တစ်ယောက်အကြောင်းတစ်ယောက်ပြောခဲ့ကြတဲ့ မက်ဂွိုင်းယားနဲ့ လင်ဒီလောဖ့်

0
103
photo internet

ဒီရာသီမှာ ယူနိုက်တက်ရဲ့အခြေအနေနဲ့ပတ်သက်ပြီး ဘယ်နေရာတွေကိုတိုးတက်အောင်လုပ်ဖို့လိုနေသလဲဆိုတာကို ကလပ်ကပ္ပတိန်အသစ်ကြီး ဟယ်ရီမက်ဂွိုင်းယားက ထောက်ပြဆွေးနွေးခဲ့ပါတယ်။ မက်ဂွိုင်းယားက အသင်းဖော် လင်ဒီလော့ဖ်နဲ့ပတ်သက်ပြီးလည်း ချီးကျူးစကားပြောဆိုခဲ့ပါသေးတယ်။ ယူနိက်တက်ကို ပေါင်သန်း၈၀ နဲ့စံချိန်တင်ပြောင်းလာပြီးနောက် ခြေစွမ်းကောင်းပြသထားနိုင်တဲ့ မက်ဂွိုင်းယား နဲ့ တစ်ရာသီထက်တစ်ရာသီ ပိုမိုကောင်းမွန်လာပြီးတည်ငြိမ်လာတဲ့ လင်ဒီလောဖ့်တို့က ယူနိက်တက် ရဲ့ အကြောင်းနဲ့ သူတို့ကြားကအပေးအယူမျှတမှုတွေကို စပိန်မှာအနားယူရင်း ပြောပြခဲ့ပါတယ်။
ဟယ်ရီမက်ဂွိုင်းယားဟာ လတ်တလောရထားတဲ့ ပေးဂိုးမရှိ၊ clean sheet တွေကြောင့် စိတ်အားတက်ကြွရပေမဲ့ သူ့အသင်းဟာ အလွတ်တည်ကန်ဘောတွေကို ကာကွယ်တဲ့နေရာမှာ ပိုကောင်းလာအောင်လုပ်ရဦးမယ်လို့ ပြောခဲ့ပါတယ်။ သူတို့နှစ်ယောက်က set plays မှာ ဒီရာသီညံ့နေတယ်လို့ မက်ဂွိုင်းယားက ပြောပါတယ်။ ယူနိုက်တက်အတွက်သူတို့အနေနဲ့ clean sheet ထိန်းသိမ်းနိုင်ခဲ့တဲ့အပေါ် မက်ဂွိုင်းယားက သူနဲ့ဗဟိုခံစစ်တွဲဘက် ဗစ်တာလင်ဒီလော့ဖ်နဲ့ပတ်သက်ပြီး ကျေနပ်လျက်ရှိပါတယ်။

photo internet

ဟယ်ရီမက်ဂွိင်းယားကလင်ဒီလော့ဖ်နဲ့ပတ်သက်ပြီးအခုလိုပြောပါတယ်။” ဗစ်တာနဲ့အလုပ်အတူလုပ်ရတာ တကယ်ကိုကောင်းမွန်ပါတယ်။ကျွန်တော်တို့အခုရာသီကောင်းတစ်ခုကိုအတူတကွဖြတ်သန်းနေပါပြီ။
တွဲဖက်ကောင်းတွေဖြစ်ဖို့ကအချိန်လိုပါတယ်။စရောက်ထဲကသူ့ကစားပုံကိုလေ့လာခဲ့ရသလို သူကလည်းကျွန်တော့်ကိုပြန်လည်လေ့လာခဲ့ပါတယ်၊အခုတော့နားလည်မှု့ရနေပြီလို့ထင်တယ်။အခုဆိုရင် ပေးဂိုးမပေးရတဲ့ပွဲတွေကို ရာသီအစကထက်ပိုမိုပြီးရနေပြီမဟုတ်လား၊ ကျွန်တော်တို့ပြိုင်ဘက်အသင်းတွေ ကိုအခွင့်အရေးတွေအများကြီးဖန်တီးခွင့်ရဖို့ခွင့်ပြုပေးခဲ့ရတာမရှိပါဘူး။ အခုဆိုရင်ရာသီအစတုန်းကထက်ပိုလို့ ကလင်းရှိတွေအများအပြား ထိန်းသိမ်းနိုင်နေပြီး တကယ်တမ်းမှာလည်း ကျွန်တော်တို့က အခွင့်အရေးဖန်တီးမှုအများအပြား လက်ခံရတဲ့အသင်းတော့မဟုတ်ခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ခံစစ်ဟာ တည်ကန်ဘောကစားတဲ့နေရာမှာ ညံ့ဖျင်းနေခဲ့ပြီး ပြိုင်ဘက်အသင်းကပင်နယ်တီဧရိယာအပြင်ကနေ ကျွန်တော်တို့ကိုသွင်းတဲ့ ဂိုးကောင်းအနည်းငယ်ရှိခဲ့ပါတယ်။ ပြစ်ဒဏ်ဘောတွေကနေဂိုးခွင့်ပြုခဲ့ရတာနဲ့ အဝေးကနေလှပတဲ့ကန်ချက်တွေနဲ့ အဆုံးသတ်ခွင့်ပေးခဲ့ရတာတွေရှိပေမယ့်လည်း ဒီဂီယာအနေနဲ့ တစ်ပွဲထဲ ‌ခြောက်ကြိမ်လောက် ကာကွယ်ခဲ့ရတာတော့မရှိဘူးထင်ပါတယ်။ မန်စီးတီးနဲ့ ကာရာဘောင်းဖလား ဒုတိယအကျော့ကလွဲရင်ဖြစ်ကောင်းဖြစ်မှာပေါ့။ ဒေးဗစ်အရမ်းကောင်းခဲ့တဲ့ပွဲပေါ့။ အခုကစပြီးပေးဂိုးတွေမပေးရအောင်အတူတူပိုပြီးကြိုးစားရတော့မယ်”ဆိုပြီး မက်ဂွိုင်းယားကပြောပါတယ်။ မက်ဂွိုင်းယားဟာ ဒီရာသီယူနိုက်တက်တို့ရဲ့ လိဂ်ပွဲ၂၅ပွဲလုံးမှာ ပါဝင်ကစားခဲ့ပြီး လင်ဒီလော့ဖ်နဲ့ ၂၃ပွဲတွဲခဲ့ပါတယ်။

photo internet

လင်ဒီလော့ဖ်က မက်ဂွိုင်းယားနဲ့ပတ်သက်ပြီးအခုလိုပြောပါတယ်။ “ဟယ်ရီလိုကစားသမားနဲ့တွဲကစားခွင့်ရတာက ဂုဏ်ယူစရာပါ။ သူက အလွန်ကောင်းတဲ့ကစားသမားဖြစ်ပြီး သူနဲ့ပါတနာတွဲရတာလည်း သိပ်ကောင်းပါတယ်။ ကျွန်တော်တို့အတူတကွပွဲထွက်ရတာကြာလာတော့ ပိုပိုပြီးကောင်းလာတယ်လို့ခံစားမိသလို ပွဲတိုင်းကိုလည်းအနိုင်ရချင်နေပါပြီ။ ကျွန်တော်တို့ ဆက်လက်တိုးတက်အောင်ကစားနိုင်ပြီး အသင်းအတွက် ပေးဂိုးမဲ့ကလင်းရှိတွေရယူဖို့နဲ့ ရလဒ်ကောင်းတွေပိုရနိုင်ဖို့ ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် ။”ဆိုပြီး လင်ဒီလော့ဖ်ကပြောပါတယ်။

photo internet

ဒါ့အပြင် မက်ဂွိုင်းယားက “သူနဲ့ကျွန်တော်နဲ့က တည်ဆောက်ဆဲပါတနာရှစ်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ကစားဖော်နှစ်ယောက် ကောင်းသထက်ပိုကောင်းအောင်ကစားနိုင်မယ်ထင်ပါတယ်။” ဆိုပြီးပြောပါသေးတယ်။ ယူနိုက်တက်တို့ဟာ ဆောင်းရာသီအနားယူရက်မှာ ပူနွေးတဲ့ရာသီဥတု စခန်းသွင်းလေ့ကျင့်ရေးအဖြစ် မာဘဲလာကိုသွားရောက်ခဲ့ပြီး ပြန်ရောက်လာပြီဖြစ်ပါတယ်။ လာမယ့်တနင်္လာနေ့ညနေမှာတော့ ချယ်လ်ဆီးအသင်းနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

photo internet

(Zawgyi Version)

တစ္ေယာက္အေၾကာင္းတစ္ေယာက္ေျပာခဲ့ၾကတဲ့ မက္ဂြိဳင္းယားနဲ႔ လင္ဒီေလာဖ့္

ဒီရာသီမွာ ယူနုိက္တက္ရဲ႕အေျခအေနနဲ႔ပတ္သက္ၿပီး ဘယ္ေနရာေတြကိုတိုးတက္ေအာင္လုပ္ဖုိ႔လုိေနသလဲဆိုတာကို ကလပ္ကပၸတိန္အသစ္ၾကီး ဟယ္ရီမက္ဂြိဳင္းယားက ေထာက္ျပေဆြးေႏြးခဲ့ပါတယ္။ မက္ဂိြဳင္းယားက အသင္းေဖာ္ လင္ဒီေလာ့ဖ္နဲ႔ပတ္သက္ၿပီးလည္း ခ်ီးက်ဴးစကားေျပာဆိုခဲ့ပါေသးတယ္။ ယူနိက္တက္ကို ေပါင္သန္း၈၀ နဲ႔စံခ်ိန္တင္ေျပာင္းလာၿပီးေနာက္ ေျခစြမ္းေကာင္းျပသထားႏိုင္တဲ့ မက္ဂြိဳင္းယား နဲ႔ တစ္ရာသီထက္တစ္ရာသီ ပိုမိုေကာင္းမြန္လာၿပီးတည္ၿငိမ္လာတဲ့ လင္ဒီေလာဖ့္တို႔က ယူနိက္တက္ ရဲ႕ အေၾကာင္းနဲ႔ သူတို႔ၾကားကအေပးအယူမွ်တမႈေတြကို စပိန္မွာအနားယူရင္း ေျပာျပခဲ့ပါတယ္။
ဟယ္ရီမက္ဂြိဳင္းယားဟာ လတ္တေလာရထားတဲ့ ေပးဂိုးမရွိ၊ clean sheet ေတြေၾကာင့္ စိတ္အားတက္ၾကြရေပမဲ့ သူ႔အသင္းဟာ အလြတ္တည္ကန္ေဘာေတြကို ကာကြယ္တဲ့ေနရာမွာ ပိုေကာင္းလာေအာင္လုပ္ရဦးမယ္လုိ႔ ေျပာခဲ့ပါတယ္။ သူတို႔ႏွစ္ေယာက္က set plays မွာ ဒီရာသီညံ့ေနတယ္လုိ႔ မက္ဂိြဳင္းယားက ေျပာပါတယ္။ ယူႏိုက္တက္အတြက္သူတို႔အေနနဲ႔ clean sheet ထိန္းသိမ္းႏိုင္ခဲ့တဲ့အေပၚ မက္ဂြိဳင္းယားက သူနဲ႔ဗဟိုခံစစ္တြဲဘက္ ဗစ္တာလင္ဒီေလာ့ဖ္နဲ႔ပတ္သက္ၿပီး ေက်နပ္လ်က္ရွိပါတယ္။
ဟယ္ရီမက္ဂိြင္းယားကလင္ဒီေလာ့ဖ္နဲ႔ပတ္သက္ၿပီးအခုလုိေျပာပါတယ္။” ဗစ္တာနဲ႔အလုပ္အတူလုပ္ရတာ တကယ္ကိုေကာင္းမြန္ပါတယ္။ကၽြန္ေတာ္တို႔အခုရာသီေကာင္းတစ္ခုကိုအတူတကြျဖတ္သန္းေနပါၿပီ။
တြဲဖက္ေကာင္းေတြျဖစ္ဖို႔ကအခ်ိန္လိုပါတယ္။စေရာက္ထဲကသူ႔ကစားပုံကိုေလ့လာခဲ့ရသလို သူကလည္းကၽြန္ေတာ့္ကိုျပန္လည္ေလ့လာခဲ့ပါတယ္၊အခုေတာ့နားလည္မႈ႕ရေနၿပီလို႔ထင္တယ္။အခုဆိုရင္ ေပးဂိုးမေပးရတဲ့ပြဲေတြကို ရာသီအစကထက္ပိုမိုၿပီးရေနၿပီမဟုတ္လား၊ ကၽြန္ေတာ္တို႔ၿပိဳင္ဘက္အသင္းေတြ ကိုအခြင့္အေရးေတြအမ်ားႀကီးဖန္တီးခြင့္ရဖို႔ခြင့္ျပဳေပးခဲ့ရတာမရွိပါဘူး။ အခုဆုိရင္ရာသီအစတုန္းကထက္ပိုလို႔ ကလင္းရွိေတြအမ်ားအျပား ထိန္းသိမ္းနုိင္ေနျပီး တကယ္တမ္းမွာလည္း ကၽြန္ေတာ္တုိ႔က အခြင့္အေရးဖန္တီးမႈအမ်ားအျပား လက္ခံရတဲ့အသင္းေတာ့မဟုတ္ခဲ့ပါဘူး။ ကၽြန္ေတာ္တုိ႔ရဲ႕ခံစစ္ဟာ တည္ကန္ေဘာကစားတဲ့ေနရာမွာ ညံ့ဖ်င္းေနခဲ့ျပီး ၿပိဳင္ဘက္အသင္းကပင္နယ္တီဧရိယာအျပင္ကေန ကၽြန္ေတာ္တုိ႔ကိုသြင္းတဲ့ ဂိုးေကာင္းအနည္းငယ္ရွိခဲ့ပါတယ္။ ျပစ္ဒဏ္ေဘာေတြကေနဂိုးခြင့္ျပဳခဲ့ရတာနဲ႔ အေဝးကေနလွပတဲ့ကန္ခ်က္ေတြနဲ႔ အဆုံးသတ္ခြင့္ေပးခဲ့ရတာေတြရွိေပမယ့္လည္း ဒီဂီယာအေနနဲ႔ တစ္ပြဲထဲ ‌ေျခာက္ႀကိမ္ေလာက္ ကာကြယ္ခဲ့ရတာေတာ့မရွိဘူးထင္ပါတယ္။ မန္စီးတီးနဲ႔ ကာရာေဘာင္းဖလား ဒုတိယအေက်ာ့ကလြဲရင္ျဖစ္ေကာင္းျဖစ္မွာေပါ့။ ေဒးဗစ္အရမ္းေကာင္းခဲ့တဲ့ပြဲေပါ့။ အခုကစၿပီးေပးဂိုးေတြမေပးရေအာင္အတူတူပိုၿပီးႀကိဳးစားရေတာ့မယ္”ဆိုၿပီး မက္ဂိြဳင္းယားကေျပာပါတယ္။ မက္ဂြိဳင္းယားဟာ ဒီရာသီယူနုိက္တက္တုိ႔ရဲ႕ လိဂ္ပြဲ၂၅ပြဲလံုးမွာ ပါဝင္ကစားခဲ့ျပီး လင္ဒီေလာ့ဖ္နဲ႔ ၂၃ပြဲတြဲခဲ့ပါတယ္။
လင္ဒီေလာ့ဖ္က မက္ဂိြဳင္းယားနဲ႔ပတ္သက္ၿပီးအခုလိုေျပာပါတယ္။ “ဟယ္ရီလိုကစားသမားနဲ႔တြဲကစားခြင့္ရတာကဂုဏ္ယူစရာပါ။ သူက အလြန္ေကာင္းတဲ့ကစားသမားျဖစ္ျပီး သူနဲ႔ပါတနာတြဲရတာလည္း သိပ္ေကာင္းပါတယ္။ ကၽြန္ေတာ္တို႔အတူတကြပြဲထြက္ရတာၾကာလာေတာ့ ပိုပိုၿပီးေကာင္းလာတယ္လို႔ခံစားမိသလို ပြဲတိုင္းကိုလည္းအႏိုင္ရခ်င္ေနပါၿပီ။ ကၽြန္ေတာ္တုိ႔ ဆက္လက္တုိးတက္ေအာင္ကစားနုိင္ျပီး အသင္းအတြက္ ေပးဂုိးမဲ့ကလင္းရွိေတြရယူဖုိ႔နဲ႔ ရလဒ္ေကာင္းေတြပိုရနုိင္ဖုိ႔ ကူညီေပးနုိင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ ။”ဆိုၿပီး လင္ဒီေလာ့ဖ္ကေျပာပါတယ္။

ဒါ့အျပင္ မက္ဂိြဳင္းယားက “သူနဲ႔ကၽြန္ေတာ္နဲ႔က တည္ေဆာက္ဆဲပါတနာရွစ္တစ္ခုျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔႔ကစားေဖာ္ႏွစ္ေယာက္ ေကာင္းသထက္ပိုေကာင္းေအာင္ကစားႏိုင္မယ္ထင္ပါတယ္။” ဆိုၿပီးေျပာပါေသးတယ္။ ယူနုိက္တက္တုိ႔ဟာ ေဆာင္းရာသီအနားယူရက္မွာ ပူေႏြးတဲ့ရာသီဥတုစခန္းသြင္းေလ့က်င့္ေရးအျဖစ္ မာဘဲလာကိုသြားေရာက္ခဲ့ျပီး ျပန္ေရာက္လာျပီျဖစ္ပါတယ္။ လာမယ့္တနလၤာေန႔ညေနမွာေတာ့ ခ်ယ္လ္ဆီးအသင္းနဲ႔ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။