ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ပူးပေါင်းကြတဲ့ ယူနိုက်တက်နဲ့မန်စီးတီးအသင်း

0
268
photo internet

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အလှူတွေလုပ်ဖို့လိုအပ်နေတာကြောင့် ယူနိုက်တက်အသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ကလည်း ပူးပေါင်းပြီးအလှူဒါနတွေ ပြုလုပ်နေကြပါပြီ။ အင်္ဂလန်နိုင်ငံမှာ စားသောက်ဆိုင် နဲ့ ကော်ဖီဆိုင်တွေ ပိတ်ထားတာကြောင့် လူအချို့စားဖို့သောက်ဖို့အတွက် တော်တော်လေးကို ဒုက္ခရောက်ကြပါတယ်။ လူမှုဖူလုံရေးအသင်းတွေအနေနဲ့လည်း ဒီလိုအခြေအနေမျိုးမှာ အစားအသောက်တွေကို ပုံမှန်ပေးနေကြထက် ပိုပေးရတဲ့အတွက် တော်တော်လေးကို ရုန်းကန်နေကြရပါတယ်။

photo internet

အခုဆိုရင် မန်ချက်စတာမြို့ခံပြိုင်ဘက်နှစ်သင်းဖြစ်တဲ့ ယူနိုက်တက်နဲ့မန်စီးတီးအသင်းတို့ ပူးပေါင်းပြီးတော့ မန်ချက်စတာမြို့မှာရှိတဲ့ အစားအသောက်ပေးဝေရေးဌာနတွေဆီကို ပေါင် ၁ သိန်းလှူကြမှာဖြစ်ပါတယ်။ တစ်သင်းကို ပေါင် ၅ သောင်းစီစိုက်ပြီး အစားအသောက်လှူဒါန်းရေးဌာနပေါင်း ၁၂၀၀ အထိ ဖွင့်ထားနိုင်တဲ့ ထရက်စ်ဆဲလ် ထရက်စ်ကို(Trussell Trust) လှူဖို့လုပ်နေကြပါတယ်။ ထရက်စ်ဆဲလ်ထရက်စ်ဟာ မန်ချက်စတာမြို့မှာ အစားအသောက်လှူဒါန်းရေးဌာနပေါင်း ၁၂ ခုအထိ ဖွင့်လှစ်ထားခဲ့ပါတယ်။

photo internet

တကယ်တမ်းတော့ မန်ချက်စတာယူနိုက်တက်ပွဲပဲဖြစ်ဖြစ်၊ မန်ချက်စတာစီးတီးပွဲပဲဖြစ်ဖြစ် ကစားတယ်ဆိုရင် ပရိသတ်တွေဆီကနေ အစားအသောက်တွေကို အလှူခံလေ့ရှိပေမယ့် အခုလိုပွဲတွေရပ်နားထားတဲ့အခါမှာ ဒီလိုအလှူခံဌာနတွေဖွင့်မရတာကြောင့် မန်ချက်စတာနှစ်သင်းပေါင်းပြီး လှူဖို့လုပ်နေတာပါ။

photo internet

မန်ချက်စတာနှစ်သင်းပူးပေါင်း ပြီးလှူတဲ့အပေါ် Trussel Trust ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရေချယ် မက်ကလင်းက “ကျွန်တော်တို့ရဲ့ အစားအသောက်လှူဒါန်းရေးဌာနတွေမှာ အကူအညီတွေအများကြီးလိုနေပါတယ်။ အခုတော့ မန်ချက်စတာနှစ်သင်းပေါင်းပြီး အကူအညီပေးနေတဲ့အတွက် တကယ်ကိုကျေးဇူးတင်မိပါတယ်။”ဆိုပြီး ပြောဆိုပါတယ်။

photo internet

(Zawgyi Version)

ကို႐ိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္ၿပီး ပူးေပါင္းၾကတဲ့ ယူႏိုက္တက္နဲ႔မန္စီးတီးအသင္း

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အလွဴေတြလုပ္ဖို႔လိုအပ္ေနတာေၾကာင့္ ယူႏိုက္တက္အသင္းနဲ႔ မန္ခ်က္စတာစီးတီးအသင္းတို႔ကလည္း ပူးေပါင္းၿပီးအလႉဒါနေတြ ျပဳလုပ္ေနၾကပါၿပီ။ အဂၤလန္ႏိုင္ငံမွာ စားေသာက္ဆိုင္ နဲ႔ ေကာ္ဖီဆိုင္ေတြ ပိတ္ထားတာေၾကာင့္ လူအခ်ဳိ႕စားဖို႔ေသာက္ဖို႔အတြက္ ေတာ္ေတာ္ေလးကို ဒုကၡေရာက္ၾကပါတယ္။ လူမႈဖူလုံေရးအသင္းေတြအေနနဲ႔လည္း ဒီလိုအေျခအေနမ်ိဳးမွာ အစားအေသာက္ေတြကို ပုံမွန္ေပးေနၾကထက္ ပိုေပးရတဲ့အတြက္ ေတာ္ေတာ္ေလးကို ႐ုန္းကန္ေနၾကရပါတယ္။

အခုဆိုရင္ မန္ခ်က္စတာၿမိဳ႕ခံၿပိဳင္ဘက္ႏွစ္သင္းျဖစ္တဲ့ ယူႏိုက္တက္နဲ႔မန္စီးတီးအသင္းတို႔ ပူးေပါင္းၿပီးေတာ့ မန္ခ်က္စတာၿမိဳ႕မွာရွိတဲ့ အစားအေသာက္ေပးေဝေရးဌာနေတြဆီကို ေပါင္ ၁ သိန္းလႉၾကမွာျဖစ္ပါတယ္။ တစ္သင္းကို ေပါင္ ၅ ေသာင္းစီစိုက္ၿပီး အစားအေသာက္လႉဒါန္းေရးဌာနေပါင္း ၁၂၀၀ အထိ ဖြင့္ထားႏိုင္တဲ့ ထရက္စ္ဆဲလ္ ထရက္စ္ကို(Trussell Trust) လႉဖို႔လုပ္ေနၾကပါတယ္။ ထရက္စ္ဆဲလ္ထရက္စ္ဟာ မန္ခ်က္စတာၿမိဳ႕မွာ အစားအေသာက္လႉဒါန္းေရးဌာနေပါင္း ၁၂ ခုအထိ ဖြင့္လွစ္ထားခဲ့ပါတယ္။

တကယ္တမ္းေတာ့ မန္ခ်က္စတာယူႏိုက္တက္ပြဲပဲျဖစ္ျဖစ္၊ မန္ခ်က္စတာစီးတီးပြဲပဲျဖစ္ျဖစ္ ကစားတယ္ဆိုရင္ ပရိသတ္ေတြဆီကေန အစားအေသာက္ေတြကို အလႉခံေလ့ရွိေပမယ့္ အခုလိုပြဲေတြရပ္နားထားတဲ့အခါမွာ ဒီလိုအလႉခံဌာနေတြဖြင့္မရတာေၾကာင့္ မန္ခ်က္စတာႏွစ္သင္းေပါင္းၿပီး လႉဖို႔လုပ္ေနတာပါ။

မန္ခ်က္စတာႏွစ္သင္းပူးေပါင္း ၿပီးလွဴတဲ့အေပၚ Trussel Trust ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ေရခ်ယ္ မက္ကလင္းက “ကြၽန္ေတာ္တို႔ရဲ႕ အစားအေသာက္လႉဒါန္းေရးဌာနေတြမွာ အကူအညီေတြအမ်ားႀကီးလိုေနပါတယ္။ အခုေတာ့ မန္ခ်က္စတာႏွစ္သင္းေပါင္းၿပီး အကူအညီေပးေနတဲ့အတြက္ တကယ္ကိုေက်းဇူးတင္မိပါတယ္။”ဆိုၿပီး ေျပာဆိုပါတယ္။