ယူနိုက်တက်ကိုဘာကြောင့်မရွေးချယ်ခဲ့တာလဲဆိုတာပြောပြလာတဲ့ ဟာလန်း

0
178
photo internet

အချို့ဘောလုံးသမားတွေဟာ ယူနိုက်တက်မှာကစားနိုင်ဖို့ အိပ်မက်တွေ၊စိတ်ကူးတွေရှိကြပေမယ့် လူငယ်ကစားသမားလေး ဟာလန်းကတော့ အဲဒီအခွင့်အရေးကိုလက်လွှတ်ခဲ့ပါတယ်။ သူဘာကြောင့် ယူနိုက်တက်ကို မရွေးချယ်ခဲ့တာလဲဆိုတာကိုတင်ဆက်ပေးပါမယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလ ရဲ့ အစောပိုင်းမှာ နော်ေ၀ တိုက်စစ်မှူး ဟာလန်း နဲ့ ယူနိုက်တက် တို့ရဲ့ အကြား အပြောင်းအရွှေ့ သတင်းတွေဟာ တော်တော်လေးကို ကျယ်လောင်ခဲ့ပါတယ်။ဒါပေမယ့် တကယ့်တကယ်အပြောင်း အရွှေ့ဖြစ်မြောက် တဲ့အခါမှာတော့ ဟာလန်းတစ်ယောက်ဒေ့ါမွန်အသင်းကို ရွေးချယ်ခဲ့ပါတယ်။ နည်းပြဆိုးလ်ရှား နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး ဆရာတပည့်လည်းဖြစ်ခဲ့ဖူးပေမယ့် ဟာလန်း က ဂျာမဏီကလပ်ကိုသာရွေးချယ်ခဲ့တာဖြစ်ပါတယ်။

photo internet

ဟာလန်းတစ်ယောက်ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖြစ်ဖို့ အတွက် နည်းပြဆိုးလ်ရှားနဲ့ ယူနိုက်တက်တာဝန်ရှိသူတွေဟာ ဟာလန်းရှိတဲ့နေရာကို မအားလပ်တဲ့ကြားက သွားရောက်တွေ့ဆုံခဲ့ပေမယ့် နောက်ဆုံးမှာအချည်းအနှီးဖြစ်ခဲ့ရပါတယ်။ အဲဒီလိုအပြောင်းအရွှေ့မဖြစ်တဲ့အပေါ် တချို့ ကကစားသမား လိုချင်တဲ့ လစာ ပမာဏမျိုး ပေးချေခြင်း မရှိလို့ ဆိုပြီး ရေးသားကြသလို ၊ တချို့ကတော့ ရွိုင်းအိုလာ က တောင်းတဲ့ ပွဲခမျိုး ကို ပေးဖို့ ဆန္ဒ မရှိတာကြောင့်ဆိုပြီး ထင်မြင်ချက်တွေပေးကြပါတယ်။ ဒေါ့မွန်အသင်းရဲ့တိုက်စစ်မှူး အီလန်ဟာလန်းကတော့ သူ့အနေနဲ့ ယူနိက်တက်လို အသင်းကြီးတစ်သင်းကိုကျောခိုင်းပြီး ဒေါ့မွန်ကိုရွေးချယ်ခဲ့တာက ငွေကြေးကြောင့် မဟုတ်ဘဲ မိမိရဲ့ကစားသမားဘဝ တိုးတက်ရေးအတွက်သာဖြစ်တယ်လို့ဆိုပါတယ်။ ဟာလန်းရဲ့ ပြောဆိုချက် အရ ယူနိုက်တက် နည်းပြ ဆိုးရှား သူ့ကို လာပြီး စည်းရုံးရေး မဆင်းခင်အချိန် ကတည်းကသူ့အနေနဲ့ ဒေါ့မွန် ကို ပြောင်းရွှေ့ဖို့ အတွက် ဆုံးဖြတ်ထားပြီးပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

photo internet

“ဒီနေ့ ဟာလန်း ဆိုပြီး တက်သစ်စ လူငယ် ကစားသမားတစ်ယောက် ဖြစ်လာဖို့ အတွက် ဆိုးလ်ရှားက အရေးပါတဲ့ နေရာ တစ်ခုကနေ ကူညီပေးခဲ့သူပါ။ သူ နဲ့ ကျနော်တွေ့ခဲ့တာ မှန်ပေမယ့် ၊ အဲဒီ မတိုင်ခင် ကတည်းက ဒေါ့မွန်ဟာ နောက်ထပ် ခြေလှမ်းတစ်ခု အတွက် အကောင်းဆုံး ရွေးချယ်မှု ဆိုတာ ဆုံးဖြတ်ချက် ချထားခဲ့ပြီးပါပြီ။ ငွေကြေးကြောင့် အပြောင်း အရွှေ့မဖြစ်ဘူး ဆိုတာမဟုတ်ပါဘူး၊ ဒါတွေကရောင်းအားကောင်းအောင်ခေါင်းစဉ်တပ်ကြတာပဲလေ။ ကျွန်တော်က အဲဒီဘက်အပိုင်းကို အာရုံစိုက်နေတာ မဟုတ်ပါဘူး။ ဒါပေမယ့် သတင်းတွေ က ရေးလိုက်တော့ ကျွန်တော်က ငွေမက်တဲ့ ကစားသမား တစ်ယောက်လို့ ထင်ယောင်ထင်မှား ဖြစ်ချင်စရာကြီးပါ။ ကျွန်တော်နဲ့နီးစပ်တဲ့သူတိုင်းက ကျွန်တော်ဟာ ငွေမက်သူမဟုတ်ဘူးဆိုတာသိပါတယ်။အရိုးသားဆုံးပြောတာပါ ကျွန်တော်အရမ်းရေးပါတဲ့ကစားသမားမဖြစ်ချင်ဘူး။ဒါကြောင့်ကျွန်တော့်အတွက်သင့်တော်မယ်ထင်ရတဲ့ အသင်းကိုသာရွေးချယ်ခဲ့တာပါ။”ဆိုပြီး ဟာလန်းကပြောပါတယ်။

photo internet

ဟာလန်း က သူ့ရဲ့ အေးဂျင့် ရွိုင်းအိုလာနဲ့ပတ်သက်လို့တော့အခုလိုပြောထားပါတယ်။ “ရွိုင်းအိုလာ ဟာ သူ့ရဲ့ နယ်ပယ်မှာတော့ ကမ္ဘာ့အကောင်းဆုံး ဆိုတာ သေချာပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ပဲအကုန်လုံးကို အဆင်ပြေအောင်လုပ်နိုင်ပါတယ်။ ဒါပေမယ့် သူနဲ့ ပတ်သက်လာရင် အဆိုးမြင်တွေက ပိုများတော့ ၊ သူ့ရဲ့ ကောင်းတဲ့ အချက်တွေကို မသိကြပါဘူး။ သူ့မှာမကောင်းမြင်ခံရမှု့အများအပြားရှိနေပေမယ့်လည်း ဒါက သူ့လူတွေကိုအကောင်းဆုံး တွေဖြစ်အောင်လုပ်ပေးနေတာကြောင့်လို့ထင်ပါတယ်။ သူကကျွန်တော့်ကို အတော်လေးကူညီခဲ့သလို သူကလူကောင်းတစ်ယောက်ပါ။”ဆိုပြီးပြောပါတယ်။ ဟာလန်း ဟာ ဒေါ့မွန် အတွက် ကစား ပေးတဲ့ ၄ ပွဲစလုံး ဂိုး သွင်းပေး ထားခဲ့ပြီး ၊ ဘရီမင် ကို ရှုံးနိမ့် ခဲ့တဲ့ ပိုကယ် ဖလား ပွဲက လွဲရင် ကျန်တဲ့ ဘွန်ဒစ် လီဂါ ၃ ပွဲ စလုံး မှာ ဒေါ့မွန် ဟာ ပွဲတိုင်း ၅ ဂိုး သွင်းယူနိုင် ခဲ့ ပါတယ် ။ ဟာလန်း ဟာ ဒေါ့မွန် အတွက် စုစုပေါင်း မီးနစ် 270 သာ ကစားပေးရသေးသည့်တိုင်အောင် ၊ သွင်းဂိုး က 8 ဂိုး အထိ သွင်းယူ ထားပြီးပြီ ဖြစ်ပါတယ်။ ဒါကြောင့်သူ့ကို ဂိုးသွင်းစက်လို့တောင်ပြောဆို နေကြပါတယ်။ ဒေါ့မွန် ဟာ ဟာလန်း ကို ခေါ်ယူနိုင်ဖို့ အတွက် အေးဂျင့် ရွိုင်းအိုလာ ရဲ့ တောင်းဆိုမှု တွေကို လိုက်လျော ပေးထားခဲ့ တယ်လို့ လည်းသိရ ပါတယ် ။ အေးဂျင့် ရွိုင်းအိုလာ ဟာ ဒေါ့မွန် ကနေ ဟာလန်းကို အချိန် မရွေး ပြောင်းရွှေ့ ခွင့် အပါအဝင်အခြားအချက်အလက်တွေကိုလည်းတောင်းဆိုထားတာကြောင့် ဟာလန်းတစ်ယောက်အနာဂတ်မှာဘယ်အသင်းဆီရောက်မလဲဆိုတာစောင့်ကြည့်ကြရအောင်ပါ။

photo internet

(Zawgyi Version)

ယူႏိုက္တက္ကိုဘာေၾကာင့္မေ႐ြးခ်ယ္ခဲ့တာလဲဆိုတာေျပာျပလာတဲ့ ဟာလန္း

အခ်ိဳ႕ေဘာလုံးသမားေတြဟာ ယူႏိုက္တက္မွာကစားႏိုင္ဖို႔ အိပ္မက္ေတြ၊စိတ္ကူးေတြရွိၾကေပမယ့္ လူငယ္ကစားသမားေလး ဟာလန္းကေတာ့ အဲဒီအခြင့္အေရးကိုလက္လႊတ္ခဲ့ပါတယ္။ သူဘာေၾကာင့္ ယူႏိုက္တက္ကို မေ႐ြးခ်ယ္ခဲ့တာလဲဆိုတာကိုတင္ဆက္ေပးပါမယ္။ ၿပီးခဲ့တဲ့ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ ကာလ ရဲ႕ အေစာပိုင္းမွာ ေနာ္ေ၀ တိုက္စစ္မႉး ဟာလန္း နဲ႔ ယူႏိုက္တက္ တို႔ရဲ႕ အၾကား အေျပာင္းအေ႐ႊ႕ သတင္းေတြဟာ ေတာ္ေတာ္ေလးကို က်ယ္ေလာင္ခဲ့ပါတယ္။ဒါေပမယ့္ တကယ့္တကယ္အေျပာင္း အေ႐ႊ႕ျဖစ္ေျမာက္ တဲ့အခါမွာေတာ့ ဟာလန္းတစ္ေယာက္ေဒ့ါမြန္အသင္းကို ေ႐ြးခ်ယ္ခဲ့ပါတယ္။ နည္းျပဆိုးလ္ရွား နဲ႔ ရင္းႏွီးတဲ့ဆက္ဆံေရးရွိၿပီး ဆရာတပည့္လည္းျဖစ္ခဲ့ဖူးေပမယ့္ ဟာလန္း က ဂ်ာမဏီကလပ္ကိုသာေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။ ဟာလန္းတစ္ေယာက္ယူႏိုက္တက္ဆီ ေျပာင္းေ႐ႊ႕ျဖစ္ဖို႔ အတြက္ နည္းျပဆိုးလ္ရွားနဲ႔ယူႏိုက္တက္တာဝန္ရွိသူေတြဟာ ဟာလန္းရွိတဲ့ေနရာကို မအားလပ္တဲ့ၾကားက သြားေရာက္ေတြ႕ဆုံခဲ့ေပမယ့္ ေနာက္ဆုံးမွာအခ်ည္းအႏွီးျဖစ္ခဲ့ရပါတယ္။
အဲဒီလိုအေျပာင္းအေ႐ႊ႕မျဖစ္တဲ့အေပၚ တခ်ိဳ႕ ကကစားသမား လိုခ်င္တဲ့ လစာ ပမာဏမ်ိဳး ေပးေခ်ျခင္း မရွိလို႔ ဆိုၿပီး ေရးသားၾကသလို ၊ တခ်ိဳ႕ကေတာ့ ႐ြိဳင္းအိုလာ က ေတာင္းတဲ့ ပြဲခမ်ိဳး ကို ေပးဖို႔ ဆႏၵ မရွိတာေၾကာင့္ဆိုၿပီး ထင္ျမင္ခ်က္ေတြေပးၾကပါတယ္။ ေဒါ့မြန္အသင္းရဲ႕တိုက္စစ္မႉး အီလန္ဟာလန္းကေတာ့ သူ႔အေနနဲ႔ ယူနိက္တက္လို အသင္းႀကီးတစ္သင္းကိုေက်ာခိုင္းၿပီး ေဒါ့မြန္ကိုေ႐ြးခ်ယ္ခဲ့တာက ေငြေၾကးေၾကာင့္ မဟုတ္ဘဲ မိမိရဲ႕ကစားသမားဘဝ တိုးတက္ေရးအတြက္သာျဖစ္တယ္လို႔ဆိုပါတယ္။ ဟာလန္းရဲ႕ ေျပာဆိုခ်က္ အရ ယူႏိုက္တက္ နည္းျပ ဆိုးရွား သူ႔ကို လာၿပီး စည္း႐ုံးေရး မဆင္းခင္အခ်ိန္ ကတည္းကသူ႔အေနနဲ႔ ေဒါ့မြန္ ကို ေျပာင္းေ႐ႊ႕ဖို႔ အတြက္ ဆုံးျဖတ္ထားၿပီးၿပီ ျဖစ္တယ္လို႔ ဆိုပါတယ္။ “ဒီေန႔ ဟာလန္း ဆိုၿပီး တက္သစ္စ လူငယ္ ကစားသမားတစ္ေယာက္ ျဖစ္လာဖို႔ အတြက္ ဆိုးလ္ရွားက အေရးပါတဲ့ ေနရာ တစ္ခုကေန ကူညီေပးခဲ့သူပါ။ သူ နဲ႔ က်ေနာ္ေတြ႕ခဲ့တာ မွန္ေပမယ့္ ၊ အဲဒီ မတိုင္ခင္ ကတည္းက ေဒါ့မြန္ဟာ ေနာက္ထပ္ ေျခလွမ္းတစ္ခု အတြက္ အေကာင္းဆုံး ေ႐ြးခ်ယ္မႈ ဆိုတာ ဆုံးျဖတ္ခ်က္ ခ်ထားခဲ့ၿပီးပါၿပီ။ ေငြေၾကးေၾကာင့္ အေျပာင္း အေ႐ႊ႕မျဖစ္ဘူး ဆိုတာမဟုတ္ပါဘူး၊ ဒါေတြကေရာင္းအားေကာင္းေအာင္ေခါင္းစဥ္တပ္ၾကတာပဲေလ။ ကြၽန္ေတာ္က အဲဒီဘက္အပိုင္းကို အာ႐ုံစိုက္ေနတာ မဟုတ္ပါဘူး။ ဒါေပမယ့္ သတင္းေတြ က ေရးလိုက္ေတာ့ ကြၽန္ေတာ္က ေငြမက္တဲ့ ကစားသမား တစ္ေယာက္လို႔ ထင္ေယာင္ထင္မွား ျဖစ္ခ်င္စရာႀကီးပါ။ ကြၽန္ေတာ္နဲ႔နီးစပ္တဲ့သူတိုင္းက ကြၽန္ေတာ္ဟာ ေငြမက္သူမဟုတ္ဘူးဆိုတာသိပါတယ္။အ႐ိုးသားဆုံးေျပာတာပါ ကြၽန္ေတာ္အရမ္းေရးပါတဲ့ကစားသမားမျဖစ္ခ်င္ဘူး။ဒါေၾကာင့္ကြၽန္ေတာ့္အတြက္သင့္ေတာ္မယ္ထင္ရတဲ့ အသင္းကိုသာေ႐ြးခ်ယ္ခဲ့တာပါ။”ဆိုၿပီး ဟာလန္းကေျပာပါတယ္။
ဟာလန္း က သူ႔ရဲ႕ ေအးဂ်င့္ ႐ြိဳင္းအိုလာနဲ႔ပတ္သက္လို႔ေတာ့အခုလိုေျပာထားပါတယ္။ “႐ြိဳင္းအိုလာ ဟာ သူ႔ရဲ႕ နယ္ပယ္မွာေတာ့ ကမာၻ႔အေကာင္းဆုံး ဆိုတာ ေသခ်ာပါတယ္။ ႐ိုး႐ိုးရွင္းရွင္းနဲ႔ပဲအကုန္လုံးကို အဆင္ေျပေအာင္လုပ္ႏိုင္ပါတယ္။ ဒါေပမယ့္ သူနဲ႔ ပတ္သက္လာရင္ အဆိုးျမင္ေတြက ပိုမ်ားေတာ့ ၊ သူ႔ရဲ႕ ေကာင္းတဲ့ အခ်က္ေတြကို မသိၾကပါဘူး။ သူ႔မွာမေကာင္းျမင္ခံရမႈ႕အမ်ားအျပားရွိေနေပမယ့္လည္း ဒါက သူ႔လူေတြကိုအေကာင္းဆုံး ေတြျဖစ္ေအာင္လုပ္ေပးေနတာေၾကာင့္လို႔ထင္ပါတယ္။ သူကကြၽန္ေတာ့္ကို အေတာ္ေလးကူညီခဲ့သလို သူကလူေကာင္းတစ္ေယာက္ပါ။”ဆိုၿပီးေျပာပါတယ္။
ဟာလန္း ဟာ ေဒါ့မြန္ အတြက္ ကစား ေပးတဲ့ ၄ ပြဲစလုံး ဂိုး သြင္းေပး ထားခဲ့ၿပီး ၊ ဘရီမင္ ကို ရႈံးနိမ့္ ခဲ့တဲ့ ပိုကယ္ ဖလား ပြဲက လြဲရင္ က်န္တဲ့ ဘြန္ဒစ္ လီဂါ ၃ ပြဲ စလုံး မွာ ေဒါ့မြန္ ဟာ ပြဲတိုင္း ၅ ဂိုး သြင္းယူႏိုင္ ခဲ့ ပါတယ္ ။ ဟာလန္း ဟာ ေဒါ့မြန္ အတြက္ စုစုေပါင္း မီးနစ္ 270 သာ ကစားေပးရေသးသည့္တိုင္ေအာင္ ၊ သြင္းဂိုး က 8 ဂိုး အထိ သြင္းယူ ထားၿပီးၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္သူ႔ကို ဂိုးသြင္းစက္လို႔ေတာင္ေျပာဆို ေနၾကပါတယ္။ ေဒါ့မြန္ ဟာ ဟာလန္း ကို ေခၚယူႏိုင္ဖို႔ အတြက္ ေအးဂ်င့္ ႐ြိဳင္းအိုလာ ရဲ႕ ေတာင္းဆိုမႈ ေတြကို လိုက္ေလ်ာ ေပးထားခဲ့ တယ္လို႔ လည္းသိရ ပါတယ္ ။ ေအးဂ်င့္ ႐ြိဳင္းအိုလာ ဟာ ေဒါ့မြန္ ကေန ဟာလန္းကို အခ်ိန္ မေ႐ြး ေျပာင္းေ႐ႊ႕ ခြင့္ အပါအဝင္အျခားအခ်က္အလက္ေတြကိုလည္းေတာင္းဆိုထားတာေၾကာင့္ ဟာလန္းတစ္ေယာက္အနာဂတ္မွာဘယ္အသင္းဆီေရာက္မလဲဆိုတာေစာင့္ၾကည့္ၾကရေအာင္ပါ။