ယူနိုက်တက်နဲ့ဆိုးလ်ရှားရဲ့အနာဂတ်(သို့) ယူနိုက်တက်မှာဆိုးလ်ရှားမရှိတော့တဲ့အခါ…….

0
62
photo internet

ဒီနေ့ယှဉ်ပြိုင်မယ့် နောဝှချ်စ်နဲ့ပွဲစဉ်မှာ ယူနိုက်တက်ရဲ့ခြေစွမ်းကိုစောင့်ကြည့်ရပါမယ်။ မပြောကောင်း မဆိုကောင်း ရလဒ်ဆိုးသာထွက်ခဲ့မယ်ဆိုရင် နည်းပြဆိုးလ်ရှားရဲ့ထိုင်ခုံပျောက်နိုင်တဲ့ ရာခိုင်နှုန်း အတော်ကိုများနေပါပြီ။ ယူနိုက်တက်အသင်းဟာဆက်တိုက် ကို နိုင်ပွဲတွေပျောက်ဆုံးနေ တာဖြစ်ပါတယ်။ အိမ်ကွင်းလိုနေရာမျိုးမှာတောင်မျက်နှာပန်းလှအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ အသင်းဟာ ဆိုလ်းရှားအပေါ်စိတ်ရှည်သည်းခံမှု့တွေထားရှိထားပေမယ့် တိုးတက်မလာတဲ့ ရလဒ်ပိုင်းအပေါ်စိတ်ပျက်နေ ပါတယ်။ မန်စီးတီး အသင်းကို ၁-၃ နဲ့ရှုံးတဲ့ပွဲမှာ ဆာအဲလက်စ်ဖာဂူဆန် ကိုယ်တိုင် စိတ်ပျက်လက်ပျက်နဲ့ ထွက်ခွာသွားခဲ့ပြီး နည်းပြအပြောင်းအလဲလုပ်ဖို့ ဘုတ်အဖွဲ့အတွင်းမှာ သဘောထားတင်းမာမှု့တွေဖြစ်ပေါ်နေ တယ်လို့သိရပါတယ်။

photo internet

ဒါကြောင့်ကောလာဟလသတင်းတွေအရတော့ ဘုတ်အဖွဲ့အနေနဲ့နည်းပြဆိုးလ်ရှားကိုမကြာမီထုတ်ပယ်ပြီး သူ့နေရာမှာ ပိုချက်တီနိုကိုအစားထိုးမယ်ဆိုပြီး ကြားရပါတယ်။ အပြောင်းအရွှေ့ကာလမှာ ဆိုးလ်ရှားကိုဗန်းပြပြီး ယူနိုက်တက်ကစားသမားတွေကိုရှင်းထုတ်တာ လူဝယ်တာတွေလုပ်ဆောင်နေတာဖြစ် ကြောင်းလည်း သတင်းတွေထွက်နေပါတယ်။ ဒါ့အပြင် အတွင်းသတင်းအချို့အရလည်း ယူနိုက်တက်က ပိုချက်တီနိုနဲ့တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ လောင်းကစားဒိုင်တွေမှာလည်း ပိုချက်တီနို ဟာ နောက်လာမယ့် ယူနိက်တက် နည်းပြ ဖြစ်တယ်ဆိုတာကို ၁/၁ ဆိုတဲ့ အပိုင်ကြေးခန့်မှန်းမှု့ပေးထားပါတယ်။

photo internet

တစ်ဖက်မှာလည်း ပိုချက်တီနိုကို ဘာစီလိုနာက နည်းပြသစ်အဖြစ်ရည်ရွယ်နေတာကြောင့် ယူနိုက်တက်အနေနဲ့ လက်ဦးမှုရယူတဲ့အနေနဲ့ရာသီကုန်အထိမစောင့်ဘဲ နည်းပြအပြောင်းအလဲပြုလုပ်နိုင်ပါတယ်။ နည်းပြဆိုးလ်ရှားကတော့ပြီးခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ “ငါ”ဆိုတာ ယူနိုက်တက်မှာ မရှိရဘူးဆိုပြီးပြောထား တာကြောင့် ကံအကြောင်းမလှရင် သူဆိုတဲ့ နည်းပြဆိုးလ်ရှားလည်း ယူနိုက်တက်မှာရှိတော့မှာမဟုတ်ပါဘူး။ နည်းပြဆိုးလ်ရှားမရှိရင် နည်းပြရာထူးနေရာအတွက် ပိုချက်တီနိုအပြင်နောက်ထပ်ရေပန်းစားနေတဲ့သူတွေ လည်းရှိပါသေးတယ်။

photo internet

ဂျူဗင်တပ်စ် နည်းပြဟောင်း အလ်လီဂရီနဲ့လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာစ်း တို့လည်း ယူနိုက်တက်နည်းပြနေရာအတွက်ရေပန်းစားပါတယ်။ လောင်းကစားဒိုင်တွေမှာဖွင့်ထားတဲ့ သူတို့ရဲ့ကြေး တွေကတော့ အလ်လီဂရီ က ၆/၁ နဲ့ ရှိနေပြီး၊ ဘရန်ဒန်ရော်ဂျာစ်း က ၈/၁ နဲ့ ရပ်တည်နေပါတယ်။ ဆိုလ်းရှားတရားဝင်ကိုင်တွယ်ပြီးထဲက ယူနိက်တက်အသင်းဟာ လိဂ်ပွဲ ခြောက်ပွဲသာ အနိင်ရရှိထားပြီး သူ့ရဲ့အနိင်ရရှိနှုန်းဟာ ၂၇% သာ ရှိတာဖြစ်လို့ အတော့်ကိုဆိုးရွားတဲ့ အခြေအနေဖြစ်နေတာပါ။ အခုလက်ရှိမှာလည်းဒဏ်ရာရကစားသမားများပြားနေပြီး ပွဲကျပ်ကာလအတွက် လူစားလဲကစားရန်၊ ကစားသမား အချို့အပြောင်းအလဲလုပ်ဖို့လိုအပ်နေတာကြောင့် နည်းပြဆိုးလ်ရှားတစ်ယောက်ခုတလော အဲဒီကိစ္စတွေအတွက်လုံံးပန်းနေရပါတယ်။

photo internet

နည်းပြဆိုးလ်ရှားကတော့ သူ့မှာ ယူနိုက်တက်အတွက် ရေရှည်စီမံကိန်းတွေရှိတယ်လို့ ဆိုကာ လတ်တလော ရလဒ်တွေ ဆိုးနေပေမယ့်လည်း ရေတိုဖြေရှင်းသွားမှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ “ရလဒ်တွေ ဆိုးရွားလာတဲ့အခါ ရေတိုဖြေရှင်းလို့ရတဲ့နည်းတွေ ရှိပါတယ်။ ဒါပေမယ့် အဲဒီလို ရေတိုဖြေရှင်းတာတွေဟာ နောက်ထပ် တစ်နှစ်ခွဲလောက်အကြာမှာ နောင်တရစရာတွေ ရှိချင်ရှိပါလိမ့်မယ်။ ကျွန်တော်ကတော့ ဒါမျိုးမလုပ်ချင်ပါဘူး။”လို့ နည်းပြဆိုးလ်ရှားကပြောဆိုပါတယ်။ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့လည်း ယူနိုက်တက်နဲ့အံဝင်ပြီးသင့်တော်မယ့် ကစားသမားတွေကိုပဲသူ့အနေနဲ့ ရွေးချယ်ခေါ်ယူမှာဖြစ်ပြီး၊ အသင်းအတွက်တတ်နိုင်သလောက် အကောင်းဆုံးကြိုးစားမှာဖြစ်ကြောင်း နည်းပြဆိုးလ်ရှားက မှတ်ချက်ပြုပါတယ်။ ရှေ့ပိုင်းမှာ ပိုချက်တီနို နဲ့ အူနိုင်းအမ်မရီ တို့အထုတ်ခံထားရတာကြောင့် သူတို့တွေရဲ့နောက်ကို နည်းပြ ဆိုလ်းရှား လိုက်မလားဆိုတာစောင့်ကြည့်ရပါမယ်။

photo internet

(Zawgyi Version)

ယူႏိုက္တက္နဲ႔ဆိုးလ္ရွားရဲ႕အနာဂတ္(သို႔) ယူႏိုက္တက္မွာဆိုးလ္ရွားမရိွေတာ့တဲ့အခါ…….

ဒီေန႔ယွဥ္ၿပိဳင္မယ့့္ ေနာ၀ွခ်္စ္နဲ႔ပြဲစဥ္မွာ ယူႏိုက္တက္ရဲ႕ေျခစြမ္းကိုေစာင့္ၾကည့္ရပါမယ္။ မေျပာေကာင္း မဆိုေကာင္း ရလဒ္ဆိုးသာထြက္ခဲ့မယ္ဆိုရင္ နည္းျပဆုိးလ္ရွားရဲ႕ထိုင္ခုံေပ်ာက္ႏိုင္တဲ့ ရာခိုင္ႏႈန္း အေတာ္ကိုမ်ားေနပါၿပီ။ ယူႏိုက္တက္အသင္းဟာဆက္တိုက္ ကုိ ႏိုင္ပြဲေတြေပ်ာက္ဆုံးေန တာျဖစ္ပါတယ္။ အိမ္ကြင္းလိုေနရာမ်ဳိးမွာေတာင္မ်က္ႏွာပန္းလွေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့ပါဘူး။ အသင္းဟာ ဆိုလ္းရွားအေပၚစိတ္ရွည္သည္းခံမႈ႕ေတြထားရွိထားေပမယ့္ တိုးတက္မလာတဲ့ ရလဒ္ပိုင္းအေပၚစိတ္ပ်က္ေန ပါတယ္။ မန္စီးတီး အသင္းကို ၁-၃ နဲ႔ရႈံးတဲ့ပြဲမွာ ဆာအဲလက္စ္ဖာဂူဆန္ ကိုယ္တိုင္ စိတ္ပ်က္လက္ပ်က္နဲ႔ ထြက္ခြာသြားခဲ့ၿပီး နည္းျပအေျပာင္းအလဲလုပ္ဖို႔ ဘုတ္အဖြဲ႕အတြင္းမွာ သေဘာထားတင္းမာမႈ႕ေတြျဖစ္ေပၚေန တယ္လို႔သိရပါတယ္။

ဒါေၾကာင့္ေကာလာဟလသတင္းေတြအရေတာ့ ဘုတ္အဖြဲ႕အေနနဲ႔နည္းျပဆုိးလ္ရွားကိုမၾကာမီထုတ္ပယ္ၿပီး သူ႔ေနရာမွာ ပိုခ်က္တီႏိုကိုအစားထုိးမယ္ဆိုၿပီး ၾကားရပါတယ္။ အေျပာင္းအေရႊ႕ကာလမွာ ဆုိးလ္ရွားကိုဗန္းျပၿပီး ယူႏိုက္တက္ကစားသမားေတြကိုရွင္းထုတ္တာ လူ၀ယ္တာေတြလုပ္ေဆာင္ေနတာျဖစ္ေၾကာင္းလည္း သတင္းေတြထြက္ေနပါတယ္။ ဒါ့အျပင္ အတြင္းသတင္းအခ်ဳိ႕အရလည္း ယူႏိုက္တက္က ပိုခ်က္တီႏိုနဲ႔ေတြ႕ဆုံခဲ့တယ္လို႔သိရပါတယ္။ ေလာင္းကစားဒိုင္ေတြမွာလည္း ပိုခ်က္တီႏို ဟာ ေနာက္လာမယ့္ ယူနိက္တက္ နည္းျပ ျဖစ္တယ္ဆိုတာကို ၁/၁ ဆိုတဲ့ အပိုင္ေၾကးခန႔္မွန္းမႈ႕ေပးထားပါတယ္။

တစ္ဖက္မွာလည္း ပိုခ်က္တီႏိုကို ဘာစီလုိနာက နည္းျပသစ္အျဖစ္ရည္ရြယ္ေနတာေၾကာင့္ ယူႏိုက္တက္အေနနဲ႔ လက္ဦးမႈရယူတဲ့အေနနဲ႔ရာသီကုန္အထိမေစာင့္ဘဲ နည္းျပအေျပာင္းအလဲျပဳလုပ္ႏိုင္ပါတယ္။ နည္းျပဆိုးလ္ရွားကေတာ့ၿပီးခဲ့တဲ့သတင္းစာရွင္းလင္းပြဲမွာ “ငါ”ဆုိတာ ယူႏိုက္တက္မွာ မရိွရဘူးဆိုၿပီးေျပာထား တာေၾကာင့္ ကံအေၾကာင္းမလွရင္ သူဆိုတဲ့ နည္းျပဆိုးလ္ရွားလည္း ယူႏိုက္တက္မွာရိွေတာ့မွာမဟုတ္ပါဘူး။ နည္းျပဆုိးလ္ရွားမရိွရင္ နည္းျပရာထူးေနရာအတြက္ ပိုခ်က္တီႏိုအျပင္ေနာက္ထပ္ေရပန္းစားေနတဲ့သူေတြ လည္းရိွပါေသးတယ္။

ဂ်ဴဗင္တပ္စ္ နည္းျပေဟာင္း အလ္လီဂရီနဲ႔လက္စတာနည္းျပ ဘရန္ဒန္ေရာ္ဂ်ာစ္း တို႔လည္း ယူႏိုက္တက္နည္းျပေနရာအတြက္ေရပန္းစားပါတယ္။ ေလာင္းကစားဒိုင္ေတြမွာဖြင့္ထားတဲ့ သူတို႔ရဲ႕ေၾကး ေတြကေတာ့ အလ္လီဂရီ က ၆/၁ နဲ႔ ရွိေနၿပီး၊ ဘရန္ဒန္ေရာ္ဂ်ာစ္း က ၈/၁ နဲ႔ ရပ္တည္ေနပါတယ္။ ဆိုလ္းရွားတရားဝင္ကိုင္တြယ္ၿပီးထဲက ယူနိက္တက္အသင္းဟာ လိဂ္ပြဲ ေျခာက္ပြဲသာ အနိင္ရရွိထားၿပီး သူ႔ရဲ႕အနိင္ရရွိႏႈန္းဟာ ၂၇% သာ ရွိတာျဖစ္လို႔ အေတာ့္ကိုဆိုး႐ြားတဲ့ အေျခအေနျဖစ္ေနတာပါ။ အခုလက္ရွိမွာလည္းဒဏ္ရာရကစားသမားမ်ားျပားေနၿပီး ပြဲက်ပ္ကာလအတြက္ လူစားလဲကစားရန္၊ ကစားသမား အခ်ဳိ႕အေျပာင္းအလဲလုပ္ဖို႔လိုအပ္ေနတာေၾကာင့္ နည္းျပဆိုးလ္ရွားတစ္ေယာက္ခုတေလာ အဲဒီကိစၥေတြအတြက္လုံံးပန္းေနရပါတယ္။

နည္းျပဆိုးလ္ရွားကေတာ့ သူ႔မွာ ယူႏိုက္တက္အတြက္ ေရရွည္စီမံကိန္းေတြရွိတယ္လို႔ ဆိုကာ လတ္တေလာ ရလဒ္ေတြ ဆိုးေနေပမယ့္လည္း ေရတိုေျဖရွင္းသြားမွာမဟုတ္ဘူးလို႔ ေျပာဆိုထားပါတယ္။ “ရလဒ္ေတြ ဆိုး႐ြားလာတဲ့အခါ ေရတိုေျဖရွင္းလို႔ရတဲ့နည္းေတြ ရွိပါတယ္။ ဒါေပမယ့္ အဲဒီလို ေရတိုေျဖရွင္းတာေတြဟာ ေနာက္ထပ္ တစ္ႏွစ္ခြဲေလာက္အၾကာမွာ ေနာင္တရစရာေတြ ရွိခ်င္ရွိပါလိမ့္မယ္။ ကြၽန္ေတာ္ကေတာ့ ဒါမ်ိဳးမလုပ္ခ်င္ပါဘူး။”လို႔ နည္းျပဆုိးလ္ရွားကေျပာဆိုပါတယ္။ အေျပာင္းအေရႊ႕နဲ႔ပတ္သက္ၿပီးေတာ့့လည္း ယူနိုက္တက္နဲ႔အံ၀င္ၿပီးသင့္ေတာ္မယ့္ ကစားသမားေတြကိုပဲသူ႔အေနနဲ႔ ေရြးခ်ယ္ေခၚယူမွာျဖစ္ၿပီး၊ အသင္းအတြက္တတ္ႏိုင္သေလာက္ အေကာင္းဆုံးႀကိဳးစားမွာျဖစ္ေၾကာင္း နည္းျပဆိုးလ္ရွားက မွတ္ခ်က္ျပဳပါတယ္။ ေရွ႕ပိုင္းမွာ ပိုခ်က္တီႏို နဲ႔ အူႏိုင္းအမ္မရီ တို႔အထုတ္ခံထားရတာေၾကာင့္ သူတို႔ေတြရဲ႕ေနာက္ကို နည္းျပ ဆိုလ္းရွား လိုက္မလားဆိုတာေစာင့္ၾကည့္ရပါမယ္။