တစ်ချိန်က ပြိုင်ဘက်အသင်းတွေ ကြောက်ခဲ့တဲ့ မန်ချက်စတာအသင်းက တိုက်စစ်မှူးသုံးယောက်

0
317
photo internet

ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်လက်ထက်မှာ မန်ချက်စတာအသင်းဟာ ရွှေထီးဆောင်းခဲ့တဲ့ ကာလလို့ဆိုနိုင်ပါတယ်။ သူကိုင်တွယ်ခဲ့တဲ့အချိန်မှာ သူဟာ ကစားသမားပေါင်းများစွာနဲ့ မန်ချက်စတာအသင်းအတွက်အကောင်းဆုံးပုံစံအမျိုးမျိုးကို ဖော်ထုတ်ပြသနိုင်ခဲ့ပါတယ်။ 2006 ကနေ 2009 ခုနှစ်အထိ မန်ချက်စတာအသင်းမှာ အတွဲညီညီကစားတတ်တဲ့ တိုက်စစ်မှူးသုံးယောက်ရှိပါတယ်။ သူတို့ကို တြိဂံတိုက်စစ်အတွဲလို့ဆိုနိုင်ပါတယ်။ အဲဒီရှေ့တန်းကစားသမားတွေကတော့ တီဗက်စ်၊ ရွန်းနီး နဲ့ ရော်နယ်ဒိုတို့ပါပဲ။ သူတို့သုံးယောက်အတွဲဟာ ပြိုင်ဘက်အသင်းတွေအတွက် ဘာကြောင့်ကြောက်ဖို့ ကောင်းတယ်ဆိုတာတင်ဆက်ပေးပါမယ်။

photo internet

2006/2007 ဘောလုံးရာသီမှာ မန်ချက်စတာအသင်းဟာ ချန်ပီယံလိဂ်မှာအေစီမီလန် အသင်းနဲ့တွေ့ဆုံခဲ့ပြီးတော့ ဆီးမီးဖိုင်နယ်မှာ နှုတ်ဆက်လိုက်ရတာကြောင့် အပြောင်းအရွှေ့ကာလမှာ အန်ဒါဆန်၊ ဟားဂရေ့ဗ်၊ နာနီ နဲ့ တိဗက်စ်တို့ကို ဝယ်ယူအားဖြည့်ခဲ့ပါတယ်။ ရွန်းနီဟာ 2004 ခုနှစ်မှာ မန်ချက်စတာအသင်းဆီကို ပြောင်းရွှေ့လာခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ရွန်းနီကိုခေါ်ယူဖို့အတွက် မန်ချက်စတာအသင်းအနေနဲ့ ပေါင် ၂၅ သန်းလောက်အသုံးပြုခဲ့ရပါတယ်။ စီရော်နယ်ဒိုကတော့ 2003/2004 ဘောလုံးရာသီမှာ ပေါင် 12 သန်းဝန်းကျင်နဲ့ မန်ချက်စတာဆီကိုရောက်ရှိလာခဲ့တာပါ။ ဒီသုံးယောက်အတွဲမှာ ပရိသတ်တွေအတွက်အထင်အမြင်လွဲစရာကိစ္စလည်းဖြစ်ခဲ့ပါတယ်။ 2006 ကမ္ဘာ့ဖလားပွဲမှာ အင်္ဂလန်နဲ့ပေါ်တူဂီတို့ ယှဉ်ပြိုင်တဲ့ပွဲမှာ ရော်နယ်ဒိုဟာ ရွန်းနီကို အနီကတ်ရအောင်လုပ်ကြံခဲ့တယ်ဆိုပြီး အင်္ဂလန်ပရိသတ်တွေက ဒေါသထွက်ခဲ့ကြပါတယ်။

photo internet

2006/2007 ဘောလုံးရာသီမှာ ရော်နယ်ဒိုနဲ့ရွန်းနီဟာမန်ချက်စတာအတွက် တကယ်ကိုအားထား ရတဲ့ကစားသမားတွေဖြစ်လာခဲ့ပါတယ်။ ရော်နယ်ဒိုဟာ 2006/2007 ဘောလုံးရာသီမှာ အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ ဂိုးဖန်တီးမှုအများဆုံးကစားသမားဖြစ်ခဲ့တဲ့အပြင် သွင်းဂိုးအများဆုံး ကစားသမားစာရင်းမှာလည်း တတိယနေရာချိတ်ခဲ့ပါသေးတယ်။ 2006/2007 ဘောလုံးရာသီမှာ ရွန်းနီက သွင်ဂိုး၁၄ ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့အပြင် ဂိုးဖန်တီးမှုကလည်း ၁၁ ကြိမ်အထိရှိလာခဲ့ပါတယ်။

photo internet

တိဗက်စ်ရောက်ရှိလာချိန်မှာ ဆာဟာက အရန်ကစားသမားနေရာကို ရောက်ရှိသွားခဲ့ပါတယ်။ ဖာဂူဆန်ဟာ ဒီကစားသမား ၃ ယောက်နဲ့အတူ 4-4-2 ကနေ 4-3-3 ပုံစံမျိုးကိုပြောင်းလဲကစားခဲ့ပါတယ်။ တစ်ခါတလေမှာတော့ ရိုင်ယန်ဂစ်ကိုအလယ်နေရာမှာကစားစေခဲ့ပြီး 4-2-3-1 ပုံစံကစားပါတယ်။ ပုံမှန်ဆိုရင်သုံးယောက်တွဲမှာ ရွန်းနီ၊တိဗက်စ်၊ ရော်နယ်ဒိုတို့ကစားပေမယ့် တစ်ခါတလေ တိဗက်စ်အစား ပက်ကျိဆန်ကိုအစားထိုးကစား စေတာမျိုးလည်းရှိပါတယ်။

photo internet

အဆိုပါသုံးယောက်တွဲဟာ နေရာတစ်ခုတည်းအသေကစားတာမဟုတ်ဘဲ အရှင်ရွှေ့ပြောင်းကစားကြ တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ တောင်ပံနေရာယူပေမယ့် ရွန်းနီတောင်ပံကိုထွက်လာတဲ့အခါမျိုးမှာဆိုရင် သူက ဗဟိုတိုက်စစ်လမ်းကြောင်းထဲကို ဝင်ပြီးကစားခဲ့ပါတယ်။ အဲလိုပါပဲ ရော်နယ်ဒိုက နောက်ထပ် တောင်ပံတစ်ဖက်ဆီကို ရောက်သွားရင်လည်း တိဗက်စ်နဲ့ ရွန်းနီတို့က ဗဟိုတိုက်စစ်လမ်းကြောင်းထဲကို ပြန်ဝင်ကစားကြပါတယ်။ ကာရစ်၊ပေါလ်စခိုးတို့က ဘောလုံးသယ်လာပြီ၊ပေးပို့ပြီဆိုရင် အဲဒီသုံးယောက်တွဲက ဂိုးသွင်းဖို့ ပြင်ဆင်နေခဲ့ကြပါတယ်။ သူတို့သုံးယောက်လွတ်သွားတဲ့နေရာအတွက် ဘောလုံးတင်ပေး ဖို့အတွက်လည်း အီဗရာက အထောက်အကူဖြစ်ခဲ့ပါတယ်။ ပွဲမဝင်ခင်ချမှတ်ထားတဲ့ ကစားပုံစနစ်တွေ ဟာကွင်းထဲရောက်သွားရင် ပြောင်းလဲတာတွေနဲ့ကြုံတွေ့နိုင်ပါတယ်။ အဲလိုအနေအထားမျိုးမှာဆိုရင်လည်း သူတို့သုံးယောက်တွဲက အခွင့်အရေးတွေရှာဖွေကစားတတ်ကြပါတယ်။

photo internet

ပြိုင်ဘက်အသင်းတွေက ကစားသမားတွေဟာ သူတို့သုံးယောက်ကို တစ်ချိန်လုံးလူကပ်ကစားဖို့ဟာလည်း ခက်ခဲခဲ့ပါတယ်။ ရော်နယ်ဒိုနဲ့ရွန်းနီဟာ နောက်တန်းသမားတွေ၊ တောင်ပံကစားသမားတွေရဲ့လစ်ဟာမှု တွေကိုစောင့်ကြည့်ပြီး မြန်ဆန်တဲ့ပြေးအားတွေနဲ့ဘောလုံးရယူပြီး ဂိုးသွင်းနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ တစ်ခါတလေမှာလည်း ရော်နယ်ဒိုက တောင်ပံခံစစ်ကစားသမားကို ဖိအားပေးပြီး ရွန်းနီနဲ့တိဗက်စ်တို့က ဗဟိုခံစစ်ကစားသမားတွေကို ဖိအားပေး ကစားတတ်ကြပါသေးတယ်။အသင်းကြီးတွေနဲ့ တွေ့ရတဲ့အခါမျိုးမှာ တစ်ခါတလေ 4-5-1 ပုံစံကိုသုံးပြီး၊ တိဗက်စ်အပြင် ပက်ကျိဆန်ကိုပါ ပူးတွဲသုံးတာမျိုးပါရှိပါတယ်။ အဲဒီအချိန်တုန်းကတော့ ရွန်းနီက “ကျွန်တော်တို့ဟာ တခြားအသင်းတွေကို ဖျက်ဆီးပစ်နိုင်တဲ့အသင်း တစ်သင်းအဖြစ်ရှိနေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ရွန်းနီက “အသင်းက အရမ်းကို အဆင်ပြေတဲ့ အနေအထားပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်နဲ့တိဗက်စ်က ရော်နယ်ဒိုထက်ပိုပြီးတော့ ခံစစ်ပိုင်းကို ကူပေးခဲ့ကြလို့ပါ”လို့ပြောခဲ့ပါသေးတယ်။ တကယ်လို့ ပေါလ်စခိုးရဲ့ဖြတ်တင်ဘောကို ရော်နယ်ဒိုရသွားပြီဆိုရင် ရွန်းနီနဲ့ တိဗက်စ်က နောက်ကလိုက်ကူပြီး သူတို့သုံးယောက်အတွဲဟာ တန်ပြန်တိုက်စစ်ကတစ်ဆင့် ဂိုးရအောင် စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းက အသင်းကြီးတွေနဲ့ ပတ်သက်တဲ့ သွင်းဂိုးအများစုမှာ သူတို့သုံးယောက်အတွဲ ပါဝင်ခဲ့ကြပါတယ်။

photo internet

အဲဒီအချိန်တုန်းက လိဂ်သွင်းဂိုးတွေကို ကြည့်မယ်ဆိုရင် ရော်နယ်ဒိုက 31 လုံး၊ ရွန်းနီက 15 လုံး နဲ့ တိဗက်စ်က 18 လုံးအထိရှိခဲ့ပါတယ်။ ဂိုးဖန်တီးမှုပိုင်းမှာဆိုရင် ရော်နယ်ဒိုက 9 လုံး၊ ရွန်းနီက 13 လုံး နဲ့ တိဗက်စ်က 9 လုံးအထိရှိခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ဖန်တီးမှုတွေက ရွန်းနီအတွက် 3 ဂိုး၊ တိဗက်စ်အတွက် 3 ဂိုးရှိခဲ့ပါတယ်။ ရွန်းနီရဲ့ဖန်တီးပေးမှုက ရော်နယ်ဒိုအတွက် 2 ဂိုး၊ တိဗက်စ်အတွက် 2 ဂိုးရှိခဲ့ပါတယ်။ တိဗက်စ်ရဲ့ဖန်တီးမှုက ရော်နယ်ဒိုအတွက် 2 ဂိုး၊ ရွန်းနီအတွက် 2 ဂိုးရှိခဲ့ပါတယ်။ သူတို့သုံးယောက်အတွဲနဲ့ပတ်သက်တဲ့ မန်ချက်စတာအသင်းရဲ့အောင်မြင်မှုဟာ 2007/2008 ဘောလုံးရာသီအတွက်ဖြစ်ခဲ့ပြီး၊အချိန်ကာလ အများကြီးမရှိခဲ့ပါဘူး။ 2009 ဘောလုံးရာသီမှာတော့ ဘာဘာတော့ဗ်ရောက်လာခဲ့ပြီး အနေအထားတွေလည်းပြောင်းလဲခဲ့ကာ ရော်နယ်ဒိုလည်း ဘယ်တောင်ပံကိုရောက်သွားခဲ့ပါတယ်။ ရော်နယ်ဒို နဲ့ တိဗက်စ်တို့ရဲ့ဂိုးသွင်းနှုန်းတွေသာကျဆင်းခဲ့တာဖြစ်ပြီး၊ မန်ချက်စတာကတော့ ဖလားတွေကိုဆက်လက် သိမ်းပိုက်ထားနိုင်နေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တိဗက်စ်တစ်ယောက် မန်စီးတီးကိုပြောင်းရွှေ့သွားခဲ့ပါတယ်။ ရွန်းနီ၊ ရော်နယ်ဒို နဲ့ တိဗက်စ်တို့ သုံးယောက်တွဲတိုက်စစ်ဟာ မန်ချက်စတာပရိသတ်တွေအတွက်တော့ တကယ်ကိုကျေနပ်စရာကောင်းခဲ့ ပါတယ်။ မန်ချက်စတာအတွက်အဲလိုအတွဲညီညီကစားနိုင်တဲ့ ရှေ့တန်းတိုက်စစ်မှူးတွေကို ပရိသတ်တွေကအမြဲမျှော်လင့်အားပေးနေကြပါတယ်။

photo internet

(Zawgyi Version)

တစ္ခ်ိန္က ၿပိဳင္ဘက္အသင္းေတြ ေၾကာက္ခဲ့တဲ့ မန္ခ်က္စတာအသင္းက တိုက္စစ္မွဴးသုံးေယာက္

ဂႏၱ၀င္နည္းျပႀကီး ဆာအဲလက္စ္ဖာဂူဆန္လက္ထက္မွာ မန္ခ်က္စတာအသင္းဟာ ေရႊထီးေဆာင္းခဲ့တဲ့ ကာလလို႔ဆုိႏိုင္ပါတယ္။ သူကိုင္တြယ္ခဲ့တဲ့အခ်ိန္မွာ သူဟာ ကစားသမားေပါင္းမ်ားစြာနဲ႔ မန္ခ်က္စတာအသင္းအတြက္အေကာင္းဆုံးပုံစံအမ်ိဳးမ်ိဳးကို ေဖာ္ထုတ္ျပသႏိုင္ခဲ့ပါတယ္။ 2006 ကေန 2009 ခုႏွစ္အထိ မန္ခ်က္စတာအသင္းမွာ အတြဲညီညီကစားတတ္တဲ့ တိုက္စစ္မွဴးသုံးေယာက္ရိွပါတယ္။ သူတို႔ကို ႀတိဂံတိုက္စစ္အတြဲလို႔ဆိုႏိုင္ပါတယ္။ အဲဒီေရွ႕တန္းကစားသမားေတြကေတာ့ တီဗက္စ္၊ ႐ြန္းနီး နဲ႔ ေရာ္နယ္ဒိုတို႔ပါပဲ။ သူတို႔သုံးေယာက္အတြဲဟာ ၿပိဳင္ဘက္အသင္းေတြအတြက္ ဘာေၾကာင့္ေၾကာက္ဖို႔ ေကာင္းတယ္ဆုိတာတင္ဆက္ေပးပါမယ္။

2006/2007 ေဘာလုံးရာသီမွာ မန္ခ်က္စတာအသင္းဟာ ခ်န္ပီယံလိဂ္မွာေအစီမီလန္ အသင္းနဲ႔ေတြ႕ဆုံခဲ့ၿပီးေတာ့ ဆီးမီးဖိုင္နယ္မွာ ႏႈတ္ဆက္လိုက္ရတာေၾကာင့္ အေျပာင္းအေ႐ႊ႕ကာလမွာ အန္ဒါဆန္၊ ဟားဂေရ႕ဗ္၊ နာနီ နဲ႔ တိဗက္စ္တို႔ကို ဝယ္ယူအားျဖည့္ခဲ့ပါတယ္။ ႐ြန္းနီဟာ 2004 ခုႏွစ္မွာ မန္ခ်က္စတာအသင္းဆီကို ေျပာင္းေ႐ႊ႕လာခဲ့တဲ့ကစားသမားတစ္ေယာက္ျဖစ္ပါတယ္။ ႐ြန္းနီကိုေခၚယူဖို႔အတြက္ မန္ခ်က္စတာအသင္းအေနနဲ႔ ေပါင္ ၂၅ သန္းေလာက္အသုံးျပဳခဲ့ရပါတယ္။ စီေရာ္နယ္ဒိုကေတာ့ 2003/2004 ေဘာလုံးရာသီမွာ ေပါင္ 12 သန္း၀န္းက်င္နဲ႔ မန္ခ်က္စတာဆီကိုေရာက္ရိွလာခဲ့တာပါ။ ဒီသုံးေယာက္အတြဲမွာ ပရိသတ္ေတြအတြက္အထင္အျမင္လြဲစရာကိစၥလည္းျဖစ္ခဲ့ပါတယ္။ 2006 ကမၻာ့ဖလားပြဲမွာ အဂၤလန္နဲ႔ေပၚတူဂီတုိ႔ ယွဥ္ၿပိဳင္တဲ့ပြဲမွာ ေရာ္နယ္ဒိုဟာ ရြန္းနီကို အနီကတ္ရေအာင္လုပ္ႀကံခဲ့တယ္ဆိုၿပီး အဂၤလန္ပရိသတ္ေတြက ေဒါသထြက္ခဲ့ၾကပါတယ္။

2006/2007 ေဘာလုံးရာသီမွာ ေရာ္နယ္ဒိုနဲ႔ရြန္းနီဟာမန္ခ်က္စတာအတြက္ တကယ္ကိုအားထား ရတဲ့ကစားသမားေတြျဖစ္လာခဲ့ပါတယ္။ ေရာ္နယ္ဒိုဟာ 2006/2007 ေဘာလုံးရာသီမွာ အဂၤလန္ပရီးမီးယားလိဂ္ရဲ႕ ဂိုးဖန္တီးမႈအမ်ားဆုံးကစားသမားျဖစ္ခဲ့တဲ့အျပင္ သြင္းဂိုးအမ်ားဆုံး ကစားသမားစာရင္းမွာလည္း တတိယေနရာခ်ိတ္ခဲ့ပါေသးတယ္။ 2006/2007 ေဘာလုံးရာသီမွာ ႐ြန္းနီက သြင္ဂိုး၁၄ ဂိုးအထိသြင္းယူႏိုင္ခဲ့တဲ့အျပင္ ဂိုးဖန္တီးမႈကလည္း ၁၁ ႀကိမ္အထိရွိလာခဲ့ပါတယ္။

တိဗက္စ္ေရာက္ရိွလာခ်ိန္မွာ ဆာဟာက အရန္ကစားသမားေနရာကို ေရာက္ရွိသြားခဲ့ပါတယ္။ ဖာဂူဆန္ဟာ ဒီကစားသမား ၃ ေယာက္နဲ႔အတူ 4-4-2 ကေန 4-3-3 ပုံစံမ်ိဳးကိုေျပာင္းလဲကစားခဲ့ပါတယ္။ တစ္ခါတေလမွာေတာ့ ရိုင္ယန္ဂစ္ကိုအလယ္ေနရာမွာကစားေစခဲ့ၿပီး 4-2-3-1 ပုံစံကစားပါတယ္။ ပုံမွန္ဆုိရင္သုံးေယာက္တြဲမွာ ရြန္းနီ၊တိဗက္စ္၊ ေရာ္နယ္ဒိုတို႔ကစားေပမယ့္ တစ္ခါတေလ တိဗက္စ္အစား ပက္က်ိဆန္ကိုအစားထိုးကစားေစတာမ်ဳိးလည္းရိွပါတယ္။

အဆိုပါသုံးေယာက္တြဲဟာ ေနရာတစ္ခုတည္းအေသကစားတာမဟုတ္ဘဲ အရွင္ေရႊ႕ေျပာင္းကစားၾက တာျဖစ္ပါတယ္။ ေရာ္နယ္ဒိုဟာ ေတာင္ပံေနရာယူေပမယ့္ ႐ြန္းနီေတာင္ပံကိုထြက္လာတဲ့အခါမ်ိဳးမွာဆိုရင္ သူက ဗဟိုတိုက္စစ္လမ္းေၾကာင္းထဲကို ဝင္ၿပီးကစားခဲ့ပါတယ္။ အဲလုိပါပဲ ေရာ္နယ္ဒိုက ေနာက္ထပ္ ေတာင္ပံတစ္ဖက္ဆီကို ေရာက္သြားရင္လည္း တိဗက္စ္နဲ႔ ႐ြန္းနီတို႔က ဗဟိုတိုက္စစ္လမ္းေၾကာင္းထဲကို ျပန္ဝင္ကစားၾကပါတယ္။ ကာရစ္၊ေပါလ္စခိုးတို႔က ေဘာလုံးသယ္လာၿပီ၊ေပးပို႔ၿပီဆုိရင္ အဲဒီသုံးေယာက္တြဲက ဂိုးသြင္းဖို႔ ျပင္ဆင္ေနခဲ့ၾကပါတယ္။ သူတို႔သုံးေယာက္လြတ္သြားတဲ့ေနရာအတြက္ ေဘာလုံးတင္ေပး ဖို႔အတြက္လည္း အီဗရာက အေထာက္အကူျဖစ္ခဲ့ပါတယ္။ ပြဲမ၀င္ခင္ခ်မွတ္ထားတဲ့ ကစားပုံစနစ္ေတြ ဟာကြင္းထဲေရာက္သြားရင္ ေျပာင္းလဲတာေတြနဲ႔ႀကဳံေတြ႕ႏိုင္ပါတယ္။ အဲလိုအေနအထားမ်ဳိးမွာဆိုရင္လည္း သူတို႔သုံးေယာက္တြဲက အခြင့္အေရးေတြရွာေဖြကစားတတ္ၾကပါတယ္။

ၿပိဳင္ဘက္အသင္းေတြက ကစားသမားေတြဟာ သူတို႔သုံးေယာက္ကို တစ္ခ်ိန္လုံးလူကပ္ကစားဖို႔ဟာလည္း ခက္ခဲခဲ့ပါတယ္။ ေရာ္နယ္ဒိုနဲ႔ရြန္းနီဟာ ေနာက္တန္းသမားေတြ၊ ေတာင္ပံကစားသမားေတြရဲ႕လစ္ဟာမႈ ေတြကိုေစာင့္ၾကည့္ၿပီး ျမန္ဆန္တဲ့ေျပးအားေတြနဲ႔ေဘာလုံးရယူၿပီး ဂိုးသြင္းႏိုင္ဖို႔ ႀကိဳးစားခဲ့ၾကပါတယ္။ တစ္ခါတေလမွာလည္း ေရာ္နယ္ဒိုက ေတာင္ပံခံစစ္ကစားသမားကို ဖိအားေပးၿပီး ႐ြန္းနီနဲ႔တိဗက္စ္တို႔က ဗဟိုခံစစ္ကစားသမားေတြကို ဖိအားေပး ကစားတတ္ၾကပါေသးတယ္။အသင္းႀကီးေတြနဲ႔ ေတြ႕ရတဲ့အခါမ်ဳိးမွာ တစ္ခါတေလ 4-5-1 ပုံစံကိုသုံးၿပီး၊ တိဗက္စ္အျပင္ ပက္က်ိဆန္ကုိပါ ပူးတြဲသုံးတာမ်ဳိးပါရိွပါတယ္။ အဲဒီအခ်ိန္တုန္းကေတာ့ ႐ြန္းနီက “ကြၽန္ေတာ္တို႔ဟာ တျခားအသင္းေတြကို ဖ်က္ဆီးပစ္ႏိုင္တဲ့အသင္းတစ္သင္းအျဖစ္ရွိေနပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။ ဒါ့အျပင္ ႐ြန္းနီက “အသင္းက အရမ္းကို အဆင္ေျပတဲ့အေနအထားပါ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္နဲ႔တိဗက္စ္က ေရာ္နယ္ဒိုထက္ပိုၿပီးေတာ့ ခံစစ္ပိုင္းကို ကူေပးခဲ့ၾကလို႔ပါ”လို႔ေျပာခဲ့ပါေသးတယ္။ တကယ္လို႔ ေပါလ္စခိုးရဲ႕ျဖတ္တင္ေဘာကို ေရာ္နယ္ဒိုရသြားၿပီဆိုရင္ ႐ြန္းနီနဲ႔ တိဗက္စ္က ေနာက္ကလိုက္ကူၿပီး သူတို႔သုံးေယာက္အတြဲဟာ တန္ျပန္တိုက္စစ္ကတစ္ဆင့္ ဂိုးရေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ၾကပါတယ္။ အဲဒီအခ်ိန္တုန္းက အသင္းႀကီးေတြနဲ႔ ပတ္သက္တဲ့ သြင္းဂိုးအမ်ားစုမွာ သူတို႔သုံးေယာက္အတြဲ ပါ၀င္ခဲ့ၾကပါတယ္။

အဲဒီအခ်ိန္တုန္းက လိဂ္သြင္းဂိုးေတြကို ၾကည့္မယ္ဆိုရင္ ေရာ္နယ္ဒိုက 31 လုံး၊ ႐ြန္းနီက 15 လုံး နဲ႔ တိဗက္စ္က 18 လုံးအထိရွိခဲ့ပါတယ္။ ဂိုးဖန္တီးမႈပိုင္းမွာဆိုရင္ ေရာ္နယ္ဒိုက 9 လုံး၊ ႐ြန္းနီက 13 လုံး နဲ႔ တိဗက္စ္က 9 လုံးအထိရွိခဲ့ပါတယ္။ ေရာ္နယ္ဒိုရဲ႕ဖန္တီးမႈေတြက ႐ြန္းနီအတြက္ 3 ဂိုး၊ တိဗက္စ္အတြက္ 3 ဂိုးရွိခဲ့ပါတယ္။ ႐ြန္းနီရဲ႕ဖန္တီးေပးမႈက ေရာ္နယ္ဒိုအတြက္ 2 ဂိုး၊ တိဗက္စ္အတြက္ 2 ဂိုးရွိခဲ့ပါတယ္။ တိဗက္စ္ရဲ႕ဖန္တီးမႈက ေရာ္နယ္ဒိုအတြက္ 2 ဂိုး၊ ႐ြန္းနီအတြက္ 2 ဂိုးရွိခဲ့ပါတယ္။ သူတို႔သုံးေယာက္အတြဲနဲ႔ပတ္သက္တဲ့ မန္ခ်က္စတာအသင္းရဲ႕ေအာင္ျမင္မႈဟာ 2007/2008 ေဘာလုံးရာသီအတြက္ျဖစ္ခဲ့ၿပီး၊အခ်ိန္ကာလအမ်ားႀကီးမရိွခဲ့ပါဘူး။ 2009 ေဘာလုံးရာသီမွာေတာ့ ဘာဘာေတာ့ဗ္ေရာက္လာခဲ့ၿပီး အေနအထားေတြလည္းေျပာင္းလဲခဲ့ကာ ေရာ္နယ္ဒိုလည္း ဘယ္ေတာင္ပံကိုေရာက္သြားခဲ့ပါတယ္။ ေရာ္နယ္ဒို နဲ႔ တိဗက္စ္တို႔ရဲ႕ဂိုးသြင္းႏႈန္းေတြသာက်ဆင္းခဲ့တာျဖစ္ၿပီး၊ မန္ခ်က္စတာကေတာ့ ဖလားေတြကိုဆက္လက္သိမ္းပိုက္ထားႏိုင္ေနခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ တိဗက္စ္တစ္ေယာက္ မန္စီးတီးကိုေျပာင္းေရႊ႕သြားခဲ့ပါတယ္။ ႐ြန္းနီ၊ ေရာ္နယ္ဒို နဲ႔ တိဗက္စ္တို႔ သုံးေယာက္တြဲတိုက္စစ္ဟာ မန္ခ်က္စတာပရိသတ္ေတြအတြက္ေတာ့ တကယ္ကိုေက်နပ္စရာေကာင္းခဲ့ ပါတယ္။ မန္ခ်က္စတာအတြက္အဲလုိအတြဲညီညီကစားႏိုင္တဲ့ ေရွ႕တန္းတိုက္စစ္မွဴးေတြကို ပရိသတ္ေတြကအၿမဲေမွ်ာ္လင့္အားေပးေနၾကပါတယ္။