၃၅ နှစ်ပြည့်မွေးနေ့မှာတောင် ကြိုးကြိုးစားစားလေ့ကျင့်နေခဲ့တဲ့ စီရော်နယ်ဒို

0
444

photo-gettyimages

photo-gettyimages

အသက်ဆိုတာ ကိန်းဂဏန်းတစ်ခုမျှသာဆိုတာကို စီရော်နယ်ဒိုက သူ့ရဲ့၃၅ နှစ်ပြည့်မွေးနေ့မှာ လေ့ကျင့်ဗီဒီယိုဖိုင်တစ်ခုနဲ့ ပြသခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ သူဟာ ၃၅ နှစ်ပြည့်ခဲ့ပေမယ့် ဂျူဗင်တပ်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေနဲ့အတူ မအားလပ်ခဲ့ပါဘူး။ ဒ့ါအပြင် မွေးနေ့ဆိုပြီး ပေါ့ပေါ့ပါးပါးမဖြတ်သန်းခဲ့ဘဲ ဂျူဗင်တပ်အတွက် လေ့ကျင့်ခန်းအစီအစဉ်တွေကို ပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့တာပါ။

photo-marca

တစ်နည်းအားဖြင့် သူဟာ ၃၅ နှစ်ပြည့်မွေးနေ့မှာတောင် လေ့ကျင့်မပျက်ခဲ့ပါဘူး။ ဒီလိုမျိုး သူများထက်ကို ပိုပြီးကြိုးကြိုးစားစားနဲ့ လေ့ကျင့်မှုတွေပြုလုပ်ခဲ့တာကြောင့်လည်း ခုချိန်ခါမှာ စီရော်နယ်ဒိုဆိုတဲ့ နာမည်တစ်လုံးကို တည်ဆောက်ထားနိုင်ခဲ့တာပါ။ သူဟာ မွေးနေ့မှာ ဂျူဗင်တပ်အတွက် လေ့ကျင့်နေတဲ့ဗီဒီယိုဖိုင်ကို ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Instagram ပေါ်တင်ခဲ့ပြီး အဲဒီမှာ ‘Happy birthday to me’ လို့လည်း caption ထိုးခဲ့ပါတယ်။

photo-gettyimages

ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၅ ရက်နေ့မှာ မွေးနေ့ကျရောက်ခဲ့တဲ့ ကမ္ဘာကျော်ဘောလုံးသမားက စီရော်နယ်ဒိုတစ်ယောက်တည်း မဟုတ်ပါဘူး။ ပီအက်စ်ဂျီတိုက်စစ်မှုးဟောင်းနေမာနဲ့ မန်ယူတိုက်စစ်မှုးဟောင်းကားလို့စ်တေဗက်ဇ်တို့ဟာလည်း အဲဒီနေ့မှာ မွေးဖွားခဲ့သူတွေ ဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ အသက်အရွယ်သာရလာပေမယ့် ဂျူဗင်တပ်အတွက် အရေးပါဆုံးသူဖြစ်နေဆဲဖြစ်ပြီး ဒီရာသီ စီးရီးအေမှာ ၁၉ ဂိုးသွင်းယူပေးထားပါတယ်။

[Zawgyi]

၃၅ ႏွစ္ျပည့္ေမြးေန႔မွာေတာင္ ႀကိဳးႀကိဳးစားစားေလ့က်င့္ေနခ့ဲတဲ့ စီေရာ္နယ္ဒို

အသက္ဆိုတာ ကိန္းဂဏန္းတစ္ခုမွ်သာဆိုတာကို စီေရာ္နယ္ဒိုက သူ႔ရဲ႕၃၅ ႏွစ္ျပည့္ေမြးေန႔မွာ ေလ့က်င့္ဗီဒီယိုဖိုင္တစ္ခုနဲ႔ ျပသခဲ့ပါတယ္။ ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔မွာ သူဟာ ၃၅ ႏွစ္ျပည့္ခဲ့ေပမယ့္ ဂ်ဴဗင္တပ္အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္ေတြနဲ႔အတူ မအားလပ္ခဲ့ပါဘူး။ ဒ့ါအျပင္ ေမြးေန႔ဆုိၿပီး ေပါ့ေပါ့ပါးပါးမျဖတ္သန္းခဲ့ဘဲ ဂ်ဴဗင္တပ္အတြက္ ေလ့က်င့္ခန္းအစီအစဥ္ေတြကို ျပင္းျပင္းထန္ထန္ျပဳလုပ္ခဲ့တာပါ။

တစ္နည္းအားျဖင့္ သူဟာ ၃၅ ႏွစ္ျပည့္ေမြးေန႔မွာေတာင္ ေလ့က်င့္မပ်က္ခဲ့ပါဘူး။ ဒီလိုမ်ိဳး သူမ်ားထက္ကို ပိုၿပီးႀကိဳးႀကိဳးစားစားနဲ႔ ေလ့က်င့္မႈေတြျပဳလုပ္ခဲ့တာေၾကာင့္လည္း ခုခ်ိန္ခါမွာ စီေရာ္နယ္ဒိုဆုိတဲ့ နာမည္တစ္လုံးကို တည္ေဆာက္ထားႏိုင္ခဲ့တာပါ။ သူဟာ ေမြးေန႔မွာ ဂ်ဴဗင္တပ္အတြက္ ေလ့က်င့္ေနတဲ့ဗီဒီယိုဖိုင္ကို ဆုိရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Instagram ေပၚတင္ခဲ့ၿပီး အဲဒီမွာ ‘Happy birthday to me’ လို႔လည္း caption ထုိးခဲ့ပါတယ္။

ၿပီးခဲ့တဲ့ေဖေဖာ္၀ါရီ ၅ ရက္ေန႔မွာ ေမြးေန႔က်ေရာက္ခဲ့တဲ့ ကမာၻေက်ာ္ေဘာလုံးသမားက စီေရာ္နယ္ဒိုတစ္ေယာက္တည္း မဟုတ္ပါဘူး။ ပီအက္စ္ဂ်ီတိုက္စစ္မႈးေဟာင္းေနမာနဲ႔ မန္ယူတုိက္စစ္မႈးေဟာင္းကားလို႔စ္ေတဗက္ဇ္တို႔ဟာလည္း အဲဒီေန႔မွာ ေမြးဖြားခဲ့သူေတြ ျဖစ္ပါတယ္။ စီေရာ္နယ္ဒိုဟာ အသက္အရြယ္သာရလာေပမယ့္ ဂ်ဴဗင္တပ္အတြက္ အေရးပါဆုံးသူျဖစ္ေနဆဲျဖစ္ၿပီး ဒီရာသီ စီးရီးေအမွာ ၁၉ ဂိုးသြင္းယူေပးထားပါတယ္။