ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယူနိုက်တက်ဘယ်လိုဖြစ်မလဲ?

0
70
photo internet

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးလောကလည်း တိတ်ဆိတ်ငြိမ်သက်သွားပါပြီ။ အဲဒီတိတ်ဆိတ်ငြိမ်သက် တာရဲ့ နောက်မှာ ဆုံးရှုံးနစ်နာစရာကိစ္စများစွာရှိပါတယ်။ ဒီလိုအနေအထားမှာ ယူနိုက်တက်ရဲ့လားရာ ဘယ်လိုဖြစ်နိုင်သလဲဆိုတာ တင်ဆက်ပေးပါမယ်။ နယူးယောက်စတော့ဈေးကွက်မှာ ကိုရိုနာရဲ့ ရိုက်ခက်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ယူနိုက်တက်ရဲ့ရှယ်ယာတန်ဖိုးဟာ (၁)ဘီလီယံလောက်အထိ လျော့ကျသွားဖို့ရှိနေ တယ်လို့ သိရပါတယ်။ ယူနိုက်တက်ရဲ့ ရှယ်ယာတစ်ခုချင်းစီရဲ့တန်ဖိုးဟာ၊ အရင်က တစ်ခုကို စတာလင်ပေါင်(၂၀)ဒေါ်လာစီရှိခဲ့ပေမယ့် အခုအခါမှာတော့ ကိုရိုနာကမ္ဘာ့ကပ်ရောဂါရဲ့ ရိုက်ခက်မှုကြောင့် ရှယ်ယာတစ်ခုကို စတာလင်ပေါင် (၁၃)ဒေါ်လာအထိကျဆင်းသွားခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ အခုလိုရှယ်ယာဈေးနှုန်းကျဆင်းမှုဟာယူနိုက်တက်အပေါ်အကျိုးသက်ရောက်မှု အနည်းငယ်သာ ရှိလာလိမ့်မယ်လို့ ဘောလုံးဘဏ္ဍာရေးကျွမ်းကျင်သူ တချို့ကဆိုပါတယ်။

photo internet

ဒါ့ကြောင့်အခုလို ရှယ်ယာ ဈေးနှုန်းကျဆင်းမှုှုဟာ ကလပ်ရဲ့ တစ်နေ့တာလုပ်ငန်းဆောင်တာတွေအပေါ် မှာလည်း အကျိုး သက်ရောက်မှုတွေရှိနေစေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် စပွန်ဆာပေးတဲ့ကုမ္ပဏီတွေက အကောင်းဆုံးဆက်လက်ထောက်ပံ့ပေးနိုင်ဖို့က နည်းနည်းအခက်အခဲတွေ့နိုင်ပါတယ်။ စပွန်ဆာပေးတဲ့ ကုမ္ပဏီတွေအနေနဲ့ကိုရိုနာကူးစက်ခံဒေသတွေကို ရန်ပုံငွေတွေပေးရတာမျိုးတွေရှိလာနိုင်သလို၊ စီးပွားရေးပိုင်းထိခ ိုက်လာလို့ ၎င်းတို့ရဲ့ ဝန်ထမ်းတွေကို အလုပ်ထွက်စေဖို့ ဖိအားပေးတာမျိုးတွေအထိ တောင်ရှိလာနိုင် ပါတယ်။ ဒါ့အပြင် ယူနိုက်တက်အနေနဲ့ အရှိန်ရနေတဲ့ ခြေစွမ်းတန့်သွားပြီး လာမယ့်ရာသီကို ဝင်ခွင့်ဆုံးရှုံးခဲ့ရင်တော့ ယူနိုက်တက်ဟာ ဝင်ငွေပိုင်းဆိုင်ရာ မှာ ကြီးမားတဲ့ဆုံးရှုံးမှု့ဖြစ်ပေါ်လာနိုင်သလို ကစားသမားခေါ်ယူရေးမှာ လည်း အခက်ခဲတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဆန်ချို လို ကစားသမားကိုခေါ်ယူဖို့ ယူနိုက်တက် အနေနဲ့ မဖြစ်မနေ လိုအပ်တာကြောင့် လာမယ့်ရာသီအတွက် ဥရောပဝင်ခွင့်ဟာ အသက်တမျှ အရေးကြီးတာလည်းဖြစ်ပါတယ်။ ခြေစွမ်းနဲ့စိတ်ဓာတ် အကောင်းဆုံးအချိန်ရောက်ရှိနေချိန်မှာမှ လိဂ်ကြောင့် ဝင်ခွင့်လွဲချော်သွားနိုင်တဲ့အနေထားဟာ ယူနိုက်တက်တာဝန်ရှိသူတွေ အဓိကစိုးရိမ်ပူပန်နေရတဲ့အရာ လည်းဖြစ်နေပါတယ်။

photo internet

ပရီးမီးယားလိဂ်နဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့သတင်းများအရတော့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဟာ ကျန်ရှိနေတဲ့ လက်ကျန်ပွဲစဉ်ပေါင်း ၉၂ပွဲကို တံခါးပိတ်ကျင်းပသွားဖို့ ရည်ရွယ်ထားပါတယ်။အဲဒီပွဲစဉ်တွေကို မတူညီတဲ့အချိန်တွေမှာကျင်းပသွားမှာဖြစ်တဲ့အတွက်ပရိတ်သတ်များအနေနဲ့ ပွဲစဉ်တိုင်းကိုTVမှာကြည့်ရှု အားပေးလို့ရမှာပါ။ပွဲစဉ်တွေကိုတော့အင်္ဂလန်နိုင်ငံအလယ်ပိုင်းကဘောလုံးကွင်း ၂ကွင်း၊၃ကွင်းမှာကျင်းပ သွားမှာဖြစ်ပါတယ်။လက်ခံကျင်းပမယ့်ဘောလုံးကွင်းတစ်ကွင်းဟာတစ်နေ့ကိုတစ်ပွဲထက်ပိုပြီးကျင်းပပေးသွားရမှာပါ။ကလပ်အသင်းတစ်သင်းစီဟာ၃ရက်ကို၁ပွဲနှုန်းနဲ့ကစားသွားရမှာပါ။ ကမ္ဘာ့ကပ်ရောဂါ ကြောင့် ယူနိုက်တက်အသင်းဟာ ကစားသမားတွေရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေကို ကာရင်တန်လေ့ကျင့်ရေး ကွင်းမှာပြုလုပ်ဖို့ကို ဖျက်သိမ်းခဲ့ပြီးတော့ ကစားသမားတိုင်းကို နေအိမ်မှာသာ သီးသန့်စီရှိနေစေခဲ့ တာဖြစ်ပါတယ်။

photo internet

ဒီလိုအသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေနဲ့ ပွဲတွေမရှိချိန်မှာ ယူနိုက်တက်ကစားသမားတွေ အနေနဲ့၎င်းတို့ရဲ့ ကိုယ်ခန္ဓာကြံ့ခိုင်မှုကို ထိန်းသိမ်းထားနိုင်ဖို့အရေးဟာ တော်တော်လေးကိုအရေးကြီးပါတယ်။ ဒါကြောင့် အချို့ကစားသမားတွေက သူတို့ဘာတွေလုပ်နေတယ်ဆိုတာ လူမှုကွန်ရက်ကနေမျှဝေထားကြပါတယ်။ လင်ဂတ်ဟာ၎င်းရဲ့နေအိမ်မှာ ကြံ့ခိုင်မှုအသားပေးလေ့ကျင့်ခန်းတွေကိုပြုလုပ်နေခဲ့တာဖြစ်ပြီးတော့ ပြိုင်ပွဲတွေပြန်စချိန်မှာ ကြှုံခိုင်မှုအကောင်းဆုံးမှာရှိနေစေဖို့ လေ့ကျင့်ခန်းတွေအပြင်းအထန်လုပ်နေတာကို တွေ့ခဲ့ရပါတယ်။ ပါရဲရားကတော့ ကြိုးနဲ့ ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းကို ပြုလုပ်နေတဲ့ ဗီဒီယိုဖိုင်ကို သူ့ရဲ့ အင်စတာဂရမ်မှာတင်ထားခဲ့တာဖြစ်ပါတယ်။ တစ်အိမ်တည်းအတူနေကြတဲ့ ဖာနန်ဒက်စ်နဲ့ဒါလော့တို့ကတော့ ၎င်းတို့နေအိမ်ခြံထဲမှာပဲ တစ်လှည့်စီဂိုးကန်သွင်းယူမှုတွေပြုလုပ်နေကြတဲ့ ဗီဒီယိုဖိုင်ကိုတင်ထားခဲ့ကြပါတယ်။

photo internet

(Zawgyi Version)

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ယူႏိုက္တက္ဘယ္လိုျဖစ္မလဲ?

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေဘာလုံးေလာကလည္း တိတ္ဆိတ္ၿငိမ္သက္သြားပါၿပီ။ အဲဒီတိတ္ဆိတ္ၿငိမ္သက္ တာရဲ႕ ေနာက္မွာ ဆုံးရႈံးနစ္နာစရာကိစၥမ်ားစြာရွိပါတယ္။ ဒီလိုအေနအထားမွာ ယူႏိုက္တက္ရဲ႕လားရာ ဘယ္လိုျဖစ္ႏိုင္သလဲဆိုတာ တင္ဆက္ေပးပါမယ္။ နယူးေယာက္စေတာ့ေဈးကြက္မွာ ကို႐ိုနာရဲ႕ ႐ိုက္ခက္မႈ တစ္စိတ္တစ္ပိုင္းအျဖစ္ ယူႏိုက္တက္ရဲ႕ရွယ္ယာတန္ဖိုးဟာ (၁)ဘီလီယံေလာက္အထိ ေလ်ာ့က်သြားဖို႔ရွိေန တယ္လို႔ သိရပါတယ္။ ယူႏိုက္တက္ရဲ႕ ရွယ္ယာတစ္ခုခ်င္းစီရဲ႕တန္ဖိုးဟာ၊ အရင္က တစ္ခုကို စတာလင္ေပါင္(၂၀)ေဒၚလာစီရွိခဲ့ေပမယ့္ အခုအခါမွာေတာ့ ကို႐ိုနာကမာၻ႔ကပ္ေရာဂါရဲ႕ ႐ိုက္ခက္မႈေၾကာင့္ ရွယ္ယာတစ္ခုကို စတာလင္ေပါင္ (၁၃)ေဒၚလာအထိက်ဆင္းသြားခဲ့တာပဲျဖစ္ပါတယ္။ ဒါေပမဲ့ အခုလိုရွယ္ယာေဈးႏႈန္းက်ဆင္းမႈဟာယူႏိုက္တက္အေပၚအက်ိဳးသက္ေရာက္မႈ အနည္းငယ္သာ ရွိလာလိမ့္မယ္လို႔ ေဘာလုံးဘ႑ာေရးကြၽမ္းက်င္သူ တခ်ိဳ႕ကဆိုပါတယ္။ ဒါ့ေၾကာင့္အခုလို ရွယ္ယာ ေဈးႏႈန္းက်ဆင္းမႈွုဟာ ကလပ္ရဲ႕ တစ္ေန႔တာလုပ္ငန္းေဆာင္တာေတြအေပၚမွာလည္း အက်ိဳး သက္ေရာက္မႈေတြရွိေနေစမွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။ ဒါေပမယ့္ စပြန္ဆာေပးတဲ့ကုမၸဏီေတြက အေကာင္းဆုံးဆက္လက္ေထာက္ပံ့ေပးႏိုင္ဖို႔က နည္းနည္းအခက္အခဲေတြ႕ႏိုင္ပါတယ္။ စပြန္ဆာေပးတဲ့ ကုမၸဏီေတြအေနနဲ႔ကို႐ိုနာကူးစက္ခံေဒသေတြကို ရန္ပုံေငြေတြေပးရတာမ်ိဳးေတြရွိလာႏိုင္သလို၊ စီးပြားေရးပိုင္းထိခ ိုက္လာလို႔ ၎တို႔ရဲ႕ ဝန္ထမ္းေတြကို အလုပ္ထြက္ေစဖို႔ ဖိအားေပးတာမ်ိဳးေတြအထိေတာင္ရွိလာႏိုင္ပါတယ္။
ဒါ့အျပင္ ယူႏိုက္တက္အေနနဲ႔ အရွိန္ရေနတဲ့ ေျခစြမ္းတန႔္သြားၿပီး လာမယ့္ရာသီကို ဝင္ခြင့္ဆုံးရႈံးခဲ့ရင္ေတာ့ ယူႏိုက္တက္ဟာ ဝင္ေငြပိုင္းဆိုင္ရာ မွာ ႀကီးမားတဲ့ဆုံးရႈံးမႈ႕ျဖစ္ေပၚလာႏိုင္သလို ကစားသမားေခၚယူေရးမွာ လည္း အခက္ခဲေတြ ျဖစ္ေပၚလာႏိုင္ပါတယ္။ ဆန္ခ်ိဳ လို ကစားသမားကိုေခၚယူဖို႔ ယူႏိုက္တက္ အေနနဲ႔ မျဖစ္မေန လိုအပ္တာေၾကာင့္ လာမယ့္ရာသီအတြက္ ဥေရာပဝင္ခြင့္ဟာ အသက္တမွ် အေရးႀကီးတာလည္းျဖစ္ပါတယ္။ ေျခစြမ္းနဲ႔စိတ္ဓာတ္ အေကာင္းဆုံးအခ်ိန္ေရာက္ရွိေနခ်ိန္မွာမွ လိဂ္ေၾကာင့္ ဝင္ခြင့္လြဲေခ်ာ္သြားႏိုင္တဲ့အေနထားဟာ ယူႏိုက္တက္တာဝန္ရွိသူေတြ အဓိကစိုးရိမ္ပူပန္ေနရတဲ့အရာ လည္းျဖစ္ေနပါတယ္။
ပရီးမီးယားလိဂ္နဲ႔ပတ္သက္ၿပီး ထြက္ေပၚလာတဲ့သတင္းမ်ားအရေတာ့ ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္ဟာ က်န္ရွိေနတဲ့ လက္က်န္ပြဲစဥ္ေပါင္း ၉၂ပြဲကို တံခါးပိတ္က်င္းပသြားဖို႔ ရည္႐ြယ္ထားပါတယ္။အဲဒီပြဲစဥ္ေတြကို မတူညီတဲ့အခ်ိန္ေတြမွာက်င္းပသြားမွာျဖစ္တဲ့အတြက္ပရိတ္သတ္မ်ားအေနနဲ႔ ပြဲစဥ္တိုင္းကိုTVမွာၾကည့္ရႈအားေပးလို႔ရမွာပါ။ပြဲစဥ္ေတြကိုေတာ့အဂၤလန္ႏိုင္ငံအလယ္ပိုင္းကေဘာလုံးကြင္း ၂ကြင္း၊၃ကြင္းမွာက်င္းပသြားမွာျဖစ္ပါတယ္။ လက္ခံက်င္းပမယ့္ေဘာလုံးကြင္းတစ္ကြင္းဟာတစ္ေန႔ကိုတစ္ပြဲထက္ပိုၿပီးက်င္းပေပးသြားရမွာပါ။ကလပ္အသင္းတစ္သင္းစီဟာ၃ရက္ကို၁ပြဲႏႈန္းနဲ႔ကစားသြားရမွာပါ။
ကမာၻ႔ကပ္ေရာဂါေၾကာင့္ ယူႏိုက္တက္အသင္းဟာ ကစားသမားေတြရဲ႕ေလ့က်င့္ခန္းအစီအစဥ္ေတြကို ကာရင္တန္ေလ့က်င့္ေရးကြင္းမွာျပဳလုပ္ဖို႔ကို ဖ်က္သိမ္းခဲ့ၿပီးေတာ့ ကစားသမားတိုင္းကို ေနအိမ္မွာသာ သီးသန႔္စီရွိေနေစခဲ့တာျဖစ္ပါတယ္။ ဒီလိုအသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္ေတြနဲ႔ ပြဲေတြမရွိခ်ိန္မွာ ယူႏိုက္တက္ကစားသမားေတြ အေနနဲ႔၎တို႔ရဲ႕ ကိုယ္ခႏၶာႀကံ့ခိုင္မႈကို ထိန္းသိမ္းထားႏိုင္ဖို႔အေရးဟာ ေတာ္ေတာ္ေလးကိုအေရးႀကီးပါတယ္။ ဒါေၾကာင့္ အခ်ိဳ႕ကစားသမားေတြက သူတို႔ဘာေတြလုပ္ေနတယ္ဆိုတာ လူမႈကြန္ရက္ကေနမွ်ေဝထားၾကပါတယ္။ လင္ဂတ္ဟာ၎ရဲ႕ေနအိမ္မွာ ႀကံ့ခိုင္မႈအသားေပးေလ့က်င့္ခန္းေတြကိုျပဳလုပ္ေနခဲ့တာျဖစ္ၿပီးေတာ့ ၿပိဳင္ပြဲေတြျပန္စခ်ိန္မွာ ၾကႇဳံခိုင္မႈအေကာင္းဆုံးမွာရွိေနေစဖို႔ ေလ့က်င့္ခန္းေတြအျပင္းအထန္လုပ္ေနတာကို ေတြ႕ခဲ့ရပါတယ္။ ပါရဲရားကေတာ့ ႀကိဳးနဲ႔ ျပဳလုပ္ရတဲ့ ေလ့က်င့္ခန္းကို ျပဳလုပ္ေနတဲ့ ဗီဒီယိုဖိုင္ကို သူ႔ရဲ႕ အင္စတာဂရမ္မွာတင္ထားခဲ့တာျဖစ္ပါတယ္။ တစ္အိမ္တည္းအတူေနၾကတဲ့ ဖာနန္ဒက္စ္နဲ႔ဒါေလာ့တို႔ကေတာ့ ၎တို႔ေနအိမ္ၿခံထဲမွာပဲ တစ္လွည့္စီဂိုးကန္သြင္းယူမႈေတြျပဳလုပ္ေနၾကတဲ့ ဗီဒီယိုဖိုင္ကိုတင္ထားခဲ့ၾကပါတယ္။