ဒဏ်ရာရ ယူနိုက်တက်ကစားသမားတွေရဲ့ အနေအထားဘယ်လိုရှိသလဲ
0
81
Photo internet
ယူနိုက်တက်အသင်းဟာအခုလောလောဆယ်မှာတော့အားရဖွယ်အနေအထားရှိမနေပါဘူး။ ကစားသမားအသစ်တွေသုံးဖို့ကအရေးကြီးနေပါတယ်။ ဘာကြောင့်လဲဆိုရင် ယူနိုက်တက်မှာ ဒဏ်ရာရထားတဲ့ အသင်းသားအရေအတွက်ကလည်းမနည်းပါဘူး။ ဒဏ်ရာရကစားသမားတွေထဲမှာ အသင်းကအားထားရတဲ့ သူတွေ ပါဝင်နေတာဟာ ယူနိုက်တက်အတွက် ပိုပြီးခရီးမတွင်ဖြစ်စေခဲ့ပါတယ်။ ရာသီအစထဲက ဒဏ်ရာရကစားသမား များပြားနေတာဖြစ်ပြီး အခုအချိန်ထိလည်း ကစားသမားတွေဆက်လက် ဒဏ်ရာရနေခဲ့ပါတယ်။ ဒါကြောင့် ဒဏ်ရာရထားတဲ့ ယူနိုက်တက်ကစားသမားတွေရဲ့အခြေအနေ ကိုဖော်ပြပေးလိုက်ပါတယ်။
Photo internet
ဒူးအရွတ်၊တံကောက်ကြောဒဏ်ရာရထားတဲ့ အဲရစ်ဘယ်လီ
အဲရစ်ကတော့ ဒဏ်ရာရထားတဲ့အချိန်ကြာခဲ့ပြီးပြန်လည်ကုစားခဲ့ပြီးကာ အခုအခါမှာတော့ လေ့ကျင့်ခန်းတွေပြန်လုပ်နေပြီဖြစ်ပါတယ်။ ဒါကြောင့် မကြာခင်မှာ ကွင်းထဲမှာပြန်လည်မြင်တွေ့ ရတော့မှာဖြစ်ပါတယ်။
Photo internet
ခြေချင်းဝတ်ဒဏ်ရာရထားတဲ့ ပေါဂ့်ဘာ
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက ပေါ့ဂ်ဘာတစ်ယောက်ဒဏ်ရာရထားတာဖြစ်ပြီး နှစ်မကုန်ခင်မှာတော့ ယူနိုက်တက်အတွက်တစ်ပွဲပါဝင်ကစားပေးခဲ့ပါတယ်။ ဒါပေမယ့် အဲလိုကစားပြီးနောက်မှာ ပေ့ါဂ်ရဲ့အခြေအနေမသက်သာသေးတာကြောင့် အနားပေးထားရပါတယ်။ ဒဏ်ရာရကစားသမားထဲမှာ ပေ့ါဂ်ဘာရဲ့အနေအထားက ဝေဖန်ချင်စရာဖြစ်ခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာဒဏ်ရာကြောင့် အနားယူနေပေမယ့် လည်း ဒီကြားထဲမှာကိုယ်ရေးကိုယ်တာအပန်းဖြေအစီအစဉ်တွေအတွက်ခရီးတွေထွက်ခဲ့ပါတယ်။ ဒါကြောင့်အချို့တွေက သူ့ရဲ့ဒဏ်ရာဟာဂွင်ဆင်ထားတာဖြစ်တယ်လို့ဆိုကြပါတယ်။ ဒါပေမယ့်လည်း ပေါ့ဂ်ဘာက သူဆေးရုံရောက်ရှိနေကြောင်း ဗီဒီယိုအတို တင်ခဲ့သလ်ု ခွဲစိတ်ပြီးချိန်မှာလည်း သူဟာအမှန်တကယ်ခွဲစိတ်ထားတာဖြစ်ကြောင်းကို မေ့ဆေးပျယ်ကာစမှာပဲ ဗီဒီယို နဲ့ အတူ သက်သေပြခဲ့ပါသေးတယ်။ အခုအချိန်မှာတော့ ပေါ့ဘာတစ်ယောက်အိမ်ပြန်ရောက်နေပါပြီ။ ပေါ့ဘာတစ်ယောက် ဖေဖော်ဝါရီလလယ်လောက်မှာ ချဲလ်ဆီးအသင်းနဲ့ပွဲစဉ်အတွက် ကွင်းထဲပြန်ရောက် လာနိုင်တယ်လို့ခန့်မှန်းရပါတယ်။
Photo internet
ဒူးအရွတ်စုတ်ပြဲဒဏ်ရာရထားတဲ့ မက်တော်မီနေး
မကြာသေးမီက ဒဏ်ရာကြောင့်ချိုင်းထောက်နဲ့အိမ်ပြန်သွားခဲ့ရတဲ့ တော်မီနေးရဲ့အဖြစ်ကိုပရိသတ်တွေက ဂရုဏာသက်ခဲ့ကြပါတယ်။ သူဟာဘောက်ဆင်ဒေးမှာ နယူးကာဆယ်နဲ့ပွဲစဉ်အတွင်း ဒဏ်ရာရခဲ့ တာဖြစ်ပါတယ်။ အစောပိုင်းတုန်းကတော့ ဒူးအရွတ်ယောင်ယမ်းတာလို့သိခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ဒူးအရွတ်စုတ်ပြဲခဲ့တာဖြစ်ကြောင်းသိရပါတယ်။ ဒူးအကူ၊ချိုင်းထောက်တွေရဲ့ အကူအညီရယူနေရဆဲဖြစ်တဲ့ စကော့တလန်သားလေးဟာ အချိန်တော်တော်ကြာကြာတော့အနားယူရပါမယ်။ မတ်လကုန်အထိကွင်းထဲပြန်ဝင်နိုင်တဲ့အနေအထားမရှိပါဘူး။
Photo internet
ဒူးကောက်ကြောဒဏ်ရာရထားတဲ့ အဲဆဲလ် တူအန်ဇီဘီ
ဒီဇင်ဘာလလယ်လောက်က ဒဏ်ရာရထားတဲ့ တူအန်ဇီဘီရဲ့အနေအထားကတော့ ရာခိုင်နှုန်း အတော်များများကောင်းနေပါပြီ။ အခုလာမယ့် နော့ဝုစ်နဲ့ကစားရမယ့်ပွဲစဉ်မှာတောင်ပြန်လည် ပါဝင်လာနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။
Photo internet
ဒူးဒဏ်ရာရထားတဲ့ ဖိုဆုမန်ဆဲလ်
ယူနိုက်တက်နဲ့စာချုပ်သက်တမ်းစေ့ခါနီးနေပြီဖြစ်တဲ့ ဖိုဆုမန်ဆဲလ်ရဲ့ဒဏ်ရာကတော့ ကုစားဆဲအနေ အထားဖြစ်ပါတယ်။ သူကွင်းထဲပြန်လာမယ့်အခြေအနေကလည်းသေချာမသိသေးသလို၊ စာချုပ်ပြည့်ရင်လည်း ယူနိုက်တက်ကစားသမားအဖြစ်ဆက်ရှိဖို့မသေချာတော့ပါဘူး။
Photo internet
ကြွက်သားဒဏ်ရာရထားတဲ့ မားကိုစ်ရိုဂျို
နိုဝင်ဘာလကတည်းက အဲဒီအာဂျင်တီးနားသားဟာ ပရီးမီးယားလိဂ်ပွဲစဉ်တွေအတွက် မကစားပေးနိုင်ခဲ့တာဖြစ်ပြီး၊ အခုအခါမှာတော့ ဒဏ်ရာတွေသက်သာနေပါပြီ။နော့ဝှစ်နဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်လာမယ်လို့မျှော်လင့်ရပါတယ်။
Photo internet
တင်ပါးဒဏ်ရာရထားတဲ့ မက်ဂွိုင်းယား
လောလောလတ်လတ်ဒဏ်ရာရထားတဲ့ ယူနိုက်တက်ကစားသမားဖြစ်ပါတယ်။ ဝုဗ် နဲ့ ပွဲမှာ ကြွက်သားဒဏ်ဖြစ်နေတာကို ဆက်ကန်ခဲ့တာကြောင့် ပိုပြီးပြင်းထန်တဲ့ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ အခုတော့ အချိန်ကြာကြာအနားယူရဖွယ်ရှိနေပါတယ်။ ဒါပေမယ့် မန်စီးတီးနဲ့ကစားရမယ့် ဒုတိယအကျော့ပွဲစဉ်မှာတော့ မြင်တွေ့ရနိုင်တဲ့အနေအထားရှိပါသေးတယ်။ဒဏ်ရာရထားတဲ့ယူနိုက်တက်ကစားသမားအချို့ကိုအသင်း ကရောင်းမယ့်အနေအထားရှိသလို၊ သူတို့ကိုယ်တိုင်ကလည်း အသင်းပြောင်းဖို့ဆန္ဒတွေရှိနေကြပါတယ်။ ဒါကြောင့် ပြန်လည်ကောင်းမွန်လာတဲ့အခါအခြားအသင်းအတွက် ကစားပေးမယ့်သူတွေအဖြစ်ရပ်တည်ကြမှာဖြစ်ပါတယ်။
Photo internet
(Zawgyi Version)