ပီကေးကို ပရိသတ်တွေအများကြီး ကြားထဲမှာ အရှက်ကွဲစေခဲ့တဲ့ အီနာကီ ဝီလီယံရဲ့ ကျော်ဖြတ်မှု

0
6841


ဘီလ်ဘာအို တိုက်စစ်မှူး အီနာကီ ဝီလီယံဟာ ယမန်နေ့ညက ဘာစီလိုနာ နာမည်ကြီး နောက်ခံလူ ပီကေးကို အပြေးပြိုင်ရင်း ပရိသတ်တွေ ကြားထဲ အရှက်ခွဲခဲ့ပါတယ်။ ဆိုပါ ပွဲစဉ်မှာတော့ ဘီလ်ဘာအိုအသင်းက ဘက်စ်ကွက်ရဲ့ OGဂိုးနဲ့အတူ အနိုင်ရှိခဲ့ပြီး ဘာစီလိုနာကို စပိန်ဘုရင့်ဖလားကနေ ထုတ်ပယ်ခဲ့ရပါတယ်။

ဒါပေမဲ့ အဆိုပါ နိုင်ပွဲထက် ရယ်စရာကောင်းနေတဲ့ အကြောင်းအရာကတော့ ဝီလီယံနဲ့ ပီကေးတို့ကြားက အပြေးပြိုင်ပွဲ ဖြစ်ပါတယ်။ ပွဲချိန် ၇၂မိနစ်မှာ တန်ပြန်တိုက်စစ်ကနေတစ်ဆင့် ဝီလီယံတစ်ယောက် ပီကေးကို ကျော်ပြေးခဲ့ပါတယ်။

စပိန်သားကို ကျော်ဖြတ်နိုင်မယ့်ဆဲဆဲမှာ ပီကေးက ဝီလီယံရဲ့ အကျီကို လဲကျနေရာကနေ ဆွဲထားခဲ့ပြီး အဆိုပါ ပြစ်ဒဏ်ကြောင့် အဝါကတ် ပြခံခဲ့ရပါတယ်။

မိနစ်ပိုင်း အကြာမှာပဲ လူမှုကွန်ရက်က ပရိသတ်တွေ အတော်များများက ပီကေးကို ဝိုင်းဝန်း လှောင်ပြောင်ခဲ့ကြပါတော့တယ်။ ပရိသတ်တစ်ဦးက “ပီကေးက ဝီလီယံ ကျော်ပြေးသွားရင် သူ အသတ်ခံရတော့မလိုပဲ နောက်ကနေ ဆွဲထားခဲ့ပါတယ်”လို့ ရေးခဲ့ပါတယ်။

နောက်တစ်ဦးက “ပီကေး အတွက်တော့ တရားပါတယ်။ ဝီလီယံက အူစိန်ဘော့လို မြန်တာကိုး”လို့ လှောင်ပြောင်ခဲ့ပါတယ်။ ပီကေးဟာ ၁၀မိနစ်အကြာမှာပဲ ဒဏ်ရာရရှိသွားတာကြောင့် လူစားလဲခံခဲ့ရပါတယ်။

ပွဲအပြီးမှာ ဝီလီယံက “ပီကေးမှာ ပြဿနာတွေ ရှိနေတယ်ဆိုတာ ကျွန်တော် သိတာကြောင့် အသင်းဖော်တွေကို သူနဲ့ နီးကပ်အောင် ဘောလုံးပေးဖို့ ပြောထားခဲ့ပါတယ်”ဆိုပြီး ပြန်ပြောပြခဲ့ပါတယ်။