘာလံုးပြဲမရွိေတာ့တာေၾကာင့္ အခုလိုပဲ ေစာေစာစီးစီးရရွိသြားခ့ဲတာပဲျဖစ္ပါတယ္။ ပရီးမီးယားလိဂ္အေကာင္းဆံုး ကစားသမားစာရင္း မွာလည္းဖာနန္ဒက္စ္ပါ၀င္လာခဲ့ပါတယ္။ ေနာက္ဆံုးရပ္နားထားတဲ့ပြဲစဥ္ေတြအထိ ကစားျပီးသမွ်ထဲမွာ အေကာင္းဆံုးစြမ္းေဆာင္ခဲ့တဲ့ (၁၁)ေယာက္ကို ေရြးထုတ္ေပးထားတာျဖစ္ျပီး၊ တြက္ခ်က္မႈကေတာ့ Rating ၀က္ဘ္ဆိုက္ whoscored ကပါ။ Rating ေတြရဲ႕ထံုးစံအတိုင္း ပြဲမ်ားမ်ားဖို႔ကစားဖို႔မလိုသလို အသင္းမွာနာမည္ၾကီးဖို႔လည္း မလိုပါဘူး။ ကစားရတဲ့ေနရာအလိုက္ အသင္းကိုတကယ္အက်ိဳးျပဳရင္ အလိုလုိပါလာမွာပါ။ ဒါေၾကာင့္ ပရီးမီးယားလိဂ္ အေကာင္းဆံုး (၂၀၂၀)အသင္းကိုတြက္ရာမွာ ေ၀ဖန္မႈေတြ ထြက္လာခဲ့ပါတယ္။ အဲဒီလိုေရြးခ်ယ္ခံရဖို႔အတြက္ ကစားသမားတစ္ေယာက္ဟာ အနည္းဆံုး (၅)ပြဲကစား ထားဖို႔လိုပါတယ္။ ဖာနန္ဒက္စ္ဟာ ေပၚတူဂီလိဂ္ရဲ႕တစ္ႏွစ္တာအေကာင္းဆံုးကစားသမားဆုကို (၂)ႏွစ္ဆက္ ရခ့ဲတ့ဲသူျဖစ္ပါတယ္။ ဖာနန္ဒက္စ္ဟာ စပို႔တင္းမွာ ကစားခ့ဲတ့ဲ (၂)ႏွစ္မွာ (၂)ႏွစ္လံုး ေပၚတူဂီလိဂ္ရဲ႕ အေကာင္းဆံုးကစားသမားဆုကို ရရွိခ့ဲပါတယ္။ ဘ႐ူႏိုဖာနန္ဒက္စ္တစ္ေယာက္ လူငယ္ကစားသမားေတြကို အႀကံျပဳစကားေျပာထားတာကိုလည္းတင္ဆက္ေပးလိုက္ပါတယ္။ “ကၽြန္ေတာ့္အေန နဲ႔လူငယ္ေတြ အတြက္ေျပာရမယ္ဆိုရင္ ကေလးဘဝမွာ ေပ်ာ္႐ႊင္မႈ႕ရွိဖို႔ကအေရးႀကီးဆုံးအခ်က္ပါပဲ။ ေဘာလုံး ကိုေပ်ာ္႐ႊင္စြာကစားပါ၊အခ်ိန္ေတြကိုေပ်ာ္႐ႊင္စြာျဖတ္သန္းပါ။လူငယ္ကစားသမားဘဝမွာ ေဘာလုံး ကိုေပ်ာ္႐ႊင္စြာကစားႏိုင္ဖို႔ကသိပ္အေရးႀကီးပါတယ္၊ ဘာေၾကာင့္လဲဆိုရင္ ပထမအသင္းႀကီးအ တြက္ကစားရၿပီဆိုရင္ ပြဲတိုင္းကေပ်ာ္႐ႊင္မႈ႕ရမွာမဟုတ္ေတာ့ဘူး၊တစ္စုံတစ္ေယာက္ကလည္းမင္းတို႔ကို စိတ္အေႏွာက္အယွက္ျဖစ္ေအာင္လုပ္မွာအေသအခ်ာပါပဲ။ဒါေၾကာင့္ လူငယ္ကစားသမားဘဝမွာ သူငယ္ခ်င္းေတြနဲ႔အတူတကြကစားၿပီး ေပ်ာ္႐ႊင္ေအာင္ေနထိုင္ပါ။”ဆိုၿပီး ဖာနန္ဒက္စ္ကေျပာပါတယ္။
လူငယ္ကစားသမားဘဝမွာ ဘ႐ူႏိုဖာနန္ဒက္စ္ က ဆမ္ဒိုးရီးယား အသင္းဆီ ေျပာင္းေ႐ႊ႕ခဲ့ၿပီး အီတလီမွာ ကစားသမားဘဝကို ႐ုန္းကန္ခဲ့ရပါေသးတယ္။ သို႔ေပမယ့္လည္း ဘ႐ုႏို က အၿမဲတေစ ၿပဳံးေပ်ာ္ေနတတ္သူျဖစ္ၿပီး အခက္အခဲေတြကို လည္း ရယ္ေမာျခင္းနဲ႔ျဖတ္ေက်ာ္တတ္သူျဖစ္တယ္လို႔ အသင္းေဖာ္ေတြက ခ်ီးက်ဴးခဲ့ပါေသးတယ္။
ဖာနန္ဒက္စ္ဟာယူႏိုက္တက္ကစားသမားဘ၀မွာ ၃ဂိုးအထိ သြင္းယူေပးထားႏိုင္ၿပီး မတ္လ အတြင္းမွာ တစ္ဂိုးသြင္း ၂ဂိုးဖန္တီး ထားႏိုင္သူပါ။သူ႔ရဲ႕ မတ္လအဖြင့္ဂိုးကို အဲဗာတန္နဲ႔သေရက်ခဲ့တဲ့ပြဲမွာ သြင္းယူခဲ့ၿပီး အဲ့ဒီဂိုးက ဒုတိယေျမာက္လိဂ္သြင္းဂိုးလည္း ျဖစ္ခဲ့ပါတယ္။ဆက္လက္ၿပီး မန္စီးတီးနဲ႔ လိဂ္ပြဲစဥ္၊LASKနဲ႔ ယူ႐ိုပါလိဂ္ပြဲစဥ္ေတြမွာလည္း အသင္းေဖာ္ေတြအတြက္ ဂိုးေတြ ဖန္တီးေပးႏိုင္ခဲ့သူပါ။
ဖာနန္ဒက္စ္အေနနဲ႔ အခုလို ပြဲေတြ နားေနခ်ိန္မွာသီးသန႔္ ေလ့က်င့္မႈေတြ ျပဳလုပ္ ေနၿပီး ပရိသတ္ေတြမပ်င္းရေအာင္ ဗီဒီယိုေတြကို လူမႈကြန္ရက္ေပၚ တင္ၿပီး ေျဖေဖ်ာ္ေပးေနသူလည္း ျဖစ္ပါတယ္။
ဖာနန္ဒက္စ္ရဲ႕ကစားသမားဘ၀အစိတ္အပိုင္းအခ်ဳိ႕ကေတာ့ သူဟာ (၂၀၁၂)ေႏြရာသီမွာႏိုဗယ္ရာကာစီယို အသင္းနဲ႔အတူ လူငယ္ကစားသမားတစ္ေယာက္အျဖစ္ ေဘာလံုးကစားသမားဘ၀ကို စတင္ခ့ဲပါတယ္။ ကာစီယို၊ အူဒီးနီးနဲ႔ ဆမ္ဒိုးရီးယားအသင္းတို႔နဲ႔အတူ ဖာနန္ဒက္စ္တစ္ေယာက္စီးရီးေအမွာ (၄)ႏွစ္ၾကာခ့ဲျပီးေနာက္ စပို႔တင္းကိုေျပာင္းေရႊ႕ခ့ဲတာျဖစ္ပါတယ္။ ဘ႐ူႏို ဖာနန္ဒက္စ္ ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ တုန္းက စပို႔တင္း လစၥဘြန္း အသင္း ကေန ယူႏိုက္တက္ အသင္း ဆီကို ေပါင္ 67.8 သန္း နဲ႔ ေျပာင္းေ႐ႊ႕ ေရာက္ရွိ လာခဲ့သူ ျဖစ္ပါတယ္။ ယူႏိုက္တက္ အသင္း ရဲ႕ ဂႏၶဝင္ ကစားသမား ေဟာင္း တစ္ဦး ျဖစ္တဲ့ ဘ႐ိုင္ယန္ ေရာ့ဘ္ဆင္ က ဘ႐ူႏို ဖာနန္ဒက္စ္ ဟာ ယူႏိုက္တက္ ကြင္းလယ္ ကစားသမား ေဟာင္း ျဖစ္တဲ့ ေပါလ္ စခိုးလ္ နဲ႔ တူညီတဲ့ အရည္အေသြး အခ်ိဳ႕ ကို ပိုင္ဆိုင္ထားတယ္လို႔ခ်ီးက်ဴးေျပာဆိုထားပါတယ္။