ဒီတစ်ပတ်ပရီးမီးယားလိဂ်က ဂိုးသမားတွေရဲ့စွမ်းဆောင်ရည်ပေါ်မူတည်ပြီး သြစတြေးလျတောမီးအတွက် ငွေလှူဒါန်းမယ့် ဂိုးသမား မတ်ရိုင်ယန်း

0
212
photo internet

ပြီးခဲ့တဲ့နှစ်ကတည်းက အကြီးအကျယ်လောင်ကျွမ်းခဲ့တဲ့သြစတြေးလျတောမီးကြောင့် လူ့အသက်အန္တရာယ်တွေသာမက တောရိုင်းတိရိစ္ဆာန်များစွာလည်းသေကြေပျက်စီးခဲ့ကြရပါတယ်။ အဲဒီပျက်စီးဆုံးရှုံးတာတွေကိုပြန်လည်ကုစားနိုင်ဖို့ ကမ္ဘာတစ်ဝန်းက ပြည်သူတွေဟာတစ်တပ် တစ်အားပါဝင်လှူဒါန်းနေကြပါတယ်။ ဒီထဲမှာ ဘရိုက်တန်ဂိုးသမား မတ်ရိုင်ယန်းလည်းပါဝင်ပါတယ်။ မတ်ရိုင်ယန်းက ဒီတစ်ပတ်ပရီးမီးယားလိဂ်မှာ ဂိုးသမားတိုင်းရဲ့ တရားဝင်မှတ်တမ်းတင်ခံရတဲ့ ဂိုးကာကွယ်မှုတစ်ခုတိုင်းကို သြစတြေးလျဒေါ်လာ ၅၀၀စီသတ်မှတ်ပြီး WIRES သြစတြေးလျ သားရိုင်းတိရစ္ဆာန်ကယ်တင်ရေး အရေးပေါ်ရန်ပုံငွေအဖွဲ့အစည်းကို လှူဒါန်းမယ်လို့ ပြောကြားလာခဲ့ပါတယ်။

photo internet

“မွေးရပ်မြေကတောမီးလောင်ကျွမ်းမှုကြောင့် စိတ်မကောင်းဖြစ်ရတာ၊ဝမ်းနည်းကြေကွဲရတာကို သက်သာစေဖို့အတွက် ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲအားလုံးက ဂိုးသမားတွေရဲ့ မှတ်တမ်းတင်ခံရတဲ့ ဂိုးကာကွယ်မှုတစ်ခုစီတိုင်းအတွက် ကျွန်တော်က သြစတြေးလျဒေါ်လာ ၅၀၀စီလှူဒါန်းသွားမှာဖြစ်ပါ တယ်။ငွေတွေကိုတော့ WIRES သားရိုင်းတိရစ္ဆာန်ကယ်ဆယ်ရေး အရေးပေါ်ရန်ပုံငွေအဖွဲ့အစည်းကို လှူဒါန်းမှာပါ။ အခြားလှူဒါန်းမှုတွေ၊ ရန်ပုံငွေရှာဖွေရေးတွေမှာလည်း အားလုံးဆက်လက်ပါဝင်သွားဖို့ မျှော်လင့်ပါတယ်”လို့ မတ်ရိုင်ယန်း ကပြောပါတယ်။

photo internet

ဒီတစ်ပတ်မှာ ပရီးမီးယားလိဂ်အသင်း၂၀လုံး ပွဲကိုယ်စီရှိတာဖြစ်ပြီး၊ ဂိုးသမားအယောက်၂၀က လက်စွမ်းဘယ်လိုပြမလဲဆိုတာစောင့်ကြည့်ရပါမယ်။သူတို့ရဲ့စွမ်းဆောင်ရည်ဟာတိရိစ္ဆာန်လေးတွေအတွက် အထောက်အကူဖြစ်စေမှာပါ။ အသက် ၂၇နှစ်အရွယ်၊ သြစတြေးလျနိုင်ငံသားရိုင်ယန်းကတော့ အဲဗာတန်တို့ရဲ့ဂွတ်ဒီဆင်ပါ့ခ်ကိုသွားရမှာဖြစ်ပါတယ်။ရိုင်ယန်းဟာ ဘရိုက်တန်ကို ၂၀၁၇ခုနှစ်မှာပြောင်းလာခဲ့ပြီး သြစတြေးလျနိုင်ငံအသင်းအတွက် ၅၈ပွဲကစားထားပါတယ်။

photo internet

သြစတြေးလျတောမီးအတွက် နာမည်ကြီးအားကစားသမားတွေထဲမှာ သြစတြေးလျခရစ်ကတ်ဂန္ထဝင် ရှိန်းဝါနေးကအော်စီဒေါ်လာတစ်သန်းအထိ ရန်ပုံငွေရှာပေးထားပြီး၊ဖော်မြူလားဝမ်း၆ထပ်ကွမ်းချန်ပီယံ လူးဝစ်ဟာမီလ်တန်ကလည်း ပေါင်၂သိန်း၅သောင်းလှူဒါန်းမယ်လို့သိရပါတယ်။ နာမည်ကြီးအနုပညာရှင်များ၊ ပြည်သူများစွာကလည်း ငွေကြေးလှူဒါန်းကြတာတွေရှိပါတယ်။ မြန်မာပြည်သူ၊ပြည်သားအချို့လည်းချစ်စရာ ခိုအားလားတိရစ္ဆာန်တွေအတွက်လှူဒါန်းကြတယ်လို့သိရပါတယ်။

photo internet

(Zawgyi Version)

ဒီတစ္ပတ္ပရီးမီးယားလိဂ္က ဂိုးသမားေတြရဲ႕စြမ္းေဆာင္ရည္ေပၚမူတည္ၿပီး ၾသစေၾတးလ်ေတာမီးအတြက္ ေငြလွဴဒါန္းမယ့္ ဂိုးသမား မတ္ရိုင္ယန္း

ၿပီးခဲ့တဲ့ႏွစ္ကတည္းက အႀကီးအက်ယ္ေလာင္ကၽြမ္းခဲ့တဲ့ၾသစေၾတးလ်ေတာမီးေၾကာင့္ လူ႔အသက္အႏၱရာယ္ေတြသာမက ေတာရိုင္းတိရိစၦာန္မ်ားစြာလည္းေသေၾကပ်က္စီးခဲ့ၾကရပါတယ္။ အဲဒီပ်က္စီးဆုံးရႈံးတာေတြကိုျပန္လည္ကုစားႏိုင္ဖို႔ ကမၻာတစ္၀န္းက ျပည္သူေတြဟာတစ္တပ္ တစ္အားပါ၀င္လွဴဒါန္းေနၾကပါတယ္။ ဒီထဲမွာ ဘရုိက္တန္ဂိုးသမား မတ္ရိုင္ယန္းလည္းပါ၀င္ပါတယ္။ မတ္ရိုင္ယန္းက ဒီတစ္ပတ္ပရီးမီးယားလိဂ္မွာ ဂိုးသမားတုိင္းရဲ႕ တရားဝင္မွတ္တမ္းတင္ခံရတဲ့ ဂိုးကာကြယ္မႈတစ္ခုတုိင္းကို ၾသစေၾတးလ်ေဒၚလာ ၅၀၀စီသတ္မွတ္ၿပီး WIRES ၾသစေၾတးလ် သားရိုင္းတိရစၦာန္ကယ္တင္ေရး အေရးေပၚရန္ပံုေငြအဖြဲ႔အစည္းကို လွဴဒါန္းမယ္လို႔ ေျပာၾကားလာခဲ့ပါတယ္။

“ေမြးရပ္ေျမကေတာမီးေလာင္ကြ်မ္းမႈေၾကာင့္ စိတ္မေကာင္းျဖစ္ရတာ၊၀မ္းနည္းေၾကကြဲရတာကို သက္သာေစဖို႔အတြက္ ဒီတစ္ပတ္ပရီးမီးယားလိဂ္ပြဲအားလံုးက ဂိုးသမားေတြရဲ႕ မွတ္တမ္းတင္ခံရတဲ့ ဂိုးကာကြယ္မႈတစ္ခုစီတုိင္းအတြက္ ကၽြန္ေတာ္က ၾသစေၾတးလ်ေဒၚလာ ၅၀၀စီလွဴဒါန္းသြားမွာျဖစ္ပါ တယ္။ေငြေတြကိုေတာ့ WIRES သားရိုင္းတိရစၦာန္ကယ္ဆယ္ေရး အေရးေပၚရန္ပံုေငြအဖြဲ႔အစည္းကို လွဴဒါန္းမွာပါ။ အျခားလွဴဒါန္းမႈေတြ၊ ရန္ပုံေငြရွာေဖြေရးေတြမွာလည္း အားလုံးဆက္လက္ပါ၀င္သြားဖို႔ ေမွ်ာ္လင့္ပါတယ္”လို႔ မတ္ရိုင္ယန္း ကေျပာပါတယ္။

ဒီတစ္ပတ္မွာ ပရီးမီးယားလိဂ္အသင္း၂၀လံုး ပြဲကိုယ္စီရွိတာျဖစ္ၿပီး၊ ဂိုးသမားအေယာက္၂၀က လက္စြမ္းဘယ္လုိျပမလဲဆိုတာေစာင့္ၾကည့္ရပါမယ္။သူတို႔ရဲ႕စြမ္းေဆာင္ရည္ဟာတိရိစၦာန္ေလးေတြအတြက္ အေထာက္အကူျဖစ္ေစမွာပါ။ အသက္ ၂၇ႏွစ္အရြယ္၊ ၾသစေၾတးလ်နုိင္ငံသားရိုင္ယန္းကေတာ့ အဲဗာတန္တုိ႔ရဲ႕ဂြတ္ဒီဆင္ပါ့ခ္ကိုသြားရမွာျဖစ္ပါတယ္။ရိုင္ယန္းဟာ ဘရိုက္တန္ကို ၂၀၁၇ခုႏွစ္မွာေျပာင္းလာခဲ့ျပီး ၾသစေၾတးလ်နုိင္ငံအသင္းအတြက္ ၅၈ပြဲကစားထားပါတယ္။

ၾသစေၾတးလ်ေတာမီးအတြက္ နာမည္ႀကီးအားကစားသမားေတြထဲမွာ ၾသစေၾတးလ်ခရစ္ကတ္ဂႏၳဝင္ ရွိန္းဝါေနးကေအာ္စီေဒၚလာတစ္သန္းအထိ ရန္ပံုေငြရွာေပးထားၿပီး၊ေဖာ္ျမဴလားဝမ္း၆ထပ္ကြမ္းခ်န္ပီယံ လူးဝစ္ဟာမီလ္တန္ကလည္း ေပါင္၂သိန္း၅ေသာင္းလွဴဒါန္းမယ္လို႔သိရပါတယ္။ နာမည္ႀကီးအႏုပညာရွင္မ်ား၊ျပည္သူမ်ားစြာကလည္း ေငြေၾကးလွဴဒါန္းၾကတာေတြရိွပါတယ္။ ျမန္မာျပည္သူ၊ျပည္သားအခ်ဳိ႕လည္းခ်စ္စရာခိုအားလားတိရစၦာန္ေတြအတြက္လွဴဒါန္းၾကတယ္လို႔သိရပါတယ္။