နောဝှချ်ကိုအနိုင်ယူခဲ့တဲ့ပွဲက ယူနိုက်တက်ကစားသမားတွေရဲ့စွမ်းဆောင်ရည်များ
0
101
photo internet
ယူနိက်တက်အသင်းဟာရှေ့ပိုင်းမှာရှုံးထားသမျှကို ပြန်အဖတ်ဆယ်တဲ့အနေနဲ့ နောဝှချ်နဲ့ပွဲကို 4 ဂိုးပြတ်နဲ့အနိုင်ရအောင်စွမ်းဆောင်ခဲ့ပါတယ်။ အဲဒီပွဲမှာယူနိုက်တက်ကစားသမားအားလုံးနီးပါး စွမ်းဆောင်ရည်ကောင်းတွေပြသခဲ့ကြပါတယ်။ ယူနိုက်တက်နဲ့နောဝှချ်ပွဲစဉ်က သရဲနီတွေရဲ့ စွမ်းဆောင်ရည်ကိုတင်ဆက်ပေးလိုက်ပါတယ်။
photo internet
ဒီဂီယာ -7
ဒီပွဲမှာတော့ တစ်ဂိုးမှမပေးရအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ကန့်ဝဲလ် ရဲ့ အပိုင်ကန်ချက်ကိုပုတ်ထုတ်နိုင်ခဲ့ပါတယ်။ clean sheet မရတာကြာနေပြီဖြစ်တဲ့ ဒီဂီယာအတွက် ကျေနပ်စရာပါပဲ။
ဝမ်ဘစ်ဆာကာ-6
တိုက်စစ်ပိုင်းအတွက် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး၊ အချို့အဆုံးသတ်ပိုင်းတွေတော့ လိုအပ်ချက်တွေရှိပါသေးတယ်။ ရှေ့ဆက်ပြီးတော့လည်း ယူနိုက်တက်အတွက်ခြေစွမ်းကောင်းတွေ ဆက်ထိန်းထားဖို့လိုပါတယ်။
လင်ဒီလောဖ့် – 6
ဘောလုံးထောက်ပံ့တာတွေအဆင်ပြေပြီး၊ အသင်းဖော်တွေနဲ့အတွဲညီညီကစားနိုင်ခဲ့ပါတယ်။
photo internet
မက်ဂွိုင်းယား-7
ရှေ့ပွဲမှာဒဏ်ရာရထားခဲ့ပေမယ့် ကွင်းထဲကိုပြန်ဝင်လာနိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ကြောင်း ပြသနိုင်ခဲ့ပါတယ်။
ဝီလျံ-7
တကယ့်ကိုလူငယ်ခြေတက် ကစားသမားလေးပါ။ ကွင်းထဲမှာမမောနိုင်၊မပန်းနိုင်ခြေစွမ်းတွေပြခဲ့ပါတယ်။
မာတစ်-6
ဒီနေ့ပွဲမှာ ဝါရင့်တစ်ယောက်ရဲ့ခြေစွမ်းတွေကိုပြသပေးခဲ့ပါတယ်။ လစ်ဟာမှုနည်းနည်းပါးပါးတော့ရှိခဲ့ပါတယ်။ ယူနိုက်တက်နဲ့စာချုပ်သိပ်မကျန်တော့ပေမယ့် ပရိုဆန်တာကိုတွေ့ရပါတယ်။
photo internet
ဖရဒ်-6
တိုက်စစ်တွေအတွက်ထောက်ကူပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး၊ ကွင်းအနံှ့မှာသူ့ခြေရာတွေ ကိုမြင်တွေ့နိုင်ပါတယ်။
ပါရဲရား-7
အဆုံးသတ်ပိုင်းမှာအားနည်းချက်တွေတော့ရှိခဲ့ပါတယ်။ တစ်ခါတလေမှာသူဘာလုပ်ချင်မှန်းမသိပုံတွေ့ရပါတယ်။ လိုအပ်ချက်တွေပြင်ဆင်ရင်တော့ နောက်ပိုင်းပိုကောင်းပါမယ်။
photo internet
မာတာ-8
ဝါရင့်ကစားသမားတွေထဲမှာ အလင်းရောင်တောက်ဆဲဆိုတာကိုပြသခဲ့ပါတယ်။ လျင်လျင်မြန်မြန်ဆုံးဖြတ်နိုင်စွမ်းဟာအသင်းအတွက်အားရစရာပါ။
ရှက်ရ်ဖို့-8
အခုပွဲမှာ သူ့ခြေစွမ်းကတော့ ကောင်းမှကောင်းပါ။ အသင်းဖော်ပေးပို့တာတွေကို အဆုံးသတ်လှပအောင် လုပ်နိုင်ခဲ့သလို၊ ပင်နယ်တီကိုလည်း ဝင်အောင်သွင်းနိုင်ခဲ့ပါတယ်။ ယူနိုက်တက်အားထားရတဲ့ကောင်လေးပါ။
photo internet
မာရှယ်-7
ဒုတိယပိုင်းမှာခြေစွမ်းတွေပြသခဲ့တဲ့ကစားသမားလေးပါ။ သူကလည်းမခေတဲ့ခြေစွမ်းရှိသူပါ။
လူစားဝင်တဲ့ကစားသမားတွေကလည်း ခြေစွမ်းကောင်းတွေပြသခဲ့ပါတယ်။ ဒယ်နီယယ်ဂျိမ်းစ် က အဆင့်6 ပါ။ ဂရင်းဝုဒ်ဂိုးသွင်းနိုင်ဖို့ ပူးပေါင်းကစားပေးနိုင်ခဲ့သူပါ။ လူစားဝင်တဲ့အချိန်မှာ ဂိုးသွင်းခဲ့တဲ့ မေဆင်ဂရင်းဝုဒ်ကတော့ အဆင့်8 ရပါတယ်။ ပွဲပြီးခါနီးလူစားဝင်ခဲ့တဲ့ ဂိုမက်ဇ်ကတော့ အဆင့်6 ဖြစ်ပါတယ်။ အခုပွဲလိုပဲနောက်ပွဲတွေမှာလည်း သရဲနီသားတို့ခြေစွမ်းပြနိုင်ပါစေလို့ဆန္ဒပြုပါတယ်။
photo internet
(Zawgyi Version)
နောဝှခ်ျကိုအနိုင်ယူခဲ့တဲ့ပွဲက ယူနိုက်တက်ကစားသမားတွေရဲ့စွမ်းဆောင်ရည်များ
ဒီဂီယာ -7
ဝမ်ဘစ်ဆာကာ-6
လင်ဒီလောဖ့် – 6
မက်ဂွိုင်းယား-7
ဝီလျံ-7
မာတစ်-6
ဖရဒ်-6
တိုက်စစ်တွေအတွက်ထောက်ကူပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး၊ ကွင်းအနှံ့မှာသူ့ခြေရာတွေ ကိုမြင်တွေ့နိုင်ပါတယ်။
ပါရဲရား-7
မာတာ-8
ရှက်ရ်ဖို့-8
မာရှယ်-7