ယူနိုက်တက် ဂန္ဓဝင် ရိုင်ယန်ဂစ်ကိုကူညီပေးခဲ့ကြတဲ့ ကစားသမားလေးယောက်က ဘယ်သူတွေလဲ?

0
166
photo internet

လက်ရှိ ဝေးလ် လက်ရွေးစင် အသင်း ရဲ့ နည်းပြ ဖြစ်သူ ရိုင်ယန်ဂစ်ဟာ ကစားသမား ဘဝ တစ်ခုလုံး ကို ယူနိုက်တက် အသင်းမှာပဲ မြှုပ်နှံ ထားခဲ့သူဖြစ်ပြီး၊ သူဟာ ၉၂ မျိုးဆက်ထဲက တစ်ဦးဖြစ်ပါတယ်။ ရိုင်ယန်ဂစ်ဟာ ယူနိုက်တက်မှာ ဘယ်တောင်ပံတလျောက် အကောင်းဆုံးကစားခဲ့ပြီးတိုက်စစ်အတွက် ပံ့ပိုးပေးခဲ့ပါတယ်။ ရိုင်ယန်ဂစ်ဟာ အသက် ၄၀ လောက်အထိ ယူနိုက်တက်ရဲ့ စီနီယာအသင်းမှာ ကစားခဲ့တာဖြစ်ပြီး နောက်ဆုံး ကစားတဲ့အခြေအနေမှာတော့ ကွင်းလယ်တိုက်စစ်ပိုင်းကို ပြောင်းလဲကစားခဲ့ပါတယ်။ ရိုင်ယန်ဂစ်ဟာ ယူနိုက်တက် အသင်းမှာ ကစားခဲ့တဲ့ အချိန် အတွင်းသူ့အနေနဲ့ ရွိုင်ကိန်း ၊ ပေါလ် စခိုးလ် ၊ ပီတာ ရှမိုက်ကယ် ၊ ဒေးဗစ် ဘက်ခမ်း ၊ စီ ရော်နယ်ဒို တို့လို ထိပ်ထိပ်ကြဲ ကစားသမားတွေနဲ့ ကစား ခဲ့ဖူး ပါတယ် ။ အခုအခါ မှာတော့ သူ့ရဲ့ ကစားသမား ဘဝမှာ ကူညီပေးခဲ့တဲ့ သူတွေအကြောင်းကိုပြောလာပါတယ်။ အဲဒီသူတွေက တော့ ရွန်နီ ၊ ပက်ဂျီဆန် ၊ အီဗရာနဲ့ မိုက်ကယ်ကာရစ်တို့ဖြစ်ပါတယ်။

photo internet

“ကစားသမား ဘဝ ရဲ့ နောက်ဆုံး ငါးနှစ် ၊ ခြောက်နှစ်တာ အချိန် ကာလ တွေက ကျွန်တော့် အတွက် ပျော်ရွှင် စရာ အကောင်းဆုံးအချိန်တွေပဲ ဖြစ်ပါတယ် ။ကျွန်တော်အနေနဲ့ တောင်ပံနေရာကနေ ကွင်းလယ် နေရာကို ပြောင်းလဲကစားရတာကိုလည်း နှစ်သက်ခဲ့ပါတယ်။ ပွဲစဉ်အနေအထားမှာ ပိုပြီးပါဝင်နိုင်ခဲ့ပြီးတော့ ရွေးချယ်ခွင့် တွေလည်း ပိုများ ခဲ့ရ ပါတယ် ။ ယူနိုက်တက်မှာကစားတဲ့အချိန်တုန်းကဆိုရင် ကျွန်တော့်ဘေးနားမှာ စွမ်းအားအပြည့်နဲ့ ကစားသမားတွေရှိခဲ့ပါတယ်။ သူတို့တွေက ကျွန်တော့်ကို ဝန်းရံပေးခဲ့ကြပါတယ်။ တိုက်စစ် နေရာမှာဆိုရင် ဝိန်း ရွန်းနီ ရှိပြီးတော့ ကွင်းလယ် နဲ့ တောင်ပံ တွေမှာ လိုသလို ထွက် ကစား ပေးတဲ့ ပက်ဂျီဆန် ရှိပါတယ်။ ကျွန်တော်နဲ့ကပ်လျက်မှာဆိုရင် မိုက်ကယ် ကာရစ် ရှိပါတယ်။သူကချိတ်ဆက်ကစားပေး ပါတယ်။ ပြီးတော့ အရှေ့၊အနောက် တစ်လျောက် မြန်မြန်နဲ့မှန်မှန် ကစား ပေးတဲ့ ပတ်ထရစ် အီဗရာ တို့ရှိပါတယ်။ သူတို့ တွေက ကျွန်တော့် ကို အများကြီး ကူညီ ပေးခဲ့ ကြ ပါတယ် ”ဆိုပြီး ရိုင်ယန်ဂစ်ကပြောပါတယ်။

photo internet

“ဒီလိုဝန်းရံသူတွေရှိခဲ့တာဟာ ကျွန်တော့်အတွက်ကံကောင်း ခဲ့တယ် လို့ ဆိုရပါမယ်။ ကျွန်တော့်အနေနဲ့ကတော့ ပြိုင်ဖက် အသင်းသား တွေကို လိမ်ခေါက် ကျော်ဖြတ် ကစား နိုင်စွမ်းရှိခဲ့ပါတယ်။ တကယ်လို့ ကွင်းလယ် ပိုင်းမှာ ဘောလုံးပေးစရာ လူ မရှိ တော့ရင် ကျွန်တော် တို့ အနေနဲ့ ပြိုင်ဖက် ကို ကျော်ဖြတ် ကစားနိုင်ရေးလုပ်ရပါမယ်။ ကွင်းလယ်ပိုင်းကို ရောက်လာတာနဲ့အမျှ အသင်းဖော်တွေနဲ့လည်း စကားအများကြီးပြောလို့ရတာကြောင့် တိုးတက်ခဲ့ပါတယ်။ များသောအားဖြင့်ကတော့ ကာရစ်နဲ့ပါ။သူက နောက်ခံလူ ၄ ယောက်ရဲ့ရှေ့မှာ ကစားတာရတာ နှစ်သက်ပါတယ်။ ဒါကြောင့်ကျွန်တော်က ကွင်းလယ်ကနေ တိုက်စစ်ကို ရွေ့လျားကစားနိုင်ခဲ့ပါတယ်။”ဆိုပြီးတော့လည်း ရိုင်ယန်ဂစ်ကပြောပါသေးတယ်။

photo internet

“ကျွန်တော်ကွင်းလယ်ပိုင်းမှာအကောင်းဆုံးကစားနိုင်တာအတွက် အသင်းဖော်တွေကို ချီးကျူးဂုဏ်ပြုရပါမယ်။ အထူးသဖြင့် မိုက်ကယ် ကာရစ် ပေါ့ ။ သူဟာ ခံစစ် ကစားသမား တွေ ဆီက ဘောလုံးကို အမြဲလို လက်ခံ ရယူလေ့ရှိသူပါ။ ကျွန်တော်ကတော့ ဘောလုံး လက်ခံရယူဖို့နဲ့တိုက်စစ်ဆင် နိုင်ဖို့ အတွက် သူဘောလုံး ပေးပို့ နိုင်မယ့် နေရာတစ်ခုမှာ နေပြီးတော့ ဘောလုံးစောင့်ခဲ့ပါတယ်။ ပြီးတော့ခင်ဗျားတို့အနေနဲ့ ပေါလ် ဂတ်စ်ကွိုင်နီ ကို သတိ ရကြ ဦးမယ် ထင် ပါတယ် ။ သူကွင်းလယ်မှာဘောလုံးရရှိချိန်ဆိုရင် ပြိုင်ဖက် အသင်းသားတွေကို လိမ်ခေါက် ကျော်ဖြတ် နိုင်စွမ်း ရှိ ခဲ့သူပါ။ ကျွန်တော်လည်းသူ့အနေအထားမျိုးရအောင် ကစားနိုင်ခဲ့ပါတယ်”ဆိုပြီး ရိုင်ယန်ဂစ်ကပြောပါတယ်။ ဘောလုံးကန်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် စည်းစည်းလုံးလုံးအချိတ်အဆက်မိမိကစားရတာကြောင့် ရိုင်ယန်ဂစ်ရဲ့အခုလိုပြန်ပြောင်းပြောပြတာတွေဟာ အားလုံးအတွက် သတိရစရာ၊အမှတ်ရစရာကိစ္စတွေဖြစ်စေမှာပါ။

photo internet

(Zawgyi Version)

ယူႏိုက္တက္ ဂႏၶဝင္ ႐ိုင္ယန္ဂစ္ကိုကူညီေပးခဲ့ၾကတဲ့ ကစားသမားေလးေယာက္က ဘယ္သူေတြလဲ?

လက္ရွိ ေဝးလ္ လက္ေ႐ြးစင္ အသင္း ရဲ႕ နည္းျပ ျဖစ္သူ ႐ိုင္ယန္ဂစ္ဟာ ကစားသမား ဘဝ တစ္ခုလုံး ကို ယူႏိုက္တက္ အသင္းမွာပဲ ျမႇဳပ္ႏွံ ထားခဲ့သူျဖစ္ၿပီး၊ သူဟာ ၉၂ မ်ိဳးဆက္ထဲက တစ္ဦးျဖစ္ပါတယ္။ ႐ိုင္ယန္ဂစ္ဟာ ယူႏိုက္တက္မွာ ဘယ္ေတာင္ပံတေလ်ာက္ အေကာင္းဆုံးကစားခဲ့ၿပီးတိုက္စစ္အတြက္ ပံ့ပိုးေပးခဲ့ပါတယ္။ ႐ိုင္ယန္ဂစ္ဟာ အသက္ ၄၀ ေလာက္အထိ ယူႏိုက္တက္ရဲ႕ စီနီယာအသင္းမွာ ကစားခဲ့တာျဖစ္ၿပီး ေနာက္ဆုံး ကစားတဲ့အေျခအေနမွာေတာ့ ကြင္းလယ္တိုက္စစ္ပိုင္းကို ေျပာင္းလဲကစားခဲ့ပါတယ္။ ႐ိုင္ယန္ဂစ္ဟာ ယူႏိုက္တက္ အသင္းမွာ ကစားခဲ့တဲ့ အခ်ိန္ အတြင္းသူ႔အေနနဲ႔ ႐ြိဳင္ကိန္း ၊ ေပါလ္ စခိုးလ္ ၊ ပီတာ ရွမိုက္ကယ္ ၊ ေဒးဗစ္ ဘက္ခမ္း ၊ စီ ေရာ္နယ္ဒို တို႔လို ထိပ္ထိပ္ႀကဲ ကစားသမားေတြနဲ႔ ကစား ခဲ့ဖူး ပါတယ္ ။ အခုအခါ မွာေတာ့ သူ႔ရဲ႕ ကစားသမား ဘဝမွာ ကူညီေပးခဲ့တဲ့ သူေတြအေၾကာင္းကိုေျပာလာပါတယ္။ အဲဒီသူေတြက ေတာ့ ႐ြန္နီ ၊ ပက္ဂ်ီဆန္ ၊ အီဗရာနဲ႔ မိုက္ကယ္ကာရစ္တို႔ျဖစ္ပါတယ္။

“ကစားသမား ဘဝ ရဲ႕ ေနာက္ဆုံး ငါးႏွစ္ ၊ ေျခာက္ႏွစ္တာ အခ်ိန္ ကာလ ေတြက ကြၽန္ေတာ့္ အတြက္ ေပ်ာ္႐ႊင္ စရာ အေကာင္းဆုံးအခ်ိန္ေတြပဲ ျဖစ္ပါတယ္ ။ကြၽန္ေတာ္အေနနဲ႔ ေတာင္ပံေနရာကေန ကြင္းလယ္ ေနရာကို ေျပာင္းလဲကစားရတာကိုလည္း ႏွစ္သက္ခဲ့ပါတယ္။ ပြဲစဥ္အေနအထားမွာ ပိုၿပီးပါဝင္ႏိုင္ခဲ့ၿပီးေတာ့ ေ႐ြးခ်ယ္ခြင့္ ေတြလည္း ပိုမ်ား ခဲ့ရ ပါတယ္ ။ ယူႏိုက္တက္မွာကစားတဲ့အခ်ိန္တုန္းကဆိုရင္ ကြၽန္ေတာ့္ေဘးနားမွာ စြမ္းအားအျပည့္နဲ႔ ကစားသမားေတြရွိခဲ့ပါတယ္။ သူတို႔ေတြက ကြၽန္ေတာ့္ကို ဝန္းရံေပးခဲ့ၾကပါတယ္။ တိုက္စစ္ ေနရာမွာဆိုရင္ ဝိန္း ႐ြန္းနီ ရွိၿပီးေတာ့ ကြင္းလယ္ နဲ႔ ေတာင္ပံ ေတြမွာ လိုသလို ထြက္ ကစား ေပးတဲ့ ပက္ဂ်ီဆန္ ရွိပါတယ္။ ကြၽန္ေတာ္နဲ႔ကပ္လ်က္မွာဆိုရင္ မိုက္ကယ္ ကာရစ္ ရွိပါတယ္။သူကခ်ိတ္ဆက္ကစားေပးပါတယ္။ ၿပီးေတာ့ အေရွ႕၊အေနာက္ တစ္ေလ်ာက္ ျမန္ျမန္နဲ႔မွန္မွန္ ကစား ေပးတဲ့ ပတ္ထရစ္ အီဗရာ တို႔ရွိပါတယ္။ သူတို႔ ေတြက ကြၽန္ေတာ့္ ကို အမ်ားႀကီး ကူညီ ေပးခဲ့ ၾက ပါတယ္ ”ဆိုၿပီး ႐ိုင္ယန္ဂစ္ကေျပာပါတယ္။

“ဒီလိုဝန္းရံသူေတြရွိခဲ့တာဟာ ကြၽန္ေတာ့္အတြက္ကံေကာင္း ခဲ့တယ္ လို႔ ဆိုရပါမယ္။ ကြၽန္ေတာ့္အေနနဲ႔ကေတာ့ ၿပိဳင္ဖက္ အသင္းသား ေတြကို လိမ္ေခါက္ ေက်ာ္ျဖတ္ ကစား ႏိုင္စြမ္းရွိခဲ့ပါတယ္။ တကယ္လို႔ ကြင္းလယ္ ပိုင္းမွာ ေဘာလုံးေပးစရာ လူ မရွိ ေတာ့ရင္ ကြၽန္ေတာ္ တို႔ အေနနဲ႔ ၿပိဳင္ဖက္ ကို ေက်ာ္ျဖတ္ ကစားႏိုင္ေရးလုပ္ရပါမယ္။ကြင္းလယ္ပိုင္းကို ေရာက္လာတာနဲ႔အမွ် အသင္းေဖာ္ေတြနဲ႔လည္း စကားအမ်ားႀကီးေျပာလို႔ရတာေၾကာင့္ တိုးတက္ခဲ့ပါတယ္။ မ်ားေသာအားျဖင့္ကေတာ့ ကာရစ္နဲ႔ပါ။သူက ေနာက္ခံလူ ၄ ေယာက္ရဲ႕ေရွ႕မွာ ကစားတာရတာ ႏွစ္သက္ပါတယ္။ ဒါေၾကာင့္ကြၽန္ေတာ္က ကြင္းလယ္ကေန တိုက္စစ္ကို ေ႐ြ႕လ်ားကစားႏိုင္ခဲ့ပါတယ္။”ဆိုၿပီးေတာ့လည္း ႐ိုင္ယန္ဂစ္ကေျပာပါေသးတယ္။
“ကြၽန္ေတာ္ကြင္းလယ္ပိုင္းမွာအေကာင္းဆုံးကစားႏိုင္တာအတြက္ အသင္းေဖာ္ေတြကို ခ်ီးက်ဴးဂုဏ္ျပဳရပါမယ္။ အထူးသျဖင့္ မိုက္ကယ္ ကာရစ္ ေပါ့ ။ သူဟာ ခံစစ္ ကစားသမား ေတြ ဆီက ေဘာလုံးကို အၿမဲလို လက္ခံ ရယူေလ့ရွိသူပါ။ ကြၽန္ေတာ္ကေတာ့ ေဘာလုံး လက္ခံရယူဖို႔နဲ႔တိုက္စစ္ဆင္ ႏိုင္ဖို႔ အတြက္ သူေဘာလုံး ေပးပို႔ ႏိုင္မယ့္ ေနရာတစ္ခုမွာ ေနၿပီးေတာ့ ေဘာလုံးေစာင့္ခဲ့ပါတယ္။ ၿပီးေတာ့ခင္ဗ်ားတို႔အေနနဲ႔ ေပါလ္ ဂတ္စ္ကြိဳင္နီ ကို သတိ ရၾက ဦးမယ္ ထင္ ပါတယ္ ။ သူကြင္းလယ္မွာေဘာလုံးရရွိခ်ိန္ဆိုရင္ ၿပိဳင္ဖက္ အသင္းသားေတြကို လိမ္ေခါက္ ေက်ာ္ျဖတ္ ႏိုင္စြမ္း ရွိ ခဲ့သူပါ။ ကြၽန္ေတာ္လည္းသူ႔အေနအထားမ်ိဳးရေအာင္ ကစားႏိုင္ခဲ့ပါတယ္”ဆိုၿပီး ႐ိုင္ယန္ဂစ္ကေျပာပါတယ္။ ေဘာလုံးကန္တဲ့အခါ တစ္ေယာက္နဲ႔တစ္ေယာက္ စည္းစည္းလုံးလုံးအခ်ိတ္အဆက္မိမိကစားရတာေၾကာင့္ ႐ိုင္ယန္ဂစ္ရဲ႕အခုလိုျပန္ေျပာင္းေျပာျပတာေတြဟာ အားလုံးအတြက္ သတိရစရာ၊အမွတ္ရစရာကိစၥေတြျဖစ္ေစမွာပါ။