တန်ဖိုးမြင့်တက်လာနေတဲ့ လူငယ်ခြေတက်သရဲနီလေးများ

0
331
photo internet
photo internet

အခုရာသီမှာ ယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ လူငယ်ခြေတက်တွေကို အသုံးများခဲ့ပြီး၊ အဲဒီကစားသမားလေးတွေကလည်း ပွဲအချို့မှာ ပရိသတ်သြဘာပေးလောက်အောင် ခြေစွမ်းတွေထက်ကြပါတယ်။ ဒါကြောင့် ယူနိုက်တက်အကယ်ဒမီရဲ့လူငယ်ကစားသမားလေးတွေဟာ ရေမြင့်ကြာတင့်ဖြစ်လာကြပြီး၊ သူတို့ရဲ့တန်ဖိုးတွေလည်းမြင့်တက်လာခဲ့ကြပါတယ်။ ဘယ်ကစားသမားတွေဈေးကြီးလာလဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။

photo internet

နဂိုတုန်းက တန်ဖိုးယူရို 6 သန်းရှိတဲ့ တွမ်ဇီဘီတစ်ယောက်က အခုတော့ ယူရို 9သန်း တန်ဖိုးရှိနေပါပြီ။ ဗီလာအသင်းကနေ ပြန်လည်ရောက်ရှိလာပြီးနောက် တွမ်ဇီဘီရဲ့ခြေစွမ်းကအသင်းအတွက် အထောက်အကူဖြစ်လာစေခဲ့ပါတယ်။ ပေါင်းသင်းဆက်ဆံရေးပိုင်းလည်းကောင်းမွန်တာကြောင့် အနာဂတ်အသင်းခေါင်းဆောင်အနေနဲ့ပါသတ်မှတ်ထားသူဖြစ်ပါတယ်။အသက် 22 နှစ်အရွယ်အဲဒီလူငယ်လေးဟာနောက်ထပ်လည်းတန်ဖိုးတက်မယ့်အလားအလာရှိပါတယ်။

 

photo internet

ဘရန်ဒန်ဝီလီယံတစ်ယောက်ကတော့ အခုအချိန်မှာ ယူရို6သန်းကျော်တန်ဖိုးရှိနေပါပြီ။ အသက် 19 နှစ်အရွယ်သာရှိသေးတဲ့ အဲဒီကောင်လေးဟာ ပရိသတ်တွေရဲ့အချစ်ကိုလည်းရရှိထားသူပါ။ အကယ်ဒမီထုတ်ကုန်စစ်စစ်ဖြစ်သလို ပရီးမီးယားလိဂ်ရဲ့ခက်ခဲကြမ်းတမ်းတဲ့ပြိုင်ဆိုင်မှုတွေကြားမှာ မော်ကြွားနိုင်အောင်ကြိုးစားနေတဲ့ကလေးဖြစ်ပါတယ်။

photo internet

“ဘယ်ကစားသမားနဲ့မဆိုရင်ဆိုင်ကစားဖို့ ကျွန်တော့်ဘက်က အသင့်ပါပဲ။ ဘယ်သူပဲလာလာကျွန်တော့်အတွက်တော့ အဆင်ပြေပါတယ်။ အသင်းအတွက်ဆို ဘယ်သူနဲ့ပဲ ဖြစ်ဖြစ် ကျွန်တော်ရင်ဆိုင်ရဲပါတယ်။ ကျွန်တော်တို့ ရှေ့တက်နိုင်သလောက် ချီတက်ပြီးကြိုးစားသွားပါမယ်”ဆိုပြီး ဝီလီယံကပြောပါတယ်။ ဝီလီယံတစ်ယောက် သူ့ရဲ့ခြေစွမ်းကိုသာဆက်ထိန်းထားနိုင်မယ်ဆိုရင် တန်ကြေးဟာ ယူရိုသန်း 20 အထိဖြစ်သွားနိုင်ပါတယ်။

photo internet

အသက် 24 နှစ်အရွယ် ပါရဲရားရဲ့တန်ဖိုးကတော့ အခုအခါ ယူရို 18 သန်းဖြစ်နေပါပြီ။ နဂိုတုန်းကတော့ ယူရို 13 သန်းခွဲဝန်းကျင်ပဲရှိခဲ့တာပါ။ နည်းပြရဲ့နေရာပေးမှုကို ထိုက်တန်အောင်ကြိုးစားခဲ့တယ်လို့ဆိုရမှာပါ။ ဒါကြောင့်လည်း သူ့ရဲ့တန်ကြေးများလာတာဖြစ်ပါတယ်။ နဂိုတုန်းက ယူရို 22 သန်းခွဲတန်ဖိုးသာရှိတဲ့ ဒယ်နီယယ်ဂျိမ်းရဲ့တန်ဖိုးကတော့ အခုအခါ ယူရို 25 သန်းကျော် တန်ဖိုးရှိနေပါပြီ။ အသက် 22 နှစ်အရွယ် အဲဒီလူငယ်လေးဟာ သုံးဂိုးသွင်းထားပြီး၊ 6 ဂိုးဖန်တီးပေးထားနိုင်ပါတယ်။ သင်ယူစရာတွေအများအပြား ရှိသေးပေမယ့် ခြေစွမ်းမသေးတာကြောင့် ဆက်လက်ကြိုးစားမယ်ဆိုရင် အနာဂတ်ရဲ့ကြယ်ပွင့်တစ်ပွင့်ဖြစ် လာနိုင်ပါတယ်။

photo internet

ယူရို 9 သန်းကနေ 18 သန်းအထိတန်ဖိုးတက်သွားတဲ့သရဲနီကတော့ မေဆင်ဂရင်းဝုဒ်ဖြစ်ပါတယ်။ အသက် 18 နှစ်အရွယ်အဲဒီကောင်လေးရဲ့ခြေစွမ်းဟာ ဟုတ်ရောဟုတ်ရဲ့လားလို့ တွေးစရာပါ။ ယူနိုက်တက်အတွက် 9 ဂိုးတောင်သွင်းပေးထားတဲ့ကစားသမားတစ်ယောက် တန်ဖိုးနှစ်ဆလောက်တက်လာတာဖြစ်သင့်ပါတယ်။ ဈေးကွက်သုံးသပ်သူတွေက ဂရင်းဝုဒ်ကို ယူရို 18 သန်းသတ်မှတ်တာဟာနည်းတောင်နည်းသေးတယ်လို့ ထင်နေကြပါသေးတယ်။ ကစားပွဲအချို့မှာ အဆုံးသတ်လှပတဲ့ ဂရင်းဝုဒ်ရဲ့အနာဂတ်တန်ဖိုးဟာ ယူရို သန်း 30 အထိဖြစ်လာနိုင်ပါတယ်။

photo internet

အသက် 23 နှစ်အရွယ် မက်တော်မီနေးရဲ့တန်ဖိုးကတော့ ယူရို 25 သန်းကျော်ဖြစ်လာခဲ့ပါတယ်။ နဂိုတန်ဖိုးက ယူရို 18 သန်းဝန်းကျင်ပါ။ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားကောင်းဖြစ်ပေမယ့်အခုအခါမှာတော့ ဒဏ်ရာကြောင့်အနားယူနေရပါတယ်။ မကြာမီဒဏ်ရာသက်သာပြီး မြက်ခင်းစိမ်းပေါ်မှာ ခြေစွမ်းကောင်းတွေပြန်လည် ပြသနိုင်ဖို့မျှော်လင့်ပါတယ်။

photo internet

ယူနိုက်တက်ရဲ့အချို့ကစားသမားတွေကတော့ တန်ဖိုးတွေကျဆင်းလာနေကြပါတယ်။ ဂိုးသမား ဒီဂီယာဆိုရင် ယူရို4သန်းလောက်တန်ဖိုးကျလာကာ၊ ဖိလစ်ဂျုံးဆိုရင်လည်း ယူရို 3 သန်းတန်ဖိုးလျော့လာပါတယ်။ လုခ်ရှောက ယူရို 6သန်းကျော်၊ အက်ရ်ှလေယန်းကယူရို 1 သန်းကျော်၊ လင်ဂတ်က ယူရို8 သန်းဝန်းကျင်၊ မာတစ်နဲ့မာတာက ယူရို4သန်းကျော် တန်ဖိုးလျှော့လာပါတယ်။ အချို့ကစားသမားတွေရဲ့တန်ဖိုး ကတော့အတက်အကျမရှိပါဘူး။

photo internet

(Zawgyi Version)

တန္ဖိုးျမင့္တက္လာေနတဲ့ လူငယ္ေျခတက္သရဲနီေလးမ်ား

အခုရာသီမွာ ယူႏိုက္တက္နည္းျပဆိုးလ္ရွားဟာ လူငယ္ေျခတက္ေတြကို အသုံးမ်ားခဲ့ၿပီး၊ အဲဒီကစားသမားေလးေတြကလည္း ပြဲအခ်ဳိ႕မွာ ပရိသတ္ၾသဘာေပးေလာက္ေအာင္ ေျခစြမ္းေတြထက္ၾကပါတယ္။ ဒါေၾကာင့္ ယူႏိုက္တက္အကယ္ဒမီရဲ႕လူငယ္ကစားသမားေလးေတြဟာ ေရျမင့္ၾကာတင့္ျဖစ္လာၾကၿပီး၊ သူတို႔ရဲ႕တန္ဖုိးေတြလည္းျမင့္တက္လာခဲ့ၾကပါတယ္။ ဘယ္ကစားသမားေတြေစ်းႀကီးလာလဲဆုိတာကို တင္ဆက္ေပးလိုက္ပါတယ္။
နဂိုတုန္းက တန္ဖုိးယူရို 6 သန္းရိွတဲ့ တြမ္ဇီဘီတစ္ေယာက္က အခုေတာ့ ယူရို 9သန္း တန္ဖိုးရိွေနပါၿပီ။ ဗီလာအသင္းကေန ျပန္လည္ေရာက္ရွိလာၿပီးေနာက္ တြမ္ဇီဘီရဲ႕ေျခစြမ္းကအသင္းအတြက္ အေထာက္အကူျဖစ္လာေစခဲ့ပါတယ္။ ေပါင္းသင္းဆက္ဆံေရးပိုင္းလည္းေကာင္းမြန္တာေၾကာင့္ အနာဂတ္အသင္းေခါင္းေဆာင္အေနနဲ႔ပါသတ္မွတ္ထားသူျဖစ္ပါတယ္။အသက္ 22 ႏွစ္အရြယ္အဲဒီလူငယ္ေလးဟာေနာက္ထပ္လည္းတန္ဖုိးတက္မယ့္အလားအလာရိွပါတယ္။
ဘရန္ဒန္ဝီလီယံတစ္ေယာက္ကေတာ့ အခုအခ်ိန္မွာ ယူရုိ6သန္းေက်ာ္တန္ဖိုးရိွေနပါၿပီ။ အသက္ 19 ႏွစ္အရြယ္သာရိွေသးတဲ့ အဲဒီေကာင္ေလးဟာ ပရိသတ္ေတြရဲ႕အခ်စ္ကိုလည္းရရိွထားသူပါ။ အကယ္ဒမီထုတ္ကုန္စစ္စစ္ျဖစ္သလို ပရီးမီးယားလိဂ္ရဲ႕ခက္ခဲၾကမ္းတမ္းတဲ့ၿပိဳင္ဆိုင္မႈေတြၾကားမွာ ေမာ္ၾကြားႏိုင္ေအာင္ႀကိဳးစားေနတဲ့ကေလးျဖစ္ပါတယ္။ “ဘယ္ကစားသမားနဲ႔မဆိုရင္ဆိုင္ကစားဖို႔ ကြၽန္ေတာ့္ဘက္က အသင့္ပါပဲ။ ဘယ္သူပဲလာလာကြၽန္ေတာ့္အတြက္ေတာ့ အဆင္ေျပပါတယ္။ အသင္းအတြက္ဆို ဘယ္သူနဲ႔ပဲ ျဖစ္ျဖစ္ ကြၽန္ေတာ္ရင္ဆိုင္ရဲပါတယ္။ ကြၽန္ေတာ္တို႔ ေ႐ွ႕တက္ႏုိင္သေလာက္ ခ်ီတက္ၿပီးၾကဳိးစားသြားပါမယ္”ဆိုၿပီး ၀ီလီယံကေျပာပါတယ္။ ၀ီလီယံတစ္ေယာက္ သူ႔ရဲ႕ေျခစြမ္းကိုသာဆက္ထိန္းထားႏိုင္မယ္ဆိုရင္ တန္ေၾကးဟာ ယူရိုသန္း 20 အထိျဖစ္သြားႏိုင္ပါတယ္။
အသက္ 24 ႏွစ္အရြယ္ ပါရဲရားရဲ႕တန္ဖုိးကေတာ့ အခုအခါ ယူရို 18 သန္းျဖစ္ေနပါၿပီ။ နဂိုတုန္းကေတာ့ ယူရို 13 သန္းခြဲ၀န္းက်င္ပဲရိွခဲ့တာပါ။ နည္းျပရဲ႕ေနရာေပးမႈကို ထိုက္တန္ေအာင္ႀကိဳးစားခဲ့တယ္လို႔ဆိုရမွာပါ။ ဒါေၾကာင့္လည္း သူ႔ရဲ႕တန္ေၾကးမ်ားလာတာျဖစ္ပါတယ္။ နဂိုတုန္းက ယူရို 22 သန္းခြဲတန္ဖုိးသာရိွတဲ့ ဒယ္နီယယ္ဂ်ိမ္းရဲ႕တန္ဖုိးကေတာ့ အခုအခါ ယူရို 25 သန္းေက်ာ္ တန္ဖိုးရိွေနပါၿပီ။ အသက္ 22 ႏွစ္အရြယ္ အဲဒီလူငယ္ေလးဟာ သုံးဂိုးသြင္းထားၿပီး၊ 6 ဂိုးဖန္တီးေပးထားႏိုင္ပါတယ္။ သင္ယူစရာေတြအမ်ားအျပား ရိွေသးေပမယ့္ ေျခစြမ္းမေသးတာေၾကာင့္ ဆက္လက္ႀကိဳးစားမယ္ဆိုရင္ အနာဂတ္ရဲ႕ၾကယ္ပြင့္တစ္ပြင့္ျဖစ္ လာႏိုင္ပါတယ္။
ယူရို 9 သန္းကေန 18 သန္းအထိတန္ဖုိးတက္သြားတဲ့သရဲနီကေတာ့ ေမဆင္ဂရင္းဝုဒ္ျဖစ္ပါတယ္။ အသက္ 18 ႏွစ္အရြယ္အဲဒီေကာင္ေလးရဲ႕ေျခစြမ္းဟာ ဟုတ္ေရာဟုတ္ရဲ႕လားလို႔ ေတြးစရာပါ။ ယူႏိုက္တက္အတြက္ 9 ဂိုးေတာင္သြင္းေပးထားတဲ့ကစားသမားတစ္ေယာက္ တန္ဖိုးႏွစ္ဆေလာက္တက္လာတာျဖစ္သင့္ပါတယ္။ ေစ်းကြက္သုံးသပ္သူေတြက ဂရင္း၀ုဒ္ကို ယူရို 18 သန္းသတ္မွတ္တာဟာနည္းေတာင္နည္းေသးတယ္လို႔ ထင္ေနၾကပါေသးတယ္။ ကစားပြဲအခ်ဳိ႕မွာ အဆုံးသတ္လွပတဲ့ ဂရင္း၀ုဒ္ရဲ႕အနာဂတ္တန္ဖုိးဟာ ယူရို သန္း 30 အထိျဖစ္လာႏိုင္ပါတယ္။
အသက္ 23 ႏွစ္အရြယ္ မက္ေတာ္မီေနးရဲ႕တန္ဖုိးကေတာ့ ယူရို 25 သန္းေက်ာ္ျဖစ္လာခဲ့ပါတယ္။ နဂိုတန္ဖိုးက ယူရို 18 သန္း၀န္းက်င္ပါ။ ယူႏိုက္တက္အသင္းရဲ႕ ကြင္းလယ္ကစားသမားေကာင္းျဖစ္ေပမယ့္အခုအခါမွာေတာ့ ဒဏ္ရာေၾကာင့္အနားယူေနရပါတယ္။ မၾကာမီဒဏ္ရာသက္သာၿပီး ျမက္ခင္းစိမ္းေပၚမွာ ေျခစြမ္းေကာင္းေတြျပန္လည္ျပသႏိုင္ဖို႔ေမွ်ာ္လင့္ပါတယ္။
ယူႏိုက္တက္ရဲ႕အခ်ဳိ႕ကစားသမားေတြကေတာ့ တန္ဖုိးေတြက်ဆင္းလာေနၾကပါတယ္။ ဂိုးသမား ဒီဂီယာဆိုရင္ ယူရုိ4သန္းေလာက္တန္ဖုိးက်လာကာ၊ ဖိလစ္ဂ်ဳံးဆိုရင္လည္း ယူရို 3 သန္းတန္ဖိုးေလ်ာ့လာပါတယ္။ လုခ္ေရွာက ယူရို 6သန္းေက်ာ္၊ အက္ရ္ွေလယန္းကယူရို 1 သန္းေက်ာ္၊ လင္ဂတ္က ယူရို8 သန္း၀န္းက်င္၊ မာတစ္နဲ႔မာတာက ယူရို4သန္းေက်ာ္ တန္ဖိုးေလွ်ာ့လာပါတယ္။ အခ်ဳိ႕ကစားသမားေတြရဲ႕တန္ဖုိး ကေတာ့အတက္အက်မရိွပါဘူး။