အိမ်ကွင်းမှာတောင်ရှုံးတဲ့ပွဲက ယူနိုက်တက်ကစားသမားတွေရဲ့စွမ်းဆောင်ရည်သုံးသပ်ချက်များ

0
777

ကာရာဘောင်ဖလားပထမအကျော့ပွဲစဉ်မှာ ယူနိုက်တက်ဟာ မန်စီးတီးကို 3 ဂိုး 1 ဂိုးနဲ့ ရှက်စရာကောင်းအောင်ရှုံးခဲ့ရပါပြီ။ ပထမပိုင်းမှာကတည်းက မန်စီးတီးရဲ့ဖိအားပေးတာခံခဲ့ရပြီး စိတ်ဓာတ်ကျစရာကောင်းအောင် 3 ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။ ဒုတိယပိုင်းမှသာ သိက္ခာပြန်ဆယ်တဲ့အနေနဲ့ ချေပဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့တာပါ။ အဲဒီ မန်ချက်စတာဒါဘီပွဲစဉ်မှာ ယူနိုက်တက်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်သတ်မှတ်ချက်ဘယ်လိုရှိတယ်ဆိုတာတင်ဆက်ပေးလိုက်ပါတယ်။

photo internet

ဒေးဗစ်ဒီဂစ်ယာ -7
ပေးဂိုးတွေခွင့်ပြုခဲ့ရပေမယ့် အသင်းအတွက်ကယ်ဆယ်တဲ့အနေအထားတွေတော့ရှိခဲ့ပါတယ်။ သူသာမကြိုးစားခဲ့ဘူးဆိုရင် မန်စီးတီးအသင်းဒီထက်အခွင့်အရေးပိုသာသွားနိုင်ပါတယ်။ အပိုင်အခွင့်အရေးနှစ်ကြိမ်ထက်မနည်းကို ပုပ်ထုတ်နိုင်ခဲ့တဲ့ ဒီဂစ်ယာဟာ စကိုင်းစပေါ့ရဲ့သတ်မှတ်ချက် 7ထက်ပိုလျော့ရသင့်တဲ့အနေအထားရှိပါတယ်။ လူပေးတာတွေလွဲချော်နေဆဲဖြစ်တဲ့ အဲဒီဂိုးသမားနေရာမှာ လူငယ်လေးဟန်ဒါဆင်ကိုပြောင်းသုံးရတော့မှာပါ။
ဝမ်ဘစ်ဆာကာ – 6
ဝမ်ဘစ်ဆာကာကတော့ သူပြောထားခဲ့ဖူးတဲ့အတိုင်း ခြေစွမ်းတွေကိုပြသဆဲပါပဲ။ ပွဲတိုင်းမှာခြေမှန်တယ်လို့ဆိုရမှာပါ။ တစ်ခါတလေမှာ တစ်ဖက်အသင်းအတွက် ပြိုင်ဘက်ကောင်းဖြစ်နေဆဲသူတစ်ယောက်ပါ။

photo internet

ဖီးလ်ဂျုံစ်း- 5
5ထက်ပိုနည်းတဲ့ရလဒ်ကိုပိုင်ဆိုင်သင့်သူပါ။ မက်လောက်စရာ ခြေစွမ်းတွေမပြသနိုင်တဲ့အပြင် သူဘာသာပြေးရင်းနဲ့တောင် ဒဏ်ရာရခဲ့ပါသေးတယ်။ သူ့ကိုပညာမဲ့တဲ့သူတစ်ယောက်လို့တောင် ဝေဖန်သူတွေရှိပါတယ်။
လင်ဒီလောဖ့် -5
ဖီးလ်ဂျုံးနောက်တစ်ယောက်လို့ ပြောရပါမယ်။ ဘောလုံးဖျက်ထုတ်တဲ့အပိုင်းမှာ အားနည်းချက်တွေရှိခဲ့တဲ့သူတစ်ယောက်ဖြစ်ပြီး တွဲဖက်ကြီးမက်ဂွိုင်းယားမပါတာကြောင့် ရုန်းကန်ခဲ့ရတဲ့အနေအထားတွေရှိခဲ့ပါတယ်။

photo internet

ဝီလျံ-6
ဒီနေ့ပွဲအတွက် ဝီလျံတစ်ယောက်အရမ်းမဆိုးဘူးလို့သုံးသပ်ရပါမယ်။ တိုက်စစ်နဲ့ခံစစ်ပိုင်းမှာလည်း အားမလျှော့ဘဲ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အဝါကတ်ကိုလက်ခံခဲ့ရပါတယ်။
ဖရက် -6
သူ့နေရာမှာသာမက တစ်ကွင်းလုံးအပြည့်ကစားခဲ့တဲ့အတိုင်းပါပဲ။ အသင်းဖော်တွေနဲ့ချိတ်ဆက်ကစားတဲ့အနေအထားလည်းမဆိုးပါဘူး။
ပါရဲရား-5
အဲဒီပွဲမှာအခြေအနေအတော်မကောင်းတဲ့သူဖြစ်ခဲ့ပါတယ်။ အဆင့်သတ်မှတ်ချက်ပိုနည်းပြီးပေးသင့်တာပါ။ ကြိုးစားအားထုတ်တာနည်းတဲ့သူ့ကို နည်းပြဆိုးလ်ရှား တစ်နည်းနည်းနဲ့ကုစားဖို့လိုနေပါပြီ။

photo internet

ဒယ်နီယယ်ဂျိမ်စ်း- 4
ပြေးနေတာနဲ့တင်မလုံလောက်ဘဲနည်းစနစ်တကျ ကစားတတ်ဖို့တော့ ဂျိမ်စ်းသင်ယူသင့်နေပါပြီ။
လင်ဂတ် -4
ယူနိက်တက်အတွက်မလိုတဲ့အနေအထားဖြစ်နေတဲ့ကစားသမားပါ။ သူကိုယ်တိုင်လည်း အသင်းကနေ ထွက်ချင်နေပါပြီ။ သူ့ရဲ့အနေအထားအပြောင်းအရွှေ့ဈေးကွက်မှာဘယ်လိုဖြစ်မလဲစောင့်ကြည့်ရပါမယ်။

photo internet

ရက်ရှ်ဖို့-7
ဒီပွဲမှာသူ့ကိုကျေးဇူးအထူးတင်ရမှာပါ။ မဟုတ်လို့ရှိရင် ယူနိုက်တက်တွေ ကိုယ့်အိမ်ကိုသူစိမ်းခေါ်ပြီးအရှက်ခွဲပြလိုက်သလိုပါပဲ။ အခုတော့သူ့ကြောင့် ချေပဂိုးတစ်လုံးရတာကြောင့် သိက္ခာနည်းနည်းပြန်ဆယ်နိုင်ခဲ့ပါတယ်။
မေဆင်ဂရင်းဝုဒ်-6
တိုက်စစ်အတွက်အားကိုးရသလို ချေပဂိုးအတွက်လည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။
လူစားဝင်ကစားသမားတွေဖြစ်တဲ့ မာတစ်နဲ့ဂိုးမတ်စ်ကတော့ အဆင့်သတ်မှတ်ချက် 7 ဖြစ်ပြီး၊ ပွဲပြီးခါနီးမှဝင်လာတဲ့ မာရှယ်ကတော့ အဆင့်သတ်မှတ်ချက် 5 ဖြစ်ပါတယ်။ ဒုတိယအကျော့ မန်စီးတီးအိမ်ကွင်း အီတီဟတ်မှာ ယူနိက်တက် တို့ဘယ်လိုဖြစ်မလဲ ဆိုတာဆက်စောင့်ကြည့်ရအောင်ပါ။

photo internet

(Zawgyi Version)

အိမ္ကြင္းမွာေတာင္ရႈံးတဲ့ပြဲက ယူႏိုက္တက္ကစားသမားေတြရဲ႕စြမ္းေဆာင္ရည္သုံးသပ္ခ်က္မ်ား

ကာရာေဘာင္ဖလားပထမအေက်ာ့ပြဲစဥ္မွာ ယူႏိုက္တက္ဟာ မန္စီးတီးကုိ 3 ဂိုး 1 ဂိုးနဲ႔ ရွက္စရာေကာင္းေအာင္ရႈံးခဲ့ရပါၿပီ။ ပထမပိုင္းမွာကတည္းက မန္စီးတီးရဲ႕ဖိအားေပးတာခံခဲ့ရၿပီး စိတ္ဓာတ္က်စရာေကာင္းေအာင္ 3 ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။ ဒုတိယပိုင္းမွသာ သိကၡာျပန္ဆယ္တဲ့အေနနဲ႔ ေခ်ပဂိုးတစ္ဂိုးသြင္းယူႏိုင္ခဲ့တာပါ။ အဲဒီ မန္ခ်က္စတာဒါဘီပြဲစဥ္မွာ ယူႏိုက္တက္ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္သတ္မွတ္ခ်က္ဘယ္လုိရိွတယ္ဆိုတာတင္ဆက္ေပးလိုက္ပါတယ္။
ေဒးဗစ္ဒီဂစ္ယာ -7
ေပးဂိုးေတြခြင့္ျပဳခဲ့ရေပမယ့္ အသင္းအတြက္ကယ္ဆယ္တဲ့အေနအထားေတြေတာ့ရိွခဲ့ပါတယ္။ သူသာမႀကိဳးစားခဲ့ဘူးဆိုရင္ မန္စီးတီးအသင္းဒီထက္အခြင့္အေရးပိုသာသြားႏိုင္ပါတယ္။ အပိုင္အခြင့္အေရးႏွစ္ႀကိမ္ထက္မနည္းကို ပုပ္ထုတ္ႏိုင္ခဲ့တဲ့ ဒီဂစ္ယာဟာ စကိုင္းစေပါ့ရဲ႕သတ္မွတ္ခ်က္ 7ထက္ပိုေလ်ာ့ရသင့္တဲ့အေနအထားရိွပါတယ္။ လူေပးတာေတြလြဲေခ်ာ္ေနဆဲျဖစ္တဲ့ အဲဒီဂိုးသမားေနရာမွာ လူငယ္ေလးဟန္ဒါဆင္ကိုေျပာင္းသုံးရေတာ့မွာပါ။
ဝမ္ဘစ္ဆာကာ – 6
၀မ္ဘစ္ဆာကာကေတာ့ သူေျပာထားခဲ့ဖူးတဲ့အတုိင္း ေျခစြမ္းေတြကိုျပသဆဲပါပဲ။ ပြဲတိုင္းမွာေျခမွန္တယ္လို႔ဆိုရမွာပါ။ တစ္ခါတေလမွာ တစ္ဖက္အသင္းအတြက္ ၿပိဳင္ဘက္ေကာင္းျဖစ္ေနဆဲသူတစ္ေယာက္ပါ။
ဖီးလ္ဂ်ဳံစ္း- 5
5ထက္ပိုနည္းတဲ့ရလဒ္ကိုပိုင္ဆိုင္သင့္သူပါ။ မက္ေလာက္စရာ ေျခစြမ္းေတြမျပသႏိုင္တဲ့အျပင္ သူဘာသာေျပးရင္းနဲ႔ေတာင္ ဒဏ္ရာရခဲ့ပါေသးတယ္။ သူ႔ကိုပညာမဲ့တဲ့သူတစ္ေယာက္လို႔ေတာင္ ေ၀ဖန္သူေတြရိွပါတယ္။
လင္ဒီေလာဖ့္ -5
ဖီးလ္ဂ်ဳံးေနာက္တစ္ေယာက္လို႔ ေျပာရပါမယ္။ ေဘာလုံးဖ်က္ထုတ္တဲ့အပိုင္းမွာ အားနည္းခ်က္ေတြရိွခဲ့တဲ့သူတစ္ေယာက္ျဖစ္ၿပီး တြဲဖက္ႀကီးမက္ဂြိဳင္းယားမပါတာေၾကာင့္ ႐ုန္းကန္ခဲ့ရတဲ့အေနအထားေတြရိွခဲ့ပါတယ္။

ဝီလ်ံ-6
ဒီေန႔ပြဲအတြက္ ၀ီလ်ံတစ္ေယာက္အရမ္းမဆိုးဘူးလို႔သုံးသပ္ရပါမယ္။ တိုက္စစ္နဲ႔ခံစစ္ပိုင္းမွာလည္း အားမေလွ်ာ့ဘဲ လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ ဒုတိယပိုင္းမွာေတာ့ အ၀ါကတ္ကိုလက္ခံခဲ့ရပါတယ္။
ဖရက္ -6
သူ႔ေနရာမွာသာမက တစ္ကြင္းလုံးအျပည့္ကစားခဲ့တဲ့အတိုင္းပါပဲ။ အသင္းေဖာ္ေတြနဲ႔ခ်ိတ္ဆက္ကစားတဲ့အေနအထားလည္းမဆုိးပါဘူး။
ပါရဲရား-5
အဲဒီပြဲမွာအေျခအေနအေတာ္မေကာင္းတဲ့သူျဖစ္ခဲ့ပါတယ္။ အဆင့္သတ္မွတ္ခ်က္ပိုနည္းၿပီးေပးသင့္တာပါ။ ႀကိဳးစားအားထုတ္တာနည္းတဲ့သူ႔ကို နည္းျပဆိုးလ္ရွား တစ္နည္းနည္းနဲ႔ကုစားဖုိ႔လုိေနပါၿပီ။
ဒယ္နီယယ္ဂ်ိမ္စ္း- 4
ေျပးေနတာနဲ႔တင္မလုံေလာက္ဘဲနည္းစနစ္တက် ကစားတတ္ဖို႔ေတာ့ ဂ်ိမ္စ္းသင္ယူသင့္ေနပါၿပီ။
လင္ဂတ္ -4
ယူနိက္တက္အတြက္မလုိတဲ့အေနအထားျဖစ္ေနတဲ့ကစားသမားပါ။ သူကိုယ္တိုင္လည္း အသင္းကေန ထြက္ခ်င္ေနပါၿပီ။ သူ႔ရဲ႕အေနအထားအေျပာင္းအေရႊ႕ေစ်းကြက္မွာဘယ္လုိျဖစ္မလဲေစာင့္ၾကည့္ရပါမယ္။
ရက္ရွ္ဖို႔-7
ဒီပြဲမွာသူ႔ကိုေက်းဇူးအထူးတင္ရမွာပါ။ မဟုတ္လို႔ရိွရင္ ယူႏိုက္တက္ေတြ ကိုယ့္အိမ္ကိုသူစိမ္းေခၚၿပီးအရွက္ခြဲျပလိုက္သလုိပါပဲ။ အခုေတာ့သူ႔ေၾကာင့္ ေခ်ပဂိုးတစ္လုံးရတာေၾကာင့္ သိကၡာနည္းနည္းျပန္ဆယ္ႏိုင္ခဲ့ပါတယ္။
ေမဆင္ဂရင္းဝုဒ္-6
တိုက္စစ္အတြက္အားကိုးရသလို ေခ်ပဂိုးအတြက္လည္း ဖန္တီးေပးႏိုင္ခဲ့ပါတယ္။
လူစားဝင္ကစားသမားေတြျဖစ္တဲ့ မာတစ္နဲ႔ဂိုးမတ္စ္ကေတာ့ အဆင့္သတ္မွတ္ခ်က္ 7 ျဖစ္ၿပီး၊ ပြဲၿပီးခါနီးမွ၀င္လာတဲ့ မာရွယ္ကေတာ့ အဆင့္သတ္မွတ္ခ်က္ 5 ျဖစ္ပါတယ္။
ဒုတိယအေက်ာ့ မန္စီးတီးအိမ္ကြင္း အီတီဟတ္မွာ ယူနိက္တက္ တို႔ဘယ္လုိျဖစ္မလဲ ဆိုတာဆက္ေစာင့္ၾကည့္ရေအာင္ပါ။