နောက်ထပ်အပြောင်းအရွှေ့မှာ ယူနိုက်တက် ဘယ်သူ့ကိုခေါ်သင့်တယ်ဆိုတာ အကြံပေးလာတဲ့ ဖာဒီနန်

0
304
photo internet
photo internet

ယူနိုက်တက် အသင်းဟာ ကစားသမားအင်အား ထပ်မံဖြည့်တင်းဖို့အတွက် ကစားသမားရှာပုံတော်ဖွင့်နေ တယ်လို့ သိရပါတယ်။ လာမယ့်အပြောင်းအရွှေ့မှာ မှန်ကန်တဲ့သူကိုရွေးချယ်ခေါ်ယူနိုင် ဖို့လိုပါ တယ်။ ဒါမှသာ အသင်းရဲ့အခြေအနေအကောင်းဘက်မှာဆက်ရှိနေမှာဖြစ်ပါတယ်။ ယူနိုက်တက်ဆီလာဖို့နာမည်ကြီးနေတဲ့ ကစားသမားတွေကတော့ မက်ဒီဆင် နဲ့ ဂရီလစ်ရှ် တို့ဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ယူနိုက်တက် အသင်း ခေါင်းဆောင်ဟောင်း ရီယို ဖာဒီနန် က ဗီလာ ကစား သမား ဂျက် ဂရီလစ်ရှ် ဟာ ဂျိမ်းစ် မက်ဒီဆင် ထက် ယူနိုက်တက် မှာ ပိုပြီး အဆင်ပြေ လိမ့်မယ် လို့ သုံးသပ် ပြောဆိုလာပါတယ်။ ” ဂရေးလရှ် ဒါမှမဟုတ် မက်ဒီဆင်တဲ့လား ၊ သိပ်ကောင်းတဲ့မေးခွန်းပဲ။သူတို့နှစ်ယောက်လုံးက အမြင့်ပျံနေကြပြီ၊ ပြီးခဲ့တဲ့နှစ်ကစပြီးမယုံကြည်နိုင်စရာ စွမ်းဆောင်ရည်တွေလည်းပြသထားနိုင်တယ်။ပြီးတော့သူတို့ကလုံးဝကွဲပြားတဲ့ကစားသမား‌တွေပါပဲ။မက်ဒီဆင် သူကဘောလုံးရတာနဲ့ ပေါက်ထွက်သွားမယ့်ဘောလုံးတစ်လုံးလိုပဲ၊ သွင်းဂိုးတွေ၊ဖန်တီးမှု့တွေ၊အခွင့်အရေးတွေ၊ သူ့ဆီက အကုန်ရလိမ့်မယ်။သူက အခွင့်အရေးကောင်းတွေဖန်တီးဖို့နေရာယူမှန်မှန်ကစားတတ်တယ်။ သိပ်ကောင်းတဲ့ဘောလုံးသမားတစ်ယောက်ပါ။ ကျွန်တော်သူ့ကိုသိပ်ကြိုက်ပါတယ်။

photo internet

ဂျက်ဂရေးလရှ်၊ သူ့မှာလည်း ဒီစွမ်းဆောင်ရည်အားလုံးရှိတယ်၊ ပြီးတော့ သူ့မှာအခြားသောသူအားလုံးထက်ပိုသာတဲ့ စွမ်းဆောင်ရည်တွေရှိသေးတယ်။သူ့ဆော့နေတဲ့ ကွင်းလယ်တိုက်စစ်နေရာမှာ အင်္ဂလန်အတွက်ဆိုရင် မက်ဒီဆင်၊ဒယ်လီအယ်လီ၊မေဆင်မောသ့် တို့ရှိသေးတယ်၊ဒီတိုက်စစ်အတွက်ဆို သူက တိုက်စစ်မှုးတစ်ယောက်လိုရော၊ကွင်းလယ်တိုက်စစ်အဖြစ်ပါ ကစားနိုင်ပါသေးတယ်။ ဂရေးလရှ် က ဖြတ်ကျော်နိုင်စွမ်းလည်းကောင်းတယ်၊သူကဘောလုံးရသွားတာနဲ့ သူနဲ့အတူပြိုင်ဘက်တွေကိုဆွဲခေါ်သွားနိုင်တယ်၊ကစားသမား ၁ယောက် ၂ယောက်လောက်ကို သူဆွဲခေါ်သွားပြီး အသင်းဖော်တွေ နေရာလွတ် ရအောင်သူဖန်တီးနိုင်တယ်။ ဒါကကျွန်တော် သူ့ကိုပိုကြိုက်ရတဲ့အချက်ပါပဲ၊ သူ့မှာ တည်ငြိမ်တဲ့စိတ်ဓာတ်နဲ့ နိုင်လိုစိတ်ပြင်းပြမှု့လည်း ရှိတယ်။သူကသိပ်ကောင်းတဲ့ အကယ်ဒမီထွက်ကစားသမားပါပဲ၊ဒါကြောင့်ပဲသူ့ကိုကျွန်တော်ကတော့ ပိုအလေးသာမိတယ်” လို့ ဖာဒီနန်ကပြောဆိုပါတယ်။

photo internet

Geralish ရဲ့ ယခုရာသီ ပြိုင်ပွဲစုံ စွမ်းဆောင်မှု အနေအထားကတော့ ပွဲ – ၃၀ ကစားထားပြီး၊ ၉ ဂိုး သွင်းထားကာ၊ ဂိုးဖန်တီးမှု – ၆ ကြိမ် လုပ်ဆောင်ထားပါတယ်။ James Maddison ရဲ့ ယခုရာသီ ပြိုင်ပွဲစုံ စွမ်းဆောင်မှု အနေအထားကတော့ ၃၈ ပွဲကစားထားပြီး၊ ၉ ဂိုးသွင်းထားကာ၊ ဂိုးဖန်တီးမှု – ၄ ကြိမ် လုပ်ဆောင်ထားပါတယ်။ ယူနိုက်တက် အသင်း ရွေးချယ်ထားတဲ့ နောက်ထပ်ကစားသမားတွေအကြောင်း လည်း တင်ဆက်ပေးချင်ပါတယ်။ ယူနိုက်တက်ဟာ အင်္ဂလန်ပရီးမီးယားလိဂ် ရဲ့ နာမည်ကျော် တိုက်စစ်မှုး တွေအပြင် အခြားသော ဥရောပနာမည်ကြီးတိုက်စစ်မှုးတွေကိုလည်း ချိတ်ဆက်လျက် ရှိနေပြီး လာမယ့်ရာသီမှာ အတောင့်တင်းဆုံးပုံစံနဲ့ လိဂ်ဖလား ရယူနိုင်ဖို့ကြိုးပမ်းလျက်ရှိနေပါတယ်။

photo internet

စပါးရဲ့ အင်္ဂလန်သား ဟယ်ရီကိန်းဟာ ဟိုဆေး လက်အောက်မှာ မပျော်မရွှင်ဖြစ်နေပြီး အသင်းပြောင်းဖို့တာဆူနေပါတယ်။ ဒဏ်ရာကြောင့်အနားယူနေရတဲ့ စပါးတိုက်စစ်မှုးဟာ လိဂ်ရဲ့ ထိပ်တန်းအဆင့် ဂိုးသွင်းရှင်ဖြစ်သလို နိုင်ငံအသင်းမှာလည်း ထာဝရဂိုးသွင်းအများဆုံးကစားသမားဖြစ်တဲ့ ဝိန်းရွန်းနီ ရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ဖို့ နာမည်ကြီးနေသူပါ။ ယူနိုက်တက် ပရိတ်သတ်ဟောင်း တစ်ယောက်ဖြစ်တဲ့ ကိန်း အတွက် ယူနိုက်တက် မှာ သာ ကစားခွင့်ရခဲ့မယ်ဆိုရင် ဝိန်း ရဲ့ စံချိန်ကို ကျော်ဖြတ်ဖို့ ကြိုးစားလာမှာအသေအချာပါပဲ။ဒါပေမယ့်လည်း ညှိနှိုင်းရခက်တဲ့ လီဗိုင်း က လိဂ်ပြိုင်ဘက် ကို ရောင်းချပါ့မလား။

photo internet

ဒေါ့မွန်တိုက်စစ်မှုးဟောင်း အူဘာမီးယန်းက အာဆင်နယ် မှာ ခြေစွမ်းပြနေပေမယ့်လည်း ဆုဖလားတွေအတွက်တော့ အသင်းပြောင်းဖို့လိုအပ်နေပြီလို့တွေးထင်နေပါတယ်။ အာဆင်နယ် အသင်းရဲ့ ပြောင်းလဲရေး တွေကို အယုံကြည်မရှိတော့တဲ့ အူဘာမီးယန်း ကိုလည်း ယူနိုက်တက်က ခေါ်ဖို့စဉ်းစားနေပါတယ်။
လိုင်ယွန် ရဲ့ ပြင်သစ် သား မူဆာဒမ်ဘီလီကို ဥရောပတစ်လွှားက အသင်းကြီးတွေမျက်စိကျနေပါတယ်။ သူ့ကိုလည်း ယူနိုက်တက် က ကာလရှည်စောင့်ကြည့် နေပြီး ခေါ်ယူဖို့ပစ်မှတ်ထားလျက်ရှိပါတယ်။

photo internet

(Zawgyi Version)

ေနာက္ထပ္အေျပာင္းအေ႐ႊ႕မွာ ယူႏိုက္တက္ ဘယ္သူ႔ကိုေခၚသင့္တယ္ဆိုတာ အႀကံေပးလာတဲ့ ဖာဒီနန္

ယူႏိုက္တက္ အသင္းဟာ ကစားသမားအင္အား ထပ္မံျဖည့္တင္းဖို႔အတြက္ ကစားသမားရွာပုံေတာ္ဖြင့္ေန တယ္လို႔ သိရပါတယ္။ လာမယ့္အေျပာင္းအေ႐ႊ႕မွာ မွန္ကန္တဲ့သူကိုေ႐ြးခ်ယ္ေခၚယူႏိုင္ ဖို႔လိုပါ တယ္။ ဒါမွသာ အသင္းရဲ႕အေျခအေနအေကာင္းဘက္မွာဆက္ရွိေနမွာျဖစ္ပါတယ္။ ယူႏိုက္တက္ဆီလာဖို႔နာမည္ႀကီးေနတဲ့ ကစားသမားေတြကေတာ့ မက္ဒီဆင္ နဲ႔ ဂရီလစ္ရွ္ တို႔ျဖစ္ပါတယ္။ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ယူႏိုက္တက္ အသင္း ေခါင္းေဆာင္ေဟာင္း ရီယို ဖာဒီနန္ က ဗီလာ ကစား သမား ဂ်က္ ဂရီလစ္ရွ္ ဟာ ဂ်ိမ္းစ္ မက္ဒီဆင္ ထက္ ယူႏိုက္တက္ မွာ ပိုၿပီး အဆင္ေျပ လိမ့္မယ္ လို႔ သုံးသပ္ ေျပာဆိုလာပါတယ္။ ” ဂေရးလရွ္ ဒါမွမဟုတ္ မက္ဒီဆင္တဲ့လား ၊ သိပ္ေကာင္းတဲ့ေမးခြန္းပဲ။သူတို႔ႏွစ္ေယာက္လုံးက အျမင့္ပ်ံေနၾကၿပီ၊ ၿပီးခဲ့တဲ့ႏွစ္ကစၿပီးမယုံၾကည္ႏိုင္စရာစြမ္းေဆာင္ရည္ေတြလည္းျပသထားႏိုင္တယ္။ၿပီးေတာ့သူတို႔ကလုံးဝကြဲျပားတဲ့ကစားသမား‌ေတြပါပဲ။မက္ဒီဆင္ သူကေဘာလုံးရတာနဲ႔ ေပါက္ထြက္သြားမယ့္ေဘာလုံးတစ္လုံးလိုပဲ၊ သြင္းဂိုးေတြ၊ဖန္တီးမႈ႕ေတြ၊အခြင့္အေရးေတြ၊ သူ႔ဆီက အကုန္ရလိမ့္မယ္။သူက အခြင့္အေရးေကာင္းေတြဖန္တီးဖို႔ေနရာယူမွန္မွန္ကစားတတ္တယ္။သိပ္ေကာင္းတဲ့ေဘာလုံးသမားတစ္ေယာက္ပါ။ ကြၽန္ေတာ္သူ႔ကိုသိပ္ႀကိဳက္ပါတယ္။ ဂ်က္ဂေရးလရွ္၊ သူ႔မွာလည္း ဒီစြမ္းေဆာင္ရည္အားလုံးရွိတယ္၊ ၿပီးေတာ့ သူ႔မွာအျခားေသာသူအားလုံးထက္ပိုသာတဲ့စြမ္းေဆာင္ရည္ေတြရွိေသးတယ္။သူ႔ေဆာ့ေနတဲ့ ကြင္းလယ္တိုက္စစ္ေနရာမွာ အဂၤလန္အတြက္ဆိုရင္ မက္ဒီဆင္၊ဒယ္လီအယ္လီ၊ေမဆင္ေမာသ့္ တို႔ရွိေသးတယ္၊ဒီတိုက္စစ္အတြက္ဆို သူက တိုက္စစ္မႈးတစ္ေယာက္လိုေရာ၊ကြင္းလယ္တိုက္စစ္အျဖစ္ပါ ကစားႏိုင္ပါေသးတယ္။ ဂေရးလရွ္ က ျဖတ္ေက်ာ္ႏိုင္စြမ္းလည္းေကာင္းတယ္၊သူကေဘာလုံးရသြားတာနဲ႔ သူနဲ႔အတူၿပိဳင္ဘက္ေတြကိုဆြဲေခၚသြားႏိုင္တယ္၊ကစားသမား ၁ေယာက္ ၂ေယာက္ေလာက္ကို သူဆြဲေခၚသြားၿပီး အသင္းေဖာ္ေတြ ေနရာလြတ္ ရေအာင္သူဖန္တီးႏိုင္တယ္။ ဒါကကြၽန္ေတာ္ သူ႔ကိုပိုႀကိဳက္ရတဲ့အခ်က္ပါပဲ၊ သူ႔မွာ တည္ၿငိမ္တဲ့စိတ္ဓာတ္နဲ႔ ႏိုင္လိုစိတ္ျပင္းျပမႈ႕လည္း ရွိတယ္။သူကသိပ္ေကာင္းတဲ့ အကယ္ဒမီထြက္ကစားသမားပါပဲ၊ဒါေၾကာင့္ပဲသူ႔ကိုကြၽန္ေတာ္ကေတာ့ ပိုအေလးသာမိတယ္” လို႔ ဖာဒီနန္ကေျပာဆိုပါတယ္။

Geralish ရဲ႕ ယခုရာသီ ၿပိဳင္ပြဲစုံ စြမ္းေဆာင္မႈ အေနအထားကေတာ့ ပြဲ – ၃၀ ကစားထားၿပီး၊ ၉ ဂိုး သြင္းထားကာ၊ ဂိုးဖန္တီးမႈ – ၆ ႀကိမ္ လုပ္ေဆာင္ထားပါတယ္။ James Maddison ရဲ႕ ယခုရာသီ ၿပိဳင္ပြဲစုံ စြမ္းေဆာင္မႈ အေနအထားကေတာ့ ၃၈ ပြဲကစားထားၿပီး၊ ၉ ဂိုးသြင္းထားကာ၊ ဂိုးဖန္တီးမႈ – ၄ ႀကိမ္ လုပ္ေဆာင္ထားပါတယ္။ ယူႏိုက္တက္ အသင္း ေ႐ြးခ်ယ္ထားတဲ့ ေနာက္ထပ္ကစားသမားေတြအေၾကာင္း လည္း တင္ဆက္ေပးခ်င္ပါတယ္။ ယူႏိုက္တက္ဟာ အဂၤလန္ပရီးမီးယားလိဂ္ ရဲ႕ နာမည္ေက်ာ္ တိုက္စစ္မႈး ေတြအျပင္ အျခားေသာ ဥေရာပနာမည္ႀကီးတိုက္စစ္မႈးေတြကိုလည္း ခ်ိတ္ဆက္လ်က္ ရွိေနၿပီး လာမယ့္ရာသီမွာ အေတာင့္တင္းဆုံးပုံစံနဲ႔ လိဂ္ဖလား ရယူႏိုင္ဖို႔ႀကိဳးပမ္းလ်က္ရွိေနပါတယ္။

စပါးရဲ႕ အဂၤလန္သား ဟယ္ရီကိန္းဟာ ဟိုေဆး လက္ေအာက္မွာ မေပ်ာ္မ႐ႊင္ျဖစ္ေနၿပီး အသင္းေျပာင္းဖို႔တာဆူေနပါတယ္။ ဒဏ္ရာေၾကာင့္အနားယူေနရတဲ့ စပါးတိုက္စစ္မႈးဟာ လိဂ္ရဲ႕ ထိပ္တန္းအဆင့္ ဂိုးသြင္းရွင္ျဖစ္သလို ႏိုင္ငံအသင္းမွာလည္း ထာဝရဂိုးသြင္းအမ်ားဆုံးကစားသမားျဖစ္တဲ့ ဝိန္း႐ြန္းနီ ရဲ႕ စံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ဖို႔ နာမည္ႀကီးေနသူပါ။ ယူႏိုက္တက္ ပရိတ္သတ္ေဟာင္း တစ္ေယာက္ျဖစ္တဲ့ ကိန္း အတြက္ ယူႏိုက္တက္ မွာ သာ ကစားခြင့္ရခဲ့မယ္ဆိုရင္ ဝိန္း ရဲ႕ စံခ်ိန္ကို ေက်ာ္ျဖတ္ဖို႔ ႀကိဳးစားလာမွာအေသအခ်ာပါပဲ။ဒါေပမယ့္လည္း ညႇိႏႈိင္းရခက္တဲ့ လီဗိုင္း က လိဂ္ၿပိဳင္ဘက္ ကို ေရာင္းခ်ပါ့မလား။

ေဒါ့မြန္တိုက္စစ္မႈးေဟာင္း အူဘာမီးယန္းက အာဆင္နယ္ မွာ ေျခစြမ္းျပေနေပမယ့္လည္း ဆုဖလားေတြအတြက္ေတာ့ အသင္းေျပာင္းဖို႔လိုအပ္ေနၿပီလို႔ေတြးထင္ေနပါတယ္။ အာဆင္နယ္ အသင္းရဲ႕ ေျပာင္းလဲေရး ေတြကို အယုံၾကည္မရွိေတာ့တဲ့ အူဘာမီးယန္း ကိုလည္း ယူႏိုက္တက္က ေခၚဖို႔စဥ္းစားေနပါတယ္။
လိုင္ယြန္ ရဲ႕ ျပင္သစ္ သား မူဆာဒမ္ဘီလီကို ဥေရာပတစ္လႊားက အသင္းႀကီးေတြမ်က္စိက်ေနပါတယ္။ သူ႔ကိုလည္း ယူႏိုက္တက္ က ကာလရွည္ေစာင့္ၾကည့္ ေနၿပီး ေခၚယူဖို႔ပစ္မွတ္ထားလ်က္ရွိပါတယ္။