ရှုံးထွက်အဆင့်အတွက် ယူရိုပါလိဂ်လူစာရင်းမှာ အစ်ဟာလိုကို ထည့်သွင်းလိုက်တဲ့ မန်ယူ

0
688

photo-man u

photo-man u

ရှုံးထွက်အဆင့်အတွက် ယူရိုပါလိဂ်လူစာရင်းမှာ မန်ယူအသင်းဟာ သူတို့ရဲ့ကစားသမားသစ်အစ်ဟာလိုကို ထည့်သွင်းလိုက်ပါတယ်။ မန်ယူဟာ အဓိကတိုက်စစ်မှုးရက်ရှ်ဖို့ဒ်ရဲ့ကျောဒဏ်ရာပြသနာကြောင့် ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာ အသက် ၃၀ အရွယ် အဲဒီနိုင်ဂျီးရီးယားတိုက်စစ်မှုးကို တရုတ်စူပါလိဂ်ကလပ်ရှန်ဟိုင်းရှင်ဟွာကနေ အငှားနဲ့ ခေါ်ယူခဲ့တာပါ။ မန်ယူဟာ မနေ့ညကပဲ ကျော့နံပါတ် ၂၅ နဲ့အတူ အစ်ဟာလိုကို မိတ်ဆက်မှုပြုလုပ်ခဲ့ပါတယ်။

photo-manchester evening news

ရှုံးထွက်အဆင့်အတွက် ၂၅ ဦးပါလူစာရင်းကို တင်သွင်းတော့ မန်ယူဟာ မန်ယူဟာ အပြောင်းအလဲ ၃ ခုသာ ပြုလုပ်ခဲ့တာပါ။ အဲဒါကတော့ ပြီးခဲ့တဲ့ဇန်နဝါရီမှာ ခေါ်ယူခဲ့တဲ့ ကစားသမားသစ် ၃ ယောက်စလုံးကို ယူရိုပါလိဂ်လူစာရင်းမှာ ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် အစ်ဟာလိုနဲ့အတူ စပို့တင်းက ပြောင်းလာတဲ့ ကွင်းလယ်လူဖာနန်ဒက်စ်၊ ဆောက်အန့်က ပြောင်းလာတဲ့ ဂိုးသမားနသန်ဘစ်ရှော့တို့ဟာ မန်ယူူရဲ့ယူရိုပါလိဂ်လူစာရင်းမှာ ပါဝင်လာကြတာပါ။ သူတို့ကိုထည့်သွင်းပြီး အသင်းပြောင်းသွားကြတဲ့ အက်ရှ်လေယန်းနဲ့ ရိုဂျိုတို့ကို လူစာရင်းကနေ ဖယ်ထုတ်လိုက်ပါတယ်။

photo-gettyimages

မန်ယူဟာ ယူရိုပါလိဂ်ရဲ့၃၂ သင်းရှုံးထွက်အဆင့်မှာ ဘယ်လ်ဂျီယံကလပ်ဘရုဂျက်နဲ့ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဘရုဂျက်နဲ့ပထမအကျော့ကို လာမယ့်ဖေဖော်ဝါရီ ၂၀ မှာ အဝေးကွင်းအဖြစ် သွားကစားရမှာပါ။

[Zawgyi]

ရံႈးထြက္အဆင့္အတြက္ ယူရိုပါလိဂ္လူစာရင္းမွာ အစ္ဟာလိုကို ထည့္သြင္းလုိက္တဲ့ မန္ယူ

ရႈံးထြက္အဆင့္အတြက္ ယူရိုပါလိဂ္လူစာရင္းမွာ မန္ယူအသင္းဟာ သူတုိ႔ရဲ႕ကစားသမားသစ္အစ္ဟာလိုကို ထည့္သြငး္လိုက္ပါတယ္။ မန္ယူဟာ အဓိကတိုက္စစ္မႈးရက္ရွ္ဖို႔ဒ္ရဲ႕ေက်ာဒဏ္ရာျပသနာေၾကာင့္ ၿပီးခဲ့တဲ့ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ အသက္ ၃၀ အရြယ္ အဲဒီႏိုင္ဂ်ီးရီးယားတုိက္စစ္မႈးကို တရုတ္စူပါလိဂ္ကလပ္ရွန္ဟိုင္းရွင္ဟြာကေန အငွားနဲ႔ ေခၚယူခဲ့တာပါ။ မန္ယူဟာ မေန႔ညကပဲ ေက်ာ့နံပါတ္ ၂၅ နဲ႔အတူ အစ္ဟာလိုကို မိတ္ဆက္မႈျပဳလုပ္ခဲ့ပါတယ္။

ရႈံးထြက္အဆင့္အတြက္ ၂၅ ဦးပါလူစာရင္းကို တင္သြင္းေတာ့ မန္ယူဟာ မန္ယူဟာ အေျပာင္းအလဲ ၃ ခုသာ ျပဳလုပ္ခဲ့တာပါ။ အဲဒါကေတာ့ ၿပီးခဲ့တဲ့ဇန္န၀ါရီမွာ ေခၚယူခဲ့တဲ့ ကစားသမားသစ္ ၃ ေယာက္စလုံးကို ယူရုိပါလိဂ္လူစာရင္းမွာ ထည့္သြင္းလုိက္တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အစ္ဟာလိုနဲ႔အတူ စပို႔တင္းက ေျပာင္းလာတဲ့ ကြင္းလယ္လူဖာနန္ဒက္စ္၊ ေဆာက္အန္႔က ေျပာင္းလာတဲ့ ဂိုးသမားနသန္ဘစ္ေရွာ႔တုိ႔ဟာ မန္ယူူရဲ႕ယူရိုပါလိဂ္လူစာရင္းမွာ ပါ၀င္လာၾကတာပါ။ သူတို႔ကိုထည့္သြငး္ၿပီး အသင္းေျပာင္းသြားၾကတဲ့ အက္ရွ္ေလယန္းနဲ႔ ရိုဂ်ိဳတို႔ကို လူစာရင္းကေန ဖယ္ထုတ္လုိက္ပါတယ္။

မန္ယူဟာ ယူရိုပါလိဂ္ရဲ႕၃၂ သင္းရံႈးထြက္အဆင့္မွာ ဘယ္လ္ဂ်ီယံကလပ္ဘရုဂ်က္နဲ႔ရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။ ဘရုဂ်က္နဲ႔ပထမအေက်ာ့ကို လာမယ့္ေဖေဖာ္၀ါရီ ၂၀ မွာ အေ၀းကြင္းအျဖစ္ သြားကစားရမွာပါ။