မော်ရင်ဟိုမှားတယ်ဆိုတာကို အားလုံးသိအောင်သက်သေပြချင်ခဲ့တဲ့ သရဲနီကစားသမား

0
76

 

လူတိုင်းအမှားရှိတတ်ကြပါတယ်။ အောင်မြင်ကျော်ကြားတဲ့သူတွေက အမှားဖြစ်ရင်တော့ သာမန်လူထက် ပိုပြီးလူသိများတတ်ပါတယ်။ အခုလည်း ဘောလုံးကစားသမားတစ်ယောက်နဲ့နည်းပြကြားက အမှားအမှန်ကိစ္စကိုတင်ဆက်ပေးချင်ပါတယ်။ ယူနိုက်တက် တိုက်စစ်မှုး မာရှယ်က မော်ရင်ဟို ရဲ့ သူ့အပေါ်ဝေဖန်ပြောဆိုမှုက မှားယွင်းခဲ့တယ်ဆိုတာကို သက်သေပြချင်ခဲ့တာဖြစ်ပါတယ်။ မာရှယ်ဟာ နည်းပြမော်ရင်ဟိုရဲ့လက်အောက်မှာ ၂၀၁၆ကနေ ၂၀၁၈အထိ ၂ရာသီခွဲကစားခဲ့ပါတယ်။မော်ရင်ဟိုဟာ ကနဦးကာလမှာတော့ မာရှယ်အပေါ်ယုံကြည်မှုရှိခဲ့ပြီး ၂၀၁၆-၁၇ရာသီမှာ ပရီးမီးယားလိဂ်ပွဲ ၁၈ပွဲကစားပြီးနောက်၊ လူကာကူရောက်လာတဲ့အခါ မာရှယ်တစ်ယောက် နောက်တစ်ရာသီမှာ နောက်ထပ်ပွဲထွက်သိပ်မရခဲ့တော့ပါဘူး။ မာရှယ်ဟာပထမရာသီမှာပဲ ၁၇ဂိုးနဲ့အတူ ခြေစွမ်းပြခဲ့ပြီး အကောင်းဆုံးရာသီပိုင်ဆိုင်ခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာတော့ ခံစစ်ပိုင်းအားနည်းတယ်ဆိုတဲ့မှတ်ချက်နဲ့အတူ အရံခုံမှာသာ နေခဲ့ရပါတယ်။ စတုတ်နဲ့ပွဲ မိနစ်၆၀ မှသာ လူစားဝင်ခဲ့ရပြီး အဲဒီပွဲမှာပဲ မော်ရင်ဟိုအတွက် ပထမဆုံးဂိုးကိုစတင်သွင်းယူပေးခဲ့သူလည်းဖြစ်ပါတယ်။

photo internet

ပွဲကြိုမီဒီယာရှင်းလင်းပွဲတွေနဲ့ပွဲပြီးသတင်းစာရှင်းလင်းပွဲတွေမှာလည်း မာရှယ်ဟာနည်းပြမော်ရင်ဟိုဆီက ဝေဖန်မှုတွေမကြာခဏရလေ့ရှိခဲ့ပါတယ်။ “ကျွန်တော့်ကိုလူတွေရှေ့မှာ ဆူပူတာ၊ပြောဆိုတာမကြိုက်ပါဘူး။ ပြောစရာရှိရင် တစ်ယောက်တည်းရှိတဲ့အချိန်ပြောတာပဲကြိုက်ပါတယ်။ မော်ရင်ဟိုရဲ့ပြောဆိုချက်တွေမှား တယ်ဆိုတာကို ကျွန်တော်သက်သေပြချင်ခဲ့တာပါ။ ပထမရာသီရဲ့အစပိုင်းတွေမှာကျွန်တော်ဝင်မကစားရပါဘူး၊ ဝင်ကစားရရင်လည်း မိနစ်အနည်းငယ်ပဲ ကစားရပါတယ်။ များသောအားဖြင့်က အရံခုံမှာထိုင်နေရတာများပါ တယ်။ နောက်ပိုင်းမှာ ကျွန်တော် အရံခုံကနေ ကွင်းထဲဝင်ခွင့်ရပြီး ဂိုးသွင်းနိုင်ခဲ့ပါတယ်။ အဲဒီနောက် ပွဲပြီးတဲ့အချိန် မော်ရင်ဟိုက အခုမင်းမြင်လား၊ငါမင်းဆီကဘာလိုချင်လဲဆိုတာမင်းသိပြီလားဆိုပြီး လာပြောပါတယ်။ လူရှေ့သူရှေ့ပြောတယ်ဆိုရင် ခင်ဗျားလည်း စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တာပဲ။ ဘယ်ကစားသမားမဆိုကွင်းထဲမှာရှိနေဖို့ ထိုက်တန်တယ်ဆိုတာကို ပြချင်မှာပါ ”လို့ မာရှယ်က ပြောပါတယ်။မာရှယ်ကသူ့အနေနဲ့ ပိုကောင်းအောင်လုပ်ဖို့ ကြိုးစားနေတဲ့အချိန်မှာ မော်ရင်ဟိုရဲ့လူရှေ့သူရှေ့ တိုက်ခိုက်မှုကို သူမှန်ကြောင်းသက်သေပြချင်ခဲ့တာဖြစ်ပါတယ်။

photo internet

မာရှယ်ဟာ ယူနိက်တက်နဲ့အတူလက်ရှိမှာ ပွဲပေါင်း၂၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်သလို အသင်းရဲ့ အဓိကတိုက်စစ်မှုးလည်းဖြစ်နေပါပြီ။ မာရှယ်ဟာ ရက်ရှ်ဖို့နဲ့အတွဲညီပေမယ့် လောလောဆယ်မှာတော့ ရက်ရှ်ဖို့ဟာ ဒဏ်ရာပြဿနာကြောင့် မြက်ခင်းစိမ်းပေါ်ခြေမချနိုင်သေးပါဘူး။ ဆိုးလ်ရှားရဲ့လက်ထဲမှာ ပျော်ရွှင်နေတဲ့ မာရှယ် အနေနဲ့ မားကပ်စ်ရက်ရှ်ဖိုဒ့် သာပြန်လာခဲ့ရင် ယခင်ခြေစွမ်းတွေပြန်ရဖို့မျှော်လင့်နိုင်ပြီး လူငယ်တိုက်စစ်အတွဲကအသင်းကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ လက်ရှိနည်းပြဆိုးလ်ရှားလက်အောက်မှာတော့ မာရှယ်က ပုံမှန်ပွဲထွက်ခွင့်ရနေပြီး၊ မာရှယ်ရဲ့အရေးပါပုံကို နည်းပြဆိုးလ်ရှားက အခုလိုပြောထားပါတယ်။

“မာရှယ်က ကျွန်တော်တို့အတွက် မရှိမဖြစ်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။” ဆိုပြီးပြောပါတယ်။

၂၄နှစ်အရွယ်မာရှယ်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲ ၁၉ပွဲကစားထားပြီး ၈ဂိုးသွင်းထားကာ၊ ဂိုးထောက်ပံ့မှု ၃ကြိမ်၊ ကန်ချက် ၄၈ကြိမ်၊ ဂိုးပေါက်တည့်တဲ့အကြိမ် ၂၄ကြိမ်၊ ကန်ချက်မှန်မှုရာခိုင်နှုန်း ၅၀%နဲ့ တိုင်ထိ ၁လုံး စတဲ့မှတ်တမ်းတွေရှိပါတယ်။

photo internet

(Zawgyi Version)

ေမာ္ရင္ဟိုမွားတယ္ဆိုတာကို အားလုံးသိေအာင္သက္ေသျပခ်င္ခဲ့တဲ့ သရဲနီကစားသမား

လူတိုင္းအမွားရိွတတ္ၾကပါတယ္။ ေအာင္ျမင္ေက်ာ္ၾကားတဲ့သူေတြက အမွားျဖစ္ရင္ေတာ့ သာမန္လူထက္ ပိုၿပီးလူသိမ်ားတတ္ပါတယ္။ အခုလည္း ေဘာလုံးကစားသမားတစ္ေယာက္နဲ႔နည္းျပၾကားက အမွားအမွန္ကိစၥကိုတင္ဆက္ေပးခ်င္ပါတယ္။ ယူႏိုက္တက္ တိုက္စစ္မႈး မာရွယ္က ေမာ္ရင္ဟို ရဲ႕ သူ႔အေပၚေဝဖန္ေျပာဆိုမႈက မွားယြင္းခဲ့တယ္ဆိုတာကို သက္ေသျပခ်င္ခဲ့တာျဖစ္ပါတယ္။ မာရွယ္ဟာ နည္းျပေမာ္ရင္ဟိုရဲ႕လက္ေအာက္မွာ ၂၀၁၆ကေန ၂၀၁၈အထိ ၂ရာသီခြဲကစားခဲ့ပါတယ္။ေမာ္ရင္ဟိုဟာ ကနဦးကာလမွာေတာ့ မာရွယ္အေပၚယံုၾကည္မႈရွိခဲ့ျပီး ၂၀၁၆-၁၇ရာသီမွာ ပရီးမီးယားလိဂ္ပြဲ ၁၈ပြဲကစားျပီးေနာက္၊ လူကာကူေရာက္လာတဲ့အခါ မာရွယ္တစ္ေယာက္ ေနာက္တစ္ရာသီမွာ ေနာက္ထပ္ပြဲထြက္သိပ္မရခဲ့ေတာ့ပါဘူး။ မာရွယ္ဟာပထမရာသီမွာပဲ ၁၇ဂိုးနဲ႔အတူ ေျခစြမ္းျပခဲ့ၿပီး အေကာင္းဆုံးရာသီပိုင္ဆိုင္ခဲ့ေပမယ့္ အဲဒီေနာက္ပိုင္းမွာေတာ့ ခံစစ္ပိုင္းအားနည္းတယ္ဆိုတဲ့မွတ္ခ်က္နဲ႔အတူ အရံခုံမွာသာ ေနခဲ့ရပါတယ္။ စတုတ္နဲ႔ပြဲ မိနစ္၆၀ မွသာ လူစားဝင္ခဲ့ရၿပီး အဲဒီပြဲမွာပဲ ေမာ္ရင္ဟိုအတြက္ ပထမဆုံးဂိုးကိုစတင္သြင္းယူေပးခဲ့သူလည္းျဖစ္ပါတယ္။

ပြဲၾကိဳမီဒီယာရွင္းလင္းပြဲေတြနဲ႔ပြဲၿပီးသတင္းစာရွင္းလင္းပြဲေတြမွာလည္း မာရွယ္ဟာနည္းျပေမာ္ရင္ဟိုဆီက ေဝဖန္မႈေတြမၾကာခဏရေလ့ရွိခဲ့ပါတယ္။ “ကၽြန္ေတာ့္ကိုလူေတြေရွ႕မွာ ဆူပူတာ၊ေျပာဆိုတာမၾကိဳက္ပါဘူး။ ေျပာစရာရိွရင္ တစ္ေယာက္တည္းရိွတဲ့အခ်ိန္ေျပာတာပဲႀကိဳက္ပါတယ္။ ေမာ္ရင္ဟိုရဲ႕ေျပာဆုိခ်က္ေတြမွား တယ္ဆိုတာကို ကၽြန္ေတာ္သက္ေသျပခ်င္ခဲ့တာပါ။ ပထမရာသီရဲ႕အစပိုင္းေတြမွာကၽြန္ေတာ္ဝင္မကစားရပါဘူး၊ ဝင္ကစားရရင္လည္း မိနစ္အနည္းငယ္ပဲ ကစားရပါတယ္။ မ်ားေသာအားျဖင့္က အရံခုံမွာထိုင္ေနရတာမ်ားပါ တယ္။ ေနာက္ပုိင္းမွာ ကၽြန္ေတာ္ အရံခုံကေန ကြင္းထဲ၀င္ခြင့္ရၿပီး ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ အဲဒီေနာက္ ပြဲၿပီးတဲ့အခ်ိန္ ေမာ္ရင္ဟိုက အခုမင္းျမင္လား၊ငါမင္းဆီကဘာလိုခ်င္လဲဆိုတာမင္းသိၿပီလားဆိုၿပီး လာေျပာပါတယ္။ လူေရွ႕သူေရွ႕ေျပာတယ္ဆိုရင္ ခင္ဗ်ားလည္း စိတ္အေႏွာင့္အယွက္ျဖစ္ေစနုိင္တာပဲ။ ဘယ္ကစားသမားမဆိုကြင္းထဲမွာရွိေနဖုိ႔ ထုိက္တန္တယ္ဆုိတာကို ျပခ်င္မွာပါ ”လို႔ မာရွယ္က ေျပာပါတယ္။မာရွယ္ကသူ႔အေနနဲ႔ ပိုေကာင္းေအာင္လုပ္ဖုိ႔ ၾကိဳးစားေနတဲ့အခ်ိန္မွာ ေမာ္ရင္ဟိုရဲ႕လူေရွ႕သူေရွ႕ တုိက္ခိုက္မႈကို သူမွန္ေၾကာင္းသက္ေသျပခ်င္ခဲ့တာျဖစ္ပါတယ္။
မာရွယ္ဟာ ယူနိက္တက္နဲ႔အတူလက္ရွိမွာ ပြဲေပါင္း၂၀၀ ျပည့္ေျမာက္ခဲ့ၿပီျဖစ္သလို အသင္းရဲ႕ အဓိကတိုက္စစ္မႈးလည္းျဖစ္ေနပါၿပီ။ မာရွယ္ဟာ ရက္ရွ္ဖို႔နဲ႔အတြဲညီေပမယ့္ ေလာေလာဆယ္မွာေတာ့ ရက္ရွ္ဖို႔ဟာ ဒဏ္ရာျပႆနာေၾကာင့္ ျမက္ခင္းစိမ္းေပၚေျခမခ်ႏိုင္ေသးပါဘူး။ ဆိုးလ္ရွားရဲ႕လက္ထဲမွာ ေပ်ာ္႐ႊင္ေနတဲ့ မာရွယ္ အေနနဲ႔ မားကပ္စ္ရက္ရွ္ဖိုဒ့္ သာျပန္လာခဲ့ရင္ ယခင္ေျခစြမ္းေတြျပန္ရဖို႔ေမွ်ာ္လင့္ႏိုင္ၿပီး လူငယ္တိုက္စစ္အတြဲကအသင္းကို ပိုမိုေကာင္းမြန္ေအာင္လုပ္ေဆာင္ေပးႏိုင္မွာျဖစ္ပါတယ္။ လက္ရွိနည္းျပဆိုးလ္ရွားလက္ေအာက္မွာေတာ့ မာရွယ္က ပံုမွန္ပြဲထြက္ခြင့္ရေနၿပီး၊ မာရွယ္ရဲ႕အေရးပါပံုကုိ နည္းျပဆုိးလ္ရွားက အခုလိုေျပာထားပါတယ္။

“မာရွယ္က ကၽြန္ေတာ္တုိ႔အတြက္ မရွိမျဖစ္ကစားသမားတစ္ေယာက္ျဖစ္ပါတယ္။” ဆိုၿပီးေျပာပါတယ္။

၂၄ႏွစ္အရြယ္မာရွယ္ဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္ပြဲ ၁၉ပြဲကစားထားျပီး ၈ဂိုးသြင္းထားကာ၊ ဂိုးေထာက္ပံ့မႈ ၃ၾကိမ္၊ ကန္ခ်က္ ၄၈ၾကိမ္၊ ဂိုးေပါက္တည့္တဲ့အႀကိမ္ ၂၄ၾကိမ္၊ ကန္ခ်က္မွန္မႈရာခိုင္ႏႈန္း ၅၀%နဲ႔ တုိင္ထိ ၁လံုး စတဲ့မွတ္တမ္းေတြရွိပါတယ္။