ပေါ့ဂ်ဘာကို ရီးရဲလ်ဆီမြန်မြန်ရောက်စေချင်နေတဲ့ ဗာဗယ်လ်ဒီ ရဲ့စိတ်ကူးအိပ်မက်

0
205
photo internet

အပြောင်းအရွှေ့ကာလအတွက်ယူနိုက်တက်အသင်းကတော့ ကစားသမားအသစ်တွေခေါ်ယူဖို့ အသင်းသားဟောင်းတွေထုတ်ရောင်းဖို့နဲ့အငှားချဖို့ပြင်ဆင်နေပါတယ်။ ဒီထဲမှာပေါ့ဂ်ဘာ မပါဝင်ဘူးလို့ အစောပိုင်းကာလတွေမှာ ယူနိုက်တက်က သတင်းထုတ်ပြန်ထားပါတယ်။ အခုလောလောဆယ်မှာ ပေါ့ဂ်ဘာဟာဒဏ်ရာရထားတာကြောင့် အနားယူဖို့လိုအပ်နေပြီး ယူနိုက်တက်အတွက်ကစားပေးနိုင်စွမ်း မရှိသေးပါဘူး။ ဒါပေမယ့် ပေါ့ဂ်ဘာဟာပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ ကတည်းက ယူနိုက်တက် ကနေထွက်ခွာချင်နေတာ ဖြစ်ပေမယ့် သူ့ရဲ့ဆန္ဒပြည့်ဝခြင်းတော့မရှိခဲ့ပါဘူး။ အခုလည်းအသင်းပြောင်းချင်စိတ် မလျော့သေးပါဘူး။ ထွက်ပေါ်လာတဲ့သတင်းတွေအရတော့ ပေါ့ဂ်ဘာတစ်ယောက်အသင်းပြောင်းချင်လွန်း တာကြောင့် အေးဂျင့်ကိုနားပူနားဆာလုပ်ပြီး အခြားအသင်းတွေနဲ့ချိတ်ဆက်နေတယ်လို့သိရပါတယ်။

photo internet

ပေါ့ဂ်ဘာပြောင်းချင်တဲ့အသင်းထဲမှာ ရီးရဲလ်မက်ဒရစ်လည်းပါပါတယ်။ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူငယ် ကစားသမား ဗာဗယ်လ်ဒီကတော့ ပေါ့ဂ်ဘာသာ အသင်းကို ရောက်ရှိလာခဲ့မယ်ဆိုရင် သ့ူအနေနဲ့ ပေါ့ဂ်ဘာဆီက ဘောလုံးပညာတွေကို သင်ယူသွားမယ်လို့ ပြောကြားလာခဲ့ပါတယ်။ ပေါ့ဂ်ဘာကို ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်တို့က ခေါ်ယူမယ်ဆိုပြီးသတင်းတွေတော့ထွက်ခဲ့ပါတယ်။ ဒီရာသီမှာ ပေါ့ဂ်ဘာဟာမန်ချက်စတာယူနိုက်တက်အသင်းအတွက် ပွဲအနည်းငယ်သာ ကစားပေးထားပါတယ်။

photo internet

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမား ဗာဗယ်လ်ဒီဟာ ဇီဒန်းလက်အောက်မှာ ခြေစွမ်းတက်လာခဲ့သူဖြစ်ပြီး၊ ရီးရဲလ်မက်ဒရစ်အကယ်ဒမီထွက်လည်းဖြစ် ပါတယ်။ ဒီရာသီမှာ ဗာဗယ်လ်ဒီဟာ ရီးရဲလ်မက်ဒရစ်အသင်း အတွက် ပွဲပေါင်း ၂၀ လောက်ပါဝင် ကစားခွင့်ရရှိထားပါတယ်။ အသက် ၂၁ နှစ်အရွယ်သာ ရှိသေးတဲ့လူငယ်ခြေတက်လေးဖြစ် တာကြောင့် သူ့အနေနဲ့စီနီယာကစားသမားတွေဆီကနေ ဘောလုံးပညာတွေသင်ယူချင်နေတာဖြစ်ပါတယ်။

photo internet

“ပေါ့ဂ်ဘာသာရောက်လာခဲ့ရင် ကျွန်တော်ကတော့ အေးဆေးနေနိုင်အောင်ကြိုးစားပြီး သူ့ဆီကပညာတွေသင်ယူပါမယ်။ ကျွန်တော်ခြေစွမ်းတွေကောင်းဖို့အတွက် ဇီဒန်းက ကူညီခဲ့ပါတယ်။ သူဟာ ကျွန်တော်ကစားခွင့်မရတဲ့အချိန်ကတည်းက အားပေးထောက်ခံပေးခဲ့တာပါ။ ကျွန်တော့်ကို ယုံကြည်မှု နဲ့ အာမခံချက်တွေပေးခဲ့ပါတယ်” ဆိုပြီး ဗာဗယ်လ်ဒီကပြောခဲ့ပါတယ်။ ပေ့ါဂ်ဘာရဲ့ စာချုပ်သက်တမ်းဟာ ၁၈ လနီးပါးကျန်ရှိနေသေးတာဖြစ်ပြီး၊ အပြောင်းအရွှေ့ကိစ္စက မရေမရာအခြေအနေရှိပါတယ်။

photo internet

အခုနောက်ဆုံးသတင်းအရကတော့ စပိန် စူပါဖလား ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သတင်းထောက် တစ်ယောက်က ရီးရဲ မက်ဒရစ် ဥက္ကဌကြီး ပီရက်ကို ပေါ့ဘာ နဲ့ ပတ်သက်တဲ့ အပြောင်းအရွှေ့အကြောင်း မေးမြန်းရာမှာတော့ “ ပေါ့ဘာဆိုတာဘယ်သူလဲ မသိဘူး”ဆိုပြီးပြန်လည်ဖြေကြားသွားခဲ့ပါတယ်။ ဒါကြောင့် အပြောင်းအရွှေ့ရာခိုင်နှုန်းဟာ တော်တော့်ကိုနည်းပါးပါတယ်။ ဗာဗယ်လ်ဒီရဲ့စိတ်ကူးအိပ်မက်(သို့) အကြံအထမြောက်ဖို့ ကတော့ အလှမ်းဝေးတဲ့အနေအထားပါ။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ နာမည်ကြီးခဲ့တဲ့အပြောင်းအရွှေ့မင်းသားကြီး ပေါ့ဂ်ဘာရဲ့အနာဂတ်လားရာကတော့ ဘယ်လိုဖြစ်မလဲဆိုတာစောင့်ကြည့်ရပါမယ်။

photo internet

(Zawgyi Version)

ေပါ့ဂ္ဘာကို ရီးရဲလ္ဆီျမန္ျမန္ေရာက္ေစခ်င္ေနတဲ့ ဗာဗယ္လ္ဒီ ရဲ႕စိတ္ကူးအိပ္မက္

အေျပာင္းအေရႊ႕ကာလအတြက္ယူႏိုက္တက္အသင္းကေတာ့ ကစားသမားအသစ္ေတြေခၚယူဖို႔ အသင္းသားေဟာင္းေတြထုတ္ေရာင္းဖို႔နဲ႔အငွားခ်ဖို႔ျပင္ဆင္ေနပါတယ္။ ဒီထဲမွာေပါ့ဂ္ဘာ မပါ၀င္ဘူးလို႔ အေစာပိုင္္းကာလေတြမွာ ယူႏိုက္တက္က သတင္းထုတ္ျပန္ထားပါတယ္။ အခုေလာေလာဆယ္မွာ ေပါ့ဂ္ဘာဟာဒဏ္ရာရထားတာေၾကာင့္ အနားယူဖို႔လိုအပ္ေနၿပီး ယူႏို္က္တက္အတြက္ကစားေပးႏိုင္စြမ္း မရိွေသးပါဘူး။ ဒါေပမယ့္ ေပါ့ဂ္ဘာဟာၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕ ကတည္းက ယူႏိုက္တက္ ကေနထြက္ခြာခ်င္ေနတာျဖစ္ေပမယ့္ သူ႔ရဲ႕ဆႏၵျပည့္၀ျခင္းေတာ့မရိွခဲ့ပါဘူး။ အခုလည္းအသင္းေျပာင္းခ်င္စိတ္ မေလ်ာ့ေသးပါဘူး။ ထြက္ေပၚလာတဲ့သတင္းေတြအရေတာ့ ေပါ့ဂ္ဘာတစ္ေယာက္အသင္းေျပာင္းခ်င္လြန္း တာေၾကာင့္ ေအးဂ်င့္ကိုနားပူနားဆာလုပ္ၿပီး အျခားအသင္းေတြနဲ႔ခ်ိတ္ဆက္ေနတယ္လို႔သိရပါတယ္။

ေပါ့ဂ္ဘာေျပာင္းခ်င္တဲ့အသင္းထဲမွာ ရီးရဲလ္မက္ဒရစ္လည္းပါပါတယ္။ ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူငယ္ ကစားသမား ဗာဗယ္လ္ဒီကေတာ့ ေပါ့ဂ္ဘာသာ အသင္းကို ေရာက္ရွိလာခဲ့မယ္ဆိုရင္ သ႔ူအေနနဲ႔ ေပါ့ဂ္ဘာဆီက ေဘာလံုးပညာေတြကုိ သင္ယူသြားမယ္လို႔ ေျပာၾကားလာခ့ဲပါတယ္။ ေပါ့ဂ္ဘာကို ရီးရဲလ္မက္ဒရစ္နဲ႔ ဂ်ဴဗင္တပ္စ္တို႔က ေခၚယူမယ္ဆိုၿပီးသတင္းေတြေတာ့ထြက္ခဲ့ပါတယ္။ ဒီရာသီမွာ ေပါ့ဂ္ဘာဟာမန္ခ်က္စတာယူႏုိက္တက္အသင္းအတြက္ ပြဲအနည္းငယ္သာ ကစားေပးထားပါတယ္။

ရီးရဲလ္မက္ဒရစ္ကြင္းလယ္ကစားသမား ဗာဗယ္လ္ဒီဟာ ဇီဒန္းလက္ေအာက္မွာ ေျခစြမ္းတက္လာခဲ့သူျဖစ္ၿပီး၊ ရီးရဲလ္မက္ဒရစ္အကယ္ဒမီထြက္လည္းျဖစ္ ပါတယ္။ ဒီရာသီမွာ ဗာဗယ္လ္ဒီဟာ ရီးရဲလ္မက္ဒရစ္အသင္း အတြက္ ပြဲေပါင္း ၂၀ ေလာက္ပါဝင္ ကစားခြင့္ရရွိထားပါတယ္။ အသက္ ၂၁ ႏွစ္အရြယ္သာ ရွိေသးတဲ့လူငယ္ေျခတက္ေလးျဖစ္ တာေၾကာင့္ သူ႔အေနနဲ႔စီနီယာကစားသမားေတြဆီကေန ေဘာလုံးပညာေတြသင္ယူခ်င္ေနတာျဖစ္ပါတယ္။

“ေပါ့ဂ္ဘာသာေရာက္လာခဲ့ရင္ ကၽြန္ေတာ္ကေတာ့ ေအးေဆးေနႏိုင္ေအာင္ႀကိဳးစားၿပီး သူ႔ဆီကပညာေတြသင္ယူပါမယ္။ ကၽြန္ေတာ္ေျခစြမ္းေတြေကာင္းဖို႔အတြက္ ဇီဒန္းက ကူညီခဲ့ပါတယ္။ သူဟာ ကၽြန္ေတာ္ကစားခြင့္မရတဲ့အခ်ိန္ကတည္းက အားေပးေထာက္ခံေပးခဲ့တာပါ။ ကၽြန္ေတာ့္ကုိ ယံုၾကည္မႈ နဲ႔ အာမခံခ်က္ေတြေပးခဲ့ပါတယ္” ဆိုၿပီး ဗာဗယ္လ္ဒီကေျပာခဲ့ပါတယ္။ ေပ့ါဂ္ဘာရဲ႕ စာခ်ဳပ္သက္တမ္းဟာ ၁၈ လနီးပါးက်န္ရွိေနေသးတာျဖစ္ၿပီး၊ အေျပာင္းအေရႊ႕ကိစၥက မေရမရာအေျခအေနရိွပါတယ္။

အခုေနာက္ဆုံးသတင္းအရကေတာ့ စပိန္ စူပါဖလား ပြဲစဥ္မတိုင္မီ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ သတင္းေထာက္ တစ္ေယာက္က ရီးရဲ မက္ဒရစ္ ဥကၠဌႀကီး ပီရက္ကို ေပါ့ဘာ နဲ႔ ပတ္သက္တဲ့ အေျပာင္းအေ႐ႊ႕အေၾကာင္း ေမးျမန္းရာမွာေတာ့ “ ေပါ့ဘာဆိုတာဘယ္သူလဲ မသိဘူး”ဆိုၿပီးျပန္လည္ေျဖၾကားသြားခဲ့ပါတယ္။ ဒါေၾကာင့္ အေျပာင္းအေရႊ႕ရာခိုင္ႏႈန္းဟာ ေတာ္ေတာ့္ကိုနည္းပါးပါတယ္။ ဗာဗယ္လ္ဒီရဲ႕စိတ္ကူးအိပ္မက္(သို႔) အႀကံအထေျမာက္ဖို႔ ကေတာ့ အလွမ္းေ၀းတဲ့အေနအထားပါ။ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ နာမည္ႀကီးခဲ့တဲ့အေျပာင္းအေရႊ႕မင္းသားႀကီး ေပါ့ဂ္ဘာရဲ႕အနာဂတ္လားရာကေတာ့ ဘယ္လုိျဖစ္မလဲဆုိတာေစာင့္ၾကည့္ရပါမယ္။