တစ်ညတည်းမှာပဲ ရီးရဲလ်ရော ဘာကာပါ ထွက်လိုက်ရတဲ့ စပိန်ဘုရင့်ဖလား

0
1304

photo-express

photo-gettyimages

ဒီရာသီစပိန်ဘုရင့်ဖလားကတော့ အံ့အားသင့်စရာတွေ၊ ကမောက်ကမတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ မထင်မှတ်ထားတာတွေအဖြစ်ဆုံးနှစ်လို့ဆိုရအောင် ကမောက်ကမရလဒ်တွေဟာ ရှေ့အဆင့်တွေမှာရော ဒီတစ်ပတ်ကွာတားဖိုင်နယ်မှာပါ ထွက်ပေါ်ခဲ့တာပါ။ မနေ့ညရလဒ်တွေကတော့ အံ့သြစရာအကောင်းဆုံးဖြစ်ခဲ့ရပြီး ဗိုလ်စွဲဖို့ရေပန်းအစားဆုံးအသင်းတွေဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ်ရော ဘာစီလိုနာပါ တစ်ညတည်းမှာပဲ ရှေ့ဆင့်နောက်ဆင့် ပြိုင်ပွဲက ထွက်လိုက်ရတာ ဖြစ်ပါတယ်။

photo-gettyimages

အရင်စကန်တဲ့ရီးရဲလ်ဟာ အိမ်ကွင်းဘာနေဗျူးမှာ ဆိုစီဒက်ရဲ့အနိုင်ယူခြင်းကို ခံခဲ့ရတာပါ။ အဲဒီပွဲမှာ ဧည့်သည်အသင်းက ၅၆ မိနစ်ရောက်တဲ့အချိန်အထိ ၃ ဂိုးပြတ်နဲ့ဦးဆောင်နိုင်ခဲ့တာပါ။ ဆိုစီဒက်အတွက် အဖွင့်ဂိုးသွင်းခဲ့သူကလည်း ရီးရဲလ်ကနေ အငှားချထားတဲ့ အိုဒီဂတ်ဖြစ်နေပါတယ်။ ၅၉ မိနစ်မှာ မာဆယ်လိုက ရီးရဲလ်အတွက် ချေပဂိုးတစ်ဂိုးပြန်သွင်းပေးခဲ့ပေမယ့် နောက် ၁၀ မိနစ်အကြာမှာ ဆိုစီဒက်ဘက်က တစ်ဂိုးထပ်သွင်းလို့ ပွဲက ထူးမသွားခဲ့ဘူး။ ၈၁ မိနစ်နဲ့ နာကျင်အချိန်ပို ၉၃ မိနစ်တို့မှာ ရိုဒရီဂိုနဲ့နာချိုတို့က ရီးရဲလ်အတွက် ၂ ဂိုးဆက်တိုက်ပြန်သွင်းပေးနိုင်ခဲ့ပေမယ့် အခါနှောင်းသွားခဲ့ရတယ်။ ဘာစီလိုနာကတော့ ဘီလ်ဘာအိုနဲ့အဝေးကွင်းပွဲမှာ မက်ဆီလည်းပါရဲ့သားနဲ့ တစ်ပွဲလုံးဖြုန်းနေခဲ့ပြီး ပွဲပြီးကာနီး နာကျင်အချိန်ပို ၉၃ မိနစ်ရောက်မှ အိမ်ရှင်ရဲ့တစ်လုံးတည်းသောဂိုးသွင်းယူခြင်း ခံလိုက်ရကာ ပြိုင်ပွဲက ထွက်ခဲ့ရတာပါ။

photo-gettyimages

ရှေ့နှစ်ရက်မှာကတည်းက စပိန်ဘုရင့်ဖလားကွာတားဖိုင်နယ်မှာ မထင်မှတ်ထားတဲ့ရလဒ်တွေချည်းထွက်ပေါ်ခဲ့တာပါ။ ဦးဆုံးကွာတားပွဲမှာ လက်ရှိချန်ပီယံဗလင်စီယာဟာ ဂရန်နာဒါလို တန်းတက်အသင်းရဲ့အနိုင်ယူခြင်းကိုခံခဲ့ရပြီး ဒုတိယကွာတားပွဲမှာလည်း ဆီဂန်ဒါကလပ်မီရန်ဒက်စ်က ဗီလာရီးရဲလ်ကို ၄-၂ နဲ့ ကျော်ဖြတ်ခဲ့တာပါ။

[Zawgyi]

တစ္ညတည္းမွာပဲ ရီးရဲလ္ေရာ ဘာကာပါ ထြက္လိုက္ရတဲ့ စပိန္ဘုရင့္ဖလား

ဒီရာသီစပိန္ဘုရင့္ဖလားကေတာ့ အံ့အားသင့္စရာေတြ၊ ကေမာက္ကမေတြနဲ႔ ျပည့္ႏွက္လို႔ေနပါတယ္။ မထင္မွတ္ထားတာေတြအျဖစ္ဆုံးႏွစ္လုိ႔ဆိုရေအာင္ ကေမာက္ကမရလဒ္ေတြဟာ ေရွ႕အဆင့္ေတြမွာေရာ ဒီတစ္ပတ္ကြာတားဖိုင္နယ္မွာပါ ထြက္ေပၚခဲ့တာပါ။ မေန႔ညရလဒ္ေတြကေတာ့ အံ့ၾသစရာအေကာင္းဆုံးျဖစ္ခဲ့ရၿပီး ဗုိလ္စြဲဖို႔ေရပန္းအစားဆုံးအသင္းေတြျဖစ္ၾကတဲ့ ရီးရဲလ္မက္ဒရစ္ေရာ ဘာစီလုိနာပါ တစ္ညတည္းမွာပဲ ေရွ႕ဆင့္ေနာက္ဆင့္ ၿပိဳင္ပြဲက ထြက္လိုက္ရတာ ျဖစ္ပါတယ္။

အရင္စကန္တဲ့ရီးရဲလ္ဟာ အိမ္ကြင္းဘာေနဗ်ဴးမွာ ဆိုစီဒက္ရဲ႕အႏိုင္ယူျခင္းကို ခံခဲ့ရတာပါ။ အဲဒီပြဲမွာ ဧည့္သည္အသင္းက ၅၆ မိနစ္ေရာက္တဲ့အခ်ိိန္အထိ ၃ ဂိုးျပတ္နဲ႔ဦးေဆာင္ႏုိင္ခဲ့တာပါ။ ဆိုစီဒက္အတြက္ အဖြင့္ဂိုးသြင္းခဲ့သူကလည္း ရီးရဲလ္ကေန အငွားခ်ထားတဲ့ အုိဒီဂတ္ျဖစ္ေနပါတယ္။ ၅၉ မိနစ္မွာ မာဆယ္လုိက ရီးရဲလ္အတြက္ ေခ်ပဂိုးတစ္ဂိုးျပန္သြင္းေပးခဲ့ေပမယ့္ ေနာက္ ၁၀ မိနစ္အၾကာမွာ ဆိုစီဒက္ဘက္က တစ္ဂိုးထပ္သြင္းလုိ႔ ပြဲက ထူးမသြားခဲ့ဘူး။ ၈၁ မိနစ္နဲ႔ နာက်င္အခ်ိန္ပို ၉၃ မိနစ္တို႔မွာ ရိုဒရီဂိုနဲ႔နာခ်ိဳတို႔က ရီးရဲလ္အတြက္ ၂ ဂိုးဆက္တိုက္ျပန္သြင္းေပးႏိုင္ခဲ့ေပမယ့္ အခါေႏွာင္းသြားခဲ့ရတယ္။ ဘာစီလုိနာကေတာ့ ဘီလ္ဘာအုိနဲ႔အေ၀းကြင္းပြဲမွာ မက္ဆီလည္းပါရဲ႕သားနဲ႔ တစ္ပြဲလုံးျဖဳန္းေနခဲ့ၿပီး ပြဲၿပီးကာနီး နာက်င္အခ်ိန္ပို ၉၃ မိနစ္ေရာက္မွ အိမ္ရွင္ရဲ႕တစ္လုံးတည္းေသာဂိုးသြင္းယူျခင္း ခံလိုက္ရကာ ၿပိဳင္ပြဲက ထြက္ခဲ့ရတာပါ။

ေရွ႕ႏွစ္ရက္မွာကတည္းက စပိန္ဘုရင့္ဖလားကြာတားဖိုင္နယ္မွာ မထင္မွတ္ထားတဲ့ရလဒ္ေတြခ်ည္းထြက္ေပၚခဲ့တာပါ။ ဦးဆုံးကြာတားပြဲမွာ လက္ရွိခ်န္ပီယံဗလင္စီယာဟာ ဂရန္နာဒါလို တန္းတက္အသင္းရဲ႕အႏိုင္ယူျခငး္ကိုခံခဲ့ရၿပီး ဒုတိယကြာတားပြဲမွာလည္း ဆီဂန္ဒါကလပ္မီရန္ဒက္စ္က ဗီလာရီးရဲလ္ကို ၄-၂ နဲ႔ ေက်ာ္ျဖတ္ခဲ့တာပါ။