ယူနိုက်တက်အိပ်မက်အတွက် လစာကိုဂရုမစိုက်ခဲ့ကြောင်း ဖွင့်ဟလိုက်တဲ့ အစ်ဟာလို

0
635

photo-man u

photo-man u

သူ့ရဲ့အိပ်မက်ဆန်တဲ့ မန်ယူအပြောင်းအရွှေ့အတွက် လစာကိုလျှော့ယူခဲ့ကြောင်း တိုက်စစ်မှုးအစ်ဟာလိုက ဖွင့်ဟပြောကြားလိုက်ပါတယ်။ အဲဒီနိုင်ဂျီးရီးယားသားဟာ တရုတ်စူပါလိဂ်ကလပ်ရှန်ဟိုင်းရှင်ဟွာကနေ တိုက်စစ်မှုးတစ်ယောက်အသည်းအသန်လိုအပ်နေတဲ့ မန်ယူအသင်းဆီ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့နောက်ဆုံးရက်မှာ အငှားနဲ့ ရောက်လာခဲ့တာပါ။

photo-man u

သူဟာ ရှန်ဟိုင်းရှင်ဟွာမှာ တစ်ပတ်ကို ပေါင် ၃၃၀၀၀၀ ရခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ မန်ယူမှာတော့ ရာသီကုန်အထိ တစ်ပတ်ကို ပေါင် ၁၆၅၀၀၀ သာရမှာဖြစ်ပြီး လစာအရ ထက်ဝက်လောက်လျော့သွားပေမယ့် မန်ယူက သူ့ရဲ့အိပ်မက်အသင်းဖြစ်လို့ အဲဒါကို ဂရုမစိုက်ခဲ့ကြောင်း အစ်ဟာလိုက မန်ယူတီဗီနဲ့ အင်တာဗျူးမှာ ဖွင့်ဟခဲ့တာပါ။

photo-gettyimages

”အဲဒါဟာ တကယ်ကို ပြဇာတ်ဆန်ခဲ့ပါတယ်။ အဲဒီနေ့မတိုင်ကတည်းက ကျွန်တော့်အေးဂျင့်က ဖုန်းဆက်ပြီး မန်ယူအကြောင်း ပြောပါတယ်။ တခြားအသင်းတွေကလည်း ကျွန်တော့်ကို စိတ်ဝင်စားနေကြတာပါ။ ကျွန်တော်ကတော့ ဖြစ်နိုင်မယ်ဆိုရင် မန်ယူကိုပဲ ကျေးဇူးပြုပြီး ရွေးပေးပါလို့ ပြောခဲ့ပါတယ်။ ရှန်ဟိုင်းမှာ ည ၁၁ နာရီလောက်ရောက်တော့ အေးဂျင့်ဆီက ဖုန်းဝင်လာပြီး မန်ယူက အပြောင်းအရွှေ့ဖြစ်ချင်နေတယ်လို့ ပြောပါတယ်။ ဒါကြောင့် အဲဒီညမှာ ကျွန်တော်လည်း အိပ်ယာနိုးသွားပြီး အသင်းဒါရိုက်တာတွေရုံးခန်းကိုသွားဖို့ ဘာသာပြန်တစ်ယောက် စရှာတော့တာပါပဲ။ အဲဒီကနေ သူတို့ကိုအကျိုးအကြောင်းပြောတော့ ညတွင်းချင်းပဲ အပြောင်းအရွှေ့ကိစ္စစတင်ဆွေးနွေးကြတယ်။ ရှန်ဟိုင်းစံတော်ချိန်အရ နောက်နေ့မနက် ၇ နာရီမှာ အပြောင်းအရွှေ့ပိတ်မှာဆိုတော့ ကျွန်တော်လည်း တစ်ညလုံးမအိပ်တော့ဘူး။ အဲဒီမှာ တခြားအသင်းတွေကလည်း ကျွန်တော့်ကို ခေါ်ပေမယ့် မန်ယူကိုပဲ သွားချင်တယ်လို့ ကျွန်တော့်အေးဂျင့်ကိုပြောခဲ့တာပါ။ အဲဒီတော့ သူက မန်ယူကိုသွားမယ်ဆိုရင် လစာလျှော့ယူရလိမ့်မယ်လို့ ပြောပါတယ်။ ကျွန်တော်ကလည်း အဲဒါကို ဂရုမစိုက်ကြောင်း၊ အပြောင်းအရွှေ့ဖြစ်အောင်သာလုပ်ပေးဖို့ ပြန်ပြောခဲ့ပါတယ်။ ဘယ်လောက်ပဲ လစာလျှော့လျှော့ ကျွန်တော်ဂရုမစိုက်ပါဘူး။ ကျွန်တော့်ဘက်က စိတ်ဆုံးဖြတ်ထားတယ်ဆိုတော့ ဒါရိုက်တာနဲ့အားလုံးလည်း ဘာဆက်ပြောရမှန်း မသိတော့ဘူး။ ဒါကြောင့် ကျွန်တော့်အေးဂျင့်ကလည်း အစီအစဉ်အတိုင်းလုပ်ဆောက်တဲ့အတွက် နံနက် ၅ နာရီမှာ အားလုံးပြီးသွားခဲ့ပါတယ်”လို့ အစ်ဟာလိုက မန်ယူအသင်းရုပ်သံကို ပြောခဲ့တာပါ။

[Zawgyi]

ယူႏိုက္တက္အိပ္မက္အတြက္ လစာကိုဂရုမစိုက္ခဲ့ေၾကာင္း ဖြင့္ဟလိုက္တဲ့ အစ္ဟာလို

သူ႔ရဲ႕အိပ္မက္ဆန္တဲ့ မန္ယူအေျပာင္းအေရႊ႕အတြက္ လစာကိုေလွ်ာ့ယူခဲ့ေၾကာင္း တိုက္စစ္မႈးအစ္ဟာလိုက ဖြင့္ဟေျပာၾကားလုိက္ပါတယ္။ အဲဒီႏိုင္ဂ်ီးရီးယားသားဟာ တရုတ္စူပါလိဂ္ကလပ္ရွန္ဟိုင္းရွင္ဟြာကေန တိုက္စစ္မႈးတစ္ေယာက္အသည္းအသန္လိုအပ္ေနတဲ့ မန္ယူအသင္းဆီ ၿပီးခဲ့တဲ့ဇန္န၀ါရီအေျပာင္းအေရႊ႕ေနာက္ဆုံးရက္မွာ အငွားနဲ႔ ေရာက္လာခဲ့တာပါ။

သူဟာ ရွန္ဟိုင္းရွင္ဟြာမွာ တစ္ပတ္ကို ေပါင္ ၃၃၀၀၀၀ ရခဲ့သူျဖစ္ပါတယ္။ ဒါေပမဲ့ မန္ယူမွာေတာ့ ရာသီကုန္အထိ တစ္ပတ္ကို ေပါင္ ၁၆၅၀၀၀ သာရမွာျဖစ္ၿပီး လစာအရ ထက္၀က္ေလာက္ေလ်ာ့သြားေပမယ့္ မန္ယူက သူ႔ရဲ႕အိပ္မက္အသင္းျဖစ္လို႔ အဲဒါကို ဂရုမစိုက္ခဲ့ေၾကာင္း အစ္ဟာလုိက မန္ယူတီဗီနဲ႔ အင္တာဗ်ဴးမွာ ဖြင့္ဟခဲ့တာပါ။

”အဲဒါဟာ တကယ္ကို ျပဇာတ္ဆန္ခဲ့ပါတယ္။ အဲဒီေန႔မတိုင္ကတည္းက ကၽြန္ေတာ့္ေအးဂ်င့္က ဖုန္းဆက္ၿပီး မန္ယူအေၾကာင္း ေျပာပါတယ္။ တျခားအသင္းေတြကလည္း ကၽြန္ေတာ့္ကို စိတ္၀င္စားေနၾကတာပါ။ ကၽြန္ေတာ္ကေတာ့ ျဖစ္ႏိုင္မယ္ဆုိရင္ မန္ယူကိုပဲ ေက်းဇူးျပဳၿပီး ေရြးေပးပါလို႔ ေျပာခဲ့ပါတယ္။ ရွန္ဟိုင္းမွာ ည ၁၁ နာရီေလာက္ေရာက္ေတာ့ ေအးဂ်င့္ဆီက ဖုန္း၀င္လာၿပီး မန္ယူက အေျပာင္းအေရႊ႕ျဖစ္ခ်င္ေနတယ္လို႔ ေျပာပါတယ္။ ဒါေၾကာင့္ အဲဒီညမွာ ကၽြန္ေတာ္လည္း အိပ္ယာႏိုးသြားၿပီး အသင္းဒါရုိက္တာေတြရုံးခန္းကိုသြားဖုိ႔ ဘာသာျပန္တစ္ေယာက္ စရွာေတာ့တာပါပဲ။ အဲဒီကေန သူတို႔ကိုအက်ိဳးအေၾကာင္းေျပာေတာ့ ညတြင္းခ်င္းပဲ အေျပာင္းအေရႊ႕ကိစၥစတင္ေဆြးေႏြးၾကတယ္။ ရွန္ဟိုင္းစံေတာ္ခ်ိန္အရ ေနာက္ေန႔မနက္ ၇ နာရီမွာ အေျပာင္းအေရႊ႕ပိတ္မွာဆိုေတာ့ ကၽြန္ေတာ္လည္း တစ္ညလုံးမအိပ္ေတာ့ဘူး။ အဲဒီမွာ တျခားအသင္းေတြကလည္း ကၽြန္ေတာ့္ကို ေခၚေပမယ့္ မန္ယူကိုပဲ သြားခ်င္တယ္လို႔ ကၽြန္ေတာ့္ေအးဂ်င့္ကိုေျပာခဲ့တာပါ။ အဲဒီေတာ့ သူက မန္ယူကိုသြားမယ္ဆိုရင္ လစာေလွ်ာ့ယူရလိမ့္မယ္လုိ႔ ေျပာပါတယ္။ ကၽြန္ေတာ္ကလည္း အဲဒါကို ဂရုမစိုက္ေၾကာင္း၊ အေျပာင္းအေရႊ႕ျဖစ္ေအာင္သာလုပ္ေပးဖို႔ ျပန္ေျပာခဲ့ပါတယ္။ ဘယ္ေလာက္ပဲ လစာေလွ်ာ့ေလွ်ာ့ ကၽြန္ေတာ္ဂရုမစိုက္ပါဘူး။ ကၽြန္ေတာ့္ဘက္က စိတ္ဆုံးျဖတ္ထားတယ္ဆိုေတာ့ ဒါရိုက္တာန႔ဲအားလုံးလည္း ဘာဆက္ေျပာရမွန္း မသိေတာ့ဘူး။ ဒါေၾကာင့္ ကၽြန္ေတာ့္ေအးဂ်င့္ကလည္း အစီအစဥ္အတိုင္းလုပ္ေဆာက္တဲ့အတြက္ နံနက္ ၅ နာရီမွာ အားလုံးၿပီးသြားခဲ့ပါတယ္”လုိ႔ အစ္ဟာလိုက မန္ယူအသင္းရုပ္သံကို ေျပာခဲ့တာပါ။