ယူနိုက်တက်နဲ့တွေ့ဆုံမယ့်အပေါ် ဆိုးလ်ရှားကို သတိပေးစကားတွေပြောလာတဲ့ ပက်ဂွာဒီယိုလာ

0
91
Photo internet

ဒီတစ်ပတ်မှာတော့ လိဂ်ဖလားဆီမီးဖိုင်နယ်အဖြစ် ယူနိုက်တက်အသင်းနဲ့ မန်စီးတီးအသင်း တို့ယှဉ်ပြိုင်ကစားကြတော့မှာဖြစ်ပါတယ်။ အိမ်ကွင်း၊အဝေးကွင်း နှစ်ကျော့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပထမအကျော့ကို ယူနိက်တက် အိမ်ကွင်း အိုးထရဒ့်ဖိုဒ့်မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ဒုတိယအကျော့ကိုတော့ ဇန်နဝါရီလ၂၉ရက်နေ့မှာ မန်စီးတီး အသင်းရဲ့ အီတီဟဒ်ကွင်းမှာ ယှဉ်ပြိုင်ကစား ရပါမယ်။

Photo internet

အဲဒီပွဲစဉ်တွေ မကစားခင် မန်စီးတီးနည်းပြ ဂွာဒီယိုလာက ယူနိုက်တက်အသင်းနဲ့နည်းပြဆိုးလ်ရှားကို သတိပေးစကားတွေပြောဆိုလာခဲ့ပါတယ်။ “ယူနိုက်တက်အိမ်ကွင်းမှာ ကစားတဲ့အခါ အဝေးကွင်းဖြစ် တာကြောင့် ခက်ခဲတာတွေရှိပါလိမ့်မယ်။ ယူနိုက်တက်က တည်ဆောက်ရင်းနဲ့ ရှေ့ဆက်နေတဲ့ အသင်းဖြစ်ပါတယ်။ ယူနိုက်တက်မှာလူငယ်ခြေတက်ကစားသမားတွေရှိပါတယ်။ ဂျိမ်း၊မေဆင်၊မာရှယ်၊ လင်ဂတ်စတဲ့ထူးချွန်တဲ့ကစားသမားတွေရှိပါတယ်။ ဝုဗ်လ်နဲ့ပွဲကလူစာရင်းမှာဆိုရင် လူငယ်တွေ ကိုအားပြုသုံးထားပါတယ်။ကျွန်တော်တို့နဲ့ကစားတဲ့ပွဲမှာတော့ လူစာရင်းအပြောင်းအလဲ လုပ်ပါလိမ့်မယ်”လို့ မန်စီးတီးနည်းပြကပြောပါတယ်။

Photo internet

“ကျွန်တော်တို့နဲ့ကစားရမယ့်အပေါ် ယူနိုက်တက်အနေနဲ့အာရုံစိုက်ကစားမယ်လို့ကျွန်တော်ထင်ပါတယ်။ ဒီပွဲက တစ်ကျော့တည်းနဲ့ပြီးမှာမဟုတ်ဘဲ နှစ်ကျော့ကစားရမှာဆိုတော့ ရလဒ်ကောင်းဖို့က သေချာဂရုစိုက်ရပါမယ်။ နှစ်သင်းစလုံးအဲလိုစိတ်ရှိပါတယ်။ ကျွန်တော်ကတော့ အသင်းအတွက်၊ကစားသမားတွေအတွက်၊ အားပေးတဲ့ပရိသတ်တွေအတွက် သုံးနှစ်ဆက်တိုက် ဗိုလ်လုပွဲကိုရောက်တယ်ဆိုတဲ့ ပျော်စရာစိတ်ခံစားချက်ကိုပေးချင်ပါတယ်”လို့ နည်းပြကြီး ဂွာဒီယိုလာကပြောပါတယ်။

photo internet

မန်စီးတီး နည်းပြအတွက် ပရီးမီးယားလိဂ်ဖလားက အရေးကြီးသလို၊ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားအတွက်လည်း လိဂ်ဖလားဟာပစ်မှတ်ထားထားတဲ့ အရာတစ်ခုဖြစ်တာကြောင့် မန်စီးတီးကိုကျော်လွှားနိုင်ဖို့ကြိုးစားမှာဖြစ်ပါတယ်။ မြို့ခံပြိုင်ဘက်နှစ်သင်းတွေ့ဆုံမှုမှာ ဘယ်သူကပွဲပြီးရလဒ်အပေါ် စကားကြွယ်နိုင်မလဲဆိုတာစောင့်ကြည့်ရပါမယ်။ ပရိသတ်တွေကရောဘယ်အသင်းကိုနိုင်စေချင်ပါသလဲ?

photo internet

(Zawgyi Version)

ယူႏိုက္တက္နဲ႔ေတြ႕ဆုံမယ့္အေပၚ ဆုိးလ္ရွားကို သတိေပးစကားေတြေျပာလာတဲ့ ပက္ဂြာဒီယိုလာ

ဒီတစ္ပတ္မွာေတာ့ လိဂ္ဖလားဆီမီးဖိုင္နယ္အျဖစ္ ယူႏိုက္တက္အသင္းနဲ႔ မန္စီးတီးအသင္း တို႔ယွဥ္ၿပိဳင္ကစားၾကေတာ့မွာျဖစ္ပါတယ္။ အိမ္ကြင္း၊အေဝးကြင္း ႏွစ္ေက်ာ့ ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ပထမအေက်ာ့ကို ယူနိက္တက္ အိမ္ကြင္း အိုးထရဒ့္ဖိုဒ့္မွာ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။ ဒုတိယအေက်ာ့ကိုေတာ့ ဇန္နဝါရီလ၂၉ရက္ေန႔မွာ မန္စီးတီး အသင္းရဲ႕ အီတီဟဒ္ကြင္းမွာ ယွဥ္ၿပိဳင္ကစား ရပါမယ္။

အဲဒီပြဲစဥ္ေတြ မကစားခင္ မန္စီးတီးနည္းျပ ဂြာဒီယုိလာက ယူႏိုက္တက္အသင္းနဲ႔နည္းျပဆိုးလ္ရွားကို သတိေပးစကားေတြေျပာဆိုလာခဲ့ပါတယ္။ “ယူႏိုက္တက္အိမ္ကြင္းမွာ ကစားတဲ့အခါ အေ၀းကြင္းျဖစ္ တာေၾကာင့္ ခက္ခဲတာေတြရိွပါလိမ့္မယ္။ ယူႏိုက္တက္က တည္ေဆာက္ရင္းနဲ႔ ေရွ႕ဆက္ေနတဲ့ အသင္းျဖစ္ပါတယ္။ ယူႏိုက္တက္မွာလူငယ္ေျခတက္ကစားသမားေတြရိွပါတယ္။ ဂ်ိမ္း၊ေမဆင္၊မာရွယ္၊ လင္ဂတ္စတဲ့ထူးခၽြန္တဲ့ကစားသမားေတြရိွပါတယ္။ ၀ုဗ္လ္နဲ႔ပြဲကလူစာရင္းမွာဆုိရင္ လူငယ္ေတြ ကိုအားျပဳသုံးထားပါတယ္။ကၽြန္ေတာ္တို႔နဲ႔ကစားတဲ့ပြဲမွာေတာ့ လူစာရင္းအေျပာင္းအလဲ လုပ္ပါလိမ့္မယ္”လို႔ မန္စီးတီးနည္းျပကေျပာပါတယ္။

“ကၽြန္ေတာ္တို႔နဲ႔ကစားရမယ့္အေပၚ ယူႏိုက္တက္အေနနဲ႔အာရုံစိုက္ကစားမယ္လို႔ကၽြန္ေတာ္ထင္ပါတယ္။ ဒီပြဲက တစ္ေက်ာ့တည္းနဲ႔ၿပီးမွာမဟုတ္ဘဲ ႏွစ္ေက်ာ့ကစားရမွာဆိုေတာ့ ရလဒ္ေကာင္းဖို႔က ေသခ်ာဂရုစိုက္ရပါမယ္။ ႏွစ္သင္းစလုံးအဲလိုစိတ္ရိွပါတယ္။ ကၽြန္ေတာ္ကေတာ့ အသင္းအတြက္၊ကစားသမားေတြအတြက္၊ အားေပးတဲ့ပရိသတ္ေတြအတြက္ သုံးႏွစ္ဆက္တိုက္ ဗိုလ္လုပြဲကိုေရာက္တယ္ဆိုတဲ့ ေပ်ာ္စရာစိတ္ခံစားခ်က္ကိုေပးခ်င္ပါတယ္”လို႔ နည္းျပႀကီး ဂြာဒီယိုလာကေျပာပါတယ္။

မန္စီးတီး နည္းျပအတြက္ ပရီးမီးယားလိဂ္ဖလားက အေရးႀကီးသလို၊ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားအတြက္လည္း လိဂ္ဖလားဟာပစ္မွတ္ထားထားတဲ့ အရာတစ္ခုျဖစ္တာေၾကာင့္ မန္စီးတီးကိုေက်ာ္လႊားႏိုင္ဖို႔ႀကိဳးစားမွာျဖစ္ပါတယ္။ ၿမိဳ႕ခံၿပိဳင္ဘက္ႏွစ္သင္းေတြ႕ဆုံမႈမွာ ဘယ္သူကပြဲၿပီးရလဒ္အေပၚ စကားၾကြယ္ႏိုင္မလဲဆိုတာေစာင့္ၾကည့္ရပါမယ္။ ပရိသတ္ေတြကေရာဘယ္အသင္းကိုႏိုင္ေစခ်င္ပါသလဲ?