ယူနိုက်တက်နဲ့ ကလပ်ဘရုချ်တို့ရဲ့ဒုတိယအကျော့ပွဲစဉ်အတွက်သုံးသပ်ချက်

0
90
photo internet
photo internet

ဒီနေ့ည (မနက်ဖြန်မနက်ပိုင်း 2 နာရီခွဲ)မှာတော့ ယူနိုက်တက်နဲ့ ကလပ်ဘရုချ်အသင်းတို့ဟာ ယူရိုပါလိဂ်(၃၂)သင်းအဆင့်ဒုတိယအကျော့ပွဲစဉ်ကိုယူနိုက်တက်ရဲ့ အိမ်ကွင်းအိုးထရက်ဖို့ဒ်ကွင်းကြီးမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ ပထမအကျော့ပွဲစဉ်မှာတုန်းကတော့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့ တာဖြစ်ပြီးတော့ အခုကစားမယ့်ပွဲစဉ်ကတော့ နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့ နှစ်သင်းလုံးအတွက် အရေးပါနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာတုန်းကယူနိုက်တက်အနေနဲ့ အရန် ကစားသမား တွေကို ပွဲထုတ်ပြီးတော့ ရင်ဆိုင်သွားခဲ့တာကိုတွေ့ခဲ့ရပါတယ်။ ဘရုချ်ကတော့ ယူနိုက်တက်နဲ့ခြေစွမ်းပိုင်း တော်တော်လေးတော့ကွာဟမှုရှိတဲ့အသင်းဖြစ်တာကြောင့် အိမ်ကွင်းမှာတုန်းက အနိုင်ယူဖို့ရုန်းကန်ကစား သွားခဲ့တာကိုတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် အခုညကစားမယ့် ပွဲကတော့ ယူနိုက်တက်ရဲ့ အိုးထရက်ဖို့ဒ် မှာဖြစ်တာကြောင့် ဘရုချ်အတွက် နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့ မျှော်လင့်ချက်တွေ တော်တော်လေး တော့နည်းပါးပါတယ်။

photo internet

ကစားသမားပိုင်းမှာဆိုရင် ယူနိုက်တက်ဘက်မှာ ဒဏ်ရာရကစားသမား တော်မီနေးပြန်လည်ပါဝင်လာနေသလို၊ ဖာနန်ဒက်စ်ကြောင့်လည်း အားသာချက်များစွာရှိနေပါတယ်။ ဖာနန်ဒက်စ်ရောက်လာပြီးတဲ့နောက်ပိုင်း ယူနိုက်တက်ရဲ့ ကစားပုံက တော်တော်လေးတိုးတက်လာခဲ့ပြီးတော့ ဖာနန်ဒက်စ်ပါဝင်ထားတဲ့ နောက်ဆုံး(၄)ပွဲဆက်ရှုံးပွဲမရှိထားပါဘူး။ သတင်းစာ ရှင်းလင်းပွဲမှာ ယူနိုက်တက် နည်းပြ အိုလီ ဂန်နား ဆိုးလ်ရှား က ကွင်းလယ် ကစားသမား သစ် ဘရူနို ဖာနန်ဒက်စ်ကို ချီးကျူးစကားပြောထားပါတယ်။ ပေါ်တူဂီ လက်ရွေးစင် ကို ခေါ်ယူ နိုင်ခဲ့ခြင်း က ပိုမို ခိုင်မာ တောင့်တင်း တဲ့ အသင်း တစ်သင်း ကို ပိုင်ဆိုင် ခြင်း ဖြစ်သွား ခဲ့ရတယ် လို့ ဆိုးလ်ရှား ကပြောဆိုထားပါတယ်။

photo internet

“ဖာနန်ဒက်စ်နဲ့ အတူ ကျွန်တော် တို့ဟာ အသင်း ထဲမှာ ခိုင်မာ တောင့်တင်း တဲ့ အင်အားစု တစ်ခု ကို ဖြည့်တင်း နိုင်ခဲ့ ကြတယ် လို့ ခံစား နေရ ပါတယ် ။ ဖာနန်ဒက်စ်ကို ခေါ်ယူ လိုက်တာက ကျွန်တော် တို့ကို ခြားနားတဲ့ ပုံစံကောင်း တစ်ခု ပိုင်ဆိုင် စေခဲ့ ပါတယ် ။ သူဟာ စွန့်စားမှု တွေကို လုပ်ဆောင် နိုင်သူ ဖြစ်သလို တိုက်စစ်ပိုင်း ကိုပဲ ဘောလုံး ပေးပို့မှု တွေ လုပ်ဆောင်သူ တစ်ဦး ပါပဲ ။ ဒါဟာ ယူနိုက်တက် ကစားသမား တွေ လုပ်ဆောင် သင့်တဲ့ အရာ တစ်ခု ပါပဲ ။ သူ့ရဲ့ စိတ်ကူး တွေ ၊ ပွဲစဉ် အပေါ် အမြင် တွေက အခြား အသင်းသား များစွာ ထက် ပိုကောင်းမွန် ပါတယ် ။ သူ့ရဲ့ ထူးခြားတဲ့ အားသာချက် တစ်ခု က သူ ဘာကို လုပ်ချင် သလဲ ဆိုတာ ကောင်းကောင်း သိနေခြင်း ပါပဲ ။ ဖာနန်ဒက်စ်ဟာ သူ့ရဲ့ စိတ်ကူး တွေကို လျှပ်တပြက် ပြောင်းလဲပစ် နိုင်စွမ်း လည်း ရှိ ပါတယ် ။ သူ့ရဲ့ အသင်း ကို စုဖွဲ့ ကစားပေး နိုင်စွမ်း ရှိနေ ခြင်းက အရမ်း အရေးပါ ပါတယ်။ ဖာနန်ဒက်စ်ဟာ ပြိုင်ဆိုင်မှု ပြင်းထန် လှတဲ့ လိဂ်ကို ရောက်ရှိ တဲ့ နောက်မှာ ပိုပြီး တိုးတက် ကောင်းမွန် ဖို့ပဲ ရှိနေ တယ်လို့ ကျွန်တော် ထင် ပါတယ် ။ ဒီ နေရာ မှာက အရည်အသွေး မြင့်တဲ့ ပြိုင်ဖက် ကစားသမား ကောင်းတွေ နဲ့ အသင်းဖော် ကစားသမား ကောင်းတွေ များစွာ ရှိနေ ကြတယ် လေ ။ သူဟာ အဲ့ဒါ တွေကို အသုံးချ ပြီး ပိုမို တိုးတက် ကောင်းမွန် လာမှာ အသေအချာ ပါပဲ။ ကျွန်တော် တို့ဟာ လက်ရှိ အသင်း ရဲ့ ခိုင်မာ တောင့်တင်းမှု ကို ပိုပြီး ကြီးထွား ကောင်းမွန် စေဖို့ အလို ရှိနေ ကြ ပါတယ်”ဆိုပြီးနည်းပြဆိုးလ်ရှားကပြောပါတယ်။

photo internet

အခြား တစ်ဖက် မှာ ကလပ် ဘရုချ် အသင်း အဓိက ကစားသမား 3 ဦး အထိ ဆုံးရှုံး ရဖို့ ရှိနေပါတယ်။ ယူနိုက်တက် နဲ့ ပထမ အကျော့ တုန်းက ကလပ် ဘရုချ် အသင်း အတွက် ကောင်တာ တိုက်စစ် က တစ်ဆင့် ဦးဆောင် ဂိုး သွင်းယူ ပေးထား ခဲ့တဲ့ ပွဲစဉ် ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်သူ တိုက်စစ်မှူး အီမန်နျူရယ် ဒင်းနစ် ဟာ ခြေချင်းဝတ် ဒဏ်ရာ ရရှိ နေတဲ့ အတွက် ဒုတိယ အကျော့ ကို လွဲချော် တော့မှာဖြစ်ပါတယ်။ ကလပ် ဘရုချ်အသင်း ရဲ့ အားထား ရတဲ့ အသင်း ခေါင်းဆောင် ဖြစ်သူ ရုဒ် ဗော်မာ ကလည်း ဒူး ဒဏ်ရာ ရရှိ နေတဲ့ အတွက် ပွဲ ကစား ခွင့် လွဲချော် ဖို့ ရှိနေ ပါတယ် ။ ဒါ့အပြင် ကွင်းလယ် ကစားသမား ဖြစ်သူ အီဒါ အယ်လ်ဗာရက်ဇ် ကလည်း ချန်ပီယံ လိဂ်မှာ တစ်ကြိမ် ၊ ယူနိုက်တက် နဲ့ ကစား ခဲ့တဲ့ ပထမ အကျော့ မှာ တစ်ကြိမ် ၊ အဝါကတ် ပြား နှစ်ကြိမ် ဆက် ပြသ ခံထား ရတာ ကြောင့် ပွဲပယ် ခံရ မှာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် ဒီ ရာသီ ကလပ် ဘရုချ် အသင်း အတွက် ခြေစွမ်း ကောင်းတွေ ပြသ ထားနိုင် ခဲ့တဲ့ ကွင်းလယ်လူ ခရီပင် ဒီယက်တာ ဟာ ဒဏ်ရာ က ပြန်လည် သက်သာ လာပြီ ဖြစ်တာ ကြောင့် ဒီ ပွဲစဉ် မှာ အသင်း အတွက် ပါဝင် ပေးဖို့ ရှိနေတယ် လို့ သိရ ပါတယ်။

photo internet

ယူနိုက်တက်ဟာ တနင်္ဂနွေနေ့က ဝက်ဖို့ဒ်ကို ၃-၀ နဲ့ အနိုင် ရရှိခဲ့ပြီး တောက်လျှောက် ရလဒ်ကောင်းတွေ ရရှိ နေကာ နောက်ဆုံး ၆ ပွဲမှာ ၄ ပွဲနိုင် ၂ ပွဲသရေ ကျထား ခဲ့ပါတယ်။ ဒါကြောင့် ဒီရာသီယူနိုက်တက်ရဲ့ အဓိကဖလားတစ်ခုဖြစ်တဲ့ ယူရိုပါလိဂ်ဖလားဟာ ဒီရာသီရုန်းကန်နေရတဲ့ ယူနိုက်တက်အတွက် အရေးပါတဲ့ ဖလားဖြစ်သလို၊ အနိုင်ရဗိုလ်စွဲခဲ့ရင်လည်း ဒီရာသီမှာယူနိုက်တက်အတွက် အရေးပါတဲ့အောင်မြင်မှု တစ်ခုဖြစ်လာ ပါလိမ့်မယ်။ ဒါ့ကြောင့် ဒီညအတွက်တော့ ယူနိုက်တက်တို့ကပဲ အောင်ပွဲရကိန်းများနေပါတယ်။ပွဲရလဒ်ကိုခန့်မှန်းရမယ် ဆိုရင်တော့ ယူနိုက်တက်တို့က နှစ်ဂိုးလောက်သွင်းနိုင်ခြေရှိပါတယ်။ ပရိသတ်တွေကရောဘယ်လိုထင်မြင်ပါသလဲ။

photo internet

(Zawgyi Version)

ယူႏိုက္တက္နဲ႔ ကလပ္ဘရုခ်္တို႔ရဲ႕ဒုတိယအေက်ာ့ပြဲစဥ္အတြက္သုံးသပ္ခ်က္

ဒီေန႔ည (မနက္ျဖန္မနက္ပိုင္း 2 နာရီခြဲ)မွာေတာ့ ယူနိုက္တက္နဲ႔ ကလပ္ဘရုခ်္အသင္းတို႔ဟာ ယူရိုပါလိဂ္(၃၂)သင္းအဆင့္ဒုတိယအေက်ာ့ပြဲစဥ္ကုိယူနိုက္တက္ရဲ႕ အိမ္ကြင္းအိုးထရက္ဖို႔ဒ္ကြင္းၾကီးမွာ ယွဥ္ျပိဳင္ကစားသြားမွာျဖစ္ပါတယ္။ ပထမအေက်ာ့ပြဲစဥ္မွာတုန္းကေတာ့ တစ္ဖက္တစ္ဂိုးစီသေရက်ခ့ဲ တာျဖစ္ျပီးေတာ့ အခုကစားမယ့္ပြဲစဥ္ကေတာ့ ေနာက္တစ္ဆင့္တက္ေရာက္ႏိုင္ဖို႔ ႏွစ္သင္းလံုးအတြက္ အေရးပါေနတာျဖစ္ပါတယ္။ ျပီးခ့ဲတ့ဲ ပထမအေက်ာ့ပြဲစဥ္မွာတုန္းကယူႏိုက္တက္အေနနဲ႔ အရန္ ကစားသမား ေတြကို ပြဲထုတ္ျပီးေတာ့ ရင္ဆိုင္သြားခ့ဲတာကိုေတြ႔ခ့ဲရပါတယ္။ ဘရုခ်္ကေတာ့ ယူနိုက္တက္နဲ႔ေျခစြမ္းပိုင္း ေတာ္ေတာ္ေလးေတာ့ကြာဟမႈရွိတ့ဲအသင္းျဖစ္တာေၾကာင့္ အိမ္ကြင္းမွာတုန္းက အႏိုင္ယူဖို႔ရုန္းကန္ကစား သြားခ့ဲတာကိုေတြ႔ခ့ဲရပါတယ္။ ဒါေပမယ့္ အခုညကစားမယ့္ ပြဲကေတာ့ ယူႏုိက္တက္ရဲ႕ အိုးထရက္ဖို႔ဒ္ မွာျဖစ္တာေၾကာင့္ ဘရုခ်္အတြက္ ေနာက္တစ္ဆင့္တက္ေရာက္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ေတြ ေတာ္ေတာ္ေလး ေတာ့နည္းပါးပါတယ္။ ကစားသမားပိုင္းမွာဆိုရင္ ယူနုိက္တက္ဘက္မွာ ဒဏ္ရာရကစားသမား ေတာ္မီေနးျပန္လည္ပါ၀င္လာေနသလို၊ ဖာနန္ဒက္စ္ေၾကာင့္လည္း အားသာခ်က္မ်ားစြာရိွေနပါတယ္။ ဖာနန္ဒက္စ္ေရာက္လာျပီးတ့ဲေနာက္ပိုင္း ယူနုိက္တက္ရဲ႕ ကစားပံုက ေတာ္ေတာ္ေလးတိုးတက္လာခ့ဲျပီးေတာ့ ဖာနန္ဒက္စ္ပါ၀င္ထားတ့ဲ ေနာက္ဆံုး(၄)ပြဲဆက္ရံႈးပြဲမရွိထားပါဘူး။ သတင္းစာ ရွင္းလင္းပြဲမွာ ယူႏိုက္တက္ နည္းျပ အိုလီ ဂန္နား ဆိုးလ္ရွား က ကြင္းလယ္ ကစားသမား သစ္ ဘ႐ူႏို ဖာနန္ဒက္စ္ကို ခ်ီးက်ဴးစကားေျပာထားပါတယ္။ ေပၚတူဂီ လက္ေ႐ြးစင္ ကို ေခၚယူ ႏိုင္ခဲ့ျခင္း က ပိုမို ခိုင္မာ ေတာင့္တင္း တဲ့ အသင္း တစ္သင္း ကို ပိုင္ဆိုင္ ျခင္း ျဖစ္သြား ခဲ့ရတယ္ လို႔ ဆိုးလ္ရွား ကေျပာဆုိထားပါတယ္။ “ဖာနန္ဒက္စ္နဲ႔ အတူ ကြၽန္ေတာ္ တို႔ဟာ အသင္း ထဲမွာ ခိုင္မာ ေတာင့္တင္း တဲ့ အင္အားစု တစ္ခု ကို ျဖည့္တင္း ႏိုင္ခဲ့ ၾကတယ္ လို႔ ခံစား ေနရ ပါတယ္ ။ ဖာနန္ဒက္စ္ကို ေခၚယူ လိုက္တာက ကြၽန္ေတာ္ တို႔ကို ျခားနားတဲ့ ပုံစံေကာင္း တစ္ခု ပိုင္ဆိုင္ ေစခဲ့ ပါတယ္ ။ သူဟာ စြန႔္စားမႈ ေတြကို လုပ္ေဆာင္ ႏိုင္သူ ျဖစ္သလို တိုက္စစ္ပိုင္း ကိုပဲ ေဘာလုံး ေပးပို႔မႈ ေတြ လုပ္ေဆာင္သူ တစ္ဦး ပါပဲ ။ ဒါဟာ ယူႏိုက္တက္ ကစားသမား ေတြ လုပ္ေဆာင္ သင့္တဲ့ အရာ တစ္ခု ပါပဲ ။ သူ႔ရဲ႕ စိတ္ကူး ေတြ ၊ ပြဲစဥ္ အေပၚ အျမင္ ေတြက အျခား အသင္းသား မ်ားစြာ ထက္ ပိုေကာင္းမြန္ ပါတယ္ ။ သူ႔ရဲ႕ ထူးျခားတဲ့ အားသာခ်က္ တစ္ခု က သူ ဘာကို လုပ္ခ်င္ သလဲ ဆိုတာ ေကာင္းေကာင္း သိေနျခင္း ပါပဲ ။ ဖာနန္ဒက္စ္ဟာ သူ႔ရဲ႕ စိတ္ကူး ေတြကို လွ်ပ္တျပက္ ေျပာင္းလဲပစ္ ႏိုင္စြမ္း လည္း ရွိ ပါတယ္ ။ သူ႔ရဲ႕ အသင္း ကို စုဖြဲ႕ ကစားေပး ႏိုင္စြမ္း ရွိေန ျခင္းက အရမ္း အေရးပါ ပါတယ္။ ဖာနန္ဒက္စ္ဟာ ၿပိဳင္ဆိုင္မႈ ျပင္းထန္ လွတဲ့ လိဂ္ကို ေရာက္ရွိ တဲ့ ေနာက္မွာ ပိုၿပီး တိုးတက္ ေကာင္းမြန္ ဖို႔ပဲ ရွိေန တယ္လို႔ ကြၽန္ေတာ္ ထင္ ပါတယ္ ။ ဒီ ေနရာ မွာက အရည္အေသြး ျမင့္တဲ့ ၿပိဳင္ဖက္ ကစားသမား ေကာင္းေတြ နဲ႔ အသင္းေဖာ္ ကစားသမား ေကာင္းေတြ မ်ားစြာ ရွိေန ၾကတယ္ ေလ ။ သူဟာ အဲ့ဒါ ေတြကို အသုံးခ် ၿပီး ပိုမို တိုးတက္ ေကာင္းမြန္ လာမွာ အေသအခ်ာ ပါပဲ။ ကြၽန္ေတာ္ တို႔ဟာ လက္ရွိ အသင္း ရဲ႕ ခိုင္မာ ေတာင့္တင္းမႈ ကို ပိုၿပီး ႀကီးထြား ေကာင္းမြန္ ေစဖို႔ အလို ရွိေန ၾက ပါတယ္”ဆိုၿပီးနည္းျပဆိုးလ္ရွားကေျပာပါတယ္။ အျခား တစ္ဖက္ မွာ ကလပ္ ဘ႐ုခ်္ အသင္း အဓိက ကစားသမား 3 ဦး အထိ ဆုံးရႈံး ရဖို႔ ရွိေနပါတယ္။ ယူႏိုက္တက္ နဲ႔ ပထမ အေက်ာ့ တုန္းက ကလပ္ ဘ႐ုခ်္ အသင္း အတြက္ ေကာင္တာ တိုက္စစ္ က တစ္ဆင့္ ဦးေဆာင္ ဂိုး သြင္းယူ ေပးထား ခဲ့တဲ့ ပြဲစဥ္ ရဲ႕ အေကာင္းဆုံး ကစားသမား ျဖစ္သူ တိုက္စစ္မႉး အီမန္န်ဴရယ္ ဒင္းနစ္ ဟာ ေျခခ်င္းဝတ္ ဒဏ္ရာ ရရွိ ေနတဲ့ အတြက္ ဒုတိယ အေက်ာ့ ကို လြဲေခ်ာ္ ေတာ့မွာျဖစ္ပါတယ္။ ကလပ္ ဘ႐ုခ်္အသင္း ရဲ႕ အားထား ရတဲ့ အသင္း ေခါင္းေဆာင္ ျဖစ္သူ ႐ုဒ္ ေဗာ္မာ ကလည္း ဒူး ဒဏ္ရာ ရရွိ ေနတဲ့ အတြက္ ပြဲ ကစား ခြင့္ လြဲေခ်ာ္ ဖို႔ ရွိေန ပါတယ္ ။ ဒါ့အျပင္ ကြင္းလယ္ ကစားသမား ျဖစ္သူ အီဒါ အယ္လ္ဗာရက္ဇ္ ကလည္း ခ်န္ပီယံ လိဂ္မွာ တစ္ႀကိမ္ ၊ ယူႏိုက္တက္ နဲ႔ ကစား ခဲ့တဲ့ ပထမ အေက်ာ့ မွာ တစ္ႀကိမ္ ၊ အဝါကတ္ ျပား ႏွစ္ႀကိမ္ ဆက္ ျပသ ခံထား ရတာ ေၾကာင့္ ပြဲပယ္ ခံရ မွာပဲ ျဖစ္ပါတယ္ ။ ဒါေပမယ့္ ဒီ ရာသီ ကလပ္ ဘ႐ုခ်္ အသင္း အတြက္ ေျခစြမ္း ေကာင္းေတြ ျပသ ထားႏိုင္ ခဲ့တဲ့ ကြင္းလယ္လူ ခရီပင္ ဒီယက္တာ ဟာ ဒဏ္ရာ က ျပန္လည္ သက္သာ လာၿပီ ျဖစ္တာ ေၾကာင့္ ဒီ ပြဲစဥ္ မွာ အသင္း အတြက္ ပါဝင္ ေပးဖို႔ ရွိေနတယ္ လို႔ သိရ ပါတယ္။
ယူႏိုက္တက္ဟာ တနဂၤေႏြေန႔က ဝက္ဖို႔ဒ္ကို ၃-၀ နဲ႔ အႏိုင္ ရရွိခဲ့ၿပီး ေတာက္ေလွ်ာက္ ရလဒ္ေကာင္းေတြ ရရွိ ေနကာ ေနာက္ဆုံး ၆ ပြဲမွာ ၄ ပြဲႏိုင္ ၂ ပြဲသေရ က်ထား ခဲ့ပါတယ္။ ဒါေၾကာင့္ ဒီရာသီယူႏိုက္တက္ရဲ႕ အဓိကဖလားတစ္ခုျဖစ္တ့ဲ ယူရိုပါလိဂ္ဖလားဟာ ဒီရာသီရုန္းကန္ေနရတ့ဲ ယူနိုက္တက္အတြက္ အေရးပါတ့ဲ ဖလားျဖစ္သလို၊ အႏိုင္ရဗိုလ္စြဲခ့ဲရင္လည္း ဒီရာသီမွာယူႏုိက္တက္အတြက္ အေရးပါတဲ့ေအာင္ျမင္မႈ တစ္ခုျဖစ္လာ ပါလိမ့္မယ္။ ဒါ့ေၾကာင့္ ဒီညအတြက္ေတာ့ ယူနိုက္တက္တို႔ကပဲ ေအာင္ပြဲရကိန္းမ်ားေနပါတယ္။ပြဲရလဒ္ကိုခန္႔မွန္းရမယ္ဆိုရင္ေတာ့ ယူႏိုက္တက္တို႔က ႏွစ္ဂိုးေလာက္သြင္းႏိုင္ေျခရိွပါတယ္။ ပရိသတ္ေတြကေရာဘယ္လုိထင္ျမင္ပါသလဲ။