ဆိုးလ်ရှားအကြောင်းပြောတဲ့လုခ်ရှောနဲ့ ယူနိုက်တက်ဆီမရောက်ခဲ့တဲ့ဟာလန်းအကြောင်း

0
214
photo internet

ယူနိုက်တက်ရဲ့ ဘယ်တောင်ပံနောက်ခံလူ လုခ်ရှောကတော့ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ အသင်းရဲ့ရလဒ် တိုးတက်လာရခြင်းဟာ နည်းပြဆိုးလ်ရှား ခေါင်းဆောင်ဖန်တီးတဲ့ ပတ်ဝန်းကျင်နဲ့သက်ဆိုင်တယ်လို့ ဆိုပါတယ်။ ယူနိုက်တက်တစ်သင်းလုံးဟာ ဆိုးလ်ရှားရဲ့ခေါင်းဆောင်မှုနဲ့အတူ လမ်းကြောင်းတစ်ခုတည်းပေါ်ကိုသာ သွားနေတယ်ဆိုပြီးတော့လည်း လုရှောက ပြောသွားခဲ့ပါသေးတယ်။ အခုနောက်ပိုင်းမှာ လုခ်ရှောတစ်ယောက် သူ့ရဲ့ခြေစွမ်းကိုအကောင်းဆုံးပုံံဖော်လာနိုင်နေပါတယ်။ ဆိုးလ်ရှားရဲ့ခေါင်းဆောင်မှုပိုင်းနဲ့ပတ်သက်ပြီး လုခ်ရှောက “သူက မယုံနိုင်စရာပါပဲ။ ကျွန်တော်တို့ကို အပြုံးတွေဝေစေခဲ့သလို သူနဲ့အလုပ်လုပ်ရတာကိုလည်း ပျော်ရွှင်စေပါတယ်။ အခုဆိုရင် ရလဒ်တွေလည်း ပိုကောင်းလာပါတယ်။ ဒုတိယရာသီဝက်ကို အကောင်းဆုံးဖြတ်ကျော်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်က အသက်ငယ်သေးတာကြောင့် အနာဂတ်မှာတိုးတက်ဖို့အများကြီးရှိပါတယ်။ ကျွန်တော့်အနေနဲ့ တစ်ရက်ထက်တစ်ရက်တိုးတက်လိုပြီး အလုပ်ကိုလည်း ကြိုးစားနေပါတယ်။ ကောလာဟလသတင်းတွေ၊ လူမှုကွန်ရက်ပေါ်ကနေ ကျွန်တော့်အကြောင်းပြောတာတွေကို ကျွန်တော့်အနေနဲ့တော့ ဂရုစိုက်မနေပါဘူး။ လူမှုကွန်ရက်ဆိုတာက တခါတရံမှာ ကောင်းသလို တခါတရံတော့လည်း ဆိုးကျိုးဖြစ်စေပါတယ်။ ကျွန်တော့်အကြောင်းဘယ်သူတွေ ဘာတွေပြောပြော ကျွန်တော်ကတော့ ကိုယ့်အကြောင်းပဲကိုယ်အာရုံစိုက်ပါတယ်။ ယူနိုက်တက်ကိုရောက်စက ကျွန်တော့်အနေနဲ့ အခက်အခဲတွေအများကြီးကြုံခဲ့ရပါတယ်။

photo internet

နာမည်ကြီးအသင်းတစ်သင်းမှာကစားမယ်ဆိုရင် အနည်းနဲ့အများတော့ အပြောအဆိုခံရမှာပါပဲ။ ပရိသတ်တွေကတော့ အပြစ်တင်ဖို့ပဲစဉ်းစားနေကြတာပါ။ ဒါကြောင့်ကစားသမားတွေအနေနဲ့ကြံ့ခိုင်ဖို့၊ ဝေဖန်တိုက်ခိုက်တာတွေကို ရင်ဆိုင်နိုင်ဖို့လိုပါတယ်။ တကယ်တမ်းအရေးကြီးတာက ကွင်းထဲရောက်တဲ့အချိန်မှာခံနိုင်ရည်ရှိဖို့ပါပဲ။ ယူနိုက်တက်ကတခြားအသင်း တွေနဲ့လုံးဝမတူဘူး။ စာချုပ်ပေါ်လက်မှတ်ထိုးလိုက်ပြီဆိုတာနဲ့ ဘယ်လိုအခက်အခဲတွေကြုံရတော့မယ် ဆိုတာကိုသိနေပါပြီ။ ဒါကိုရင်ဆိုင်ဖို့လိုပါတယ်၊ ဖြေရှင်းတတ်ဖို့လိုပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်မှုမရှိဘူးဆိုရင် ဒီအခက်အခဲတွေကိုဖြေရှင်းဖို့ တော်တော်ရုန်းကန်ရပါမယ်။ လက်ရှိပြိုင်နေတဲ့ပြိုင်ပွဲတွေရဲ့နောက်ဆုံးအချိန် အထိ ကျွန်တော်တို့အားလုံးအတူရှိနေဖို့လိုအပ်ပါတယ်။ ကျွန်တော့်ရဲ့ယုံကြည်ချက်တွေကတော့ လက်ရှိအချိန်မှာအမြင့်ဆုံးအနေအထားမှာရှိပါတယ် ပြီးခဲ့တဲ့ရာသီကဗဟိုခံစစ်နေရာမှာ နှစ်ကြိမ်သုံးကြိမ် ကျွန်တော်ကစားခဲ့ဖူးပါတယ်။ ဒီနေရာမှာကစားရတာပျော်ပါတယ်။ ဘယ်အစွန်နေရာနဲ့ဗဟိုခံစစ်နေရာက သိပ်အကွာကြီးတော့လည်းမဟုတ်ဘူး။ တစ်နေရာတည်းမှာကစားနေရ သလိုပဲ။ နည်းပြကကျွန်တော့်ကို ကစားစေချင်တဲ့နေရာမှာ ကျွန်တော်ပျော်ပျော်ရွှင်ရွှင်ကစားနိုင်ပါတယ်။ အသင်းအတွက်ကျွန်တော် အစွမ်းကုန်ကစားသွားမှာပါ” ဆိုပြီး လုခ်ရှောကပြောပါတယ်။

photo internet

နောက်ထပ်အကြောင်းအရာကတော့ ဂိုးသွင်းစက်ဖြစ်နေတဲ့ဟာလန်းနဲ့ ပတ်သက်တဲ့အကြောင်းဖြစ်ပါတယ်။ ယူနိုက်တက်တို့ဟာ ဇန်နဝါရီတုန်းက အာလင်းဟာလန်းကိုဆွဲဆောင်နိုင်ဖို့ သူ့ရဲ့စာချုပ်ဖျက်သိမ်းကြေးထက် သုံးဆတောင်ပိုပေးခဲ့တာဖြစ်ပေမယ့် ဟာလန်းက ယူနိုက်တက်ကိုမရွေးချယ်ခဲ့ပါဘူး။ ယူနိုက်တက်တို့ဟာ ဟာလင်းကို အသည်းအသန်လိုချင်ခဲ့တာဖြစ်ပြီး သူ့ရဲ့စာချုပ်ဖျက်သိမ်းကြေးဖြစ်တဲ့ ပေါင်၁၇သန်းကို သုံးဆအထိတိုးပေးပြီး ခေါ်ဖို့ကြိုးစားခဲ့တာဖြစ်ကြောင်းသတင်းတွေထွက်ထားပါတယ်။ ဟာလန်းဟာ ယူနိုက်တက်ကိုပြောင်းမယ်လို့ပြောထားခဲ့ပြီး နောက်ဆုံးအချိန်ကျမှ ဒေါ့မွန်ကို ပေါင်၁၇သန်းတည်းနဲ့ ပြောင်းသွားခဲ့တာဖြစ်ပါတယ်။ ဟာလင်းဟာ ဒေါ့မွန်ကို ငွေကြေးပိုရလို့သွားခဲ့တာဆိုတဲ့ စွပ်စွဲချက်များကို ငြင်းဆိုထားခဲ့ပြီး အခုဒီသတင်းအရ ဟာလန်းပြောဆိုတာမှန်တယ်လို့ယူဆရပါတယ်။ ဆော့လ်ဘာ့ဂ်အားကစား ဒါရိုက်တာ ခရစ်စတိုဖာဖရီရန်းကလည်း ယူနိုက်တက်တို့က အရမ်းစိတ်ဝင်စားခဲ့ကြတာမှန်ပါတယ်လို့ ဝန်ခံခဲ့ပါတယ်။

photo internet

ဒါပေမဲ့ သူတို့ကမ်းလှမ်းတဲ့ အချက်အလက်အသေးစိတ်ကိုတော့ မဖွင့်ချပြခဲ့ပါဘူး။ ယူနိုက်တက်တို့က ဟာလင်းရဲ့အေးဂျင့် ရွိုင်းအိုလာကိုကျော်ပြီး သူ့အဖေဖြစ်သူနဲ့သာ အပြောင်းအရွှေ့ပြီးအောင်လုပ်ဖို့ ကြိုးစားခဲ့တာလို့ သိရပါတယ်။ ဟာလင်းရဲ့အဖေကလည်း သူ့သားရဲ့ကိုယ်စားလှယ်အဖြစ် တာဝန်ယူထားပါတယ်။
ဒါပေမဲ့ အဲဒီလိုလုပ်လို့မရခဲ့ဘဲ အာလင်းအဖေနဲ့ ရွိုင်းအိုလာတို့တောင်းဆိုတဲ့ အနာဂတ်အရောင်းအဝယ်အတွက် ရှယ်ယာခွဲပေးဖို့ကို သဘောမတူနိုင်တာကြောင့် ပွဲပျက်ခဲ့တာဖြစ်ပါတယ်။ ဟာလင်းဟာ ဒေါ့မွန်တို့ကမ်းလှမ်းတဲ့ပရောဂျက်ကိုသာ သဘောကျခဲ့တာဖြစ်ပြီး အဲဒီလိုမျိုး အခြားဘယ်ကလပ်ကမှအခွင့် အရေးမပေးနိုင်ဘူးလို့ သူခံစားခဲ့ရတာဖြစ်ပါတယ်။ ဟာလန်းဟာ ဒေါ့မွန်အသင်းအတွက် ၈ပွဲကစား၊ ၁၂ဂိုးသွင်း၊ ဂိုးထောက်ပံ့မှု ၁ကြိမ်ပြုလုပ်ပေးထားပါတယ်။

photo internet

(Zawgyi Version)

ဆိုးလ္ရွားအေၾကာင္းေျပာတဲ့လုခ္ေရွာနဲ႔ ယူႏိုက္တက္ဆီမေရာက္ခဲ့တဲ့ဟာလန္းအေၾကာင္း

ယူႏိုက္တက္ရဲ႕ ဘယ္ေတာင္ပံေနာက္ခံလူ လုခ္ေရွာကေတာ့ ၿပီးခဲ့တဲ့ပြဲစဥ္ေတြမွာ အသင္းရဲ႕ရလဒ္ တိုးတက္လာရျခင္းဟာ နည္းျပဆိုးလ္ရွား ေခါင္းေဆာင္ဖန္တီးတဲ့ ပတ္၀န္းက်င္န႔ဲသက္ဆိုင္တယ္လို႔ ဆိုပါတယ္။ ယူႏိုက္တက္တစ္သင္းလုံးဟာ ဆိုးလ္ရွားရဲ႕ေခါင္းေဆာင္မႈနဲ႔အတူ လမ္းေၾကာင္းတစ္ခုတည္းေပၚကိုသာ သြားေနတယ္ဆိုၿပီးေတာ့လည္း လုေရွာက ေျပာသြားခဲ့ပါေသးတယ္။ အခုေနာက္ပိုင္းမွာ လုခ္ေရွာတစ္ေယာက္ သူ႔ရဲ႕ေျခစြမ္းကိုအေကာင္းဆုံးပုံံေဖာ္လာႏိုင္ေနပါတယ္။ ဆိုးလ္ရွားရဲ႕ေခါင္းေဆာင္မႈပိုင္းနဲ႔ပတ္သက္ၿပီး လုခ္ေရွာက “သူက မယုံႏိုင္စရာပါပဲ။ ကၽြန္ေတာ္တို႔ကို အျပဳံးေတြေ၀ေစခဲ့သလို သူနဲ႔အလုပ္လုပ္ရတာကိုလည္း ေပ်ာ္ရႊင္ေစပါတယ္။ အခုဆိုရင္ ရလဒ္ေတြလည္း ပိုေကာင္းလာပါတယ္။ ဒုတိယရာသီ၀က္ကို အေကာင္းဆုံးျဖတ္ေက်ာ္ဖို႔ အေရးႀကီးပါတယ္။ ကၽြန္ေတာ္က အသက္ငယ္ေသးတာေၾကာင့္ အနာဂတ္မွာတိုးတက္ဖို႔အမ်ားႀကီးရိွပါတယ္။ ကၽြန္ေတာ့္အေနနဲ႔ တစ္ရက္ထက္တစ္ရက္တိုးတက္လိုၿပီး အလုပ္ကိုလည္း ႀကိဳးစားေနပါတယ္။ ေကာလာဟလသတင္းေတြ၊ လူမႈကြန္ရက္ေပၚကေန ကၽြန္ေတာ့္အေၾကာင္းေျပာတာေတြကို ကၽြန္ေတာ့္အေနနဲ႔ေတာ့ ဂရုစိုက္မေနပါဘူး။ လူမႈကြန္ရက္ဆိုတာက တခါတရံမွာ ေကာင္းသလို တခါတရံေတာ့လည္း ဆိုးက်ဳိးျဖစ္ေစပါတယ္။ ကၽြန္ေတာ့္အေၾကာင္းဘယ္သူေတြ ဘာေတြေျပာေျပာ ကၽြန္ေတာ္ကေတာ့ ကုိယ့္အေၾကာင္းပဲကိုယ္အာရုံစိုက္ပါတယ္။ ယူႏိုက္တက္ကိုေရာက္စက ကၽြန္ေတာ့္အေနနဲ႔ အခက္အခဲေတြအမ်ားႀကီးႀကဳံခဲ့ရပါတယ္။ နာမည္ႀကီးအသင္းတစ္သင္းမွာကစားမယ္ဆိုရင္ အနည္းနဲ႔အမ်ားေတာ့ အေျပာအဆိုခံရမွာပါပဲ။ ပရိသတ္ေတြကေတာ့ အျပစ္တင္ဖို႔ပဲစဥ္းစားေနၾကတာပါ။ ဒါေၾကာင့္ကစားသမားေတြအေနနဲ႔ႀကံ႕ခုိင္ဖို႔၊ ေ၀ဖန္တိုက္ခိုက္တာေတြကို ရင္ဆိုင္ႏိုင္ဖိို႔လိုပါတယ္။ တကယ္တမ္းအေရးႀကီးတာက ကြင္းထဲေရာက္တဲ့အခ်ိန္မွာခံႏိုင္ရည္ရွိဖို႔ပါပဲ။ ယူႏိုက္တက္ကတျခားအသင္း ေတြနဲ႔လုံးဝမတူဘူး။ စာခ်ဳပ္ေပၚလက္မွတ္ထိုးလိုက္ၿပီဆိုတာနဲ႔ ဘယ္လိုအခက္အခဲေတြႀကဳံရေတာ့မယ္ ဆိုတာကိုသိေနပါၿပီ။ ဒါကိုရင္ဆိုင္ဖို႔လိုပါတယ္၊ ေျဖရွင္းတတ္ဖို႔လိုပါတယ္။ စိတ္ဓာတ္ႀကံ႕ခိုင္မႈမရိွဘူးဆိုရင္ ဒီအခက္အခဲေတြကိုေျဖရွင္းဖို႔ ေတာ္ေတာ္ရုန္းကန္ရပါမယ္။ လက္ရွိၿပိဳင္ေနတဲ့ၿပိဳင္ပြဲေတြရဲ႕ေနာက္ဆုံးအခ်ိန္ အထိ ကၽြန္ေတာ္တို႔အားလုံးအတူရိွေနဖို႔လိုအပ္ပါတယ္။ ကၽြန္ေတာ့္ရဲ႕ယုံၾကည္ခ်က္ေတြကေတာ့ လက္ရွိအခ်ိန္မွာအျမင့္ဆုံးအေနအထားမွာရိွပါတယ္ ၿပီးခဲ့တဲ့ရာသီကဗဟိုခံစစ္ေနရာမွာ ႏွစ္ႀကိမ္သုံးႀကိမ္ ကၽြန္ေတာ္ကစားခဲ့ဖူးပါတယ္။ ဒီေနရာမွာကစားရတာေပ်ာ္ပါတယ္။ ဘယ္အစြန္ေနရာနဲ႔ဗဟိုခံစစ္ေနရာက သိပ္အကြာႀကီးေတာ့လည္းမဟုတ္ဘူး။ တစ္ေနရာတည္းမွာကစားေနရ သလိုပဲ။ နည္းျပကကၽြန္ေတာ့္ကို ကစားေစခ်င္တဲ့ေနရာမွာ ကၽြန္ေတာ္ေပ်ာ္ေပ်ာ္ရႊင္ရႊင္ကစားႏိုင္ပါတယ္။ အသင္းအတြက္ကၽြန္ေတာ္ အစြမ္းကုန္ကစားသြားမွာပါ” ဆုိၿပီး လုခ္ေရွာကေျပာပါတယ္။
ေနာက္ထပ္အေၾကာင္းအရာကေတာ့ ဂိုးသြင္းစက္ျဖစ္ေနတဲ့ဟာလန္းနဲ႔ ပတ္သက္တဲ့အေၾကာင္းျဖစ္ပါတယ္။ ယူနုိက္တက္တုိ႔ဟာ ဇန္နဝါရီတုန္းက အာလင္းဟာလန္းကိုဆြဲေဆာင္နုိင္ဖုိ႔ သူ႔ရဲ႕စာခ်ဳပ္ဖ်က္သိမ္းေၾကးထက္ သံုးဆေတာင္ပိုေပးခဲ့တာျဖစ္ေပမယ့္ ဟာလန္းက ယူႏိုက္တက္ကိုမေရြးခ်ယ္ခဲ့ပါဘူး။ ယူနုိက္တက္တုိ႔ဟာ ဟာလင္းကို အသည္းအသန္လုိခ်င္ခဲ့တာျဖစ္ျပီး သူ႔ရဲ႕စာခ်ဳပ္ဖ်က္သိမ္းေၾကးျဖစ္တဲ့ ေပါင္၁၇သန္းကို သံုးဆအထိတုိးေပးျပီး ေခၚဖုိ႔ၾကိဳးစားခဲ့တာျဖစ္ေၾကာင္းသတင္းေတြထြက္ထားပါတယ္။ ဟာလန္းဟာ ယူနုိက္တက္ကိုေျပာင္းမယ္လုိ႔ေျပာထားခဲ့ျပီး ေနာက္ဆံုးအခ်ိန္က်မွ ေဒါ့မြန္ကို ေပါင္၁၇သန္းတည္းနဲ႔ ေျပာင္းသြားခဲ့တာျဖစ္ပါတယ္။ ဟာလင္းဟာ ေဒါ့မြန္ကို ေငြေၾကးပိုရလုိ႔သြားခဲ့တာဆုိတဲ့ စြပ္စြဲခ်က္မ်ားကို ျငင္းဆုိထားခဲ့ျပီး အခုဒီသတင္းအရ ဟာလန္းေျပာဆိုတာမွန္တယ္လို႔ယူဆရပါတယ္။ ေဆာ့လ္ဘာ့ဂ္အားကစား ဒါရိုက္တာ ခရစ္စတုိဖာဖရီရန္းကလည္း ယူနုိက္တက္တုိ႔က အရမ္းစိတ္ဝင္စားခဲ့ၾကတာမွန္ပါတယ္လုိ႔ ဝန္ခံခဲ့ပါတယ္။ ဒါေပမဲ့ သူတုိ႔ကမ္းလွမ္းတဲ့ အခ်က္အလက္အေသးစိတ္ကိုေတာ့ မဖြင့္ခ်ျပခဲ့ပါဘူး။ ယူနုိက္တက္တို႔က ဟာလင္းရဲ႕ေအးဂ်င့္ ရြိဳင္းအိုလာကိုေက်ာ္ျပီး သူ႔အေဖျဖစ္သူနဲ႔သာ အေျပာင္းအေရႊ႕ျပီးေအာင္လုပ္ဖုိ႔ ၾကိဳးစားခဲ့တာလုိ႔ သိရပါတယ္။ ဟာလင္းရဲ႕အေဖကလည္း သူ႔သားရဲ႕ကိုယ္စားလွယ္အျဖစ္ တာဝန္ယူထားပါတယ္။
ဒါေပမဲ့ အဲဒီလိုလုပ္လုိ႔မရခဲ့ဘဲ အာလင္းအေဖနဲ႔ ရြိဳင္းအိုလာတုိ႔ေတာင္းဆိုတဲ့ အနာဂတ္အေရာင္းအဝယ္အတြက္ ရွယ္ယာခြဲေပးဖုိ႔ကို သေဘာမတူနုိင္တာေၾကာင့္ ပြဲပ်က္ခဲ့တာျဖစ္ပါတယ္။ ဟာလင္းဟာ ေဒါ့မြန္တုိ႔ကမ္းလွမ္းတဲ့ပေရာဂ်က္ကိုသာ သေဘာက်ခဲ့တာျဖစ္ျပီး အဲဒီလိုမ်ိဳး အျခားဘယ္ကလပ္ကမွအခြင့္အေရးမေပးနုိင္ဘူးလုိ႔ သူခံစားခဲ့ရတာျဖစ္ပါတယ္။ ဟာလန္းဟာ ေဒါ့မြန္အသင္းအတြက္ ၈ပြဲကစား၊ ၁၂ဂိုးသြင္း၊ ဂိုးေထာက္ပ့ံမႈ ၁ၾကိမ္ျပဳလုပ္ေပးထားပါတယ္။