ယူနိုက်တက် 5 ဂိုးသွင်းနိုင်ခဲ့တဲ့ပွဲအပြီး ဘယ်သူတွေဘာတွေပြောခဲ့ကြသလဲ?

0
281
photo internet

ယူရိုပါလိဂ်ဒုတိယအကျော့ပွဲစဉ်အဖြစ် ယူနိုက်တက်နဲ့ ကလပ်ဘရုချ်တို့ကစားခဲ့တဲ့ပွဲမှာ သရဲနီတို့ဟာ (၅-ဝ) ဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ကလပ်ဘရုဂျ်ကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာတော့ နည်းပြဆိုးလ်ရှားကအခုလိုပြောပါတယ်။”ကျွန်တော်တို့ တစ်ဖက်အသင်းကို ဂိုးမပေးခဲ့ရပါဘူး။ ဒါဟာ အရမ်းအရေးကြီးခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ ကစားလိုတဲ့ နည်းလမ်းအတိုင်း ကစားခဲ့ပါတယ်။ ကလေးတွေလည်း ပျော်ခဲ့ကြပါတယ်။ သူတို့ဟာ ယုံကြည်မှုနဲ့အတူကစားခဲ့ကြပါတယ်။ ဒါဟာ ကျွန်တော်တို့လိုချင်တဲ့အရာပါပဲ။ ကစားသမားအသစ်တွေလည်းဒီပွဲမှာခြေစွမ်းပြနိုင်ခဲ့ကြပါတယ်။ ကျွန်တော်တို့အာရုံစူးစိုက်မှုကောင်းကောင်းနဲ့အတူ ပွဲကို စနိုင်ခဲ့တယ်။ ပြီးတော့ ကောင်းမွန်တဲ့ စည်းချက်တွေ၊ပုံစံတွေနဲ့ကွင်းထဲမှာနေရာယူနိုင်ခဲ့ပါတယ်။ ချီးကျူးလောက်စရာကောင်းတဲ့သွင်း ဂိုးတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ကစားသမားအသစ်အီဟာလိုနဲ့ပတ်သက်ပြီးပြောရရင်တော့ သူက ရှေ့မှာကစားခဲ့သလို ဂိုးကိုကျောပေးပြီးတော့လည်း ကစားနိုင်ခဲ့ပါတယ်။ သူ့ဆီမှာကျွန်တော်တို့ လိုချင်တဲ့အရာအတွက် ဒီ သွင်းဂိုးက နမူနာဖြစ်ခဲ့ပါတယ်။ အီဟာလိုကိုခေါ်လိုက်တာကြောင့် ကျွန်တော်တို့ဘာတွေရခဲ့လဲဆိုတာလည်း သိလိုက်ရပါတယ်။သူဟာ ဘောလုံးကိုလည်း အကောင်းဆုံးကိုယ်တွယ်ကစားနိုင်ခဲ့ပါတယ်။ တကယ်လို့သူ ဒီပွဲမှာမပါဝင်ရင်တော့ ဂရင်းဝုဒ်ကစားသွားဖို့ ရှိပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာလည်း ကျွန်တော်တို့ နောက်တစ်ပွဲကစားဖို့ရှိပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့ပင်တော့ပင်ပန်းပါလိမ့်မယ်။”ဆိုပြီး နည်းပြ ဆိုးလ်ရှားကပြောပါတယ်။

photo internet

သရဲနီ ဂန္တဝင် ပေါလ်စခိုးကတော့ ဘရူနိုဖာနန်ဒက်စ် ကို အလွန် ထူးချွန်တဲ့ ကစားသမားလို့ ချီးကျူးပြောဆိုထားပါတယ်။ ဖာနန်ဒက်စ်ဟာ အဲဒီပွဲမှာ ယူနိုက်တက် အတွက် အဖွင့်ဂိုးကို ပင်နယ်တီ ကနေ တစ်ဆင့် သွင်းယူ ပေးခဲ့ပါတယ်။ “ဒါဟာ ပြီးပြည့်စုံတဲ့ ညတစ်ညပါ။ အရမ်း ကောင်းတဲ့ စွမ်းဆောင်ရည်တွေ အများကြီးပါ။ ဖာနန်ဒက်စ်ဟာ ချွန်ထွက် နေခဲ့ပြီး အသင်းရဲ့ ကစားအားကို ထိန်းချုပ် နိုင်ခဲ့ပါတယ်။ သူဟာ ယူနိုက်တက် ကို ပြန်လည် အသက်ဝင် စေတဲ့ ကစားသမားမျိုး ပါပဲ။ အကြိမ် တော်တော်များများ စောင့်ကြည့်ချင်စရာ မကောင်းဘဲ ဖြစ်နေတဲ့ ဒီအသင်းကိုဖာနန်ဒက်စ်ဟာ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အသင်း ဖြစ်လာ စေခဲ့ပြီး အခုချိန်မှာ ယူနိုက်တက် ဟာ တကယ့်ကို ကြည့်ကောင်းတဲ့ အသင်း ဖြစ်နေ ပါပြီ။ဖာနန်ဒက်လို ကစားသမား တစ်ဦး ကို ခေါ်ယူလိုက်တဲ့ အခါ ဒါဟာ အားလုံးကို စိတ်ဓာတ် တက်ကြွ စေပါတယ်။ များသောအားဖြင့် အခြားနိုင်ငံ တစ်နိုင်ငံ က လာတဲ့ သူတွေဟာ အထိုင်ကျဖို့ အချိန်ယူ ရပါတယ်။ ရာသီကုန်ထိ သူ ဒီလို ခြေစွမ်းကို ဆက်လက် ထိန်းသိမ်း ထားနိုင်ဖို့ မျှော်လင့် ပါတယ်။
ဖာနန်ဒက်စ် နဲ့ ပတ်သက်ပြီး ကျွန်တော် အရာအားလုံးကို သဘောကျ နေပါတယ်။ ဖန်တီးမှုပိုင်း ၊ ကွင်းထဲမှာ သူ့ရဲ့ သတိကောင်းမှု ၊ နိုးကြားမှုတွေကိုကြိုက်ပါတယ်။ ဘောလုံး သူ့ဆီကို မလာမီ ပတ်ဝန်းကျင်မှာ ဘာတွေ ရှိနေသလဲ ဆိုတာ သူသိနေ ပါတယ်။ အသင်းတိုင်းက ဘာကြောင့် ဖာနန်ဒက်စ်ကိုခေါ်ဖို့မလုပ်ဆောင်ခဲ့ ကြတာလဲ? ယူနိုက်တက်အနေနဲ့လည်းကြိုတင်ပြီးစောစောစီးစီးဘာကြောင့် ဖာနန်ဒက်စ်ကို မခေါ်နိုင်ခဲ့တာလဲဆိုတာ သိချင်ပါတယ်။”ဆိုပြီး ပေါလ်စခိုးကပြောပါတယ်။

photo internet

တိုက်စစ်မှူး အီဟာလိုကတော့ ယူနိုက်တက်အသင်းအတွက် ပထမဆုံးသွင်းဂိုးကို ပထမဆုံးပွဲထွက် ကစားတဲ့ပွဲမှာပဲသွင်းယူပေးခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ယူနိုက်တက် အသင်းအတွက်ဂိုးသွင်းပေးခဲ့တဲ့ ပထမဆုံးသော နိုင်ဂျီးရီးယားကစားသမားလည်းဖြစ်ခဲ့ ပါပြီ၊ ပွဲအပြီးအီဟာလိုရဲ့စကားသံကတော့ “ကျွန်တော့်အတွက် ကြီးကျယ်တဲ့အခိုက်အတန့်တစ်ခုဖြစ်ခဲ့ပါတယ်။ ကျွန်တော်စတင်ပွဲထွက်ကတည်းက ဒီလိုအခြေအနေကို စောင့်ခဲ့ရတာပါ။ အခုတော့ ပွဲချိန်ပြည့် စတင်ပွဲထွက်ခဲ့သလို ယူနိုက်တက်ကစားသမား ဘဝအနေနဲ့လည်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ပွဲမစခင်ကတည်းက အသင်းသားတွေနဲ့ကျွန်တော်စကားပြောခဲ့ပါသေးတယ်။ ပွဲအစကတည်းက ကျွန်တော်တို့ဟာ ပြိုင်ဘက်ကို ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ အခုတော့ နောက်တစ်ဆင့်ကို တက်နိုင်ခဲ့ပါပြီ။ ပထမဆုံး ဂိုးက အရာရာတိုင်းကို လမ်းဖွင့်နိုင်တယ်လေ။ ကျွန်တော်ဟာ ကလေးဘဝကတည်းက ဒီအသင်းကို အားပေးခဲ့တာဖြစ်ပါတယ်။ အခုတော့ အိပ်မက်တွေ လက်တွေ့အကောင်အ ထည်ဖော်လာနိုင်ခဲ့ပါပြီ။ ဒီအတွက်လည်း ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ကတိပေးထားတာရှိပါတယ်။ ကျွန်တော့် သွင်းဂိုးတိုင်းကို ဆုံးသွားခဲ့ပြီဖြစ်တဲ့ အစ်မဖြစ်သူအတွက်ရည်ရွယ်မယ်ဆို ပြီးတော့ပါ။ ကျွန်တော်ယူနိုက်တက်အတွက်အကောင်းဆုံးလုပ်နေတာကို အစ်မဖြစ်သူ တစ်နေရာရာကနေပြီးတော့စောင့်ကြည့်နေမှာပါ ။ ”ဆိုပြီး အီဟာလိုကပြောဆိုပါတယ်။

photo internet

(Zawgyi Version)

ယူႏိုက္တက္ 5 ဂိုးသြင္းႏိုင္ခဲ့တဲ့ပြဲအၿပီး ဘယ္သူေတြဘာေတြေျပာခဲ့ၾကသလဲ?

ယူ႐ိုပါလိဂ္ဒုတိယအေက်ာ့ပြဲစဥ္အျဖစ္ ယူႏိုက္တက္နဲ႔ ကလပ္ဘရုခ်္တို႔ကစားခဲ့တဲ့ပြဲမွာ သရဲနီတို႔ဟာ (၅-၀) ဆိုတဲ့ ရလဒ္နဲ႔ ျပတ္ျပတ္သားသား အႏိုင္ရခဲ့ၿပီး ေနာက္တစ္ဆင့္ကို တက္လွမ္းႏိုင္ခဲ့ပါတယ္။ ကလပ္ဘ႐ုဂ်္ကို အႏိုင္ရခဲ့တဲ့ပြဲအၿပီးမွာေတာ့ နည္းျပဆိုးလ္ရွားကအခုလိုေျပာပါတယ္။”ကၽြန္ေတာ္တို႔ တစ္ဖက္အသင္းကို ဂိုးမေပးခဲ့ရပါဘူး။ ဒါဟာ အရမ္းအေရးႀကီးခဲ့ပါတယ္။ ၿပီးေတာ့ ကၽြန္ေတာ္တို႔ ကစားလိုတဲ့ နည္းလမ္းအတိုင္း ကစားခဲ့ပါတယ္။ ကေလးေတြလည္း ေပ်ာ္ခဲ့ၾကပါတယ္။ သူတို႔ဟာ ယုံၾကည္မႈနဲ႔အတူကစားခဲ့ၾကပါတယ္။ ဒါဟာ ကၽြန္ေတာ္တို႔လိုခ်င္တဲ့အရာပါပဲ။ ကစားသမားအသစ္ေတြလည္းဒီပြဲမွာေျခစြမ္းျပႏိုင္ခဲ့ၾကပါတယ္။ ကၽြန္ေတာ္တို႔အာ႐ုံစူးစိုက္မႈေကာင္းေကာင္းနဲ႔အတူ ပြဲကို စႏိုင္ခဲ့တယ္။ ၿပီးေတာ့ ေကာင္းမြန္တဲ့ စည္းခ်က္ေတြ၊ပုံစံေတြနဲ႔ကြင္းထဲမွာေနရာယူႏိုင္ခဲ့ပါတယ္။ ခ်ီးက်ဴးေလာက္စရာေကာင္းတဲ့သြင္း ဂိုးေတြကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ ကစားသမားအသစ္အီဟာလိုနဲ႔ပတ္သက္ၿပီးေျပာရရင္ေတာ့ သူက ေရွ႕မွာကစားခဲ့သလို ဂိုးကိုေက်ာေပးၿပီးေတာ့လည္း ကစားႏိုင္ခဲ့ပါတယ္။ သူ႔ဆီမွာကၽြန္ေတာ္တို႔ လိုခ်င္တဲ့အရာအတြက္ ဒီ သြင္းဂိုးက နမူနာျဖစ္ခဲ့ပါတယ္။ အီဟာလိုကိုေခၚလိုက္တာေၾကာင့္ ကၽြန္ေတာ္တို႔ဘာေတြရခဲ့လဲဆိုတာလည္း သိလုိက္ရပါတယ္။သူဟာ ေဘာလုံးကိုလည္း အေကာင္းဆုံးကိုယ္တြယ္ကစားႏိုင္ခဲ့ပါတယ္။ တကယ္လို႔သူ ဒီပြဲမွာမပါ၀င္ရင္ေတာ့ ဂရင္းဝုဒ္ကစားသြားဖို႔ ရွိပါတယ္။ လာမယ့္ တနဂၤေႏြေန႔မွာလည္း ကၽြန္ေတာ္တို႔ ေနာက္တစ္ပြဲကစားဖို႔ရိွပါေသးတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔ပင္ေတာ့ပင္ပန္းပါလိမ့္မယ္။”ဆိုၿပီး နည္းျပ ဆုိးလ္ရွားကေျပာပါတယ္။
သရဲနီ ဂႏၲဝင္ ေပါလ္စခိုးကေတာ့ ဘ႐ူႏိုဖာနန္ဒက္စ္ ကို အလြန္ ထူးခြၽန္တဲ့ ကစားသမားလို႔ ခ်ီးက်ဴးေျပာဆိုထားပါတယ္။ ဖာနန္ဒက္စ္ဟာ အဲဒီပြဲမွာ ယူႏိုက္တက္ အတြက္ အဖြင့္ဂိုးကို ပင္နယ္တီ ကေန တစ္ဆင့္ သြင္းယူ ေပးခဲ့ပါတယ္။ “ဒါဟာ ၿပီးျပည့္စုံတဲ့ ညတစ္ညပါ။ အရမ္း ေကာင္းတဲ့ စြမ္းေဆာင္ရည္ေတြ အမ်ားႀကီးပါ။ ဖာနန္ဒက္စ္ဟာ ခြၽန္ထြက္ ေနခဲ့ၿပီး အသင္းရဲ႕ ကစားအားကို ထိန္းခ်ဳပ္ ႏိုင္ခဲ့ပါတယ္။ သူဟာ ယူႏိုက္တက္ ကို ျပန္လည္ အသက္ဝင္ ေစတဲ့ ကစားသမားမ်ိဳး ပါပဲ။ အႀကိမ္ ေတာ္ေတာ္မ်ားမ်ား ေစာင့္ၾကည့္ခ်င္စရာ မေကာင္းဘဲ ျဖစ္ေနတဲ့ ဒီအသင္းကိုဖာနန္ဒက္စ္ဟာ စိတ္လႈပ္ရွားစရာ ေကာင္းတဲ့ အသင္း ျဖစ္လာ ေစခဲ့ၿပီး အခုခ်ိန္မွာ ယူႏိုက္တက္ ဟာ တကယ့္ကို ၾကည့္ေကာင္းတဲ့ အသင္း ျဖစ္ေန ပါၿပီ။ဖာနန္ဒက္လို ကစားသမား တစ္ဦး ကို ေခၚယူလိုက္တဲ့ အခါ ဒါဟာ အားလုံးကို စိတ္ဓာတ္ တက္ႂကြ ေစပါတယ္။ မ်ားေသာအားျဖင့္ အျခားႏိုင္ငံ တစ္ႏိုင္ငံ က လာတဲ့ သူေတြဟာ အထိုင္က်ဖို႔ အခ်ိန္ယူ ရပါတယ္။ ရာသီကုန္ထိ သူ ဒီလို ေျခစြမ္းကို ဆက္လက္ ထိန္းသိမ္း ထားႏိုင္ဖို႔ ေမွ်ာ္လင့္ ပါတယ္။
ဖာနန္ဒက္စ္ နဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္ အရာအားလုံးကို သေဘာက် ေနပါတယ္။ ဖန္တီးမႈပိုင္း ၊ ကြင္းထဲမွာ သူ႔ရဲ႕ သတိေကာင္းမႈ ၊ ႏိုးၾကားမႈေတြကိုႀကိဳက္ပါတယ္။ ေဘာလုံး သူ႔ဆီကို မလာမီ ပတ္ဝန္းက်င္မွာ ဘာေတြ ရွိေနသလဲ ဆိုတာ သူသိေန ပါတယ္။ အသင္းတိုင္းက ဘာေၾကာင့္ ဖာနန္ဒက္စ္ကိုေခၚဖို႔မလုပ္ေဆာင္ခဲ့ ၾကတာလဲ? ယူနိုက္တက္အေနနဲ႔လည္းႀကိဳတင္ၿပီးေစာေစာစီးစီးဘာေၾကာင့္ ဖာနန္ဒက္စ္ကို မေခၚႏိုင္ခဲ့တာလဲဆိုတာ သိခ်င္ပါတယ္။”ဆိုၿပီး ေပါလ္စခုိးကေျပာပါတယ္။
တိုက္စစ္မႉး အီဟာလုိကေတာ့ ယူႏုိက္တက္အသင္းအတြက္ ပထမဆုံးသြင္းဂိုးကို ပထမဆုံးပြဲထြက္ ကစားတဲ့ပြဲမွာပဲသြင္းယူေပးခဲ့ပါတယ္။ ဒါ့အျပင္ သူဟာ ယူႏုိက္တက္ အသင္းအတြက္ဂိုးသြင္းေပးခဲ့တဲ့ ပထမဆုံးေသာ ႏုိင္ဂ်ီးရီးယားကစားသမားလည္းျဖစ္ခဲ့ ပါၿပီ၊ ပြဲအၿပီးအီဟာလိုရဲ႕စကားသံကေတာ့ “ကၽြန္ေတာ့္အတြက္ ႀကီးက်ယ္တဲ့အခိုက္အတန္႔တစ္ခုျဖစ္ခဲ့ပါတယ္။ ကၽြန္ေတာ္စတင္ပြဲထြက္ကတည္းက ဒီလိုအေျခအေနကို ေစာင့္ခဲ့ရတာပါ။ အခုေတာ့ ပြဲခ်ိန္ျပည့္ စတင္ပြဲထြက္ခဲ့သလို ယူႏိုက္တက္ကစားသမား ဘ၀အေနနဲ႔လည္း ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ ပြဲမစခင္ကတည္းက အသင္းသားေတြနဲ႔ကြၽန္ေတာ္စကားေျပာခဲ့ပါေသးတယ္။ ပြဲအစကတည္းက ကၽြန္ေတာ္္တို႔ဟာ ၿပိဳင္ဘက္ကို ဖိအားေပးကစားႏိုင္ခဲ့ပါတယ္။ အခုေတာ့ ေနာက္တစ္ဆင့္ကို တက္ႏိုင္ခဲ့ပါၿပီ။ ပထမဆုံး ဂိုးက အရာရာတိုင္းကို လမ္းဖြင့္ႏိုင္တယ္ေလ။ ကၽြန္ေတာ္ဟာ ကေလးဘ၀ကတည္းက ဒီအသင္းကို အားေပးခဲ့တာျဖစ္ပါတယ္။ အခုေတာ့ အိပ္မက္ေတြ လက္ေတြ႕အေကာင္အ ထည္ေဖာ္လာႏိုင္ခဲ့ပါၿပီ။ ဒီအတြက္လည္း ဘုရားသခင္ကို ေက်းဇူးတင္ပါတယ္။ ကၽြန္ေတာ္ ကိုယ့္ကိုယ္ကိုယ္ ကတိေပးထားတာရိွပါတယ္။ ကၽြန္ေတာ့္ သြင္းဂိုးတိုင္းကို ဆုံးသြားခဲ့ၿပီျဖစ္တဲ့ အစ္မျဖစ္သူအတြက္ရည္ရြယ္မယ္ဆို ၿပီးေတာ့ပါ။ ကၽြန္ေတာ္ယူနုိက္တက္အတြက္အေကာင္းဆံုးလုပ္ေနတာကို အစ္မျဖစ္သူ တစ္ေနရာရာကေနျပီးေတာ့ေစာင့္ၾကည့္ေနမွာပါ ။ ”ဆိုၿပီး အီဟာလုိကေျပာဆုိပါတယ္။