မန်ယူအသင်းကနေ ထွက်ခွါခဲ့တဲ့အကြောင်းရင်းကိုထုတ်ပြောလိုက်တဲ့ ရိုဂျို

0
353

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

အသင်းဟောင်းအက်စ်တူဒီယန်တက်ကိုပြောင်းရွှေ့သွားခဲ့တဲ့အာဂျင်တီးနားနောက်ခံလူရိုဂျိုဟာ မန်ယူအ သင်းကို စွန့်ခွါခဲ့တာဟာ မိခင်ဖြစ်သူရဲ့တိုက်တွန်းမှုကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ ရိုဂျိုဟာဆောင်းရာသီ စျေးကွက်အတွင်းအသင်းဟောင်းအက်စ်တူဒီယန်းတက်ထံ ၆ လအငှားနဲ့စာချုပ်နဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပါ တယ်။

သူဟာအာဂျင်တီးနားကလပ်အက်စ်တူဒီယန်းတက်အကယ်ဒမီကနေ ပရော်ဖက်ရှင်နယ်ဘ၀ကိုစတင်ခဲ့ တာဖြစ်ပြီး မန်ယူအသင်းမှာတော့ ၂၀၁၄ ခုနှစ်ကနေ နောက်ဆုံးအချိန်အထိ ပွဲပေါင်း ၁၂၂ ပွဲကစားပေးခဲ့ ပါတယ်။ မန်ယူအသင်းမတိုင်မီက စပါးတပ်မော်စကိုနဲ့ စပို့တင်းလစ္စဘွန်းအသင်းတွေမှာကစားခဲ့တာပါ။

“အက်စ်တူဒီယန်တက်မှာ ပြန်လာကစားတဲ့အကြောင်းရင်းကတော့ အများကြီးပဲ၊ ကျတော့်အတွက် ပွဲ ကစားခွင့်ရဖို့လိုအပ်တယ်။အရင်လိုခြေစွမ်းအဆင့်ကို ပြန်ရဖို့ လိုတယ်။ အမေကလည်း ပြန်လာဖို့အတင်း ပြောတာနဲ့ပြောင်းလာခဲ့တာပါ။ အသင်းပြောင်းဖို့ ကမ်းလှမ်းမှုတော်တော်များများရခဲ့ပေမယ့် အိမ်ပြန်လာတာ ပိုကောင်းမယ်လို့တွေးမိခဲ့တာဖြစ်ပါတယ်။ မကြာခင်မှာပဲ ပွဲပြန်ကစားခွင့်ရမယ်လို့မျှော် လင့်ထားပါတယ်” လို့ ရိုဂျိုက အာဂျင်တီးနားမီဒီယာတွေနဲ့တွေ့ဆုံချိန်မှာပြောသွားခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်းမှာ ကစားခဲ့တဲ့ ၅ နှစ်တာကာလအတွင်း အက်ဖ်အေဖလား၊ လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဆု ဖလားတွေကို ရယူနိုင်ခဲ့ပေမယ့် နောက်ဆုံး ၂ နှစ်ခွဲကာလအတွင်းမှာတော့ ဒဏ်ရာပြဿနာတွေအပြင် အက်ရှ်လေယန်၊ လုခ်ရှောတို့နဲ့နေရာလုနေခဲ့ရလို့ ပရီးမီးယားလိဂ် ၁၇ ပွဲသာ ကစားခွင့်ရခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

[Zawgyi]

မန္ယူအသင္းကေန ထြက္ခြါခဲ့တဲ့အေၾကာင္းရင္းကိုထုတ္ေျပာလိုက္တဲ့ ႐ိုဂ်ိဳ
/////////////////////////////////////////////
အသင္းေဟာင္းအက္စ္တူဒီယန္တက္ကိုေျပာင္းေ႐ႊ႕သြားခဲ့တဲ့အာဂ်င္တီးနားေနာက္ခံလူ႐ိုဂ်ိဳဟာ မန္ယူအ သင္းကို စြန႔္ခြါခဲ့တာဟာ မိခင္ျဖစ္သူရဲ႕တိုက္တြန္းမႈေၾကာင့္ျဖစ္တယ္လို႔ဆိုပါတယ္။ ႐ိုဂ်ိဳဟာေဆာင္းရာသီ ေစ်းကြက္အတြင္းအသင္းေဟာင္းအက္စ္တူဒီယန္းတက္ထံ ၆ လအငွားနဲ႔စာခ်ဳပ္နဲ႔ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါ တယ္။

သူဟာအာဂ်င္တီးနားကလပ္အက္စ္တူဒီယန္းတက္အကယ္ဒမီကေန ပေရာ္ဖက္ရွင္နယ္ဘ၀ကိုစတင္ခဲ့ တာျဖစ္ၿပီး မန္ယူအသင္းမွာေတာ့ ၂၀၁၄ ခုႏွစ္ကေန ေနာက္ဆုံးအခ်ိန္အထိ ပြဲေပါင္း ၁၂၂ ပြဲကစားေပးခဲ့ ပါတယ္။ မန္ယူအသင္းမတိုင္မီက စပါးတပ္ေမာ္စကိုနဲ႔ စပို႔တင္းလစၥဘြန္းအသင္းေတြမွာကစားခဲ့တာပါ။

“အက္စ္တူဒီယန္တက္မွာ ျပန္လာကစားတဲ့အေၾကာင္းရင္းကေတာ့ အမ်ားႀကီးပဲ၊ က်ေတာ့္အတြက္ ပြဲ ကစားခြင့္ရဖို႔လိုအပ္တယ္။အရင္လိုေျခစြမ္းအဆင့္ကို ျပန္ရဖို႔ လိုတယ္။ အေမကလည္း ျပန္လာဖို႔အတင္း ေျပာတာနဲ႔ေျပာင္းလာခဲ့တာပါ။ အသင္းေျပာင္းဖို႔ ကမ္းလွမ္းမႈေတာ္ေတာ္မ်ားမ်ားရခဲ့ေပမယ့္ အိမ္ျပန္လာတာ ပိုေကာင္းမယ္လို႔ေတြးမိခဲ့တာျဖစ္ပါတယ္။ မၾကာခင္မွာပဲ ပြဲျပန္ကစားခြင့္ရမယ္လို႔ေမွ်ာ္ လင့္ထားပါတယ္” လို႔ ႐ိုဂ်ိဳက အာဂ်င္တီးနားမီဒီယာေတြနဲ႔ေတြ႕ဆုံခ်ိန္မွာေျပာသြားခဲ့တာျဖစ္ပါတယ္။

မန္ယူအသင္းမွာ ကစားခဲ့တဲ့ ၅ ႏွစ္တာကာလအတြင္း အက္ဖ္ေအဖလား၊ လိဂ္ဖလားနဲ႔ ယူ႐ိုပါလိဂ္ဆု ဖလားေတြကို ရယူႏိုင္ခဲ့ေပမယ့္ ေနာက္ဆုံး ၂ ႏွစ္ခြဲကာလအတြင္းမွာေတာ့ ဒဏ္ရာျပႆနာေတြအျပင္ အက္ရွ္ေလယန္၊ လုခ္ေရွာတို႔နဲ႔ေနရာလုေနခဲ့ရလို႔ ပရီးမီးယားလိဂ္ ၁၇ ပြဲသာ ကစားခြင့္ရခဲ့ပါတယ္။