ယနေ့အတွက် ယူနိုက်တက်အပြောင်းအရွှေ့သတင်းတိုများ

0
1631

>>> ယူနိုက်တက်အသင်းဟာ ဖီနာဘာချီတိုက်စစ်မှူး မူကွီရီကို ပေါင် ၂၀ သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်လာတယ်လို့ တူရကီဒေသတွင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်ဟာ စပို့တင်းကွင်းလယ်လူ ဖာနန်ဒက်စ်ကိုခေါ်ယူဖို့ သဘောတူညီမှုရပြီးဖြစ်ပေမယ့် တိုက်စစ်ပိုင်းကိုပါ အားဖြည့်ဖို့ အလိုရှိနေတာ ဖြစ်ပါတယ်။


>>> ယူနိုက်တက်ဟာ စပို့တင်းကွင်းလယ်လူအပြင် နောက်ထပ်ကစားသမားတစ်ဦးကိုလည်း ခေါ်ယူဖို့ နီးစပ်နေတယ်လို့ ဘီဘီစီသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အဆိုပါကစားသမားကတော့ ဆောက်သမ်းယူနိုက်တက်ဂိုးသမား ဘစ်ရှော့ဖြစ်တယ်လို့ ဘီဘီစီသတင်းထောက် အီရန်ဒင်းနစ်က ရေးသားဖော်ပြခဲ့ပါတယ်။
>>> ယူနိုက်တက်နောက်ခံလူ ရိုဂျိုတစ်ယောက် အသင်းကနေ ထွက်ခွာဖို့ စီစဉ်နေတယ်လို့ Daily Star သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အဆိုပါနောက်တန်းကစားသမားကို ကလပ်အသင်းအချို့က စိတ်ဝင်စားနေပြီး အာဂျင်တီးနားကလပ်တွေကလည်း စိတ်ဝင်စားနေကြပါတယ်။


>>> ယူနိုက်တက်ဟာ အင်တာမီလန်ကွင်းလယ်လူ ဗီဆီနိုကို အငှားနဲ့ခေါ်ယူဖို့ ပြင်ဆင်လာတယ်လို့ မန်ချက်စတာညနေခင်းသတင်းဌာနတွေက ဖော်ပြလာကြပါတယ်။ အဆိုပါအင်တာကွင်းလယ်လူကို အဲဗာတန်အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ကစားသမားကလည်း ပရီးမီးယားလိဂ်မှာ ကစားချင်နေပါတယ်။
>>> အီတလီသတင်းဌာနတွေကတော့ ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းအတွက် အေစီမီလန်တိုက်စစ်မှူး ပီယာတက်ခ်ကို ခေါ်ယူဖို့ လက်မလျော့သေးကြောင်း ဖွလိုက်ပါတယ်။ အဆိုပါတိုက်စစ်မှူးဟာ အသင်းကို မိုဗစ်ရောက်ရှိလာတာကြောင့် အသင်းပြောင်းဖို့ ပြင်ဆင်နေပြီး ချဲလ်ဆီး နဲ့ စပါးတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။