မက်ဆီအနားယူတော့မယ်ဆိုတဲ့ ကိစ္စကို ပြန်လည်ဖြေရှင်းလာတဲ့ ဆွာရက်ဇ်

0
234
photo internet

2019 ခုနှစ်အတွက် ရွှေဘောလုံးဆုပေးပွဲမှာ မက်ဆီတစ်ယောက် ခြောက်ခုမြောက် ရွှေဘောလုံးဆုကို ရယူနိုင်ခဲ့တာကြောင့် သူ့ရဲ့ပရိသတ်တွေက အတော်ကို ဝမ်းသာပျော်ရွှင်ခဲ့ကြပါတယ်။ ဒါပေမယ့် ပရိသတ်တွေအတွက်ဝမ်းနည်းစေမယ့်သတင်းစကားတစ်ခုလည်းထွက်ပေါ်ခဲ့ပါတယ်။ ဒါကတော့ သူ့အတွက် အနားယူမယ့်ကိစ္စဟာမကြာခင်ရောက်လာတော့မှာဖြစ်ကြောင်းပြောခဲ့တာကြောင့် မက်ဆီတစ်ယောက်အနားယူတော့မှာလားဆိုပြီး ပရိသတ်တွေကထင်မြင်ခဲ့ကြပါတယ်။

photo internet

အဲဒီကိစ္စကို မက်ဆီနဲ့ရင်းနှီးတဲ့ ကစားဖော်သူငယ်ချင်းဖြစ်သူ ဘာစီလိုနာတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ရှင်းလင်းပြောကြားလာခဲ့ပါတယ်။ မက်ဆီတစ်ယောက်စိတ်တွေလှုပ်ရှားပြီးအဲလိုပြောခဲ့တာဖြစ်ကြောင်း၊ မက်ဆီဟာအနားယူဦးမှာမဟုတ်ကြောင်း၊ နောက်ထပ်နှစ်တွေအများကြီးခြေစွမ်းပြကစားဦးမှာဖြစ်ကြောင်း ဆွာရက်ဇ်ကပြန်လည်ဖြေရှင်းလာခဲ့ပါတယ်။

photo internet

ဒီလိုသတင်းစကားကြောင့် မက်ဆီပရိသတ်တွေကတော့ စိတ်သက်သာရာရခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုရင် ထိပ်တန်းဘောလုံးသမားတွေရဲ့ပရိသတ်တွေဟာသူတို့အားပေးတဲ့ကစားသမားကိုမြက်ခင်းစိမ်းပေါ်မှာအကြာ ကြီးမြင်တွေ့ခွင့်ရချင်ကြလို့ဖြစ်ပါတယ်။ “မက်ဆီဟာကျွန်တော့်အတွက် အံ့အားသင့်စရာလူတစ်ယောက်ပါပဲ။ သူဟာကောင်းမွန်တဲ့သမိုင်းတွေကိုဖန်တီးနေတဲ့သူပါ။ သူခြောက်ဆုမြောက်ရွှေဘောလုံးဆုရတဲ့အတွက် ကစားဖော်အဖြစ်ရော၊သူငယ်ချင်းတစ်ယောက်အနေနဲ့ပါ ကျွန်တော်သူ့အတွက် ဝမ်းသာဂုဏ်ယူပါတယ်”လို့ ဆွာရက်ဇ်က ပြောပါတယ်။

photo internet

“ရွှေဘောလုံးဆုရလို့ ဝမ်းသာစိတ်လှုပ်ရှားပြီးမက်ဆီတစ်ယောက်အနားယူမယ့်ကိစ္စတွေပြောသွားတာပါ။ အနားယူမယ့်ကိစ္စကဖြည်းဖြည်းချင်း နီးစပ်လာတဲ့အကြောင်းကိုပြောတာမှာ နားလည်မှုလွဲသွားတာဖြစ်ပါတယ်။ ရွှေဘောလုံးဆုရတဲ့သူတိုင်းစိတ်လှုပ်ရှားပြီး အမှားအယွင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လောလောဆယ်တော့မက်ဆီတစ်ယောက် အချိန်အကြာကြီးမြက်ခင်းစိမ်းပေါ်မှာရှိနေမှာပါ”လို့ ဆွာရက်ဇ်ကဆိုပါတယ်။ နောက်တစ်ချိန်မှာ အနားယူရမှာသေချာပေမယ့် မက်ဆီကတော့ အခုအချိန်မှာ ရွှေဘောလုံးဆုများစွာထွေးပွေ့ထားနိုင်တဲ့ ကစားသမားကောင်းအဖြစ် ခြေစွမ်းတွေပြနေဦးမှာပါ။

(Zawgyi Version)

မက္ဆီအနားယူေတာ့မယ္ဆိုတဲ့ ကိစၥကို ျပန္လည္ေျဖရွင္းလာတဲ့ ဆြာရက္ဇ္

2019 ခုႏွစ္အတြက္ ေ႐ႊေဘာလုံးဆုေပးပြဲမွာ မက္ဆီတစ္ေယာက္ ေျခာက္ခုေျမာက္ ေ႐ႊေဘာလုံးဆုကို ရယူႏိုင္ခဲ့တာေၾကာင့္ သူ႔ရဲ႕ပရိသတ္ေတြက အေတာ္ကို ဝမ္းသာေပ်ာ္႐ႊင္ခဲ့ၾကပါတယ္။ ဒါေပမယ့္ ပရိသတ္ေတြအတြက္ဝမ္းနည္းေစမယ့္သတင္းစကားတစ္ခုလည္းထြက္ေပၚခဲ့ပါတယ္။ ဒါကေတာ့ သူ႔အတြက္ အနားယူမယ့္ကိစၥဟာမၾကာခင္ေရာက္လာေတာ့မွာျဖစ္ေၾကာင္းေျပာခဲ့တာေၾကာင့္ မက္ဆီတစ္ေယာက္အနားယူေတာ့မွာလားဆိုၿပီး ပရိသတ္ေတြကထင္ျမင္ခဲ့ၾကပါတယ္။

အဲဒီကိစၥကို မက္ဆီနဲ႔ရင္းႏွီးတဲ့ ကစားေဖာ္သူငယ္ခ်င္းျဖစ္သူ ဘာစီလိုနာတိုက္စစ္မႉး လူးဝစ္ဆြာရက္ဇ္က ရွင္းလင္းေျပာၾကားလာခဲ့ပါတယ္။ မက္ဆီတစ္ေယာက္စိတ္ေတြလႈပ္ရွားၿပီးအဲလိုေျပာခဲ့တာျဖစ္ေၾကာင္း၊ မက္ဆီဟာအနားယူဦးမွာမဟုတ္ေၾကာင္း၊ ေနာက္ထပ္ႏွစ္ေတြအမ်ားႀကီးေျခစြမ္းျပကစားဦးမွာျဖစ္ေၾကာင္း ဆြာရက္ဇ္ကျပန္လည္ေျဖရွင္းလာခဲ့ပါတယ္။

ဒီလိုသတင္းစကားေၾကာင့္ မက္ဆီပရိသတ္ေတြကေတာ့ စိတ္သက္သာရာရခဲ့ၾကပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ထိပ္တန္းေဘာလုံးသမားေတြရဲ႕ပရိသတ္ေတြဟာသူတို႔အားေပးတဲ့ကစားသမားကိုျမက္ခင္းစိမ္းေပၚမွာအၾကာ ႀကီးျမင္ေတြ႕ခြင့္ရခ်င္ၾကလို႔ျဖစ္ပါတယ္။ “မက္ဆီဟာကြၽန္ေတာ့္အတြက္ အံ့အားသင့္စရာလူတစ္ေယာက္ပါပဲ။ သူဟာေကာင္းမြန္တဲ့သမိုင္းေတြကိုဖန္တီးေနတဲ့သူပါ။ သူေျခာက္ဆုေျမာက္ေ႐ႊေဘာလုံးဆုရတဲ့အတြက္ ကစားေဖာ္အျဖစ္ေရာ၊သူငယ္ခ်င္းတစ္ေယာက္အေနနဲ႔ပါ ကြၽန္ေတာ္သူ႔အတြက္ ဝမ္းသာဂုဏ္ယူပါတယ္”လို႔ ဆြာရက္ဇ္က ေျပာပါတယ္။

“ေ႐ႊေဘာလုံးဆုရလို႔ ဝမ္းသာစိတ္လႈပ္ရွားၿပီးမက္ဆီတစ္ေယာက္အနားယူမယ့္ကိစၥေတြေျပာသြားတာပါ။ အနားယူမယ့္ကိစၥကျဖည္းျဖည္းခ်င္း နီးစပ္လာတဲ့အေၾကာင္းကိုေျပာတာမွာ နားလည္မႈလြဲသြားတာျဖစ္ပါတယ္။ ေ႐ႊေဘာလုံးဆုရတဲ့သူတိုင္းစိတ္လႈပ္ရွားၿပီး အမွားအယြင္းျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ေလာေလာဆယ္ေတာ့မက္ဆီတစ္ေယာက္ အခ်ိန္အၾကာႀကီးျမက္ခင္းစိမ္းေပၚမွာရွိေနမွာပါ”လို႔ ဆြာရက္ဇ္ကဆိုပါတယ္။ ေနာက္တစ္ခ်ိန္မွာ အနားယူရမွာေသခ်ာေပမယ့္ မက္ဆီကေတာ့ အခုအခ်ိန္မွာ ေ႐ႊေဘာလုံးဆုမ်ားစြာေထြးေပြ႕ထားႏိုင္တဲ့ ကစားသမားေကာင္းအျဖစ္ ေျခစြမ္းေတြျပေနဦးမွာပါ။