ယူနိုက်တက်နဲ့ပတ်သက်တဲ့ သတင်းတိုထွာများ…..

0
586

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ယူနိုက်တက်နဲ့ပတ်သက်တဲ့ပထမဆုံးသတင်းတစ်ပုဒ်ကတော့ ရာသီဝက်အားလပ်ရက်အစီအစဉ် အကြောင်းပဲဖြစ်ပါတယ်။ အခုတစ်ပတ်ကနေစပြီး ပရီးမီးယားလိဂ်ကလပ်တွေက ဆောင်းရာသီအားလပ်ရက်ကို ပထမဆုံးအနေနဲ့ ရရှိကြမှာဖြစ်ပါတယ်။အဆိုပါနားရက်အတွင်းမှာ ယူနိက်တက်အသင်းက ပထမတစ်ပတ်ကို ကစားသမားတွေရဲ့ အားလပ်ရက်အနေနဲ့ ခွင့် အပြည့်အဝပေးခဲ့ပြီး ကျန်တစ်ပတ်မှာတော့ လေ့ကျင့်ခန်းဆင်းဖို့ သတ်မှတ်ထားပါတယ်။

photo internet

အစောပိုင်းမှာတုန်းက ဒူဘိုင်းမှာ လေ့ကျင့်ခန်းဆင်းဖို့သတ်မှတ်ထားပေမယ့် အရှေ့အလယ်ပိုင်းဒေသရဲ့ တင်းမာမှု့တွေကြောင့် အဲဒီအစီအစဉ်ကိုဖျက်သိမ်းလိုက်ပါတယ်။ စပိန်နိုင်ငံမှာပဲ လေ့ကျင့်ခန်းအစီအစဉ်တွေကိုပြုလုပ်မှာဖြစ်ပါတယ်။ စပိန်နိုင်ငံကိုသွားရောက်မယ့်အစီအစဉ်ကို ယခုတစ်ပတ်စနေနေ့မှာစတင်မှာဖြစ်ပြီး ချဲလ်ဆီးအသင်းနဲ့ပွဲမတိုင်ခင် ကြာသပတေး နေ့မှာ မန်ချက်စတာကိုပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။ အဲဒီခရီးစဉ်မှာ ကစားသမားအသစ်တွေဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ် နဲ့ အီဟာလို တို့ ပါဝင်မှာဖြစ်ပြီး ဒဏ်ရာကနေသက်သာနေပြီဖြစ်တဲ့ ပေါဂ့်ဘာ၊မက်တော်မီနေး အပြင် ရက်ရှ်ဖိုဒ့် လည်းပါဝင်လာပါလိမ့်မယ်။

photo internet

ဒဏ်ရာရကစားသမားတွေနဲ့ပတ်သက်တဲ့သတင်းအနေနဲ့ကတော့ ရှက်ရှ်ဖို့ကလက်ရှိမှာ အမေရိကန် ကိုရောက်ရှိနေပြီး ပြန်လည်ကြံခိုင်ရေးလုပ်ငန်းစဉ်တွေကိုလုပ်ဆောင်နေပါတယ်။ အဆိုပါနေရာကို ပေါဂ့်ဘာလည်း သွားရောက်ဖူးပြီး ပြန်လည်ကြံ့ခိုင်ရေး အတွက်အကောင်းဆုံးလို့ ယူနိက်တက်ဖက် ကသတ်မှတ်ထားတာဖြစ်ပါတယ်။ ပေါဂ့်ဘာတစ်ယောက်ကတော့ အသင်းနဲ့အတူ အပေါ့စားလေ့ကျင့်ခန်းတွေ ပြလုပ်နိုင်နေပြီဖြစ်ပါတယ်။ ပေါ့ဂ်ဘာဟာ ခြေချင်းဝတ်ဒဏ်ရာကို နှစ်ကြိမ်တိုင် ခွဲစိတ်ခဲ့ရပါတယ်။ စပိန်မှာပြုလုပ်မယ့်လေ့ကျင့်ခန်းအစီအစဉ်မှာ ပေါဂ့်ဘာ ပါဝင်မယ်လို့သတင်းတွေထွက်နေပြီး အမှန်တကယ်ပြန်လည်ပါဝင်ခဲ့ရင်တော့ ချဲလ်ဆီးနဲ့ပွဲစဉ်မှာ ပေါဂ့်ဘာကို ပြန်လည်မြင်တွေ့ရမှာပါ။ဒူးဒဏ်ရာကြောင့်တစ်လနီးပါးအကူပစ္စည်းတပ်ပြီးနေခဲ့ရတဲ့မက်တော်မီနေးတစ်ယောက်လည်းအခုအချိန်မှာ အပေါ့စားလေ့ကျင့်ခန်း တွေလုပ်ဆောင်နေပါပြီ။ စပိန်မသွားခင်ပြုလုပ်မယ့် ကျန်းမာရေးစစ်ဆေးမှု့ ကိုအောင်မြင်ခဲ့ရင်တော့ မက်တော်မီနေးလည်း ချဲလ်ဆီးအသင်းနဲ့ပွဲမှာ ပါဝင်နိုင်ပါ လိမ့်မယ်။

photo internet

အပြောင်းအရွှေ့သတင်းပိုင်းမှာတော့ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှုးဟောင်းဖြစ်သူ ဗန်ပါစီက ယူနိုက်တက်အနေနဲ့ လာမယ့်နွေမှာ ပထမဆုံးခေါ်သင့်တဲ့ကစားသမားဖြစ်သူကတော့ PSG တိုက်စစ်မှုး ကာဗာနီပဲဖြစ်တယ်ဆိုပြီးပြောလာပါတယ်။ ကာဗာနီဟာ ပြီးခဲ့တဲ့ အပြေင်းအရွေ့ဈေးကွက်မှာ ယူနိုက်တက်အသင်း ၊ အေတီကိုအသင်းတွေနဲ့ သတင်းတွေ ထွက်ခဲ့သူဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အသင်းရဲ့တိုက်စစ်ပိုင်းကို ဖြေရှင်းဖို့ ကာဗာနီ ၊ ဟာလန်းတို့ကို ချိတ်ဆက်ခဲ့ပေမယ့် အပြောင်းအရွှေ့က မဖြစ်မြောက်ခဲ့ပါဘူး။ ဗန်ပါစီကတော့ ယူနိုက်တက်အသင်းအတွက် ကာဗာနီက အသင့်တော်ဆုံးလို့ ယုံကြည်နေတာဖြစ်ပါတယ်။ ကာဗာနီဟာ လာမယ့်နွေမှာ PSG အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ကစားသမားဖြစ်တာကြောင့် ခေါ်ယူတဲ့အသင်းတွေအနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိမှာလည်း ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမား ၁၁၃ ယောက်ကို ချိတ်ဆက်ခဲ့တယ်လို့သိရပါတယ်။

photo internet

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

(Zawgyi Version)

ယူႏိုက္တက္နဲ႔ပတ္သက္တဲ့သတင္းတိုထြာမ်ား…..

ယူႏိုက္တက္နဲ႔ပတ္သက္တဲ့ပထမဆုံးသတင္းတစ္ပုဒ္ကေတာ့ ရာသီဝက္အားလပ္ရက္အစီအစဥ္ အေၾကာင္းပဲျဖစ္ပါတယ္။ အခုတစ္ပတ္ကေနစၿပီး ပရီးမီးယားလိဂ္ကလပ္ေတြက ေဆာင္းရာသီအားလပ္ရက္ကို ပထမဆုံးအေနနဲ႔ ရရွိၾကမွာျဖစ္ပါတယ္။အဆိုပါနားရက္အတြင္းမွာ ယူနိက္တက္အသင္းက ပထမတစ္ပတ္ကို ကစားသမားေတြရဲ႕ အားလပ္ရက္အေနနဲ႔ ခြင့္ အျပည့္အဝေပးခဲ့ၿပီး က်န္တစ္ပတ္မွာေတာ့ ေလ့က်င့္ခန္းဆင္းဖို႔ သတ္မွတ္ထားပါတယ္။ အေစာပိုင္းမွာတုန္းက ဒူဘိုင္းမွာ ေလ့က်င့္ခန္းဆင္းဖို႔သတ္မွတ္ထားေပမယ့္ အေရွ႕အလယ္ပိုင္းေဒသရဲ႕ တင္းမာမႈ႕ေတြေၾကာင့္ အဲဒီအစီအစဥ္ကိုဖ်က္သိမ္းလိုက္ပါတယ္။ စပိန္ႏိုင္ငံမွာပဲ ေလ့က်င့္ခန္းအစီအစဥ္ေတြကိုျပဳလုပ္မွာျဖစ္ပါတယ္။ စပိန္ႏိုင္ငံကိုသြားေရာက္မယ့္အစီအစဥ္ကို ယခုတစ္ပတ္စေနေန႔မွာစတင္မွာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းနဲ႔ပြဲမတိုင္ခင္ ၾကာသပေတး ေန႔မွာ မန္ခ်က္စတာကိုျပန္လည္ေရာက္ရွိမွာျဖစ္ပါတယ္။ အဲဒီခရီးစဥ္မွာ ကစားသမားအသစ္ေတြျဖစ္တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ နဲ႔ အီဟာလို တို႔ ပါဝင္မွာျဖစ္ၿပီး ဒဏ္ရာကေနသက္သာေနၿပီျဖစ္တဲ့ ေပါဂ့္ဘာ၊မက္ေတာ္မီေနး အျပင္ ရက္ရွ္ဖိုဒ့္ လည္းပါဝင္လာပါလိမ့္မယ္။

ဒဏ္ရာရကစားသမားေတြနဲ႔ပတ္သက္တဲ့သတင္းအေနနဲ႔ကေတာ့ ရွက္ရွ္ဖို႔ကလက္ရွိမွာ အေမရိကန္ ကိုေရာက္ရွိေနၿပီး ျပန္လည္ႀကံခိုင္ေရးလုပ္ငန္းစဥ္ေတြကိုလုပ္ေဆာင္ေနပါတယ္။ အဆိုပါေနရာကို ေပါဂ့္ဘာလည္း သြားေရာက္ဖူးၿပီး ျပန္လည္ႀကံ႕ခိုင္ေရး အတြက္အေကာင္းဆုံးလို႔ ယူနိက္တက္ဖက္ ကသတ္မွတ္ထားတာျဖစ္ပါတယ္။ ေပါဂ့္ဘာတစ္ေယာက္ကေတာ့ အသင္းနဲ႔အတူ အေပါ့စားေလ့က်င့္ခန္းေတြ ျပလုပ္ႏိုင္ေနၿပီျဖစ္ပါတယ္။ ေပါ့ဂ္ဘာဟာ ေျခခ်င္းဝတ္ဒဏ္ရာကို ႏွစ္ႀကိမ္တိုင္ ခြဲစိတ္ခဲ့ရပါတယ္။ စပိန္မွာျပဳလုပ္မယ့္ေလ့က်င့္ခန္းအစီအစဥ္မွာ ေပါဂ့္ဘာ ပါဝင္မယ္လို႔သတင္းေတြထြက္ေနၿပီး အမွန္တကယ္ျပန္လည္ပါဝင္ခဲ့ရင္ေတာ့ ခ်ဲလ္ဆီးနဲ႔ပြဲစဥ္မွာ ေပါဂ့္ဘာကို ျပန္လည္ျမင္ေတြ႕ရမွာပါ။ ဒူးဒဏ္ရာေၾကာင့္တစ္လနီးပါးအကူပစၥည္းတပ္ၿပီးေနခဲ့ရတဲ့မက္ေတာ္မီေနးတစ္ေယာက္လည္းအခုအခ်ိန္မွာ အေပါ့စားေလ့က်င့္ခန္း ေတြလုပ္ေဆာင္ေနပါၿပီ။ စပိန္မသြားခင္ျပဳလုပ္မယ့္ က်န္းမာေရးစစ္ေဆးမႈ႕ ကိုေအာင္ျမင္ခဲ့ရင္ေတာ့ မက္ေတာ္မီေနးလည္း ခ်ဲလ္ဆီးအသင္းနဲ႔ပြဲမွာ ပါဝင္ႏိုင္ပါ လိမ့္မယ္။

အေျပာင္းအေရႊ႕သတင္းပိုင္းမွာေတာ့ ယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္မႈးေဟာင္းျဖစ္သူ ဗန္ပါစီက ယူႏိုက္တက္အေနနဲ႔ လာမယ့္ေႏြမွာ ပထမဆုံးေခၚသင့္တဲ့ကစားသမားျဖစ္သူကေတာ့ PSG တိုက္စစ္မႈး ကာဗာနီပဲျဖစ္တယ္ဆိုၿပီးေျပာလာပါတယ္။ ကာဗာနီဟာ ၿပီးခဲ့တဲ့ အေျပင္းအေရြ႕ေစ်းကြက္မွာ ယူႏိုက္တက္အသင္း ၊ ေအတီကိုအသင္းေတြနဲ႔ သတင္းေတြ ထြက္ခဲ့သူျဖစ္ပါတယ္။ ယူႏိ္ုက္တက္ဟာ အသင္းရဲ႕တိုက္စစ္ပိုင္းကို ေျဖရွင္းဖို႔ ကာဗာနီ ၊ ဟာလန္းတို႔ကို ခ်ိတ္ဆက္ခဲ့ေပမယ့္ အေျပာင္းအေရႊ႕က မျဖစ္ေျမာက္ခဲ့ပါဘူး။ ဗန္ပါစီကေတာ့ ယူႏိုက္တက္အသင္းအတြက္ ကာဗာနီက အသင့္ေတာ္ဆုံးလို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။ ကာဗာနီဟာ လာမယ့္ေႏြမွာ PSG အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ ကစားသမားျဖစ္တာေၾကာင့္ ေခၚယူတဲ့အသင္းေတြအေနနဲ႔ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ရရွိမွာလည္း ျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ ကစားသမား ၁၁၃ ေယာက္ကို ခ်ိတ္ဆက္ခဲ့တယ္လုိ႔သိရပါတယ္။