နောဝစ်ချ်နဲ့ပွဲမှာပါဝင်မယ့် ယူနိုက်တက်လူစာရင်းနဲ့ အခြားသတင်းတိုထွာများ

0
115
photo internet

ဒီတစ်ပတ်မှာတော့ ယူနိုက်တက်နဲ့ နောဝစ်ချ်ပွဲကိုပရိသတ်တွေအားပေးကြရမှာဖြစ်ပြီး၊အဲဒီပွဲကိုတော့ ယူနိုက်တက်အနေနဲ့အနိုင်ရဖို့လိုအပ်နေတာဖြစ်ပါတယ်။ နောဝစ်နဲ့ရင်ဆိုင်မယ့် ယူနိုက်တက်ရဲ့ လူစာရင်းတွေတော့ထွက်ပေါ်လာခဲ့ပါပြီ။ ဒီဂီယာ၊ဒါလော့၊ဝမ်ဘစ်ဆာကာ၊ လင်ဒီလော့ဖ် ၊ မက်ဂွိုင်းယား ၊ လုရှော ၊ ဝီလ်ယံ၊ ပရဲရား၊ ဖရဒ် ၊ မာတစ် ၊ မာတာ ၊ တာဟစ်ချောင် ၊ ဂိုးမက်စ်၊ ဂျိမ်းစ် ၊ မာရှယ် ၊ ဂရင်းဝုဒ် ၊ ရပ်ဖို့ဒ် တို့ကခြေစွမ်းပြကြမှာဖြစ်ပါတယ်။

photo internet

အပြောင်းအရွှေ့သတင်းပိုင်းမှာတော့ ဘရူနိုဖာနန်ဒက်စ်ရဲ့အပြောင်းအရွှေ့အတွက် စပို့တင်းလစ်စဘွန်း အသင်းနဲ့ယူနိုက်တက်တို့ဆွေးနွေးနေတယ်လို့သိရပါတယ်။ ဒါ့အပြင် ယူနိုက်တက်အနေနဲ့ အေဂျက်အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ဗန်ဒီဘီခ့်ကိုပြောင်းရွှေ့ကြေးပေါင်သန်း(၅၀)နဲ့ခေါ်ယူဖို့အတွက် လုပ်ဆောင်နေ တယ်လို့လည်းသိရပါတယ်။ ယူနိုက်တက်က ဗန်ဒီဘီခ့်အတွက်ပေါင်သန်း(၅၀)နဲ့ ကမ်းလှမ်းထား တာဖြစ်ပါတယ်။ ဗန်ဒီဘီခ့်အပြင် ဇီယက်ကိုလည်းခေါ်ယူဖို့ယူနိုက်တက်တို့စိတ်ဝင်စားပေမယ့် ဗန်ဒီဘီခ့်ကဦးစားပေးအနေအ ထားဖြစ်နေတာပါ။ ဗန်ဒီဘီခ့်ဟာပြီးခဲ့တဲ့ ရာသီတုန်းက အေဂျက်အသင်း အတွက်ခြေစွမ်းတွေပြထားနိုင်ပါတယ်။ ဗန်ဒီဘီခ့်ဟာ ကွင်းလယ်တိုက်စစ် ကစားသမားတစ်ယောက်ဖြစ်ပြီး တော့ ဒီရာသီမှာ (၁၆)ပွဲပါဝင်ကစားပေးထားခဲ့ပြီး (၆)ဂိုးသွင်းကာ(၄)ဂိုးဖန်တီးပေးထားနိုင်ခဲ့ဲပါတယ်။

photo internet

ကစားသမားအပြောင်းအရွှေ့နဲ့ပတ်သက်ပြီးနည်းပြဆိုးလ်ရှားက သူ့အနေနဲ့ အဒ်ဝုဒ်ဝဒ် နဲ့တိုက်ရိုက်ဆွေးနွေးခဲ့ကြောင်းပြောပါတယ်။ ဒါ့အပြင် အသင်းမှာ ငါ ဆိုတဲ့ကိုယ်စားပြုနာမ်စား ကိုအသုံးပြုခွင့်ပေးမှာမဟုတ်ဘဲ ယူနိုက်တက်အသင်းမှာ ငါ ဆိုတာတွေ မလိုအပ်ကြောင်း လည်းပြောပါသေးတယ်။ “ကျွန်တော့်အတွက်လည်း ငါဆိုတဲ့နာမ်စားကဒီအသင်းမှာမလိုအပ်သလို ဘယ်တော့မှလည်းအသုံးပြုမှာ မဟုတ်ပါဘူး။ကျွန်တော်တို့က အနာဂတ်အတွက် ပိုပြီးကြီးကျယ်တဲ့ အသင်းတစ်ခုကိုတည်ဆောက်နေတာပါ။ အပြောင်းအရွှေ့နဲ့ပတ်သက်လို့တော့ကျွန်တော်တို့က တစ်လတာအခြေအနေ၊ငါးလတာအခြေအနေ၊နှစ်ရှည် အခြေအနေ၊အဲသလို ရေရှည်အနေအထားတွေ ကိုကြည့်ရတာပါ။ကစားသမားတစ်ယောက်ခေါ်ဖို့က သူ့ရဲ့အပြုအမူနဲ့အမူအကျင့်တွေကိုလည်းကြည့်ရ ပါတယ်။ပြီးတော့ သူ့ရဲ့အရည်အသွေးနဲ့ အမှန်တကယ်ရော သူဟာဒီအသင်းအတွက် အဆင်ပြေအံဝင်နိုင်မလားဆိုတာတွေပါကြည့်ရပါတယ်”ဆိုပြီး နည်းပြဆိုးလ်ရှားကပြောပါတယ်။ စစ်တမ်းတစ်ခုအရတော့ ယူနိုက်တက်ပရိသတ်တွေက အသင်းမှာရှိတဲ့ကစားသမား 8ယောက်လောက်ကို ရောင်းထုတ်စေချင်နေကြပါတယ်။

photo internet

အခြားသတင်းတိုတွေအနေနဲ့ကတော့ ဒဏ်ရာက ပြန်လည်သက်သာလာပြီဖြစ်တဲ့ အဲရစ်ဘိုင်လီ၊ ဖိုဆုမန်ဆာ နဲ့ ဂျိမ်းစ်ဂါနာတို့ဟာ U23 ပွဲစဉ်ဖြစ်တဲ့ နယူးကာဆယ်နဲ့ ပွဲမှာ ပါဝင်ကစားခဲ့ကြောင်း သိရပါတယ်။ လူငယ်လက်တက်ဂိုးဖမ်းသမားလေးဖြစ်တဲ့ ဟန်ဒါဆင်တစ်ယောက်ကတော့ ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ ပေးဂိုးမရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီး၊ အဲဒီကောင်လေးဟာ အခုနှစ်ရာသီ ပရီးမီးယားလိဂ်မှာ ၈ ပွဲထိ clean sheets ရယူနိုင်ထားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဘက်ကတော့ အငှားချကာလပြီးဆုံးပါက ဟန်ဒါဆင်ကိုယူနိုက်တက်အသင်းမှာသာသုံးမယ်လို့ သတင်းထွက်ထားပါတယ်။

photo internet

နောက်ထပ်သတင်းကတော့ ပြီးခဲ့တဲ့ ရာသီရဲ့ လစာနှုန်းထားအရ ယူနိုက်တက်အသင်းရဲ့ အမှုဆောင်အရာရှိချုပ် အက်ဝုဒ်ဟာ ပေါင် ၃.၁၆ သန်းရရှိပြီး ပရီးမီးယားလိဂ်ရဲ့ ကလပ်ဒါရိုက်တာတွေထဲမှာ လစာအများဆုံးဖြစ်ကြောင်း သိရပါတယ်။ဆုရသတင်းမှာတော့ PL2 ရဲ့ ဒီဇင်ဘာလ တစ်လတာအကောင်းဆုံးဆုကို ယူနိုက်တက် လူငယ်ကစားသမားလေး တာဟစ်ချောင်က ရရှိသွားခဲ့ပါတယ်။နောက်ဆုံးတင်ဆက်ပေးချင်တဲ့သတင်းကတော့ ယူနိုက်တက်အသင်းဟာ U 23 ကစားသမား ၂ ဦးဖြစ်တဲ့ Max Taylor နဲ့ Alex Fojticek တို့ကို အငှားချသွားဖို့ အတည်ပြုကြေညာလိုက်ပြီလို့ သိရပါတယ်။

photo internet

(Zawgyi Version)

ေနာ၀စ္ခ်္နဲ႔ပြဲမွာပါ၀င္မယ့္ ယူႏိုက္တက္လူစာရင္းနဲ႔ အျခားသတင္းတုိထြာမ်ား

ဒီတစ္ပတ္မွာေတာ့ ယူႏိုက္တက္နဲ႔ ေနာ၀စ္ခ်္ပြဲကိုပရိသတ္ေတြအားေပးၾကရမွာျဖစ္ၿပီး၊အဲဒီပြဲကိုေတာ့ ယူႏိုက္တက္အေနနဲ႔အႏိုင္ရဖို႔လိုအပ္ေနတာျဖစ္ပါတယ္။ ေနာ၀စ္နဲ႔ရင္ဆိုင္မယ့္ ယူႏိုက္တက္ရဲ႕ လူစာရင္းေတြေတာ့ထြက္ေပၚလာခဲ့ပါၿပီ။ ဒီဂီယာ၊ဒါေလာ့၊၀မ္ဘစ္ဆာကာ၊ လင္ဒီေလာ့ဖ္ ၊ မက္ဂြိဳင္းယား ၊ လုေရွာ ၊ ဝီလ္ယံ၊ ပရဲရား၊ ဖရဒ္ ၊ မာတစ္ ၊ မာတာ ၊ တာဟစ္ေခ်ာင္ ၊ ဂိုးမက္စ္၊ ဂိ်မ္းစ္ ၊ မာရွယ္ ၊ ဂရင္းဝုဒ္ ၊ ရပ္ဖို႔ဒ္ တို႔ကေျခစြမ္းျပၾကမွာျဖစ္ပါတယ္။

အေျပာင္းအေရႊ႕သတင္းပိုင္းမွာေတာ့ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕အေျပာင္းအေရႊ႕အတြက္ စပို႔တင္းလစ္စဘြန္း အသင္းနဲ႔ယူႏိုက္တက္တို႔ေဆြးေႏြးေနတယ္လို႔သိရပါတယ္။ ဒါ့အျပင္ ယူႏိုက္တက္အေနနဲ႔ ေအဂ်က္အသင္းရဲ႕ ကြင္းလယ္ၾကယ္ပြင့္ ဗန္ဒီဘီခ့္ကိုေျပာင္းေရႊ႕ေၾကးေပါင္သန္း(၅၀)နဲ႔ေခၚယူဖို႔အတြက္ လုပ္ေဆာင္ေန တယ္လို႔လည္းသိရပါတယ္။ ယူႏိုက္တက္က ဗန္ဒီဘီခ့္အတြက္ေပါင္သန္း(၅၀)နဲ႕ ကမ္းလွမ္းထား တာျဖစ္ပါတယ္။ ဗန္ဒီဘီခ့္အျပင္ ဇီယက္ကိုလည္းေခၚယူဖို႔ယူႏိုက္တက္တို႔စိတ္၀င္စားေပမယ့္ ဗန္ဒီဘီခ့္ကဦးစားေပးအေနအထားျဖစ္ေနတာပါ။ ဗန္ဒီဘီခ့္ဟာျပီးခ့ဲတ့ဲ ရာသီတုန္းက ေအဂ်က္အသင္း အတြက္ေျခစြမ္းေတြျပထားႏိုင္ပါတယ္။ ဗန္ဒီဘီခ့္ဟာ ကြင္းလယ္တိုက္စစ္ ကစားသမားတစ္ေယာက္ျဖစ္ျပီး ေတာ့ ဒီရာသီမွာ (၁၆)ပြဲပါ၀င္ကစားေပးထားခ့ဲျပီး (၆)ဂိုးသြင္းကာ(၄)ဂိုးဖန္တီးေပးထားႏုိင္ခဲ့ဲပါတယ္။

ကစားသမားအေျပာင္းအေရႊ႕နဲ႔ပတ္သက္ၿပီးနည္းျပဆုိးလ္ရွားက သူ႔အေနနဲ႔ အဒ္ဝုဒ္ဝဒ္ နဲ႔တိုက္႐ိုက္ေဆြးေႏြးခဲ့ေၾကာင္းေျပာပါတယ္။ ဒါ့အျပင္ အသင္းမွာ ငါ ဆိုတဲ့ကိုယ္စားျပဳနာမ္စား ကိုအသုံးျပဳခြင့္ေပးမွာမဟုတ္ဘဲ ယူႏိုက္တက္အသင္းမွာ ငါ ဆိုတာေတြ မလိုအပ္ေၾကာင္း လည္းေျပာပါေသးတယ္။ “ကၽြန္ေတာ့္အတြက္လည္း ငါဆိုတဲ့နာမ္စားကဒီအသင္းမွာမလိုအပ္သလို ဘယ္ေတာ့မွလည္းအသုံးျပဳမွာမဟုတ္ပါဘူး။ကၽြန္ေတာ္တို႔က အနာဂတ္အတြက္ ပိုၿပီးႀကီးက်ယ္တဲ့ အသင္းတစ္ခုကိုတည္ေဆာက္ေနတာပါ။အေျပာင္းအေရႊ႕နဲ႔ပတ္သက္လုိ႔ေတာ့ကၽြန္ေတာ္တို႔က တစ္လတာအေျခအေန၊ငါးလတာအေျခအေန၊ႏွစ္ရွည္အေျခအေန၊အဲသလို ေရရွည္အေနအထားေတြ ကိုၾကည့္ရတာပါ။ကစားသမားတစ္ေယာက္ေခၚဖို႔က သူ႔ရဲ႕အျပဳအမူနဲ႔အမူအက်င့္ေတြကိုလည္းၾကည့္ရ ပါတယ္။ၿပီးေတာ့ သူ႔ရဲ႕အရည္အေသြးနဲ႔ အမွန္တကယ္ေရာ သူဟာဒီအသင္းအတြက္ အဆင္ေျပအံဝင္ႏိုင္မလားဆိုတာေတြပါၾကည့္ရပါတယ္”ဆိုၿပီး နည္းျပဆိုးလ္ရွားကေျပာပါတယ္။ စစ္တမ္းတစ္ခုအရေတာ့ ယူႏိုက္တက္ပရိသတ္ေတြက အသင္းမွာရိွတဲ့ကစားသမား 8ေယာက္ေလာက္ကို ေရာင္းထုတ္ေစခ်င္ေနၾကပါတယ္။
အျခားသတင္းတိုေတြအေနနဲ႔ကေတာ့ ဒဏ္ရာက ျပန္လည္သက္သာလာၿပီျဖစ္တဲ့ အဲရစ္ဘိုင္လီ၊ ဖိုဆုမန္ဆာ နဲ႔ ဂ်ိမ္းစ္ဂါနာတို႔ဟာ U23 ပြဲစဥ္ျဖစ္တဲ့ နယူးကာဆယ္နဲ႔ ပြဲမွာ ပါ၀င္ကစားခဲ့ေၾကာင္း သိရပါတယ္။ လူငယ္လက္တက္ဂိုးဖမ္းသမားေလးျဖစ္တဲ့ ဟန္ဒါဆင္တစ္ေယာက္ကေတာ့ ၀က္စ္ဟမ္းနဲ႔ပြဲစဥ္မွာ ေပးဂိုးမရိွေအာင္စြမ္းေဆာင္ႏိုင္ခဲ့ၿပီး၊ အဲဒီေကာင္ေလးဟာ အခုႏွစ္ရာသီ ပရီးမီးယားလိဂ္မွာ ၈ ပြဲထိ clean sheets ရယူႏိုင္ထားခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဘက္ကေတာ့ အငွားခ်ကာလၿပီးဆုံးပါက ဟန္ဒါဆင္ကိုယူႏိုက္တက္အသင္းမွာသာသုံးမယ္လို႔ သတင္းထြက္ထားပါတယ္။

ေနာက္ထပ္သတင္းကေတာ့ ၿပီးခဲ့တဲ့ ရာသီရဲ႕ လစာႏႈန္းထားအရ ယူႏိုက္တက္အသင္းရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ အက္ဝုဒ္ဟာ ေပါင္ ၃.၁၆ သန္းရရွိၿပီး ပရီးမီးယားလိဂ္ရဲ႕ ကလပ္ဒါ႐ိုက္တာေတြထဲမွာ လစာအမ်ားဆုံးျဖစ္ေၾကာင္း သိရပါတယ္။ဆုရသတင္းမွာေတာ့ PL2 ရဲ႕ ဒီဇင္ဘာလ တစ္လတာအေကာင္းဆုံးဆုကို ယူႏိုက္တက္ လူငယ္ကစားသမားေလး တာဟစ္ေခ်ာင္က ရရွိသြားခဲ့ပါတယ္။
ေနာက္ဆုံးတင္ဆက္ေပးခ်င္တဲ့သတင္းကေတာ့ ယူႏိုက္တက္အသင္းဟာ U 23 ကစားသမား ၂ ဦးျဖစ္တဲ့ Max Taylor နဲ႔ Alex Fojticek တို႔ကို အငွားခ်သြားဖို႔ အတည္ျပဳေၾကညာလိုက္ၿပီလို႔ သိရပါတယ္။