ယူနိုက်တက်နဲ့ပတ်သက်တဲ့သတင်းတိုထွာများ
0
176
photo internet
ပထမဆုံးတင်ဆက်ပေးချင်တဲ့သတင်းကတော့ ဒေါ့မန်တောင်ပံကြယ်ပွင့်ကစားသမားဆန်ချိုဟာ ရာသီကုန်မှာ ယူနိုက်တက်ကိုပြောင်းဖို့အတွက် ချဲလ်ဆီးနဲ့ရီးရဲလ်တို့ကိုပြင်းပယ်ဖို့ အသင့်ရှိနေတယ် ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ အဲဒီအင်္ဂလန်ကြယ်ပွင့်ကို ဥရောပအသင်းကြီးအတေ်ာများများက စိတ်ဝင်စားနေကြပြီး ဒေါ့မန်ကလည်း လာမယ့်နွေမတိုင်ခင် သူ့ရဲ့ထွက်ခွာမှုအတွက် ပြင်ဆင်မှုတွေပြုလုပ်နေ ပါတယ်။ ၁၉ နှစ်အရွယ် ဆန်ချိုဟာ ၂၀၁၇ မှာ မန်စီးတီးကနေ ရောက်လာပြီးကတည်းက ဥရောပရဲ့အတောက်ပဆုံးလူငယ်တွေထဲက တစ်ယောက်အဖြစ် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ဒေါ့မန်အတွက် ၈၄ ပွဲမှာ ၂၉ ဂိုးသွင်းယူပေးထားပါတယ်။ယူနိုက်တက်ဟာ လာမယ့်နွေရာသီထိပ်တန်းပစ်မှတ်တွေထဲက တစ်ခုအဖြစ် ဆန်ချိုကို ဦးတည်ထားတာဖြစ်ပြီး Daily Mirror သတင်းစာရဲ့ဖော်ပြချက်အရ ဆန်ချိုကိုယ်တိုင်ကလည်း ယူနိုက်တက်ကိုပြောင်းချင်နေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ ဆန်ချိုကို အသင်းရဲ့လစာအမြင့်ဆုံးရကစားသမားတွေထဲက တစ်ယောက်ဖြစ်လာအောင် တစ်ပတ် ပေါင် ၂ သိန်းအထက် စာချုပ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတာပါ။ ဒ့ါအပြင် ယူနိုက်တက်ဟာ ဆန်ချိုကို အသင်းရဲ့ပုံရိပ်ကစားသမား အဖြစ်လည်း ရှုမြင်နေတာပါ။ဒေါ့မန်ကတော့ သူတို့ရဲ့ကြယ်ပွင့်ကစားသမားကို ဈေးပေါပေါနဲ့လက်လွှတ်မှာမဟုတ်ဘဲ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးအနေနဲ့ ပေါင်သန်း ၁၀၀ ဝန်းကျင်လောက်တောင်းလိမ့်မယ်လို့ သတင်းထွက်နေပါတယ်။ လာမယ့်နွေမှာ ဆန်ချိုကိုခေါ်ယူလိုနေတဲ့ နောက်ထပ်ပရီးမီးယားလိဂ်အသင်းကြီးတစ်သင်းကတော့ ချဲလ်ဆီးဖြစ်ပြီး ဒီအပြောင်းအရွှေ့မှာ ယူနိုက်တက်ရဲ့အဓိကယှဉ်ပြိုင်ဘက်ဖြစ်လာမှာပါ။ ဒါ့အပြင် ရီးရဲလ်ကလည်း စိတ်ဝင်စားနေတယ်လို့ ဆိုကြပါတယ်။
photo internet
ဒုတိယသတင်းတစ်ပုဒ်ကတော့ ပေါ့ဘာအကြောင်းဖြစ်ပါတယ်။ ဒဏ်ရာကြောင့်ကွင်းထဲမဝင်နိုင်တဲ့ ပေါ့ဘာဟာ လက်ရှိစပိန်ကိုလိုက်ပါခြင်းမရှိပေမယ့် ဒူဘိုင်းမှာ နည်းပြနဲ့အသင်းရဲ့ ခွင့်ပြုချက်နဲ့ သွားရောက်လေ့ကျင့်နေပြီး ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကိုပါပြုလုပ်နိုင်နေပြီဖြစ်ပါတယ်။ ဒူဘိုင်းကနေပြန်လာရင်တော့ အသင်းနဲ့အတူ လေ့ကျင့်ခန်းတွေပြန်ဆင်းနိုင်တော့မယ်လို့သိရပါတယ်။ ချဲလ်ဆီးနဲ့ကစားမယ့် ဖေဖော်ဝါရီ 18 ပွဲမှာ ပေ့ါဘာ ပြန်လည်ပါဝင်နိုင်ခြေကတော့ ရာခိုင်နှုန်းနည်းပါတယ်။ အစောဆုံးအနေနဲ့ အဲဗာတန် နဲ့ကစားရမယ့် ဖေဖော်ဝါရီအဆုံးပိုင်းပွဲစဉ်မှာတော့ ပြန်လည်ပါဝင်လာနိုင်ချေရှိနေပြီး နောက်အကျဆုံးအနေနဲ့ ကတော့ မတ်လ၈ရက်နေ့ကစားမယ့် မန်ချက်စတာဒါဘီ ပွဲစဉ်မှာဖြစ်ပါတယ်။ မတ်လပွဲမှာတော့ ပေ့ါဘာတစ်ယောက်သေချာပေါက် မြက်ခင်းစိမ်းပေါ်ရောက်ရှိလာနိုင်ပါတယ်။
photo internet
ကစားသမားအပြောင်းအရွှေ့သတင်းအနေနဲ့ကတော့ လက်စတာနဲ့အက်စ်တွန်ဗီလာက အချစ်ဆုံးသူငယ်ချင်း တွေဖြစ်တဲ့ ဂျိမ်းစ်မက်ဒီဆင်နဲ့ဂျက်ဂရီယာလစ်ရှ်တို့ကို ယူနိုက်တက်က လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ တတွဲတည်းခေါ်ဖို့ စီစဉ်ထားကြောင်းသိရပါတယ်။ နည်းပြဆိုးလ်ရှားက ဂရီယာလစ်ရှ်နဲ့ မက်ဒီဆင်နှစ်ယောက်တွဲကို ပေါင်သန်း၁၆၀လောက်နဲ့ခေါ်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ နွေရာသီမှာ ပေါ့ဘာကိုရောင်းထုတ်ပြီး သူ့ကိုရောင်းလို့ရတဲ့ငွေနဲ့ ပြန်ဝယ်မှာဖြစ်ပါတယ်။ ဂရီယာလစ်ရှ်နဲ့မက်ဒီဆင်တို့က ဒီဆောင်းရာသီပိတ်ရက်မှာ ဒူဘိုင်းကိုသွားခဲ့ပြီး ယူနိုက်တက်ပရိသတ် ဂီတအနုပညာရှင်stromzyနဲ့ ဓါတ်ပုံတွဲရိုက်ထားတာလည်း တွေ့ရပါတယ်။၂၄နှစ်အရွယ် ဂရီယာလစ်ရှ်ဟာ အက်စ်တွန်ဗီလာကို ၆နှစ်သားကတည်းကရောက်ခဲ့တာဖြစ်ပြီး ဒီရာသီမှာ ကလပ်ရဲ့ တာဝန်ကိုထမ်းဆောင်နေတာ ဖြစ်ပါတယ်။ ၂၃နှစ်အရွယ် မက်ဒီဆင်ကတော့ ၂၀၁၈နွေမှာ လက်စတာကို နောဝှစ်ချ်ကနေပြောင်းလာတာဖြစ်ပြီး ဒီရာသီမှာ ကောင်းကောင်းခြေစွမ်းပြနေပါတယ်။
photo internet
(Zawgyi Version)