ယူနိုက်တက်ကိုပစ်ပယ်ကြပြီလား? (သို့) ယူနိုက်တက်ကိုပွဲပြီးအောင်မကြည့်သူများနဲ့ ယူနိုက်တက်အင်္ကျီမဝတ်ချင်သူများ

0
110
photo internet
photo internet

မနေ့က ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ဘန်လေပွဲမှာ ယူနိုက်တက်အသင်းဟာအိမ်ကွင်းမှာပဲ နှစ်ဂိုး၊ဂိုးမရှိနဲ့ ဘန်လေကိုရှုံးနိမ့်ခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါချိန်မှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး ဒီရာသီမှာ ၈ ပွဲမြောက်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။ ယူနိုက်တက်တို့အိမ်ကွင်းမှာတောင် ပုံစံကောင်းမပြသနိုင်ခဲ့လို့ ပရိသတ်တွေကတော့ အကြီးအကျယ်ကို စိတ်ဆိုးဒေါသထွက်နေကြပါတယ်။ အဓိကတိုက်စစ်မှူးရက်ရှ်ဖို့ဒ် တစ်ယောက်ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ကာ၊ ယူနိုက်တက်အသင်းတိုက်စစ်ပိုင်းက အားနည်းခဲ့သလို ခံစစ်ပိုင်းကလည်း မပေးသင့်တဲ့ဂိုးတွေကို ခွင့်ပြုခဲ့ရပါတယ်။ ယူနိုက်တက်ဘက်ကို ခရစ္စဝုဒ်နဲ့၊ ဂျေရိုဒရီဂွက်ဇ်တို့က ဂိုးတွေသွင်းခဲ့ကြတာဖြစ်ပါတယ်။

photo internet

ယူနိုက်တက်တို့အိမ်ကွင်းမှာတောင် မျက်နှာပျက်အောင် လုပ်ဆောင်နေကြတာကြောင့် အားပေးတဲ့ပရိသတ်တွေဟာ ပွဲမပြီးခင်မှာပဲ ကွင်းအတွင်းကနေ ထွက်ခွာခဲ့ကြပါတယ်။ ကစားချိန် 10 မိနစ်ဝန်းကျင်လောက်ကျန်သေးပေမယ့်လည်း ယူနိုက်တက်ရဲ့ခြေစွမ်းကိုစိတ်ပျက်လာကြပြီး၊ မယုံကြည်တော့တာကြောင့် ယူနိုက်တက်ကိုအားပေးတဲ့ပရိသတ်တွေဟာ စိတ်ပျက်လက်ပျက်နဲ့ကွင်းထဲက ထွက်ခွာသွားကြပါတယ်။ နည်းပြဆိုးလ်ရှားအတွက် ကံကောင်းခြင်းတွေဟာတဖြည်းဖြည်းမှေးမှိန်လာပြီး အခန့်မသင့်ရင် အသင်းကထွက်ခွာရကိန်းရှိနေပါတယ်။ ဒီရှုံးပွဲကြောင့် ယူနိုက်တက်အနေနဲ့ ချယ်လ်ဆီးအောက် ခြောက်မှတ်အကွာမှာ ဆက်လက်ရပ်တည်နေရပြီး စပါးနဲ့ဝုလ်ဗ်အသင်းတို့နဲ့ ရမှတ်တူနေပြီဖြစ်ပါတယ်။

photo internet

ယူနိုက်တက်ပွဲကိုအဆုံးထိမကြည့်ချင်သူတွေရှိသလို၊ ယူနိုက်တက်အင်္ကျီကို မဝတ်ချင်တော့တဲ့သူတွေ လည်းရှိလာမယ် ဆိုတဲ့သတင်းလည်းကြားရပါတယ်။ အဲဒီကိစ္စကိုပြောဆိုသူကတော့ ယူနိုက်တက် ကစားသမားဟောင်း ဖာဒီနန်ဖြစ်ပါတယ်။ “မိနစ် 80 ကျော်ကျော်လောက် မှာပရိတ်သတ်တွေထပြန်ကုန်ကြ တာကို ကျွန်တော်တွေ့နေရပါတယ်။လက်ကျန်မိနစ်မှာ ယူနိုက်တက်ကတော့ပြန်မလာနိုင်တော့ဘူးဆိုတဲ့ မျက်နှာထားမျိုးတွေနဲ့ ထပြန်ကြတယ်ဆိုတာ ဒီအသင်းမှာမရှိခဲ့ဖူးပါဘူး။အဲ့လိုပုံစံနဲ့ပရိတ်သတ်တွေထပြန်ကြတာ ကိုမြင်ရတာအလွန်ရှက်ဖို့ကောင်းပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်ဒီမှာထိုင်နေရတာ ရှက်ပါတယ်။ နောက်ဘာဖြစ်လာမလဲဆိုတာမပြောတတ်တော့ဘူး။ အသင်းရဲ့ပစ်မှတ်ကိုလည်းမမြင်ဘူး။

photo internet

အနာဂတ်လမ်းကြောင်းကိုလည်း မမြင်ဘူးဖြစ်နေတယ်။”ဆိုပြီး ဖာဒီနန်က BT Sport စကားဝိုင်းမှာပြောဆိုခဲ့ ပါတယ်။
“ယူနိုက်တက်ရဲ့အခုလိုအဖြစ်အပျက်တွေကိုကြည့်ပြီး၊ အင်္ဂလန်နိုင်ငံမှာကျောင်းတက် စာသင်တဲ့ ကလေးလေးတွေကယူနိုက်တက်အသင်းအင်္ကျီကိုငါတစ်ချိန်မှာဝတ်မယ်ဆိုတာမျိုးဖြစ်လာတော့မှာမဟုတ်ပါဘူး။ပြီးတော့အဲဒီလူငယ်လေးတွေက ယူနိုက်တက်အသင်းကိုလည်းကွင်းထဲမှာလာအားပေးမယ့် ပရိတ်သတ်တွေအဖြစ်ကိုရောက်ရှိလာတော့မှာ မဟုတ်ပါဘူး။”ဆိုပြီး ဖာဒီနန်ကမှတ်ချက်ပြုပြောဆိုပါတယ်။

photo internet

နည်းပြဆိုးလ်ရှားတစ်ယောက် အသင်းမှာဒဏ်ရာပြသနာတွေနဲ့ ရင်ဆိုင်နေရချိန်၊ အသင်းကိုအကောင်းဆုံးဖြစ် အောင် မတည်ဆောက်နိုင်တဲ့အချိန်၊ကောင်းမွန်တဲ့နည်းဗျူဟာအပြောင်းအလဲတွေ၊ အနာဂတ်အတွက် ထင်ရှားတဲ့ လမ်းကြောင်းတွေမခင်းကျင်းနိုင်တဲ့အချိန်မှာ ဘန်လေအသင်းကတော့ ကံကောင်းပြီး လက်စတာ စီးတီး နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း တို့ကို နှစ်ပွဲဆက် အနိုင် ယူနိုင်သွားခဲ့ပါပြီ။ ယူနိုက်တက်ရဲ့မှုန်ပြာမှိုင်းဝေတဲ့ အနာဂတ်အခြေအနေဘယ်လိုဖြစ်လာမလဲဆိုတာ ဆက်လက်စောင့်ကြည့်ကြရအောင်ပါ။

photo internet

(Zawgyi Version)

ယူႏိုက္တက္ကိုပစ္ပယ္ၾကၿပီလား? (သို႔) ယူႏိုက္တက္ကိုပြဲၿပီးေအာင္မၾကည့္သူမ်ားနဲ႔ ယူႏိုက္တက္အက်ႌမ၀တ္ခ်င္သူမ်ား

မေန႔က ကစားခဲ့တဲ့ ယူႏိုက္တက္နဲ႔ဘန္ေလပြဲမွာ ယူႏိုက္တက္အသင္းဟာအိမ္ကြင္းမွာပဲ ႏွစ္ဂိုး၊ဂိုးမရိွနဲ႔ ဘန္ေလကိုရႈံးနိမ့္ခဲ့ပါတယ္။ ယူႏိုက္တက္အေနနဲ႔ ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ အေရးပါခ်ိန္မွာ ရံႈးနိမ့္ခဲ့တာ ျဖစ္ျပီး ဒီရာသီမွာ ၈ ပြဲေျမာက္ရံႈးပြဲနဲ႔ ရင္ဆိုင္ခဲ့ရတာလည္းျဖစ္ပါတယ္။ ယူႏိုက္တက္တို႔အိ္မ္ကြင္းမွာေတာင္ ပုံစံေကာင္းမျပသႏိုင္ခဲ့လုိ႔ ပရိသတ္ေတြကေတာ့ အႀကီးအက်ယ္ကို စိတ္ဆိုးေဒါသထြက္ေနၾကပါတယ္။ အဓိကတိုက္စစ္မွဴးရက္ရွ္ဖို႔ဒ္ တစ္ေယာက္ဒဏ္ရာေၾကာင့္ မပါ၀င္ႏိုင္ခဲ့ကာ၊ ယူႏိုက္တက္အသင္းတိုက္စစ္ပို္င္းက အားနည္းခဲ့သလို ခံစစ္ပိုင္းကလည္း မေပးသင့္တဲ့ဂိုးေတြကို ခြင့္ျပဳခဲ့ရပါတယ္။ ယူႏိုက္တက္ဘက္ကို ခရစၥ၀ုဒ္နဲ႔၊ ေဂ်ရိုဒရီဂြက္ဇ္တို႔က ဂိုးေတြသြင္းခဲ့ၾကတာျဖစ္ပါတယ္။

ယူႏိုက္တက္တို႔အိမ္ကြင္းမွာေတာင္ မ်က္ႏွာပ်က္ေအာင္ လုပ္ေဆာင္ေနၾကတာေၾကာင့္ အားေပးတဲ့ပရိသတ္ေတြဟာ ပြဲမျပီးခင္မွာပဲ ကြင္းအတြင္းကေန ထြက္ခြာခဲ့ၾကပါတယ္။ ကစားခ်ိန္ 10 မိနစ္၀န္းက်င္ေလာက္က်န္ေသးေပမယ့္လည္း ယူႏိုက္တက္ရဲ႕ေျခစြမ္းကိုစိတ္ပ်က္လာၾကၿပီး၊ မယုံၾကည္ေတာ့တာေၾကာင့္ ယူႏိုက္တက္ကိုအားေပးတဲ့ပရိသတ္ေတြဟာ စိတ္ပ်က္လက္ပ်က္နဲ႔ကြင္းထဲက ထြက္ခြာသြားၾကပါတယ္။ နည္းျပဆိုးလ္ရွားအတြက္ ကံေကာင္းျခင္းေတြဟာတျဖည္းျဖည္းေမွးမိွန္လာၿပီး အခန္႔မသင့္ရင္ အသင္းကထြက္ခြာရကိန္းရိွေနပါတယ္။ ဒီရံႈးပြဲေၾကာင့္ ယူႏိုက္တက္အေနနဲ႔ ခ်ယ္လ္ဆီးေအာက္ ေျခာက္မွတ္အကြာမွာ ဆက္လက္ရပ္တည္ေနရျပီး စပါးနဲ႔၀ုလ္ဗ္အသင္းတို႔နဲ႔ ရမွတ္တူေနျပီျဖစ္ပါတယ္။

ယူႏိုက္တက္ပြဲကိုအဆုံးထိမၾကည့္ခ်င္သူေတြရိွသလုိ၊ ယူႏိုက္တက္အက်ႌကို မ၀တ္ခ်င္ေတာ့တဲ့သူေတြ လည္းရိွလာမယ္ ဆိုတဲ့သတင္းလည္းၾကားရပါတယ္။ အဲဒီကိစၥကိုေျပာဆုိသူကေတာ့ ယူႏိုက္တက္ ကစားသမားေဟာင္း ဖာဒီနန္ျဖစ္ပါတယ္။ “မိနစ္ 80 ေက်ာ္ေက်ာ္ေလာက္ မွာပရိတ္သတ္ေတြထျပန္ကုန္ၾက တာကို ကြၽန္ေတာ္ေတြ႕ေနရပါတယ္။လက္က်န္မိနစ္မွာ ယူႏိုက္တက္ကေတာ့ျပန္မလာႏိုင္ေတာ့ဘူးဆိုတဲ့ မ်က္ႏွာထားမ်ိဳးေတြနဲ႔ ထျပန္ၾကတယ္ဆိုတာ ဒီအသင္းမွာမရွိခဲ့ဖူးပါဘူး။အဲ့လိုပုံစံနဲ႔ပရိတ္သတ္ေတြထျပန္ၾကတာ ကိုျမင္ရတာအလြန္ရွက္ဖို႔ေကာင္းပါတယ္။ ပြင့္ပြင့္လင္းလင္းေျပာရရင္ ကၽြန္ေတာ္ဒီမွာထိုင္ေနရတာ ရွက္ပါတယ္။ ေနာက္ဘာျဖစ္လာမလဲဆိုတာမေျပာတတ္ေတာ့ဘူး။ အသင္းရဲ႕ပစ္မွတ္ကိုလည္းမျမင္ဘူး။ အနာဂတ္လမ္းေၾကာင္းကိုလည္း မျမင္ဘူးျဖစ္ေနတယ္။”ဆိုၿပီး ဖာဒီနန္က BT Sport စကား၀ိုင္းမွာေျပာဆုိခဲ့ ပါတယ္။
“ယူႏိုက္တက္ရဲ႕အခုလိုအျဖစ္အပ်က္ေတြကိုၾကည့္ၿပီး၊ အဂၤလန္ႏိုင္ငံမွာေက်ာင္းတက္ စာသင္တဲ့ ကေလးေလးေတြကယူႏိုက္တက္အသင္းအက်ႌကိုငါတစ္ခ်ိန္မွာဝတ္မယ္ဆိုတာမ်ိဳးျဖစ္လာေတာ့မွာမဟုတ္ပါဘူး။ၿပီးေတာ့အဲဒီလူငယ္ေလးေတြက ယူႏိုက္တက္အသင္းက္ိုလည္းကြင္းထဲမွာလာအားေပးမယ့္ ပရိတ္သတ္ေတြအျဖစ္ကိုေရာက္ရိွလာေတာ့မွာ မဟုတ္ပါဘူး။”ဆိုၿပီး ဖာဒီနန္ကမွတ္ခ်က္ျပဳေျပာဆုိပါတယ္။

နည္းျပဆိုးလ္ရွားတစ္ေယာက္ အသင္းမွာဒဏ္ရာျပသနာေတြနဲ႔ ရင္ဆိုင္ေနရခ်ိန္၊ အသင္းကိုအေကာင္းဆံုးျဖစ္ ေအာင္ မတည္ေဆာက္ႏိုင္တဲ့အခ်ိန္၊ေကာင္းမြန္တဲ့နည္းဗ်ဴဟာအေျပာင္းအလဲေတြ၊ အနာဂတ္အတြက္ ထင္ရွားတဲ့ လမ္းေၾကာင္းေတြမခင္းက်င္းႏိုင္တဲ့အခ်ိန္မွာ ဘန္ေလအသင္းကေတာ့ ကံေကာင္းၿပီး လက္စတာ စီးတီး နဲ႔ မန္ခ်က္စတာ ယူႏိုက္တက္ အသင္း တို႔ကို ႏွစ္ပြဲဆက္ အႏိုင္ ယူႏိုင္သြားခဲ့ပါၿပီ။ ယူႏိုက္တက္ရဲ႕မႈန္ျပာမိႈင္းေ၀တဲ့အနာဂတ္အေျခအေနဘယ္လုိျဖစ္လာမလဲဆုိတာ ဆက္လက္ေစာင့္ၾကည့္ၾကရေအာင္ပါ။